ကိုယ္​ပိုင္​အျပင္​​ေဆးခန္​းအား လာမျပ၍ ​ေအာ္​​ေဟာက္​ခံရ​ေသာ ခ​ေလးအမႊပူးကိုယ္​ဝန္​​ေဆာင္​မိခင္​ ဇီးကုန္​း​ေဆးရံုး၌ မီးဖြားၿပီး ၈ နာရီအၾကာ၌ ​ေသဆံုး။

ပဲခူးတိုင္​း ဇီးကုန္​းၿမိဳ႕နယ္​ ျပည္​သူ႔​ေဆးရံု ၌ ​ေမလ ၁၈ရက္​​ေန႔၌ က​ေလးအမႊပူး​ေမြးဖြား​ေသာ အသက္​(၃၅)ႏွစ္​႐ွိကိုယ္​ဝန္​​ေဆာင္​မိခင္​မတင္​သန္​းေသဆံုးသြား​ေၾကာင္​းက်န္​ရစ္​သူ မိသားစု မ်ားထံမွ သိ႐ွိရသည္​။

ေမလ ၁၇ ရက္​​ နံက္​က ကြၽန္​မ ညီမ ဗိုက္​နာလို႔ ဆရာဝန္​ႀကီးအိမ္​ကို သြားၿပီး​ေဆးျပပါတယ္​ ဆရာဝန္​ႀကီးက ဗိုက္​ကလမ​ေစ့သးဘူး ၆လပိုင္​း ၇ ရက္​ ​ေန႔​ေလာက္​မွ ​ေမြးမွာ ဘာလို႔ ငါ့အိမ္​ကို လာတာလဲ အျပင္​မွာ ကိုယ္​ပိုင္​​ေဆးခန္​း႐ွိတယ္​ အဲဒီကိုလာပါလား နင္​တို႔​ေၾကာင္​့ ငါ အလုပ္​​ေနာက္​က်တယ္​ ဆိုၿပီး ​ေအာ္​​ေဟာက္​​ေျပာပါတယ္​´ဟု ​ေဆးျပလိုက္​သြားတဲ့ ညီမျဖစ္​သူ မႏိုင္​က​ေျပာၾကားသည္​။

ဆရာဝန္​ႀကီးအိမ္​က ျပန္​လာၿပီး ည​ေရာက္​​ေတာ့ ဗိုက္​က တအားနာ​ေနတာနဲ႔ ကြၽန္​မတို္​လည္​း ည ၁နာရီခြဲဝန္​းက်င္​​ေလာက္​ ​ေဆးရံူတင္​ပို႔လိုက္​တယ္​ ဆရာမ​ေတြက ဘာလို႔အခုမွ လာတာလဲ ​ေနာက္​​ေတာင္​က်​ေနၿပီလို္​ အ​ေျပာခံရပါတယ္​ ကြၽန္​မ တို႔လည္​း မနက္​ကဆရာဝန္​ႀကီးနဲ႔ျပပါတယ္​ ဗိုက္​က လမ​ေစ့သးဘူး​ေျပာပါတယ္​လို႔ျပန္​​ေျပာလိုက္​ပါတယ္။​

ကိုယ္​ဝန္​​ေဆာင္​သည္​ကို ဗိုက္​ခြဲၿပီး​ေမြးတာ​ေယာက်္​ား​ေလးတစ္​​ေယာက္​ မိန္​းခ​ေလးတစ္​​ေယာက္​​ေမြးပါတယ္​ ခ​ေလး​ေတြ​ေရာ လူႀကီး​ေရာ က်န္​းမာၿပီးစိတ္​ခ်ရၿပီလို႔ဆရာဝန္​ႀကီးက ​ေျပာ​ေၾကာင္​း မိသားစုဝင္​​ေတြက ႐ွင္​းျပသည္​။

​နံက္​၃နာရီ၌​ေမြးဖြားၿပီး ၁၀နာရီ​ေက်ာ္​မွာ တာဝန္​က်ဆရာမ​က​ေဆးထိုး​ေပးၿပီး​ေနာက္​ မ်က္​ျဖဴလန္​သြားလို႔ ​ေအာက္​ဆီဂ်င္​​ေပးပင္​မယ္​့ ၁၁ နာရီမွာ​ေသဆံုးသြား​ေၾကာင္​းသိ႐ွိရသည္​။

ေသဆံူးသူ မိသားစုဝင္​​ေတြ ​ေျပာတာ မဟုတ္​ပါဘူး ဒီကိုယ္​ဝန္​​ေဆာင္​သည္​ဟာ.အသက္​လည္​းရၿပီ သူ႔မွာ ကိုယ္ဝန္ဆိပ္တက္တဲ့ေရာဂါလည္း႐ွိတယ္ေဖာတာလည္း႐ွိတယ္သူ႔ေရာဂါနဲ႔သူဆံုးသြားတာျဖစ္ေျကာင္းဇီးကုန္​းၿမိဳ႕နယ္ ျပည္​သူ ့​ေဆးရံုမွ ဆရာဝန္​ႀကီး ​ေဒါက္​တာ​ေဇာ္​ႏိုင္​ဦးမွ BagoWeeklyသို႔​ေျဖၾကားသည္​။

က်န္​ခဲ့တဲ့ ခ​ေလးအမႊပူး အား မိသားစုမ်ားမွ ​ေမြးႏိုင္​ျခင္​းမ႐ွိလို႔ ​ေမြးစားႏိုင္​မယ္​့သူကို ​တရားဝင္​ လက္​မွတ္​ထိုး​ေပးမယ္​လို႔ မိသားစုဝင္​​မ်ားထံမွ​သတင္းသိရွိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BagoWeeklyJournal

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်ပိုင်အပြင်ဆေးခန်းအား လာမပြ၍ အော်ဟောက်ခံရသော ခလေးအမွှပူးကိုယ်ဝန်ဆောင်မိခင် ဇီးကုန်းဆေးရုံး၌ မီးဖွားပြီး ၈ နာရီအကြာ၌ သေဆုံး။

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံ ၌ မေလ ၁၈ရက်နေ့၌ ကလေးအမွှပူးမွေးဖွားသော အသက်(၃၅)နှစ်ရှိကိုယ်ဝန်ဆောင်မိခင်မတင်သန်းသေဆုံးသွားကြောင်းကျန်ရစ်သူ မိသားစု များထံမှ သိရှိရသည်။

မေလ ၁၇ ရက် နံက်က ကျွန်မ ညီမ ဗိုက်နာလို့ ဆရာဝန်ကြီးအိမ်ကို သွားပြီးဆေးပြပါတယ် ဆရာဝန်ကြီးက ဗိုက်ကလမစေ့သးဘူး ၆လပိုင်း ၇ ရက် နေ့လောက်မှ မွေးမှာ ဘာလို့ ငါ့အိမ်ကို လာတာလဲ အပြင်မှာ ကိုယ်ပိုင်ဆေးခန်းရှိတယ် အဲဒီကိုလာပါလား နင်တို့ကြောင့် ငါ အလုပ်နောက်ကျတယ် ဆိုပြီး အော်ဟောက်ပြောပါတယ်´ဟု ဆေးပြလိုက်သွားတဲ့ ညီမဖြစ်သူ မနိုင်ကပြောကြားသည်။

ဆရာဝန်ကြီးအိမ်က ပြန်လာပြီး ညရောက်တော့ ဗိုက်က တအားနာနေတာနဲ့ ကျွန်မတိုလည်း ည ၁နာရီခွဲဝန်းကျင်လောက် ဆေးရူံတင်ပို့လိုက်တယ် ဆရာမတွေက ဘာလို့အခုမှ လာတာလဲ နောက်တောင်ကျနေပြီလို အပြောခံရပါတယ် ကျွန်မ တို့လည်း မနက်ကဆရာဝန်ကြီးနဲ့ပြပါတယ် ဗိုက်က လမစေ့သးဘူးပြောပါတယ်လို့ပြန်ပြောလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်သည်ကို ဗိုက်ခွဲပြီးမွေးတာယောကျ်ားလေးတစ်ယောက် မိန်းခလေးတစ်ယောက်မွေးပါတယ် ခလေးတွေရော လူကြီးရော ကျန်းမာပြီးစိတ်ချရပြီလို့ဆရာဝန်ကြီးက ပြောကြောင်း မိသားစုဝင်တွေက ရှင်းပြသည်။

နံက်၃နာရီ၌မွေးဖွားပြီး ၁၀နာရီကျော်မှာ တာဝန်ကျဆရာမကဆေးထိုးပေးပြီးနောက် မျက်ဖြူလန်သွားလို့ အောက်ဆီဂျင်ပေးပင်မယ့် ၁၁ နာရီမှာသေဆုံးသွားကြောင်းသိရှိရသည်။

သေဆူံးသူ မိသားစုဝင်တွေ ပြောတာ မဟုတ်ပါဘူး ဒီကိုယ်ဝန်ဆောင်သည်ဟာ.အသက်လည်းရပြီ သူ့မှာ ကိုယ်ဝန်ဆိပ်တက်တဲ့ရောဂါလည်းရှိတယ်ဖောတာလည်းရှိတယ်သူ့ရောဂါနဲ့သူဆုံးသွားတာဖြစ်ကြောင်းဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးမှ BagoWeeklyသို့ဖြေကြားသည်။

ကျန်ခဲ့တဲ့ ခလေးအမွှပူး အား မိသားစုများမှ မွေးနိုင်ခြင်းမရှိလို့ မွေးစားနိုင်မယ့်သူကို တရားဝင် လက်မှတ်ထိုးပေးမယ်လို့ မိသားစုဝင်များထံမှသတင်းသိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: BagoWeeklyJournal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top