ကိုယ္အနားမွာ ရွိသည္ျဖစ္ေစမရွိသည္ျဖစ္သည္ျဖစ္ေစ အားလံုးအဆင္ေျပေစခ်င္တယ္ ကိုယ္ခ်စ္တဲ့လူေတြ ခ်မ္းသာရင္သူငယ္ခ်င္းေတြ ခ်မ္းသာရင္ ပိုပီတိျဖစ္တယ္ ။ ေကာင္းေမြးဆိုးေမြး ခံယူဖို႔ပါ ကိုယ္ပတ္ဝန္းက်င္က လူေတြရဲ႕ ခ်မ္းသာမွမဟုတ္ဖူး ဆင္းရဲလဲ မိတ္ေဆြပါဘဲဗ်ာ ကူညီပါတယ္ ကတိေတာ့ တည္ပါ ။

၁- ပိုက္ဆံေခ်းမယ္ဆိုရင္ ေခ်းမယ္လို႔ပဲ ေျပာလိုက္ပါ။ျဖစ္ေၾကာင္းကုန္စဥ္ကို ဇာတ္စံုခင္းျပမေနပါနဲ႔။ ၾကာပါတယ္။ မဟုတ္လည္း ေခ်းမွာပဲကို။ ဆိုေတာ့မရွိလို႔ပဲေခ်းေခ်း၊ လက္လြန္ေနလို႔ပဲလွည့္လွည့္ပိုက္ဆံေခ်းတာဟာ ေခ်းတာပါပဲ။

၂- ပိုက္ဆံတစ္ရာ ႏွစ္ရာမွသည္ တစ္သိန္း ႏွစ္သိန္းအထိ ပိုက္ဆံဟာ ပိုက္ဆံပါပဲ။ အေခ်းခံရတဲ့သူက ဘာမွမရွိလို႔ ျပန္မေတာင္းရင္ ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေနရင္ေတာင္ ေခ်းတဲ့သူက အလိုက္တသိနဲ႔ ေသခ်ာ
ျပန္ေပးရပါမယ္။

၃- ျဖစ္ႏိုင္ရင္ေတာ့ ဘယ္သူမွ ေခ်းရတာေရာ၊ ေခ်းေပးတာေရာကို မလုပ္ခ်င္ၾကပါဘူး။ ေခ်းလာတဲ့သူရွိလို႔သာအားနာၿပီး ေခ်းေပးၾကရတာျဖစ္တဲ့အတြက္ ဒီကိစၥမွာ လံုးလံုးလ်ားလ်ားတာဝန္ရွိသူဟာ လာေခ်းသူပါပဲ။

၄- ပိုက္ဆံေခ်းတဲ့အခါ ေပါက္ကရေလးဆယ္ေတြကို ရႊန္းရႊန္းေဝေအာင္ ေလွ်ာက္မေျပာပါနဲ႔။ ကိုယ္ေခ်းခ်င္တဲ့ ပမာဏ၊ ေခ်းထားမယ့္ကာလ၊ ျပန္ဆပ္မယ့္အခ်ိန္နဲ႔ ျပန္ဆပ္မယ့္ပံုစံကိုသာ လိုတိုရွင္းေျပာပါ။

၅- ကိုယ္ပစ္မွတ္ထားၿပီး ပိုက္ဆံေခ်းလိုက္တဲ့သူဟာကိုယ္ေခ်းခ်င္သေလာက္ ရွိတဲ့သူ ျဖစ္ခ်င္မွျဖစ္ပါမယ္။ သူက မရွိဘူးလို႔ ေျပာရင္ အဲ့ဒါကို အတည္ပဲမွတ္ပါ။ အားနာၿပီး စိတ္႐ွဳပ္ရေအာင္ ထပ္ၿပီး နားမပူပါနဲ႔။ ကိုယ္လိုခ်င္သေလာက္မရဘဲ သူေပးႏိုင္သေလာက္သာေပးရင္လည္း ထိုနည္းအတူပါပဲ။ ရသေလာက္သာေခ်းပါ။

၆- အေရးႀကီးဆံုးအခ်က္ပါ။ ေသခ်ာျပန္ဆပ္ရပါမယ္။ ကိုယ္ကတိေပးထားတဲ့အခ်ိန္မွာ ေသခ်ာေပါက္ကို ျပန္ဆပ္ရပါမယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ ၾကန္႔ၾကာေနရင္ေတာင္ ကိုယ္ကဦးေအာင္ ဆက္သြယ္ၿပီးရွင္းျပရပါမယ္။ ျပန္ဆပ္မယ့္အခ်ိန္ကို ထပ္ေျပာရပါမယ္။

၇- ေခ်းတုန္းကေခ်းၿပီး ျပန္ဆပ္ခ်ိန္ေရာက္မွ အတိတ္ေမ့သလို ေရႊေပ်ာက္သလို အူေၾကာင္ေၾကာင္လုပ္တာဟာ ပိုက္ဆံေခ်းေပးမိတဲ့သူရဲ႕ ေနာင္တတရားနဲ႔ လူသတ္ခ်င္စိတ္ကို ဒြန္တြဲၿပီး ျဖစ္ေပၚေစပါတယ္။ လံုးဝမလုပ္ပါနဲ႔။

၈- ေခ်းတုန္းကေတာင္ သတိတရနဲ႔ ေသေတာ့မတတ္ဖုန္းဆက္ၿပီး ေခ်းေသးရင္ ျပန္ဆပ္ရမယ့္အခါလည္းေမ့မေနပါနဲ႔။ ႐ူးခ်င္ေယာင္ေဆာင္ၿပီး ဖုန္းပိတ္တာေတြ၊မကိုင္တာေတြ၊ seen ျဖစ္ၿပီး reply မလာတာေတြဟာ အင္မတန္မွကို လူဝါးဝရာက်ပါတယ္။

၉- အဆိုးဆံုးက ကိုယ့္ပိုက္ဆံကိုယ္ျပန္ေတာင္းတဲ့သူကို ရန္သူလိုသေဘာထားၿပီး ရင့္ရင့္သီးသီးဆက္ဆံတာနဲ႔မ်က္ရည္ခံထိုးၿပီး ျပန္ေတာင္းတဲ့သူကို ခ်စ္တီးလို႔တစ္ေလာကလံုးကထင္ေအာင္ ဇာတ္နာျပတာပါပဲ။

၁၀- သူျပန္ေတာင္းတဲ့အထိ ေစာင့္မေနပါနဲ႔။ ကိုယ္ေပးတဲ့ထားတဲ့ကတိထက္ ပိုေစာၿပီး ဆပ္ႏိုင္ေလ ေကာင္းေလပါပဲ။ ျမန္ျမန္ရရင္ ျမန္ျမန္ဆပ္ပါ။ သူေမးလာတဲ့အထိ ေစာင့္မေနပါနဲ႔။ တခါတေလ သူတို႔က မေမ့ပါဘူး။ ကိုယ့္ျမင္ကတည္းက သူတို႔ပိုက္ဆံကို တန္းသတိရပါတယ္။ အားနာလို႔သာ ေမ့ခ်င္ေယာင္ေဆာင္ေနၾကတာပါ။ လူလိုနားလည္ပါ။

၁၁- ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ခ်င္ၾကတဲ့သူေတြရဲ႕ အက်င့္ဆိုးတစ္ခုကေတာ့ ေခ်းမိတဲ့သူရဲ႕ အားနာတတ္တဲ့ စိတ္ကို ခ်နင္းတာပါပဲ။ ေတာ္ေတာ္ယုတ္ညံ့တဲ့စိတ္ပါ။ ဆိုေတာ့ ေခ်းေပးမိတဲ့သူေတြက အားမနာၾကပါနဲ႔။ အခ်ိန္တန္ရင္ ကိုယ့္ပိုက္ဆံကို ျပန္ေတာင္းပါ။

၁၂- တကယ္ေတာ့ ကိုယ့္ကို ပိုက္ဆံေခ်းေပးတဲ့သူဆိုတာအိမ္ဦးခန္းမွာထားၿပီး ေရႊခ်ထားရမယ့္သူမ်ိဳးေတြပါ။ အဲ့လိုလူမ်ိဳး ကမာၻေပၚမွာ သိပ္မ်ားမ်ားစာစား မရွိပါဘူး။ကိုယ့္ကိုတကယ္ခင္လို႔၊ စာနာလို႔၊ အားနာလို႔၊ ခ်စ္လို႔ သူ႔ရဲ႕ရွိစုမဲ့စုေလး ထုတ္ၿပီး ေခ်းေပးတာျဖစ္ပါတယ္။

၁၃- ကတိတည္ရပါမယ္။ မဟုတ္ရင္ တစ္ခါပဲရပါမယ္။ကတိတည္လိုက္ရင္ ေနာင္လည္း လိုတဲ့အခါ ရႏိုင္ပါမယ္။ မဟုတ္ရင္ေတာ့ ကမာၻေပၚက အေကာင္းဆံုးေသာမိတ္ေဆြတစ္ေယာက္ကို ကိုယ္တိုင္ဖ်က္ဆီးလိုက္သလို
ျဖစ္သြားပါလိမ့္မယ္။ အရမ္းႏွေျမာဖို႔ေကာင္းပါတယ္။

ဆိုေတာ့ ပိုက္ဆံေခ်းၿပီးရင္ အေသအခ်ာ ျပန္ဆပ္ၾကပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Wai Phyo Maung

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်အနားမှာ ရှိသည်ဖြစ်စေမရှိသည်ဖြစ်သည်ဖြစ်စေ အားလုံးအဆင်ပြေစေချင်တယ် ကိုယ်ချစ်တဲ့လူတွေ ချမ်းသာရင်သူငယ်ချင်းတွေ ချမ်းသာရင် ပိုပီတိဖြစ်တယ် ။ ကောင်းမွေးဆိုးမွေး ခံယူဖို့ပါ ကိုယ်ပတ်ဝန်းကျင်က လူတွေရဲ့ ချမ်းသာမှမဟုတ်ဖူး ဆင်းရဲလဲ မိတ်ဆွေပါဘဲဗျာ ကူညီပါတယ် ကတိတော့ တည်ပါ ။

၁- ပိုက်ဆံချေးမယ်ဆိုရင် ချေးမယ်လို့ပဲ ပြောလိုက်ပါ။ဖြစ်ကြောင်းကုန်စဉ်ကို ဇာတ်စုံခင်းပြမနေပါနဲ့။ ကြာပါတယ်။ မဟုတ်လည်း ချေးမှာပဲကို။ ဆိုတော့မရှိလို့ပဲချေးချေး၊ လက်လွန်နေလို့ပဲလှည့်လှည့်ပိုက်ဆံချေးတာဟာ ချေးတာပါပဲ။

၂- ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိ ပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ဘာမှမရှိလို့ ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာ
ပြန်ပေးရပါမယ်။

၃- ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာအားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာ လုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။

၄- ပိုက်ဆံချေးတဲ့အခါ ပေါက်ကရလေးဆယ်တွေကို ရွှန်းရွှန်းဝေအောင် လျှောက်မပြောပါနဲ့။ ကိုယ်ချေးချင်တဲ့ ပမာဏ၊ ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ ပြန်ဆပ်မယ့်ပုံစံကိုသာ လိုတိုရှင်းပြောပါ။

၅- ကိုယ်ပစ်မှတ်ထားပြီး ပိုက်ဆံချေးလိုက်တဲ့သူဟာကိုယ်ချေးချင်သလောက် ရှိတဲ့သူ ဖြစ်ချင်မှဖြစ်ပါမယ်။ သူက မရှိဘူးလို့ ပြောရင် အဲ့ဒါကို အတည်ပဲမှတ်ပါ။ အားနာပြီး စိတ်ရှုပ်ရအောင် ထပ်ပြီး နားမပူပါနဲ့။ ကိုယ်လိုချင်သလောက်မရဘဲ သူပေးနိုင်သလောက်သာပေးရင်လည်း ထိုနည်းအတူပါပဲ။ ရသလောက်သာချေးပါ။

၆- အရေးကြီးဆုံးအချက်ပါ။ သေချာပြန်ဆပ်ရပါမယ်။ ကိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။

၇- ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာ ပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင်စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။

၈- ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ အင်မတန်မှကို လူဝါးဝရာကျပါတယ်။

၉- အဆိုးဆုံးက ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကို ရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာပါပဲ။

၁၀- သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။ သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။ တခါတလေ သူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။ အားနာလို့သာ မေ့ချင်ယောင်ဆောင်နေကြတာပါ။ လူလိုနားလည်ပါ။

၁၁- ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့ အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့ စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ်ညံ့တဲ့စိတ်ပါ။ ဆိုတော့ ချေးပေးမိတဲ့သူတွေက အားမနာကြပါနဲ့။ အချိန်တန်ရင် ကိုယ့်ပိုက်ဆံကို ပြန်တောင်းပါ။

၁၂- တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။ အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့ သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။

၁၃- ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။ မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလို
ဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်။

ဆိုတော့ ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Wai Phyo Maung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top