20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ေခြးေကာင္ေရေလွ်ာ့ရန္ေျပာခဲ့သည့္ တုိင္းကုိယ္စားလွယ္ကုိ ေခြးခ်စ္သူဟု ဆုိသူက သတ္ျဖတ္မည္ဟု ၿခိမ္းေျခာက္

ေခြးေကာင္ေရ ေလွ်ာ့ခ်ရန္ႏွင့္ ေဂဟာပို႔ ထိန္းသိမ္းရန္ ေျပာၾကားခဲ့သည့္ သာေကတၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္အား ေခြးခ်စ္သူဟု ဆိုသူတစ္ဦးက သတ္ျဖတ္မည္ဟု လူမႈကြန္ရက္တြင္ ၿခိမ္းေျခာက္

ေခြးေကာင္ေရ ေလွ်ာ့ခ်ရန္ႏွင့္ ေဂဟာပို႔ထိန္းသိမ္းရန္ ေျပာၾကားခဲ့သည့္ သာေကတၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ မဲဆႏၵနယ္(၂) ေဒၚသက္ထားႏြယ္ဝင္းအား ေခြးခ်စ္သူဟု ဆိုသူတစ္ဦးက သတ္ျဖတ္မည္ဟု လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။

“ကြၽန္မ လူမႈကြန္ရက္ စာမ်က္ႏွာ Comment  ေအာက္မွာ သတ္မယ္ ျဖတ္မယ္ေကာ၊ မုဒိမ္းက်င့္မယ္ ဆိုၿပီးေတာ့ေကာ ေရးထားတယ္။ အေကာင့္အတုေတြနဲ႔ေကာ အေကာင့္အစစ္ေတြေကာ ပါတယ္။ သတ္မယ္၊ ျဖတ္မယ္ ၿခိမ္းေျခာက္တာက အေကာင့္အတုနဲ႔။ အခ်ိဳ႕ဟာေတြကေတာ့ ေျပာလို႔ မျဖစ္ေသးဘူး။ အမႈဖြင့္လား မဖြင့္ထားဘူးလား ဆိုတာကိုေတာ့ မေျပာခ်င္ေသးပါဘူး” ဟု ေဒၚသက္ထားႏြယ္ဝင္း က ေျပာၾကားသည္။

ေဒၚသက္ထားႏြယ္ဝင္းအား သတ္ျဖတ္မည္ဟု ၿခိမ္းေျခာက္ခဲ့သည့္ အေကာင့္သည္ ေမ ၁၅ ရက္တြင္ ဖ်က္သိမ္းခဲ့သည္ ကိုလည္း ေတြ႕ရွိရေၾကာင္း ေဒၚသက္ထားႏြယ္ဝင္းက ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီႏွင့္ တိရစာၦန္ ညႇဥ္းပန္းႏွိပ္စက္မႈ ကာကြယ္ေရးအဖြဲ႕ (AAA) တို႔ ပူးေပါင္းၿပီး သာေကတၿမိဳ႕နယ္လုံးကြၽတ္ ၁၉ ရပ္ကြက္အတြင္းရွိ ေခြးအေကာင္ ၂၀၀၀ ေက်ာ္ခန႔္ကို ေခြး႐ူးကာကြယ္ေဆး ထိုးျခင္း သားဆက္ျခား မ်ိဳးထိန္းျခင္း လုပ္ငန္းစဥ္မ်ား အဆင္ေျပ ေခ်ာေမြ႕ေစေရးအတြက္ ဒုတိယၿမိဳ႕ေတာ္ဝန္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ တာဝန္ရွိသူမ်ား၊  AAA အဖြဲ႕မွ တာဝန္ရွိသူမ်ား သာေကတၿမိဳ႕ေတာ္ လႊတ္ေတာ္ ကိုယ္စားလွယ္တို႔သည္ ေမ ၁၃ ရက္တြင္ ၿမိဳ႕ေတာ္ခန္းမ၌ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါ အစည္းအေဝးတြင္ သာေကတၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသက္ထားႏြယ္ဝင္းက သားဆက္ျခားမ်ိဳးထိန္း၊ ကာကြယ္ေဆး ထိုးၿပီးပါက အဆိုပါ ေခြးေကာင္ေရ ၂၀၀၀ အား ၿမိဳ႕နယ္အတြင္း ျပန္လည္ ပို႔ေဆာင္မွာလား၊  ေရရွည္အတြက္ သားဆက္ျခားျခင္းအျပင္ ေရတိုအတြက္ ေခြးေကာင္ေရ ေလွ်ာ့ခ်ျခင္း ေခြးေဂဟာမ်ားသို႔ ပို႔ေဆာင္ျခင္းမ်ား ျပဳလုပ္သင့္ေၾကာင္း ေဆြးေႏြးမႈမ်ားႏွင့္ ပတ္သက္ၿပီး ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ အစည္းအေဝး အေၾကာင္းအရာမ်ား တင္ခဲ့ရာ Comment တြင္ တိုင္းအမတ္ ေဒၚသက္ထားႏြယ္ဝင္းအား သတ္ျဖတ္မည္ဟု ၿခိမ္းေျခာက္မႈ စာမ်ား ေရးသားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေက်ာက္တံတားၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၾကည္ျပာ တိုင္တန္းမႈေၾကာင့္ ေခြးမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက အဆိပ္ခ် သတ္ျဖတ္ခဲ့သည္ဟုဆိုကာ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ Thant Zin အေကာင့္ျဖင့္ ေဝဖန္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သာေကတၿမိဳ႕နယ္အတြင္း ေခြးေလေခြးလြင့္မ်ားအား တိရစာၦန္ခ်စ္သူမ်ားက ေခြး႐ူးကာကြယ္ေဆး ထိုးျခင္း၊ သားဆက္ျခား မ်ိဳးထိန္းျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီး ရပ္ကြက္မ်ားအတြင္း ျပန္လည္ လႊတ္ေပးမည္ကို အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရပ္မိရပ္ဖမ်ား ကန႔္ကြက္ခဲ့ေၾကာင္း သိရသည္။

သာေကတၿမိဳ႕နယ္အတြင္းရွိ ေခြးေလေခြးလြင့္မ်ားအား ၿမိဳ႕နယ္ေန ျပည္သူမ်ားက မည္ကဲ့သို႔ ေဆာင္႐ြက္ေစလိုေၾကာင္း သိရွိလိုသျဖင့္  ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ က အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအား  ေမ ၁၅ ရက္ နံနက္ပိုင္းက ဇိနမာန္ေအာင္ေစတီဓမၼာ႐ုံ၌ ေတြ႕ဆုံခဲ့ၾကသည္။

ေခြးေလေခြးလြင့္ကိစၥႏွင့္ ပတ္သက္၍ တိရစာၦန္ ခ်စ္သူမ်ား၏ လုပ္ငန္းစဥ္မ်ားအား သာေကတၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရပ္မိရပ္ဖ ၁၆ ဦးခန႔္က  ကန႔္ကြက္ေဆြးေႏြးခဲ့ၿပီး ေဆြးေႏြးခ်က္မ်ားကို ဒုတိယၿမိဳ႕ေတာ္ဝန္ထံ တင္ျပမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ေခြးေကာင္ေရ ေလးသန္းခန႔္ရွိၿပီး ရာခိုင္ႏႈန္း ၇၀ သည္ ေခြးေလေခြးလြင့္မ်ား ျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ ေခြး႐ူးျပန္ေရာဂါေၾကာင့္ ေသဆုံးခဲ့သူ ၇၀ ခန႔္ရွိခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven Media Group

#Unicode Version# ျဖင့္ဖတ္ပါ ။

ခွေးကောင်ရေလျှော့ရန်ပြောခဲ့သည့် တိုင်းကိုယ်စားလှယ်ကို ခွေးချစ်သူဟု ဆိုသူက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ခွေးကောင်ရေ လျှော့ချရန်နှင့် ဂေဟာပို့ ထိန်းသိမ်းရန် ပြောကြားခဲ့သည့် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အား ခွေးချစ်သူဟု ဆိုသူတစ်ဦးက သတ်ဖြတ်မည်ဟု လူမှုကွန်ရက်တွင် ခြိမ်းခြောက်

ခွေးကောင်ရေ လျှော့ချရန်နှင့် ဂေဟာပို့ထိန်းသိမ်းရန် ပြောကြားခဲ့သည့် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်(၂) ဒေါ်သက်ထားနွယ်ဝင်းအား ခွေးချစ်သူဟု ဆိုသူတစ်ဦးက သတ်ဖြတ်မည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“ကျွန်မ လူမှုကွန်ရက် စာမျက်နှာ Comment  အောက်မှာ သတ်မယ် ဖြတ်မယ်ကော၊ မုဒိမ်းကျင့်မယ် ဆိုပြီးတော့ကော ရေးထားတယ်။ အကောင့်အတုတွေနဲ့ကော အကောင့်အစစ်တွေကော ပါတယ်။ သတ်မယ်၊ ဖြတ်မယ် ခြိမ်းခြောက်တာက အကောင့်အတုနဲ့။ အချို့ဟာတွေကတော့ ပြောလို့ မဖြစ်သေးဘူး။ အမှုဖွင့်လား မဖွင့်ထားဘူးလား ဆိုတာကိုတော့ မပြောချင်သေးပါဘူး” ဟု ဒေါ်သက်ထားနွယ်ဝင်း က ပြောကြားသည်။

ဒေါ်သက်ထားနွယ်ဝင်းအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အကောင့်သည် မေ ၁၅ ရက်တွင် ဖျက်သိမ်းခဲ့သည် ကိုလည်း တွေ့ရှိရကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးအဖွဲ့ (AAA) တို့ ပူးပေါင်းပြီး သာကေတမြို့နယ်လုံးကျွတ် ၁၉ ရပ်ကွက်အတွင်းရှိ ခွေးအကောင် ၂၀၀၀ ကျော်ခန့်ကို ခွေးရူးကာကွယ်ဆေး ထိုးခြင်း သားဆက်ခြား မျိုးထိန်းခြင်း လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ဒုတိယမြို့တော်ဝန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊  AAA အဖွဲ့မှ တာဝန်ရှိသူများ သာကေတမြို့တော် လွှတ်တော် ကိုယ်စားလှယ်တို့သည် မေ ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက သားဆက်ခြားမျိုးထိန်း၊ ကာကွယ်ဆေး ထိုးပြီးပါက အဆိုပါ ခွေးကောင်ရေ ၂၀၀၀ အား မြို့နယ်အတွင်း ပြန်လည် ပို့ဆောင်မှာလား၊  ရေရှည်အတွက် သားဆက်ခြားခြင်းအပြင် ရေတိုအတွက် ခွေးကောင်ရေ လျှော့ချခြင်း ခွေးဂေဟာများသို့ ပို့ဆောင်ခြင်းများ ပြုလုပ်သင့်ကြောင်း ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အစည်းအဝေး အကြောင်းအရာများ တင်ခဲ့ရာ Comment တွင် တိုင်းအမတ် ဒေါ်သက်ထားနွယ်ဝင်းအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှု စာများ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ တိုင်တန်းမှုကြောင့် ခွေးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိပ်ချ သတ်ဖြတ်ခဲ့သည်ဟုဆိုကာ လူမှုကွန်ရက် စာမျက်နှာတွင် Thant Zin အကောင့်ဖြင့် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်အတွင်း ခွေးလေခွေးလွင့်များအား တိရစ္ဆာန်ချစ်သူများက ခွေးရူးကာကွယ်ဆေး ထိုးခြင်း၊ သားဆက်ခြား မျိုးထိန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ရပ်ကွက်များအတွင်း ပြန်လည် လွှတ်ပေးမည်ကို အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်အတွင်းရှိ ခွေးလေခွေးလွင့်များအား မြို့နယ်နေ ပြည်သူများက မည်ကဲ့သို့ ဆောင်ရွက်စေလိုကြောင်း သိရှိလိုသဖြင့်  မြို့နယ် စည်ပင်သာယာရေးကော်မတီ က အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား  မေ ၁၅ ရက် နံနက်ပိုင်းက ဇိနမာန်အောင်စေတီဓမ္မာရုံ၌ တွေ့ဆုံခဲ့ကြသည်။

ခွေးလေခွေးလွင့်ကိစ္စနှင့် ပတ်သက်၍ တိရစ္ဆာန် ချစ်သူများ၏ လုပ်ငန်းစဉ်များအား သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ ၁၆ ဦးခန့်က  ကန့်ကွက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များကို ဒုတိယမြို့တော်ဝန်ထံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ လေးသန်းခန့်ရှိပြီး ရာခိုင်နှုန်း ၇၀ သည် ခွေးလေခွေးလွင့်များ ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူ ၇၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top