ေမလ တလလုံးနီးပါး မၾကာခဏ မီးျပတ္ေနတာ ျဖစ္တဲ့အတြက္ ဖုန္းေတြ သုံးတာ၊ အိမ္မွာ ႐ုပ္ရွင္ေတြ ၾကည့္ရတာ အရသာပ်က္ေနမွာ အေသအခ်ာပါပဲ။ ငယ္ငယ္က ေဆာ့တဲ့ ကစားနည္း ေတာ္ေတာ္မ်ားမ်ားကို မီးျပတ္တဲ့အခါ သူငယ္ခ်င္းေတြနဲ႔ ေဆာ့လို႔ ရပါေသးတယ္။

မီးျပတ္တာက ကမာၻႀကီးရဲ႕ အဆုံးသတ္ မဟုတ္ေသးပါဘူး။ ၁၉၉၀ ခုႏွစ္မ်ားကလို ေပ်ာ္႐ႊင္မႈေတြကို မီးျပတ္တဲ့အခ်ိန္မွာ ျပန္လည္ ရွာေဖြလို႔ ရပါေသးတယ္။ အဆိုးထဲက အေကာင္းေတြကို ရွာေဖြႏိုင္ဖို႔အတြက္ မီးျပတ္တဲ့အခါ ျပဳလုပ္သင့္တဲ့ အရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္-

(၁) ဂိမ္းေဆာ့ပါ

မေဆာ့ေတာ့ဘဲ ေခ်ာင္မွာ ပစ္ထားတဲ့ ဂိမ္းေတြကို ျပန္ေဆာ့ဖို႔ အခ်ိန္တန္ပါၿပီ။ မိသားစုဝင္ေတြ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ အတူ စစ္တုရင္၊ မိုႏိုပိုလီနဲ႔ အေပ်ာ္တမ္း ဒိုးဇက္ ဂိမ္းကစားျခင္းေတြကို မီးျပတ္တဲ့အခ်ိန္မွာ ကစားႏိုင္ပါတယ္။

(၂) စကားေျပာပါ

ဆိုရွယ္မီဒီယာမွာ Chat တာက အျပင္မွာ စကားေျပာတာေလာက္ ေျပာရတာ မေကာင္းပါဘူး။ မီးျပတ္သြားတဲ့အခါ အိမ္ေရွ႕ ဝရံတာမွာ မိသားစုဝင္ေတြ စုစည္းၿပီး ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာျခင္းက မိသားစုဝင္အခ်င္းခ်င္း ရင္းႏွီးမႈေတြ ပိုၿပီး တိုးလာေစႏိုင္ပါတယ္။

(၃) စာဖတ္ပါ

မီးျပတ္တဲ့အခါ လုပ္လို႔ရတဲ့ အေကာင္းဆုံးနည္းကေတာ့ စာအုပ္ဖတ္တာပဲ ျဖစ္ပါတယ္။ စာအုပ္ ဖတ္ရတာက အခ်ိန္ျဖဳန္းလို႔ အေကာင္းဆုံး နည္းလမ္းျဖစ္သလို ဗဟုသုတလည္း ရပါေသးတယ္။ အေရးႀကီးတာကေတာ့ ညဘက္ စာအုပ္ဖတ္တယ္ဆိုရင္ ဖေယာင္းတိုင္ကို ဂ႐ုစိုက္ဖို႔ပဲ ျဖစ္ပါတယ္။

(၄) ေလ့က်င့္ခန္းလုပ္ပါ

ပူပါတယ္ဆို ေလ့က်င့္ခန္းက ဘယ္လို လုပ္ႏိုင္မွာလဲ ဆိုၿပီး ေစာဒက တက္ႏိုင္ပါတယ္။ မီးျပတ္တဲ့ ညေတြမွာ စက္ဘီး ထြက္စီးတာ၊ မိတ္ေဆြ ဒါမွမဟုတ္ ခ်စ္ရတဲ့သူနဲ႔ လမ္းေလွ်ာက္ရင္း ေလညႇင္းခံတာေတြ ျပဳလုပ္ႏိုင္ပါတယ္။ အိမ္နီးခ်င္းေတြနဲ႔ မိတ္ေဆြဖြဲ႕တာမ်ိဳး၊ ၿခံဝန္းထဲမွာ စကားဝိုင္းဖြဲ႕ ေျပာတာမ်ိဳးေတြလည္း ျပဳလုပ္ႏိုင္ပါတယ္။

(၅) အႏုပညာတခုခု ဖန္တီးပါ

မီးျပတ္သြားတဲ့အခါ စိတ္ကူးထဲ ေပၚလာတဲ့ စာေရးျခင္း၊ ပုံဆြဲျခင္းေတြကို ျပဳလုပ္ႏိုင္ပါေသးတယ္။ သင္က ကြၽမ္းက်င္တဲ့ ပညာရွင္ႀကီး မဟုတ္ရင္ေတာင္ စိတ္ကူးထဲ ေပၚတာေလးေတြ ျပဳလုပ္ႏိုင္ပါတယ္။ အေရာင္ ျခယ္တာ၊ သီခ်င္းထိုင္စပ္တာ စသျဖင့္ စိတ္ထဲရွိတာ ျပဳလုပ္ၾကည့္ပါ။ ဘာကိုမွ စိတ္မပါရင္ သီခ်င္းနားေထာင္ရင္း အိပ္တာမ်ိဳးနဲ႔ မီးျပတ္တဲ့အခ်ိန္ေတြကို ကုန္ဆုံးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာဝတီ

#Unicode Version# ျဖင့္ဖတ္ပါ ။

မေလ တလလုံးနီးပါး မကြာခဏ မီးပြတ်နေတာ ဖြစ်တဲ့အတွက် ဖုန်းတွေ သုံးတာ၊ အိမ်မှာ ရုပ်ရှင်တွေ ကြည့်ရတာ အရသာပျက်နေမှာ အသေအချာပါပဲ။ ငယ်ငယ်က ဆော့တဲ့ ကစားနည်း တော်တော်များများကို မီးပြတ်တဲ့အခါ သူငယ်ချင်းတွေနဲ့ ဆော့လို့ ရပါသေးတယ်။

မီးပြတ်တာက ကမ္ဘာကြီးရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး။ ၁၉၉၀ ခုနှစ်များကလို ပျော်ရွှင်မှုတွေကို မီးပြတ်တဲ့အချိန်မှာ ပြန်လည် ရှာဖွေလို့ ရပါသေးတယ်။ အဆိုးထဲက အကောင်းတွေကို ရှာဖွေနိုင်ဖို့အတွက် မီးပြတ်တဲ့အခါ ပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်-

(၁) ဂိမ်းဆော့ပါ

မဆော့တော့ဘဲ ချောင်မှာ ပစ်ထားတဲ့ ဂိမ်းတွေကို ပြန်ဆော့ဖို့ အချိန်တန်ပါပြီ။ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူ စစ်တုရင်၊ မိုနိုပိုလီနဲ့ အပျော်တမ်း ဒိုးဇက် ဂိမ်းကစားခြင်းတွေကို မီးပြတ်တဲ့အချိန်မှာ ကစားနိုင်ပါတယ်။

(၂) စကားပြောပါ

ဆိုရှယ်မီဒီယာမှာ Chat တာက အပြင်မှာ စကားပြောတာလောက် ပြောရတာ မကောင်းပါဘူး။ မီးပြတ်သွားတဲ့အခါ အိမ်ရှေ့ ဝရံတာမှာ မိသားစုဝင်တွေ စုစည်းပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောခြင်းက မိသားစုဝင်အချင်းချင်း ရင်းနှီးမှုတွေ ပိုပြီး တိုးလာစေနိုင်ပါတယ်။

(၃) စာဖတ်ပါ

မီးပြတ်တဲ့အခါ လုပ်လို့ရတဲ့ အကောင်းဆုံးနည်းကတော့ စာအုပ်ဖတ်တာပဲ ဖြစ်ပါတယ်။ စာအုပ် ဖတ်ရတာက အချိန်ဖြုန်းလို့ အကောင်းဆုံး နည်းလမ်းဖြစ်သလို ဗဟုသုတလည်း ရပါသေးတယ်။ အရေးကြီးတာကတော့ ညဘက် စာအုပ်ဖတ်တယ်ဆိုရင် ဖယောင်းတိုင်ကို ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ပါ

ပူပါတယ်ဆို လေ့ကျင့်ခန်းက ဘယ်လို လုပ်နိုင်မှာလဲ ဆိုပြီး စောဒက တက်နိုင်ပါတယ်။ မီးပြတ်တဲ့ ညတွေမှာ စက်ဘီး ထွက်စီးတာ၊ မိတ်ဆွေ ဒါမှမဟုတ် ချစ်ရတဲ့သူနဲ့ လမ်းလျှောက်ရင်း လေညှင်းခံတာတွေ ပြုလုပ်နိုင်ပါတယ်။ အိမ်နီးချင်းတွေနဲ့ မိတ်ဆွေဖွဲ့တာမျိုး၊ ခြံဝန်းထဲမှာ စကားဝိုင်းဖွဲ့ ပြောတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။

(၅) အနုပညာတခုခု ဖန်တီးပါ

မီးပြတ်သွားတဲ့အခါ စိတ်ကူးထဲ ပေါ်လာတဲ့ စာရေးခြင်း၊ ပုံဆွဲခြင်းတွေကို ပြုလုပ်နိုင်ပါသေးတယ်။ သင်က ကျွမ်းကျင်တဲ့ ပညာရှင်ကြီး မဟုတ်ရင်တောင် စိတ်ကူးထဲ ပေါ်တာလေးတွေ ပြုလုပ်နိုင်ပါတယ်။ အရောင် ခြယ်တာ၊ သီချင်းထိုင်စပ်တာ စသဖြင့် စိတ်ထဲရှိတာ ပြုလုပ်ကြည့်ပါ။ ဘာကိုမှ စိတ်မပါရင် သီချင်းနားထောင်ရင်း အိပ်တာမျိုးနဲ့ မီးပြတ်တဲ့အချိန်တွေကို ကုန်ဆုံးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top