20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္တြင္ အုပ္စုဖြဲ႕၍ ႐ိုက္ႏွက္ ပစၥည္းလုယက္သူမ်ားအား ရဲတပ္ဖြဲ႕မွ ေဖာ္ထုတ္ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမ ၁၀ ရက္ ည ၁၀ နာရီက ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ပ်ဥ္းမနား – ေတာင္ၫို လမ္းမႀကီး၏ ပရေဆးဥယ်ာဥ္ေရွ႕ ကန္ေပါင္လမ္းေဘးရွိ က်န္းမာေရးအားကစား ျပဳလုပ္သည့္ ေနရာ၌ လႊတ္ေတာ္တြင္ တာဝန္ ထမ္းေဆာင္ေနသည့္ ရဲတပ္သား ေအာင္ပိုင္စိုးႏွင့္ စည္သူကိုဝင္းတို႔သည္ ဆိုင္ကယ္ျဖင့္ အားကစားျပဳလုပ္ေနစဥ္ လူငါးဦး ေရာက္ရွိလာၿပီး ထိုလူ ငါးဦးထဲမွ တစ္ဦးက ပရေဆးဥယ်ာဥ္ အတြင္းရွိ သူ၏ေနအိမ္သို႔လိုက္ပို႔ပါရန္ အကူအညီ ေတာင္းသျဖင့္ ရဲတပ္သား ေအာင္ပိုင္စိုး ႏွင့္ စည္သူကိုဝင္းတို႔ႏွစ္ဦးက ထိုသူအား ဆိုင္ကယ္ျဖင့္ တင္ေဆာင္ကာ ပရေဆး ဥယ်ာဥ္အတြင္းရွိ ၎၏ေနအိမ္သို႔ လိုက္ပို႔ေပးခဲ့သည္။

ထို႔ေနာက္ က်န္ေလးဦးသည္ ဆိုင္ကယ္ႏွစ္စီးျဖင့္ ေနာက္မွေရာက္လာၿပီး ပရေဆးဥယ်ာဥ္ ၏ အတြင္းက်ေသာ ပတ္လမ္းတစ္ေနရာ အေရာက္တြင္ ဆိုင္ကယ္ကိုရပ္တန္႔ခိုင္း ၿပီး ေနာက္မွလိုက္ပါလာေသာ လူ ေလးဦး အပါအဝင္ ေပါင္း ငါးဦးက ဝိုင္းဝန္း ထိုးႀကိတ္၍ အသင့္ပါလာေသာ ဓားျဖင့္ ထိုးသျဖင့္ ရဲတပ္သား ေအာင္ပိုင္စိုးႏွင့္ ရဲတပ္သား စည္သူကိုဝင္းတို႔တြင္ ဒဏ္ရာ အသီးသီးရရွိၿပီး ေနျပည္ေတာ္ ခုတင္ (၁၀၀၀)ေဆး႐ုံႀကီးသို႔ တင္ပို႔ ကုသခဲ့ရသည္။ အခင္းျဖစ္ေနရာတြင္ ရဲတပ္သား စည္သူကိုဝင္း၏ ATM ကတ္ႏွင့္ ဖုန္းတစ္လုံးတို႔အား လုယက္ ယူေဆာင္သြားခဲသည္။

ထိုကဲ့သို႔ ပရေဆးဥယ်ာဥ္အတြင္း ႐ိုက္ႏွက္မႈျဖစ္ပြားေၾကာင္း အမွတ္ (၄) ရဲကင္းစခန္း၌ တာဝန္မႉး ေဆာင္႐ြက္ ေနသည့္ ဒုရဲအုပ္ ေအာင္သူလႈိင္က သတင္းရရွိ၍ ခုတင္ (၁၀၀၀)ေဆး႐ုံသို႔ သြားေရာက္စစ္ေဆးၿပီး အမွတ္ (၅)နယ္ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ကာ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ ဖမ္းဆီးရမိေရး ေဆာင္႐ြက္ရာတြင္ မသကၤာသူမ်ားျဖစ္သည့္ သေျပကုန္း ရပ္ကြက္ ဂႏၶမာ ၇ လမ္းေန ဆိုင္ကယ္ ကယ္ရီဆြဲသည့္ ေက်ာ္လင္းေအာင္ (၁၉ႏွစ္)ႏွင့္ တစ္ရပ္ကြက္တည္းေန ဇြဲသူရဦး (ခ) ကိုဇြဲ (၂၁ ႏွစ္ ) တို႔ ႏွစ္ဦး အား ေမ ၁၁ ရက္ ည ၇ နာရီတြင္ အမွတ္ (၁) ၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္ စစ္ေဆး ရာ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့သည္။

ထို႔အျပင္ ၎တို႔ႏွင့္အတူ ေဇာ္မင္းေဌး (ခ) ေက်ာက္ဖား (၁၉ ႏွစ္) ဇမၺဴသီရိၿမိဳ႕နယ္ သာယာကုန္း ရပ္ကြက္ေနသူႏွင့္ သာေအး (၁၇ ႏွစ္)၊ ေအာင္ႀကီး (၂၀ ႏွစ္) သေျပကုန္း ရပ္ကြက္ေနသူတို႔ ပါဝင္ေၾကာင္း ထြက္ဆို၍ အဆိုပါ က်ဴးလြန္သူမ်ားအား သြားေရာက္၍ လက္ရဖမ္းဆီး ရမိခဲ့သည္။ အခင္းျဖစ္ခ်ိန္တြင္ စီးနင္း ခဲ့သည့္ ဆိုင္ကယ္ႏွင့္ ဖုန္း၊ သက္ေသခံ ဓားေျမႇာင္ ႏွစ္ေခ်ာင္းတို႔အား ေဇာ္မင္း ေဌး (ခ) ေက်ာက္ဖား၏ ေနအိမ္မွ သိမ္းဆည္းရမိခဲ့သည္။ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အဆိုပါ ျပစ္မႈ က်ဴးလြန္သူ ငါးဦးအား အမွတ္ (၁) ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:မင္းမင္းလတ္(မန္းတကၠသိုလ္)

#Unicode Version#
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် အုပ်စုဖွဲ့၍ ရိုက်နှက် ပစ္စည်းလုယက်သူများအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၀ ရက် ည ၁၀ နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား – တောင်ညို လမ်းမကြီး၏ ပရဆေးဥယျာဉ်ရှေ့ ကန်ပေါင်လမ်းဘေးရှိ ကျန်းမာရေးအားကစား ပြုလုပ်သည့် နေရာ၌ လွှတ်တော်တွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်သား အောင်ပိုင်စိုးနှင့် စည်သူကိုဝင်းတို့သည် ဆိုင်ကယ်ဖြင့် အားကစားပြုလုပ်နေစဉ် လူငါးဦး ရောက်ရှိလာပြီး ထိုလူ ငါးဦးထဲမှ တစ်ဦးက ပရဆေးဥယျာဉ် အတွင်းရှိ သူ၏နေအိမ်သို့လိုက်ပို့ပါရန် အကူအညီ တောင်းသဖြင့် ရဲတပ်သား အောင်ပိုင်စိုး နှင့် စည်သူကိုဝင်းတို့နှစ်ဦးက ထိုသူအား ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ပရဆေး ဥယျာဉ်အတွင်းရှိ ၎င်း၏နေအိမ်သို့ လိုက်ပို့ပေးခဲ့သည်။

ထို့နောက် ကျန်လေးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် နောက်မှရောက်လာပြီး ပရဆေးဥယျာဉ် ၏ အတွင်းကျသော ပတ်လမ်းတစ်နေရာ အရောက်တွင် ဆိုင်ကယ်ကိုရပ်တန့်ခိုင်း ပြီး နောက်မှလိုက်ပါလာသော လူ လေးဦး အပါအဝင် ပေါင်း ငါးဦးက ဝိုင်းဝန်း ထိုးကြိတ်၍ အသင့်ပါလာသော ဓားဖြင့် ထိုးသဖြင့် ရဲတပ်သား အောင်ပိုင်စိုးနှင့် ရဲတပ်သား စည်သူကိုဝင်းတို့တွင် ဒဏ်ရာ အသီးသီးရရှိပြီး နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရသည်။ အခင်းဖြစ်နေရာတွင် ရဲတပ်သား စည်သူကိုဝင်း၏ ATM ကတ်နှင့် ဖုန်းတစ်လုံးတို့အား လုယက် ယူဆောင်သွားခဲသည်။

ထိုကဲ့သို့ ပရဆေးဥယျာဉ်အတွင်း ရိုက်နှက်မှုဖြစ်ပွားကြောင်း အမှတ် (၄) ရဲကင်းစခန်း၌ တာဝန်မှူး ဆောင်ရွက် နေသည့် ဒုရဲအုပ် အောင်သူလှိုင်က သတင်းရရှိ၍ ခုတင် (၁၀၀၀)ဆေးရုံသို့ သွားရောက်စစ်ဆေးပြီး အမှတ် (၅)နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ရာတွင် မသင်္ကာသူများဖြစ်သည့် သပြေကုန်း ရပ်ကွက် ဂန္ဓမာ ၇ လမ်းနေ ဆိုင်ကယ် ကယ်ရီဆွဲသည့် ကျော်လင်းအောင် (၁၉နှစ်)နှင့် တစ်ရပ်ကွက်တည်းနေ ဇွဲသူရဦး (ခ) ကိုဇွဲ (၂၁ နှစ် ) တို့ နှစ်ဦး အား မေ ၁၁ ရက် ည ၇ နာရီတွင် အမှတ် (၁) မြို့မရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေး ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ထို့အပြင် ၎င်းတို့နှင့်အတူ ဇော်မင်းဌေး (ခ) ကျောက်ဖား (၁၉ နှစ်) ဇမ္ဗူသီရိမြို့နယ် သာယာကုန်း ရပ်ကွက်နေသူနှင့် သာအေး (၁၇ နှစ်)၊ အောင်ကြီး (၂၀ နှစ်) သပြေကုန်း ရပ်ကွက်နေသူတို့ ပါဝင်ကြောင်း ထွက်ဆို၍ အဆိုပါ ကျူးလွန်သူများအား သွားရောက်၍ လက်ရဖမ်းဆီး ရမိခဲ့သည်။ အခင်းဖြစ်ချိန်တွင် စီးနင်း ခဲ့သည့် ဆိုင်ကယ်နှင့် ဖုန်း၊ သက်သေခံ ဓားမြှောင် နှစ်ချောင်းတို့အား ဇော်မင်း ဌေး (ခ) ကျောက်ဖား၏ နေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ပြစ်မှု ကျူးလွန်သူ ငါးဦးအား အမှတ် (၁) မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:မင်းမင်းလတ်(မန်းတက္ကသိုလ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top