သစ္သီးေဖ်ာ္ရည္မ်ားကို အလြန္အကြၽံ ေသာက္သုံးျခင္းက သင့္က်န္းမာေရးအတြက္ အတိုင္းအတာတစ္ခုအထိ ေဘးျဖစ္ေစႏိုင္ၿပီး ယင္းက ကိုလာ သို႔မဟုတ္ သံပုရာ၊ ေရွာက္ေဖ်ာ္ရည္ ေသာက္သကဲ့သို႔ အခ်ိန္မတိုင္ခင္ ေစာစီးစြာ ေသဆုံးႏိုင္ေစဖြယ္ ရွိေၾကာင္း  သုေတသန ေလ့လာခ်က္တစ္ခုတြင္ ေဖာ္ျပထားသည္။

သၾကားပါဝင္ေသာ ေသာက္သုံးစရာမ်ားကို အလြန္အကြၽံ အမ်ားအျပား ေသာက္သုံးေနသူမ်ားအတြက္ အခ်ိန္မတိုင္ခင္ ေစာေစာ ေသဆုံးႏိုင္ေျခ ႏႈန္း ျမင့္တက္ေနလ်က္ ရွိေၾကာင္း ေလ့လာခ်က္သစ္တစ္ခုက ေတြ႕ရွိထားသည္။

အေမရိကန္ သုေတသီမ်ားအေနျဖင့္ ၁၀၀ ရာခိုင္ႏႈန္း သစ္သီးေဖ်ာ္ရည္မ်ားကို ကိုလာ သို႔မဟုတ္ လင္မနစ္ ကဲ့သို႔ သၾကားပါဝင္ၿပီး အခ်ိဳ အရသာရွိ ေဖ်ာ္ရည္မ်ားႏွင့္ ပထမဆုံးအႀကိမ္ ႏႈိင္းယွဥ္ၾကည့္ခဲ့ၾကသည္။

ယင္းေနာက္ သစ္သီးေဖ်ာ္ရည္မ်ား ေရာ သၾကားပါ ေသာက္သုံးစရာမ်ားေရာ ႏွစ္ခုစလုံးဟာ ေစာစီးစြာ ေသဆုံးႏိုင္ေျခ မ်ားေသာ  အႏၲရာယ္ႏွင့္ အလားတူ ပတ္သက္ဆက္ႏြယ္ေနသည္ကို ေတြ႕ရွိခဲ့ၾကသည္ဟု ဆိုသည္။ သို႔ရာတြင္လည္း ယင္းအတြက္ ေနာက္ထပ္ ေလ့လာခ်က္မ်ား ထပ္မံ လုပ္ေဆာင္ရန္ လိုေနေသးသည္ဟု သိရသည္။

Emory ႏွင့္ Cornell တို႔မွ သုေတသီတို႔က ေလ့လာခဲ့ရာတြင္ ဆိုဒါကို အလြန္အကြၽံ ေသာက္သုုံးျခင္းက ေစာလ်င္စြာ ေသဆုံးႏိုင္ေျခႏႈန္းကို ၁၁ ရာခိုင္ႏႈန္း ပိုျမင့္တက္ေစႏိုင္ေၾကာင္း ေျပာထားသည္။

အလားတူ သစ္သီးေဖ်ာ္ရည္မ်ားကို အလြန္အကြၽံ ေသာက္သုုံးျခင္းက ေစာလ်င္စြာ ေသဆုံးႏိုင္ေျခကို ၂၄ ရာခိုင္ႏႈန္း ပိုတိုးေစႏိုင္ေၾကာင္း ၎တို႔က ေျပာသြားသည္။

ယခု ေလ့လာခ်က္သည္ အေရးပါသည္ ဆိုေပမယ့္လည္း တစ္ေန႔လ်င္ သစ္သီးေဖ်ာ္ရည္ ၁၅၀ မီလီလီတာ တစ္ခြက္တည္း ေသာက္သုံး႐ုံျဖင့္ ေဘးမျဖစ္ႏိုင္ေၾကာင္း ပညာရွင္တစ္ဦးကလည္း ေျပာသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

သစ်သီးဖျော်ရည်များကို အလွန်အကျွံ သောက်သုံးခြင်းက သင့်ကျန်းမာရေးအတွက် အတိုင်းအတာတစ်ခုအထိ ဘေးဖြစ်စေနိုင်ပြီး ယင်းက ကိုလာ သို့မဟုတ် သံပုရာ၊ ရှောက်ဖျော်ရည် သောက်သကဲ့သို့ အချိန်မတိုင်ခင် စောစီးစွာ သေဆုံးနိုင်စေဖွယ် ရှိကြောင်း  သုတေသန လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။

သကြားပါဝင်သော သောက်သုံးစရာများကို အလွန်အကျွံ အများအပြား သောက်သုံးနေသူများအတွက် အချိန်မတိုင်ခင် စောစော သေဆုံးနိုင်ခြေ နှုန်း မြင့်တက်နေလျက် ရှိကြောင်း လေ့လာချက်သစ်တစ်ခုက တွေ့ရှိထားသည်။

အမေရိကန် သုတေသီများအနေဖြင့် ၁၀၀ ရာခိုင်နှုန်း သစ်သီးဖျော်ရည်များကို ကိုလာ သို့မဟုတ် လင်မနစ် ကဲ့သို့ သကြားပါဝင်ပြီး အချို အရသာရှိ ဖျော်ရည်များနှင့် ပထမဆုံးအကြိမ် နှိုင်းယှဉ်ကြည့်ခဲ့ကြသည်။

ယင်းနောက် သစ်သီးဖျော်ရည်များ ရော သကြားပါ သောက်သုံးစရာများရော နှစ်ခုစလုံးဟာ စောစီးစွာ သေဆုံးနိုင်ခြေ များသော  အန္တရာယ်နှင့် အလားတူ ပတ်သက်ဆက်နွယ်နေသည်ကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။ သို့ရာတွင်လည်း ယင်းအတွက် နောက်ထပ် လေ့လာချက်များ ထပ်မံ လုပ်ဆောင်ရန် လိုနေသေးသည်ဟု သိရသည်။

Emory နှင့် Cornell တို့မှ သုတေသီတို့က လေ့လာခဲ့ရာတွင် ဆိုဒါကို အလွန်အကျွံ သောက်သုံးခြင်းက စောလျင်စွာ သေဆုံးနိုင်ခြေနှုန်းကို ၁၁ ရာခိုင်နှုန်း ပိုမြင့်တက်စေနိုင်ကြောင်း ပြောထားသည်။

အလားတူ သစ်သီးဖျော်ရည်များကို အလွန်အကျွံ သောက်သုံးခြင်းက စောလျင်စွာ သေဆုံးနိုင်ခြေကို ၂၄ ရာခိုင်နှုန်း ပိုတိုးစေနိုင်ကြောင်း ၎င်းတို့က ပြောသွားသည်။

ယခု လေ့လာချက်သည် အရေးပါသည် ဆိုပေမယ့်လည်း တစ်နေ့လျင် သစ်သီးဖျော်ရည် ၁၅၀ မီလီလီတာ တစ်ခွက်တည်း သောက်သုံးရုံဖြင့် ဘေးမဖြစ်နိုင်ကြောင်း ပညာရှင်တစ်ဦးကလည်း ပြောသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top