အသက္အရြယ္ရလာခ််ိန္မွာ တျဖည္းျဖည္းခ်င္း ဆံပင္ေတြျဖဴလာတာက ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြ ျဖစ္ႏိုင္ေျခနဲ႔ဆက္စပ္ေနပါတယ္။ ေလ့လာမႈအသစ္တစ္ရပ္မွာေတာ့ ဆံပင္ျဖဴတာက ႏွလံုးေရာဂါရဲ႕ ေရွ႕ေျပးလကၡဏာျဖစ္ႏိုင္တယ္၊လို႔ သံုးသပ္ထားပါတယ္။

ကိုလက္စထေရာ၊အဆီ၊ကယ္လ္ဆီယမ္နဲ႔ အျခားျဒပ္ပစၥည္းေတြပါဝင္ဖြဲ႔စည္းထားတဲ့ atherosclerosis လို႔ေခၚတဲ့ အရာက ေသြးေၾကာေတြထဲမွာ စတင္ျဖစ္လာပါေတာ့တယ္။ ဒီပစၥည္းက တျဖည္းျဖည္းခ်င္းစုပံုအနည္က်လာျပီး ေသြးေၾကာေတြရဲ႕ က်ဳံ႕ႏိုင္ဆန္႔ႏိုင္စြမ္းကို ကန္႔သတ္လာပါတယ္။ ဒီလိုျဖစ္လာတဲ့အေနအထားက ႏွလံုးနဲ႔ ခႏၶာကိုယ္ရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းေတြဆီကို ေသြးေရာက္ရွိစီးဆင္းႏိုင္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

တကယ္လို႔ ဒီအေျခအေနကို မကုသဘဲထားမယ္ဆိုရင္ ေလျဖတ္တာ၊ ရုတ္တရက္ႏွလံုးရပ္တာေတြအပါအဝင္ ျပင္းထန္တဲ့ ႏွလံုးေရာဂါျဖစ္ႏိုင္တဲ့ အလားအာလေတြကိုတိုးေစမွာျဖစ္သလို ႏွလံုးေဖာက္ျပီး အသက္ေသဆုံးသည္အထိေတာင္ျဖစ္ႏိုင္ပါတယ္။

ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြျဖစ္ရတဲ့အဓိကအေၾကာင္းအရင္းကေတာ့ ႏွလံုးေသြးေၾကာေတြထဲမွာ အနယ္အႏွစ္ေတြစုပံုတာက ေသြးေၾကာေတြရဲ႕ေသြးစီးဆင္းေထာက္ပံ့မႈကို ထိခိုက္ေစႏိုင္တာေၾကာင့္ျဖစ္ပါတယ္။ ႏွလံုးေသြးလႊတ္ေၾကာမၾကီးက ေသြးေတြကို လံုေလာက္ေအာင္ မေထာက္ပံ့ႏိုင္တဲ့အခါ ႏွလံုးနဲ႔ပတ္သက္ေတြ ေဝဒနာေတြစတင္ခံစားလာရပါေတာ့တယ္။

အသက္အရြယ္ၾကီးရင့္လာေလေလ ႏွလံုးေရာဂါခံစားရႏိုင္ေျခကမ်ားလာေလေလပါပဲ။ အသက္အရြယ္ေရာက္လာတဲ့အခါ  ခႏၶာကိုယ္တြင္းမွာ oxidative stress ေတြတိုးလာျပီး ဆဲလ္ေတြကလည္း သက္တမ္းရင့္လာတာေၾကာင့္ DNA ေတြက ထိခိုက္ပ်က္စီးလာပါတယ္။

သုေတသနအဖြဲ႔ဟာ ေလ့လာမႈအတြင္း အသက္အရြယ္ၾကီးရင့္ေနျပီျဖစ္တဲ့ အမ်ိဳးသား ၅၄၅ ဦးကိုေလ့လာခဲ့ ပါတယ္။ ေလ့လာမႈမွာပါဝင္သူေတြက ႏွလံုးေရာဂါခံစားေနရတယ္လို႔ ယူဆရတဲ့သူေတြျဖစ္ျပီး သူတို႔ရဲ႕ ဆံပင္ျဖဴေနတဲ့ အေနအထားအလိုက္ အုပ္စု ၄ စုခြဲခဲ့ပါတယ္။

အဖြဲ႔ ၄ ဖြဲ႔ထဲမွာအဖြဲ႔ ၁ က ဆံပင္ လံုးဝမျဖဴသူေတြျဖစ္ၾကျပီး အဖြဲ႔ ၂ ကေတာ့ ဆံပင္ နည္းနည္းပဲျဖဴသူေတြပါ။ အဖြဲ႔ ၃ ကဆံပင္အမည္းထက္ အျဖဴပိုမ်ားသူေတြျဖစ္ၾကျပီး အဖြဲ႔ ၄ ကေတာ့ ဆံပင္လံုးဝျဖဴေနသူေတြပါ။ ေလ့လာမႈမွာ ပါဝင္သူေတြကုိ သုေတသီေတြက ေသေသခ်ာခ်ာေလ့လာခဲ့ပါတယ္။

ေလ့လာမႈအတြင္း ေလ့လာမႈမွာပါဝင္ေပးသူေတြရဲ႕ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ၊ ေသြးတိုး၊ဆီးခ်ိဳနဲ႔ ေသြးတြင္းကိုလက္စထေရာမ်ားႏိုင္ေျခ၊ ေဆးလိပ္ေသာက္သံုးလားဆိုတာနဲ႔ ႏွလံုးေရာဂါမ်ိဳးရိုးရွိလားဆိုတာေတြကို ေလ့လာခဲ့ၾကပါတယ္။

သုေတသနအဖြဲ႔က ေလ့လာမႈမွာပါဝင္သုူေတြရဲ႕ အသက္အရြယ္၊ ဆံပင္ျဖဴေနတဲ့အတိုင္းအတာ၊ ေသြးေပါင္ခ်ိန္ျမင့္ေနလားဆိုတာနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြခံစားေနရလားဆိုတာကို ေလ့လာခဲ့ပါတယ္။
ဆံပင္ျဖဴေတြက ႏွလံုးေရာဂါရဲ႕ေရွ႕ေျပး လကၡဏာေတြပါ

ေလ့လာမႈအရ ႏွလံုးေရာဂါခံစားႏိုင္ရေျခရွိသူေတြက ပံုမွန္ထက္ ဆံပင္ပိုျဖဴေနတယ္၊လို႔ေတြ႔ရွိခဲ့ရပါတယ္။

ေလ့လာမႈကို ပူးတြဲလုပ္ေဆာင္သူျဖစ္တဲ့ အီဂ်စ္ႏိုင္ငံ ကိုင္ရိုတကၠသိုလ္က ႏွလံုးအထူးကု ေဒါက္တာ အီရီနီ ဆာမ်ဴကေတာ့ “ ဆံပင္ျဖဴတာက အသက္အရြယ္ၾကီးလာတာေၾကာင့္ျဖစ္သလို ႏွလံုးေရာဂါခံစားရႏိုင္ေျခ ပံုမွန္ထက္မ်ားေနတာေၾကာင့္ဆိုလည္း ဟုတ္ပါတယ္။

ေလ့လာေတြ႔ရွိခ်က္ေတြအရကေတာ့ ဆံပင္ျဖဴေတြက အသက္အရြယ္ၾကီးရင့္လာတာကို ေဖာ္ျပေနသလို  ခႏၶာကိုယ္ထဲမွာ ႏွလံုးေရာဂါျဖစ္ႏိုင္တဲ့ အေနအထားေတြ မ်ားေနတာေၾကာင့္ ႏွလံုးေရာဂါခံစားရႏိုင္ေျခမ်ားလာေနတယ္၊လို႔ေဖာ္ျပေနတာလည္းျဖစ္ပါတယ္၊” လို႔ရွင္းျပခဲ့ပါတယ္။

ဒီေလ့လာမႈကို အတည္ျပဳႏိုင္ဖို႔အတြက္ေနာက္ထပ္ေလ့လာမႈေတြလုပ္ေဆာင္ဖို႔ လိုအပ္မွာလည္းျဖစ္ပါတယ္၊လို႔ ေဒါက္တာ ဆာမ်ဴကေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


အသက်အရွယ်ရလာချျိန်မှာ တဖြည်းဖြည်းချင်း ဆံပင်တွေဖြူလာတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေနဲ့ဆက်စပ်နေပါတယ်။ လေ့လာမှုအသစ်တစ်ရပ်မှာတော့ ဆံပင်ဖြူတာက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်၊လို့ သုံးသပ်ထားပါတယ်။

ကိုလက်စထရော၊အဆီ၊ကယ်လ်ဆီယမ်နဲ့ အခြားဒြပ်ပစ္စည်းတွေပါဝင်ဖွဲ့စည်းထားတဲ့ atherosclerosis လို့ခေါ်တဲ့ အရာက သွေးကြောတွေထဲမှာ စတင်ဖြစ်လာပါတော့တယ်။ ဒီပစ္စည်းက တဖြည်းဖြည်းချင်းစုပုံအနည်ကျလာပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကန့်သတ်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အနေအထားက နှလုံးနဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိစီးဆင်းနိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

တကယ်လို့ ဒီအခြေအနေကို မကုသဘဲထားမယ်ဆိုရင် လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေအပါအဝင် ပြင်းထန်တဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အလားအာလတွေကိုတိုးစေမှာဖြစ်သလို နှလုံးဖောက်ပြီး အသက်သေဆုံးသည်အထိတောင်ဖြစ်နိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ နှလုံးသွေးကြောတွေထဲမှာ အနယ်အနှစ်တွေစုပုံတာက သွေးကြောတွေရဲ့သွေးစီးဆင်းထောက်ပံ့မှုကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ နှလုံးသွေးလွှတ်ကြောမကြီးက သွေးတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့အခါ နှလုံးနဲ့ပတ်သက်တွေ ဝေဒနာတွေစတင်ခံစားလာရပါတော့တယ်။

အသက်အရွယ်ကြီးရင့်လာလေလေ နှလုံးရောဂါခံစားရနိုင်ခြေကများလာလေလေပါပဲ။ အသက်အရွယ်ရောက်လာတဲ့အခါ  ခန္ဓာကိုယ်တွင်းမှာ oxidative stress တွေတိုးလာပြီး ဆဲလ်တွေကလည်း သက်တမ်းရင့်လာတာကြောင့် DNA တွေက ထိခိုက်ပျက်စီးလာပါတယ်။

သုတေသနအဖွဲ့ဟာ လေ့လာမှုအတွင်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမျိုးသား ၅၄၅ ဦးကိုလေ့လာခဲ့ ပါတယ်။ လေ့လာမှုမှာပါဝင်သူတွေက နှလုံးရောဂါခံစားနေရတယ်လို့ ယူဆရတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ ဆံပင်ဖြူနေတဲ့ အနေအထားအလိုက် အုပ်စု ၄ စုခွဲခဲ့ပါတယ်။

အဖွဲ့ ၄ ဖွဲ့ထဲမှာအဖွဲ့ ၁ က ဆံပင် လုံးဝမဖြူသူတွေဖြစ်ကြပြီး အဖွဲ့ ၂ ကတော့ ဆံပင် နည်းနည်းပဲဖြူသူတွေပါ။ အဖွဲ့ ၃ ကဆံပင်အမည်းထက် အဖြူပိုများသူတွေဖြစ်ကြပြီး အဖွဲ့ ၄ ကတော့ ဆံပင်လုံးဝဖြူနေသူတွေပါ။ လေ့လာမှုမှာ ပါဝင်သူတွေကို သုတေသီတွေက သေသေချာချာလေ့လာခဲ့ပါတယ်။

လေ့လာမှုအတွင်း လေ့လာမှုမှာပါဝင်ပေးသူတွေရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ၊ သွေးတိုး၊ဆီးချိုနဲ့ သွေးတွင်းကိုလက်စထရောများနိုင်ခြေ၊ ဆေးလိပ်သောက်သုံးလားဆိုတာနဲ့ နှလုံးရောဂါမျိုးရိုးရှိလားဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။

သုတေသနအဖွဲ့က လေ့လာမှုမှာပါဝင်သုူတွေရဲ့ အသက်အရွယ်၊ ဆံပင်ဖြူနေတဲ့အတိုင်းအတာ၊ သွေးပေါင်ချိန်မြင့်နေလားဆိုတာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားနေရလားဆိုတာကို လေ့လာခဲ့ပါတယ်။
ဆံပင်ဖြူတွေက နှလုံးရောဂါရဲ့ရှေ့ပြေး လက္ခဏာတွေပါ

လေ့လာမှုအရ နှလုံးရောဂါခံစားနိုင်ရခြေရှိသူတွေက ပုံမှန်ထက် ဆံပင်ပိုဖြူနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုကို ပူးတွဲလုပ်ဆောင်သူဖြစ်တဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်က နှလုံးအထူးကု ဒေါက်တာ အီရီနီ ဆာမျူကတော့ “ ဆံပင်ဖြူတာက အသက်အရွယ်ကြီးလာတာကြောင့်ဖြစ်သလို နှလုံးရောဂါခံစားရနိုင်ခြေ ပုံမှန်ထက်များနေတာကြောင့်ဆိုလည်း ဟုတ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရကတော့ ဆံပင်ဖြူတွေက အသက်အရွယ်ကြီးရင့်လာတာကို ဖော်ပြနေသလို  ခန္ဓာကိုယ်ထဲမှာ နှလုံးရောဂါဖြစ်နိုင်တဲ့ အနေအထားတွေ များနေတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေများလာနေတယ်၊လို့ဖော်ပြနေတာလည်းဖြစ်ပါတယ်၊” လို့ရှင်းပြခဲ့ပါတယ်။

ဒီလေ့လာမှုကို အတည်ပြုနိုင်ဖို့အတွက်နောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်၊လို့ ဒေါက်တာ ဆာမျူကပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top