ညံ့တဲ့ေက်ာင္းသား ေတာ္ရမည္၊ ေတာ္တဲ့ကေလး ထူးခၽြန္ေစရမည္ဟု ေၾကာ္ျငာကာ ေက်ာင္းအပ္လက္ခံခဲ႔ျပီး လပတ္စားေမးပြဲက်၍ ေက်ာင္းသားမိဘက စားသံုးသူေရးရာဌာနသို႔ တိုင္ၾကားခဲ႔ျခင္းျဖစ္သည္။

ညံ့တဲ့ကေလး ေတာ္ေစရမည္၊ ေတာ္တဲ့ကေလး ထူးခၽြန္ေစရမည္၊ ထူးခၽြန္တဲ့ကေလး ဂုဏ္ထူးေတြ ေဝဆာေစရမည္ဟု ေၾကာ္ျငာကာ ေက်ာင္းအပ္လက္ခံခဲ႔သည့္ မႏၲေလးျမိဳ႔မွ ပုဂၢလိကေက်ာင္းတစ္ေက်ာင္း သည္ ဆယ္တန္းေက်ာင္းသားတစ္ဦး လပတ္စာေမးပဲြမ်ားတြင္ ေအာင္ျမင္မႈမရွိသျဖင့္ ေက်ာင္းဝင္ေၾကးက်ပ္သိန္း(၂၀) ျပန္လည္ေပးေလ်ာ္ခဲ့ရသည္ဟု စားသံုးသူေရးရာ ဦးစီးဌာနမွ သတင္းရရွိသည္။

ပုဂၢလိကေက်ာင္းတစ္ေက်ာင္းမွ အထက္ပါအတိုင္း ေၾကာ္ျငာသည့္အတြက္ ေက်ာင္းအပ္ခဲ႔ေသာ္လည္း ေက်ာင္းသားတစ္ဦးမွာ လပတ္စာေမးပဲြမ်ားတြင္ တစ္ဘာသာ၊ႏွစ္ဘာသာ က်ရံႈးမႈမ်ားျဖစ္ေပၚခဲ႔သည္ဟု ဆိုသည္။ ထို႔အတြက္ ေက်ာင္းသားမိဘက ေက်ာင္းတာဝန္ရွိသူမ်ားႏွင့္ ညွိနိဳင္းေဆြးေႏြးခဲ့ေသာ္လည္း ေျပလည္မႈမရသျဖင့္ စားသံုးသူေရးရာဌာနသို႔ တိုင္ၾကားခဲ့ရာမွ ေက်ာင္းဝင္ေၾကးျပန္လည္ေပးေလ်ာ္ခဲ့ရျခင္းျဖစ္ေၾကာင္း မႏၱေလးတိုင္းေဒသႀကီး စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမႈး ေဒၚခင္ျမင့္ျမင့္သန္းက ေျပာသည္။

“ဒီဝန္ေဆာင္မႈေၾကာ္ျငာအေပၚမွာ စားသံုးသူက ယံုၾကည္မႈရွိျပီးေတာ့ သူ႕ကေလးကို ဒီေက်ာင္းမွာ အပ္လိုက္တယ္။ အပ္လိုက္တဲ့အခါမွာ ကေလးက စာေမးပဲြက်တာေတြ ျဖစ္လာေတာ့ ေက်ာင္းသားမိဘက ေက်ာင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတယ္။ ေဆြးေႏြးလို႔ အဆင္မေျပျဖစ္တဲ့အခါ စားသံုးသူေရးရာကိုတိုင္တယ္။ တိုင္တဲ့အခ်က္အလက္ေတြကလည္း မွန္ကန္တယ္၊ ဥပေဒနဲ႔ျငိတဲ့အတြက္ ဒီေက်ာင္းက ေက်ာင္းဝင္ေၾကးသိန္း(၂၀)ကို ျပန္ေလ်ာ္ေပးလိုက္ရတယ္”ဟု ေဒၚခင္ျမင့္ျမင့္သန္းက ေျပာသည္။

ယင္းမွာ ျပီးခဲ႔သည့္ပညာသင္ႏွစ္ ၂၀၁၈ ေအာက္တိုဘာက ျဖစ္ပြားခဲ႔ျခင္းျဖစ္ျပီး အထက္ပါ ပုဂၢလိကေက်ာင္းသည္ မႏၱေလးၿမိဳ႕ေပၚတြင္ ဖြင့္လွစ္ထားသည့္ ေက်ာင္းျဖစ္ကာ ေက်ာင္းသားမွာ တကၠသုိလ္ဝင္တန္းတက္ေရာက္ေနသူျဖစ္သည္။

“ဝန္ေဆာင္မႈေပးတဲ့ေနရာမွာ အလြန္အက်ဴး ေၾကာ္ျငာလို႔မရဘူး။ ေၾကာ္ျငာထားတယ္ဆိုရင္လည္း ေၾကာ္ျငာတဲ့အတိုင္း ဝန္ေဆာင္မူေပးရမယ္” ဟု ေဒၚခင္ျမင့္ျမင့္သန္းက ေျပာသည္။ ပညာေရးဝန္ေဆာင္မႈ၊ ခရီးသြားဝန္ေဆာင္မႈ၊ ဆက္သြယ္ေရးဝန္ေဆာင္မႈ၊ စားသံုးမႈဝန္ေဆာင္မႈ အျပင္ အျခားဝန္ေဆာင္မႈအမ်ဳိးမ်ဳိးအတြက္ စားသံုးသူမွ မေက်နပ္မူမ်ား ရွိပါက စားသံုးသူေရးရာဦးစီးဌာနသို႔ တိုင္ၾကားနိဳင္သည္။

ဝန္ေဆာင္မူေပးသည့္ သက္ဆိုင္ရာ စီးပြားေရးုလုပ္ငန္းရွင္မ်ားအေနျဖင့္ တာဝန္ယူမႈ၊ တာဝန္ခံမူ မရွိျခင္း၊ စားသံုးသူမ်ားအေနျဖင့္ မေက်နပ္မူမ်ား ရွိပါက တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ ဖြင့္လွစ္ထားသည့္ စားသံုးသူ သတင္းျပန္ၾကားေရးႏွင့္ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးစင္တာ(Consumer Information and Complaint Center – CICC)သို႔ အခ်က္အလက္အျပည့္စံုျဖင့္ လာေရာက္ တုိင္ၾကားႏိုင္သလို စားသံုးသူေရးရာဌာန ဝက္ဘ္ဆိုဒ္ႏွင့္ DOCA Myanmar မိုဘိုင္းအက္ပလီေကးရွင္းမ်ားမွလည္း တိုင္ၾကားနိဳင္သည္ဟု စားသံုးသူေရးရာဦးစီးဌာနက ေၾကညာထားသည္။

မႏၲေလးတိုင္းေဒသၾကီး CICC ကို ၂၀၁၇ ဇြန္လတြင္ စတင္ဖြင့္လွစ္ခဲ့ျပီး လက္ရွိအခ်ိန္ထိ တိုင္ၾကားမႈ ၁၀၀ေက်ာ္ရွိခဲ့ကာ ဆက္သြယ္ေရးဝန္ေဆာင္မူ၊ စားသံုးသူဝန္ေဆာင္မူ၊ ခရီးသြားဝန္ေဆာင္မူႏွင့္ ပညာေရးဝန္ေဆာင္မူမ်ားႏွင့္ပါတ္သက္၍ အမ်ားဆံုးတိုင္ၾကားသည္ဟု ဆိုသည္။

၂၀၁၈ ေအာက္တိုဘာမွ ၂၀၁၉ ဧျပီထိ မႏၲေလး CICC သို႔ စားသံုးသူမ်ားမွ တိုင္ၾကားမႈ (၄၃)ခုရွိခဲ့ျပီး (၃၅)ခု ေျဖရွင္းျပီးျဖစ္ေၾကာင္း ေဒၚခင္ျမင့္ျမင့္သန္းက ေျပာသည္။ အဆိုပါ တိုင္ၾကားမူမ်ားအနက္ အမ်ားစုကို နစ္နာမူအတြက္ ျပန္လည္ေပးေလ်ွာ္ေစခဲ႔ျပီး ေထာင္ဒဏ္ခ်မွတ္မႈ တစ္မႈရွိခဲ့ကာ ယင္းမွာ ေက်ာက္ဆည္ၿမိဳ႕မွ အခ်ဳိရည္အတုျပဳလုပ္သူတစ္ဦးကို ေထာင္ဒဏ္ (၁၅)ရက္ႏွင့္ ေငြဒဏ္က်ပ္တစ္သိန္းခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mandalay Indepth News

#Unicode Version#
ညံ့တဲ့ကျောင်းသား တော်ရမည်၊ တော်တဲ့ကလေး ထူးချွန်စေရမည်ဟု ကြော်ငြာကာ ကျောင်းအပ်လက်ခံခဲ့ပြီး လပတ်စားမေးပွဲကျ၍ ကျောင်းသားမိဘက စားသုံးသူရေးရာဌာနသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ညံ့တဲ့ကလေး တော်စေရမည်၊ တော်တဲ့ကလေး ထူးချွန်စေရမည်၊ ထူးချွန်တဲ့ကလေး ဂုဏ်ထူးတွေ ဝေဆာစေရမည်ဟု ကြော်ငြာကာ ကျောင်းအပ်လက်ခံခဲ့သည့် မန္တလေးမြို့မှ ပုဂ္ဂလိကကျောင်းတစ်ကျောင်း သည် ဆယ်တန်းကျောင်းသားတစ်ဦး လပတ်စာမေးပွဲများတွင် အောင်မြင်မှုမရှိသဖြင့် ကျောင်းဝင်ကြေးကျပ်သိန်း(၂၀) ပြန်လည်ပေးလျော်ခဲ့ရသည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ အထက်ပါအတိုင်း ကြော်ငြာသည့်အတွက် ကျောင်းအပ်ခဲ့သော်လည်း ကျောင်းသားတစ်ဦးမှာ လပတ်စာမေးပွဲများတွင် တစ်ဘာသာ၊နှစ်ဘာသာ ကျရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ထို့အတွက် ကျောင်းသားမိဘက ကျောင်းတာဝန်ရှိသူများနှင့် ညှိနိုင်းဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရသဖြင့် စားသုံးသူရေးရာဌာနသို့ တိုင်ကြားခဲ့ရာမှ ကျောင်းဝင်ကြေးပြန်လည်ပေးလျော်ခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။

“ဒီဝန်ဆောင်မှုကြော်ငြာအပေါ်မှာ စားသုံးသူက ယုံကြည်မှုရှိပြီးတော့ သူ့ကလေးကို ဒီကျောင်းမှာ အပ်လိုက်တယ်။ အပ်လိုက်တဲ့အခါမှာ ကလေးက စာမေးပွဲကျတာတွေ ဖြစ်လာတော့ ကျောင်းသားမိဘက ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတယ်။ ဆွေးနွေးလို့ အဆင်မပြေဖြစ်တဲ့အခါ စားသုံးသူရေးရာကိုတိုင်တယ်။ တိုင်တဲ့အချက်အလက်တွေကလည်း မှန်ကန်တယ်၊ ဥပဒေနဲ့ငြိတဲ့အတွက် ဒီကျောင်းက ကျောင်းဝင်ကြေးသိန်း(၂၀)ကို ပြန်လျော်ပေးလိုက်ရတယ်”ဟု ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။

ယင်းမှာ ပြီးခဲ့သည့်ပညာသင်နှစ် ၂၀၁၈ အောက်တိုဘာက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထက်ပါ ပုဂ္ဂလိကကျောင်းသည် မန္တလေးမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ကာ ကျောင်းသားမှာ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူဖြစ်သည်။

“ဝန်ဆောင်မှုပေးတဲ့နေရာမှာ အလွန်အကျူး ကြော်ငြာလို့မရဘူး။ ကြော်ငြာထားတယ်ဆိုရင်လည်း ကြော်ငြာတဲ့အတိုင်း ဝန်ဆောင်မူပေးရမယ်” ဟု ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။ ပညာရေးဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ စားသုံးမှုဝန်ဆောင်မှု အပြင် အခြားဝန်ဆောင်မှုအမျိုးမျိုးအတွက် စားသုံးသူမှ မကျေနပ်မူများ ရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည်။

ဝန်ဆောင်မူပေးသည့် သက်ဆိုင်ရာ စီးပွားရေးုလုပ်ငန်းရှင်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမူ မရှိခြင်း၊ စားသုံးသူများအနေဖြင့် မကျေနပ်မူများ ရှိပါက တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center – CICC)သို့ အချက်အလက်အပြည့်စုံဖြင့် လာရောက် တိုင်ကြားနိုင်သလို စားသုံးသူရေးရာဌာန ဝက်ဘ်ဆိုဒ်နှင့် DOCA Myanmar မိုဘိုင်းအက်ပလီကေးရှင်းများမှလည်း တိုင်ကြားနိုင်သည်ဟု စားသုံးသူရေးရာဦးစီးဌာနက ကြေညာထားသည်။

မန္တလေးတိုင်းဒေသကြီး CICC ကို ၂၀၁၇ ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ တိုင်ကြားမှု ၁၀၀ကျော်ရှိခဲ့ကာ ဆက်သွယ်ရေးဝန်ဆောင်မူ၊ စားသုံးသူဝန်ဆောင်မူ၊ ခရီးသွားဝန်ဆောင်မူနှင့် ပညာရေးဝန်ဆောင်မူများနှင့်ပါတ်သက်၍ အများဆုံးတိုင်ကြားသည်ဟု ဆိုသည်။

၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဧပြီထိ မန္တလေး CICC သို့ စားသုံးသူများမှ တိုင်ကြားမှု (၄၃)ခုရှိခဲ့ပြီး (၃၅)ခု ဖြေရှင်းပြီးဖြစ်ကြောင်း ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။ အဆိုပါ တိုင်ကြားမူများအနက် အများစုကို နစ်နာမူအတွက် ပြန်လည်ပေးလျှော်စေခဲ့ပြီး ထောင်ဒဏ်ချမှတ်မှု တစ်မှုရှိခဲ့ကာ ယင်းမှာ ကျောက်ဆည်မြို့မှ အချိုရည်အတုပြုလုပ်သူတစ်ဦးကို ထောင်ဒဏ် (၁၅)ရက်နှင့် ငွေဒဏ်ကျပ်တစ်သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Mandalay Indepth News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top