ထိခိုက္ဒဏ္ရာရထားသည့္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာမွ လူ ၈ ဦးကို ေမ ၂ ရက္ေန႔ ညေန ၄ နာရီခြဲခန႔္က စစ္ေတြေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့သည္။

ဒဏ္ရာရသူ ၈ ဦးအနက္ ဒဏ္ရာအေျခအေန စိုးရိမ္ရသည့္ ၃ ဦးကို ရွပ္ေျပးအျမန္ေမာ္ေတာ္ေရယာဥ္ (စပိဘုတ္) ျဖင့္ တင္ေဆာင္လာခဲ့ၿပီး ဒဏ္ရာ မျပင္းထန္သည့္ ၅ ဦးကို ဇက္သဘၤာျဖင့္ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္သည္။

“စစ္ေတြကို ယူေဆာင္လာတာကေတာ့ လူ ၈ ေယာက္ပါပါတယ္။ ၈ ေယာက္မွာ စပီးဘုတ္နဲ႔ သုံးေယာက္ ယူပါတယ္။ က်ေနာ္တို႔ ဇက္နဲ႔ ၅ ေယာက္ယူလာပါတယ္။ စပီးဘုတ္နဲ႔ပါသြားတဲ့ အထဲမွာေတာ့ ေတာ္ေတာ္ ျပင္းျပင္း ထန္ထန္ စစ္ေတြေရာက္ရင္ေတာင္ ေသႏိုင္ေလာက္တဲ့ အေနအထား တစ္ေယာက္ ပါပါတယ္။ ေနာက္ႏွစ္ေယာက္ကေတာ့ ျပင္းရင္လည္း စစ္ေတြေရာက္ရင္ေတာ့ ခြဲစိတ္ကုသလို႔ ရႏိုင္တဲ့ အေနအထား ေပါ့ေနာ္။”ဟု လူနာမ်ားႏွင့္ အတူလိုက္ပါလာသည့္ ရေသ့ေတာင္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးသန္းႏိုင္က ေျပာသည္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာသားမ်ားအား ထိန္းသိမ္းစစ္ေဆးေနစဥ္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားကို အႏၲရာယ္ျပဳလာ၍ ပစ္ခတ္ထိန္းသိမ္းခဲ့ျခင္းျဖစ္သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေမ ၂ ရက္ ညေနပိုင္းတြင္ မဇၩိမသို႔ ေျပာထားသည္။

ယင္းအေပၚ ဦးဦးသန္းႏိုင္က စစ္ေဆးခံေနရသည့္အထဲမွ စိတ္မႏွံ႔သူတစ္ဦးက ထေအာ္ျခင္းေၾကာင့္ က်န္လူမ်ား ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားျခင္း ျဖစ္ေၾကာင္း ၎လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာဆိုသည္။

အဆိုပါ ပစ္ခတ္မႈတြင္ ၆ ဦး ေသဆုံးၿပီး ၈ ဦး ဒဏ္ရာ ရရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက မဇၩိမသို႔ အတည္ျပဳေျပာဆိုထားသည္။

ဧၿပီ ၃၀ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ၊ ေက်ာက္တန္းေက်း႐ြာမွ အသက္ ၁၅ ႏွစ္ မွ ၅၀ ႏွစ္အတြင္းရွိ မသကၤာဖြယ္ရာ အမ်ိဳးသား ၂၇၅ ဦးကို ေတြ႕ရွိရေသာေၾကာင့္ ေက်း႐ြာစာသင္ေက်ာင္းတြင္ ေခတၱ ထိန္းသိမ္းထားၿပီး တရားဥပေဒအရ အေရးယူႏိုင္ေရးအတြက္ လိုအပ္သည့္ စစ္ေဆးေမးျမန္းမႈမ်ားကို ေဆာင္႐ြက္ေနေၾကာင္း တပ္မေတာ္ဘက္မွ ေမလ ၁ ရက္ေန႔က ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိခိုက်ဒဏ်ရာရထားသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ လူ ၈ ဦးကို မေ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဒဏ်ရာရသူ ၈ ဦးအနက် ဒဏ်ရာအခြေအနေ စိုးရိမ်ရသည့် ၃ ဦးကို ရှပ်ပြေးအမြန်မော်တော်ရေယာဉ် (စပိဘုတ်) ဖြင့် တင်ဆောင်လာခဲ့ပြီး ဒဏ်ရာ မပြင်းထန်သည့် ၅ ဦးကို ဇက်သင်္ဘာဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“စစ်တွေကို ယူဆောင်လာတာကတော့ လူ ၈ ယောက်ပါပါတယ်။ ၈ ယောက်မှာ စပီးဘုတ်နဲ့ သုံးယောက် ယူပါတယ်။ ကျနော်တို့ ဇက်နဲ့ ၅ ယောက်ယူလာပါတယ်။ စပီးဘုတ်နဲ့ပါသွားတဲ့ အထဲမှာတော့ တော်တော် ပြင်းပြင်း ထန်ထန် စစ်တွေရောက်ရင်တောင် သေနိုင်လောက်တဲ့ အနေအထား တစ်ယောက် ပါပါတယ်။ နောက်နှစ်ယောက်ကတော့ ပြင်းရင်လည်း စစ်တွေရောက်ရင်တော့ ခွဲစိတ်ကုသလို့ ရနိုင်တဲ့ အနေအထား ပေါ့နော်။”ဟု လူနာများနှင့် အတူလိုက်ပါလာသည့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားများအား ထိန်းသိမ်းစစ်ဆေးနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အန္တရာယ်ပြုလာ၍ ပစ်ခတ်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မေ ၂ ရက် ညနေပိုင်းတွင် မဇ္ဈိမသို့ ပြောထားသည်။

ယင်းအပေါ် ဦးဦးသန်းနိုင်က စစ်ဆေးခံနေရသည့်အထဲမှ စိတ်မနှံ့သူတစ်ဦးက ထအော်ခြင်းကြောင့် ကျန်လူများ ရုန်းရင်းဆန်ခတ် ဖြစ်သွားခြင်း ဖြစ်ကြောင်း ၎င်းလွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုတွင် ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မဇ္ဈိမသို့ အတည်ပြုပြောဆိုထားသည်။

ဧပြီ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းကျေးရွာမှ အသက် ၁၅ နှစ် မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တ ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆောင်ရွက်နေကြောင်း တပ်မတော်ဘက်မှ မေလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top