ေအာင္လအန္ဆန္းဟာ ျမန္မာကိုကမၻာကသိေစခဲ့တဲ့ လက္ေဝွ႕ေက်ာ္တစ္ဦးဆိုတာ အားလံုးသိၾကမွာပါ။ Professional Model တစ္ဦးျဖစ္သူ အြန္ဆိုင္းကေတာ့ ကခ်င္လူမ်ိဳးတူခ်င္းျဖစ္တဲ့ ေအာင္လအန္ဆန္းကို အရမ္းေလးစားရတယ္လို႔ဆိုပါတယ္။ အြန္ဆိုင္းက မၾကာေသးမီက ေအာင္လအန္ဆန္းအေပၚအျမင္နဲ႔ ေအာင္လကိုေလးစားရတာေတြအေၾကာင္း မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

အြန္ဆိုင္းက ေအာင္လအန္ဆန္းကို ကိုယ့္လူမ်ိဳးခ်င္းမို႔အားေပးၿပီး ေလးလည္းေလးစားရေၾကာင္း “အဓ္ိကကေတာ့ အြန္ဆိုင္းက အားကစားဆိုႀကိဳက္တယ္ေလ။ ေအာင္လအန္ဆန္းကက်ေတာ့ ကိုယ့္လူမ်ိဳးလည္းျဖစ္တယ္။ အရမ္းလည္းဂုဏ္ယူတယ္ဆိုေတာ့ သူပါတဲ့ပြဲေတြဆိုသြားၾကည့္ျဖစ္ပါတယ္။ အမွန္အတိုင္းေျပာရရင္ အရမ္းေလးစားတယ္ အားကစားသမားေကာင္းေပါ့ေနာ္။ ဖခင္ေကာင္းအိမ္ေထာင္ဖက္ေကာင္းျဖစ္သလို စိတ္ဓာတ္ပိုင္းကိုယ္က်င့္တရားပိုင္းကအစ အရမ္းေကာင္းတဲ့ အားကစားသမားေကာင္း၊ ပံုသက္ေသထားရမယ့္အားကစားသမားေကာင္းလို႔ျမင္တယ္ဆိုေတာ့ ဘာပဲျဖစ္ျဖစ္သူ႔ဆီက ၾကည့္ၿပီးခြန္အားယူရတဲ့ဟာေတြလည္းအမ်ားႀကီးပဲ”လို႔ေျပာျပထားပါတယ္။

ကခ်င္ျပည္နယ္မွာထားထားတဲ့ ေအာင္လရဲ႕႐ုပ္တုႀကီးကိုလည္း အြန္္ဆုိင္းက “ေတြ႔ၿပီးပါၿပီ။ သူကေတာ့ အစကေတာ့သိပ္မႀကိဳက္ဘူး။ ဒါေပမယ့္ ဂုဏ္ယူရမယ္ေလ။ သူ႔ကိုၾကည့္ရမယ့္ကေလးေတြလည္းအမ်ားႀကီးပဲ။ သူ႔ကိုၾကည့္ၿပီး ခြန္အားယူပါေစ ဂုဏ္ယူပါေစဆိုတဲ့စိတ္နဲ႔ထားေပးထားတယ္လို႔ထင္ပါတယ္”လို႔လည္း ေျဖၾကားထားပါတယ္။

ေအာင္လအန္ဆန္းရဲ႕ ေလးစားစရာအမူအက်င့္ေလးေတြအေၾကာင္းလည္း အြန္ဆိုင္းက “သူအရမ္းေအာင္ျမင္တယ္။ သူ႔မွာအရာအားလံုး႐ွိတယ္။ ဒါေပမယ့္ သူအရမ္းႏွိမ့္ခ်တယ္။ အလုပ္ကိုအျမဲတမ္းႀကိဳးစားတယ္။ အရမ္းတန္ဖိုးထားတယ္။ Focus လုပ္တယ္။ ႏွိမ့္ခ်တယ္။ ႀကိဳးစားတယ္။ လူေတြကိုဆက္ဆံတဲ့အခ်္ိန္မွာ အလုပ္ကိစၥဆက္ဆံတာမဟုတ္ပဲ သြားလာတဲ့အခိ္်န္မွာ သူ႔အေနနဲ႔အရမ္းအလုပ္ရႉပ္ေနတဲ့အခ်ိန္ျဖစ္ေကာင္းျဖစ္မယ္။ ဒါေပမယ့္ ေတြ႔တဲ့လူေတြကို တေလးတစားဆက္ဆံတဲ့ဟာေတြအမ်ားႀကီးပဲေပါ့ေနာ္။ သူ႔ရဲ႕ႏွလံုးသားလွပတဲ့ဟာေတြ စိတ္ထားျဖဴစင္တဲ့ဟာေတြအမ်ားႀကီးျမင္ရတယ္။ ေျပာရင္ေတာ့အမ်ားႀကီးပဲေပါ့ေနာ္။ ကုန္မွာမဟုတ္ဘူး”လို႔ ရင္ဖြင့္ထားပါေသးတယ္။

အြန္ဆိုင္း က ငယ္ငယ္ကတည္းကအားကစားဝါသနာပါလို႔ အႏုပညာသမားမဟုတ္ပဲ အားကစားသမားလည္းျဖစ္သြားႏိုင္တယ္ဆိုတဲ့အေၾကာင္း”အြန္ဆိုင္းေတာင္ ကိုယ္သာလက္လွမ္းမီရင္ က္ိုယ္အားကစားသမားျဖစ္ေကာင္းျဖစ္သြားႏိုင္တယ္။ ဒါေပမယ့္ကိုယ္က နယ္ကဆိုေတာ့ အားကစားကအဲ့ေလာက္မထြန္းကားေတာ့ ေဆာ့ေတာ့ေဆာ့တာပဲ။ နိင္ငံေတာ္အဆင့္ေတာ့မဟုတ္ဘူးေပါ့ေနာ္”လို႔ ရယ္ေမာရင္းေျဖၾကားထားၿပီး အိုလံပစ္ကစားပြဲေတြၾကည့္ရတာႀကိဳက္တယ္လို႔လည္း “အားကစားပြဲေတြၾကည့္ရတာႀကိဳက္တယ္။ အိုလံပစ္ပြဲေတြၾကည့္ရတာႀကိဳက္တယ္။ အိုလံပစ္ဆိုရင္ ေရႊတံဆိပ္ဆုရသြားတဲ့သူဆို သူတို႔ရဲ႕ feeling က ကိုယ့္ကိုကူးစက္တာပဲ။ ၾကက္သီးေတြထလာတာေလ။ အဲ့ဒါေၾကာင့္အဲ့လိုပြဲေတြဆိုအရမ္းၾကည့္ခ်င္တယ္”လို႔လည္း ခံစားခ်က္ကိုေဝမ်ွထားပါေသးတယ္။

ပရိသတ္ႀကီးေရာ အြန္ဆိုင္းကိုခ်စ္ၾကလား။ အြန္ဆိုင္းႀကိဳက္တဲ့ေအာင္လအန္ဆန္းကိုေရာ အားေပးၾကလား။ သူတို႔ႏွစ္ေယာက္တြဲၿပီး commercial ပဲျဖစ္ျဖစ္တစ္ခုခု႐ိုက္ေစခ်င္ၾကလား။ ေျပာခဲ့ၾကပါဦး။
ဖိုးသူေတာ္(www.phothutaw.com)
Credit:ေျပာခ်င္လြန္းလို့

#Unicode Version#
 အောင်လအန်ဆန်းဟာ မြန်မာကိုကမ္ဘာကသိစေခဲ့တဲ့ လက်ဝှေ့ကျော်တစ်ဦးဆိုတာ အားလုံးသိကြမှာပါ။ Professional Model တစ်ဦးဖြစ်သူ အွန်ဆိုင်းကတော့ ကချင်လူမျိုးတူချင်းဖြစ်တဲ့ အောင်လအန်ဆန်းကို အရမ်းလေးစားရတယ်လို့ဆိုပါတယ်။ အွန်ဆိုင်းက မကြာသေးမီက အောင်လအန်ဆန်းအပေါ်အမြင်နဲ့ အောင်လကိုလေးစားရတာတွေအကြောင်း မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အွန်ဆိုင်းက အောင်လအန်ဆန်းကို ကိုယ့်လူမျိုးချင်းမို့အားပေးပြီး လေးလည်းလေးစားရကြောင်း “အဓိကကတော့ အွန်ဆိုင်းက အားကစားဆိုကြိုက်တယ်လေ။ အောင်လအန်ဆန်းကကျတော့ ကိုယ့်လူမျိုးလည်းဖြစ်တယ်။ အရမ်းလည်းဂုဏ်ယူတယ်ဆိုတော့ သူပါတဲ့ပွဲတွေဆိုသွားကြည့်ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် အရမ်းလေးစားတယ် အားကစားသမားကောင်းပေါ့နော်။ ဖခင်ကောင်းအိမ်ထောင်ဖက်ကောင်းဖြစ်သလို စိတ်ဓာတ်ပိုင်းကိုယ်ကျင့်တရားပိုင်းကအစ အရမ်းကောင်းတဲ့ အားကစားသမားကောင်း၊ ပုံသက်သေထားရမယ့်အားကစားသမားကောင်းလို့မြင်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်သူ့ဆီက ကြည့်ပြီးခွန်အားယူရတဲ့ဟာတွေလည်းအများကြီးပဲ”လို့ပြောပြထားပါတယ်။

ကချင်ပြည်နယ်မှာထားထားတဲ့ အောင်လရဲ့ရုပ်တုကြီးကိုလည်း အွန်ဆိုင်းက “တွေ့ပြီးပါပြီ။ သူကတော့ အစကတော့သိပ်မကြိုက်ဘူး။ ဒါပေမယ့် ဂုဏ်ယူရမယ်လေ။ သူ့ကိုကြည့်ရမယ့်ကလေးတွေလည်းအများကြီးပဲ။ သူ့ကိုကြည့်ပြီး ခွန်အားယူပါစေ ဂုဏ်ယူပါစေဆိုတဲ့စိတ်နဲ့ထားပေးထားတယ်လို့ထင်ပါတယ်”လို့လည်း ဖြေကြားထားပါတယ်။

အောင်လအန်ဆန်းရဲ့ လေးစားစရာအမူအကျင့်လေးတွေအကြောင်းလည်း အွန်ဆိုင်းက “သူအရမ်းအောင်မြင်တယ်။ သူ့မှာအရာအားလုံးရှိတယ်။ ဒါပေမယ့် သူအရမ်းနှိမ့်ချတယ်။ အလုပ်ကိုအမြဲတမ်းကြိုးစားတယ်။ အရမ်းတန်ဖိုးထားတယ်။ Focus လုပ်တယ်။ နှိမ့်ချတယ်။ ကြိုးစားတယ်။ လူတွေကိုဆက်ဆံတဲ့အချိန်မှာ အလုပ်ကိစ္စဆက်ဆံတာမဟုတ်ပဲ သွားလာတဲ့အခိျန်မှာ သူ့အနေနဲ့အရမ်းအလုပ်ရှူပ်နေတဲ့အချိန်ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် တွေ့တဲ့လူတွေကို တလေးတစားဆက်ဆံတဲ့ဟာတွေအများကြီးပဲပေါ့နော်။ သူ့ရဲ့နှလုံးသားလှပတဲ့ဟာတွေ စိတ်ထားဖြူစင်တဲ့ဟာတွေအများကြီးမြင်ရတယ်။ ပြောရင်တော့အများကြီးပဲပေါ့နော်။ ကုန်မှာမဟုတ်ဘူး”လို့ ရင်ဖွင့်ထားပါသေးတယ်။

အွန်ဆိုင်း က ငယ်ငယ်ကတည်းကအားကစားဝါသနာပါလို့ အနုပညာသမားမဟုတ်ပဲ အားကစားသမားလည်းဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်း”အွန်ဆိုင်းတောင် ကိုယ်သာလက်လှမ်းမီရင် ကိုယ်အားကစားသမားဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဒါပေမယ့်ကိုယ်က နယ်ကဆိုတော့ အားကစားကအဲ့လောက်မထွန်းကားတော့ ဆော့တော့ဆော့တာပဲ။ နိင်ငံတော်အဆင့်တော့မဟုတ်ဘူးပေါ့နော်”လို့ ရယ်မောရင်းဖြေကြားထားပြီး အိုလံပစ်ကစားပွဲတွေကြည့်ရတာကြိုက်တယ်လို့လည်း “အားကစားပွဲတွေကြည့်ရတာကြိုက်တယ်။ အိုလံပစ်ပွဲတွေကြည့်ရတာကြိုက်တယ်။ အိုလံပစ်ဆိုရင် ရွှေတံဆိပ်ဆုရသွားတဲ့သူဆို သူတို့ရဲ့ feeling က ကိုယ့်ကိုကူးစက်တာပဲ။ ကြက်သီးတွေထလာတာလေ။ အဲ့ဒါကြောင့်အဲ့လိုပွဲတွေဆိုအရမ်းကြည့်ချင်တယ်”လို့လည်း ခံစားချက်ကိုဝေမျှထားပါသေးတယ်။


ပရိသတ်ကြီးရော အွန်ဆိုင်းကိုချစ်ကြလား။ အွန်ဆိုင်းကြိုက်တဲ့အောင်လအန်ဆန်းကိုရော အားပေးကြလား။ သူတို့နှစ်ယောက်တွဲပြီး commercial ပဲဖြစ်ဖြစ်တစ်ခုခုရိုက်စေချင်ကြလား။ ပြောခဲ့ကြပါဦး။

ဖိုးသူတော်(www.phothutaw.com)
Credit:ပြောချင်လွန်းလို့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top