















Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #


မြန်မာအမျိုးသား လေကြောင်း လိုင်းပိုင် လေယာဉ်အမှတ် XY- AGQ, Embraer 190 AR ဟာ မေလ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်အချိန်မှာ မန္တလေးလေဆိပ်သို့ ဆင်း သက်ရန် ကြိုးစားစဉ် လေယာဉ် ရှေ့ဘီးချမရသည့် အရေးပေါ်အ ခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါလေယာဉ်ကို ဦးဆောင်ပျံ သန်းလာသူမှာ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ဖြစ်ပါတယ်။

 လေ ယာဉ်ပေါ်တွင် ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အမှုထမ်းခုနစ်ဦး စုစုပေါင်း ၈၉ ဦး လိုက်ပါခဲ့ပါတယ်။ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် အနေနဲ့ ဘယ်လိုမျိုး ခရီးသည်တွေကို Safe ဖြစ်အောင် ကြိုးစားခဲ့လည်းဆိုတာအကြောင်းတွေကို Sunday အင်တာဗျူးကတစ်ဆင့် အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

လေယာဉ်မှုး ဦးမြတ်မိုးအောင်က “ဖြစ်စဉ်ကတော့ အများသိတဲ့အတိုင်းပါပဲ ရန်ကုန်မန္တလေးပျံတဲ့ Normal Schedule Flight ဖြစ်တယ်။ မိနစ်၅၅မိနစ် ကြာမြင့်မယ်။ ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို Run way မြောက်ဘက်ကနေ ချဉ်းကပ်တယ်။ Normal Procedure အတိုင်းပဲ ခန့်မှန်း၁၀မိုင်လောက်မှာ ကျွန်တော်တို့မှာ Indicationတွေ ရှိတယ်။ ရန်ကုန်ကနေ မန္တလေးကို ပြန်တဲ့အချိန်မှာ Fo ကို စက်တာပေးထားပါတယ်။

ကျွန်တော်တို့ကြောက်နေလို့တော့မရဘူးပေါ့နော် ဘာလို့လဲဆိုတော့ Normal Procedure နည်းအတိုင်းပဲ အမြဲတမ်း စက်ပစ္စည်းဆိုတာ ကောင်းနိုင်မယ်လို့ မထင်ဘူး။ အဲ့တော့ ကျွန်တော်တို့က Training တွေမှာ unnormal emergency တွေက အများကြီးကျင့်ရတယ်။

Training မှာလည်း ဒီလိုမျိုးမဟုတ်ပေမယ့် တူညီတဲ့ဟာလေးတွေကျင့်ထားပါတယ်။ ကျင့်ထားတာတွေကတကယ့်တကယ် ဒီလိုအချိန်မှာ အသုံးဝင်တဲ့ဟာလေးတွေ ဖြစ်လာပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း “နံပါတ်တစ်ကတော့ ကျွန်တော့်အတွက်ကတော့ မပူဘူး။ ဒါပေမဲ့ ဒီခရီးသည်တွေ သူတို့ကို Safe ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကောင်းဆုံး Bestway ကိုပဲစဉ်းစားရမယ်။ ဖြစ်တာတော့ဖြစ်မယ် ဒါပေမဲ့ အင်းပက်က အနဲနဲ့ အများကိုပဲ ကြည့်ရမယ်။

ဒီလမ်းကိုပဲကျွန်တော်ရွေးရမယ် နောက်တစ်ခုက ကျွန်တော်ကိုယ်တိုင်လည်း Worry ပေးလို့မရဘူး။ Fo တွေကိုလည်း မင်းစိတ်အေးအေးထားဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်နဲ့ ဒီလိုမျိုး ကျွန်တော်နှစ်သိမ့်တယ်။ Procedure အတိုင်းကို ငါတို့မှန်မှန်ကန်ကန်လုပ်မယ်။ ဘာမှမကျန်စေနဲ့ ဒီလိုမျိုးနဲ့ ကျွန်တော် Announcement မှာလည်း သူတို့လည်း ရေးထားတာရှိပါတယ်။

တည်တည်ငြိမ်ငြိမ်ဆိုတာက ကျွန်တော့်အနေနဲ့ ဖြစ်နေပေမယ့်လည်း အတတ်နိင်ဆုံး တည်ငြိမ်အောင်ပေါ့နော်။ ကျွန်တော်တို့က ပြာယာခတ်နေမယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို ယုံထားရတာလေ။ ကျွန်တော်က ပြာယာခတ်နေပြီဆိုရင် သူတို့ရဲ့Feeling ကိုလည်း ကျွန်တော်ခံစားရပါတယ်။

ဒီအချိန်မှာ သူတို့အဲ့လိုပြောလို့လည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းမကျဘူးဆိုရင် နိးစပ်ရာ Impact နည်းတဲ့နေရာကို ကျွန်တော်သွားရမယ် ဥပမာ ဧရာဝတီမြစ် ရေရှိတဲ့နေရာ ဥပိန် ဒါမျိုးတွေကို ကျွန်တော်တို့ သွားရမယ်။ တစ်လက်စတည်း စတွေးထားရမှာ ဘာလဲ ဆိုတော့ ကျွန်တော်တို့ကတော့ ဆင်းပြီးသွားပြီ ဒါပေမဲ့လည်း ဒီကောင်က အကောင်းတိုင်းပဲမလား ဒီကောင်လည်း နစ်ရင်လည်း နစ်မှာပဲ မနစ်ခဲ့ရင်တောင်မှ ဒီကောင်ကြိုးသွားမလား ဒါမျိုးတွေ အများကြီးစဉ်းစားရပါတယ်။

ဒါကလည်း တကယ့်ကို ဘုရားတရားကယ်တာပေါ့နော် အခုဖြစ်ပြီးတော့ Chance တစ်ခုကို ထပ်ပေးလိုက်တယ်။ ဒီ Chance ကို ဒီမှာပဲ ကောင်းမွန်စွာ အသုံးချလိုက်တဲ့ အတွက်ကြောင့် ပျက်စီးသင့်သလောက်ပဲ နည်းပါး ပြီးတော့ ခရီးသည်တွေ အကုန်လုံး အသက်ရှင်သန်ခဲ့တယ်။”လို့ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top