အဲ့ဒီေန႔ေတာ့ ေတာ္ေတာ္ကိုအမွတ္တရျဖစ္ခဲ့တဲ့ေန႔…ေဆးခန္းမွာလူနာ႐ႈပ္တဲ့ေန႔၊လူနာမ်ားတာမဟုတ္ဘူး…။လာတဲ့လူနာေတြလည္းၾကည့္လိုက္ဦး၊ဆိုင္ကယ္ေမွာက္တဲ့လူနာက၂ေယာက္။တစ္ေယာက္အနာကၾကီးေတာ့ ခ်ဳပ္ေပးရမွာ။ေခါင္းေပၚသစ္သားေခ်ာင္းျပဳတ္က်ျပီး ေခါင္းေပါက္တဲ့ လက္သမားဆရာက တစ္ေယာက္၊သူလည္းခ်ဳပ္ရမွာပဲ….အိမ္ေအာက္မွာက ႏွလံုးေရာဂါႏွင့္အေမႀကီးကို oxygenေပးထားရတယ္။ေခါင္းခ်ဳပ္ေနတုန္းမွာပဲ အဲ့လူနာေရာက္လာတာ….ကိုယ္လည္းခ်ဳပ္ရင္းႏွင့္ပဲ ေမးရတယ္။

ဘာျဖစ္လို႔လဲ ဦးေလး

ေထြေထြထူးထူးေေတာ့ဟုတ္ပါဘူး လက္ကအနာေလးလာျပတာပါ ဆရာေလး….

အနာက ဘယ္လိုကေနဘယ္လိုျဖစ္တာတုန္း၊ျဖစ္တာေရာဘယ္ေလာက္ၾကာျပီလဲဗ်ယားလို့ကုတ္တာကေနစျပီးျဖစ္သြားတာပါ ၂ပတ္ေလာက္ေတာ့ရွိျပီ ဆရာေလးေရ အခုမွပိုဆိုးလာလို့လာျပတာပါ။

အနာကိုၾကည့္လိုက္ေတာ့ ဟုတ္ပါ့ဗ်ာ အသားနီလန္ေအာင္ကိုကုတ္ထားတာ အဆီတ၀င္း၀င္းကိုျဖစ္ေနတယ္။ေတာ္ေတာ္ယားသလားဗ်…

ယားတာေတာ့မေျပာပါနဲ့ေတာ့ ကုတ္ထားတာသာၾကည့္ပါေတာ့ ဆရာေလးအမာရြတ္ေလးက စယားျပီးကုတ္ရင္းကုတ္ရင္း ဒီလိုျဖစ္သြားတာပါဗ်ာ

ေနာက္ေကာ ဘာျဖစ္ေသးလဲ၊ဘာလိုခံစားရေသးလဲလူၾကီးကႏံူးေနတယ္ဆရာ၊မေန့ညကလည္းေရေသာက္တာ နင္ေနတယ္ ဘယ္လိုမွေသာက္မရဘူး….

ဘယ္လို ေရနင္တယ္ ဟုတ္လား….?

ဟုတ္တယ္ ဆရာေလး ေရနင္တာကေတာ့ ညတစ္ေရးႏိူးလာမွျဖစ္ေနတာ မေန့က ေရခဲေရေသာက္မ်ားသြားလို့လားေနမွာလည္ေခ်ာင္းေတြ နာေနသလိုပဲဦးေလး တံေတြးၿမိဳခ်ရင္ေကာ နာလားမနာဘူး ဆရာေလး အစာစားလည္းမနာဘူး၊မနင္ဘူး ေရေသာက္တာမွာပဲျဖစ္ေနတာ

ဒါနဲ႔ သူႏွင့္ပါလာတဲ့သူ႔သမီးကို မုန္႔သြား၀ယ္ခိုင္းၿပီး လူနာကို မုန္႔စားခိုင္းၾကည့္ေတာ့ ဘာမွမျဖစ္ဘူး။ေရေသာက္ခိုင္းေတာ့မွ စေတာ့တာပဲ…ေရခြက္ကိုယူၿပီးပါးစပ္ကိုေတ့တဲ့အခ်ိန္အထိအေကာင္းပဲ၊ေရ၀င္ေတာ့မွ ဖူးဖူးဆိုျပီး မႈတ္ထုတ္တယ္၊ေရခြက္ကလြတ္က်သြားတယ္။လူၾကည့္လိုက္ေတာ့ ေ၀ဒနာတစ္ခုခုကို ခံစားလိုက္ရသလိုျဖစ္သြားတာကိုေတြ ့ရတယ္…။

ဦးေလး ေခြးကိုက္ခံရဖူးေသးလား…?

ဟုတ္ လြန္ခဲ့တဲ့၂လေလာက္ေတာ့ အကိုက္ခံရဖူးပါတယ္၊အႀကီးႀကီးေတာ့မဟုတ္ဘူး။ေပါက္သြားျပီးေသြးစို့႐ံုေလးပဲျဖစ္တာဆရာေလး အခုလက္အနာျဖစ္တဲ့ေနရာကို အဟပ္ခံရတာပါ….

ဘယ္ကေခြး အကိုက္ခံရတာလဲဗ်

အိမ္ကေခြးပါဗ်ာ အျခားေခြး၀င္ကိုက္ျပီး ေေနမေကာင္းျဖစ္ေနတာ၊သူ့ကိုထမင္းသြားေကြ်းေနတုန္း ျဗဳန္းခနဲ လက္ကိုဟပ္လိုက္တာပါ ဆရာေလးအဲ့ေခြးေရာ အခုရွိေသးလား?ေနေရာေကာင္းရဲ႕လား?

ေသၿပီ ဆရာေလး

ဘယ္လိုျဖစ္ၿပီးေသသြားတာလဲဗ်….

ကြၽန္ေတာ္သတ္လိုက္တာပါ၊ကြၽန္ေတာ့ကိုျပန္ကိုက္လို႔သတ္လိုက္တာပါ၊စိတ္ဆိုးၿပီးသာသတ္လိုက္ရတယ္၊ရင္ထဲေတာ့မေကာင္းဘူး။အရမ္းလိမၼာတဲ့ေခြးေလး၊အရင္ကဆို ဘာလုပ္လုပ္ျပန္မကိုက္တဲ့ေခြး အခုေနမေကာင္းေတာ့ စိတ္မၾကည့္လို့ထင္ပါရဲ့ဗ်ာ….

ေသခ်ာျပီ ေခြး႐ူးျပန္ေရာဂါပဲ။ယားတယ္၊လူႏံူးတယ္၊အသိသာဆံုးအခ်က္ကေတာ့ ေရေၾကာက္တာပဲ။ဒါနဲ့ လူနာသားသမီးေတြကိုေျပာရတယ္။လူနာကေဆးထိုးစရာမလိုပါဘူး။ေသာက္ေဆး၊လိမ္းေဆးဆိုရပါတယ္။ဦးေလး အိမ္ျပန္ႏွင့္ ကြ်န္ေတာ္ သူတို့ကိုေဆးေပးလိုက္မယ္၊လိမ္းေဆးကေတာ့ ၀ယ္ရမွာ…

လူနာျပန္သြားမွ သူ့သားသမီးေတြေျပာရတယ္၊ခင္ဗ်ားတို့အေဖကေတာ့ ေခြး႐ူးျပန္ေရာဂါျဖစ္ေနဖို့မ်ားတယ္။ေဆးရံုသြားပါ…

မျဖစ္ႏိူင္တာ ဆရာေလးရယ္ ကြ်န္မတို့အေဖက အစာေရျမိဳက်ဥ္းတာပါ။

ဘယ္သူကေျပာတာလဲဗ်

ဟိုဆရာၾကီးကေျပာလိုက္တာ သူကုေပးမယ္တဲ့ လက္ကအနာကိုသာ ဆရာေလးဆီသြားျပဆိုလို့ လာျပတာပါ…

(သူတို့ေျပာတဲ့ဆရာၾကီးဆိုတဲ့လူက ရမ္းကုၾကီး၊အဲ့ငနဲ တလြဲလုပ္သမွ်ကို ရြာထဲက ဆရာ၀န္ေတြကခံေနရတာ ထားပါေတာ့ ဒီအေၾကာင္းကို သပ္သပ္ေရးမွာ)

ေသြးထြက္၊အသားနီလန္ေလာက္ေအာင္ ကုတ္ရတဲ့အယားမ်ိဳးကရွားတယ္ဗ်၊ဒါျဖစ္ေစတဲ့အေၾကာင္းေတြထဲမွာ ေခြးရူးျပန္ေရာဂါလည္းပါတယ္။ေနာက္ျပီး အစာေရျမိဳက်ဥ္းရင္လည္း အစာစားရလည္းခက္တယ္။အခုခင္ဗ်ားဆို့အေဖက အစာစားေတာ့ ဘာမွမျဖစ္ဘူး၊ေရေသာက္ေတာ့မွျဖစ္ေနတာ၊ေရနင္တာဆို ေျေျဖးေျဖးျခင္းေသာက္ရင္ရေကာင္းရႏိူင္ဦးမယ္၊အခုဟာက ေရကိုေၾကာက္ေနတာ…ေဆး႐ံုသြားျပပါဗ်ာ

ဒါနဲ့သူတို့ျပန္သြားၾကတယ္။ေဆးခန္းကိုသူတို့လာတုန္းက မနက္ ၁၀နာရီသာသာေလာက္ပဲရွိေသးတာ ေန့လည္၁နာရီေလာက္က်ေတာ့ လူနာကစျပီးေဖာက္လာလို့ ေဆးရံုသြားၾကပါတယ္။ေဆးရံုကလည္း ဒါေခြး႐ူးျပန္တာ၊ကုလို့ေတာ့မရေတာ့ဘူး၊ဒါေပမယ့္ လူနာေစာင့္ေတြက ၀ိုင္းေတာင္းဆိုမႈေၾကာင့္ ေခြးရူးျပန္ေရာဂါကုသေဆး တစ္လံုးေတာ့ထိုးေပးလိုက္ပါတယ္။ဒါနဲ့သူတို့အိမ္ျပန္လာတယ္။ညေန၅နာရီမွာ လူနာဆံုးပါတယ္….အရမ္းေၾကာက္ဖို့ေကာင္းတဲ့ေရာဂါပါ။

အကယ္၍ေခြးအကိုက္ခံရလ်ွင္ ေခြးကို မသတ္ပါနဲ့ ၊ေခြးကိုေစာင့္ၾကည့္ဖို့လိုအပ္ပါတယ္။ေခြးကိုက္ခံရတဲ့ ဒဏရာကို ေရမ်ားမ်ားႏွင့္ အနည္းဆံုး၁၅မိနစ္ခန့္ၾကာေအာင္ေဆးပါ၊ဆပ္ျပာသံုးစြဲႏိူင္ပါတယ္။ေရေဆးျပီး အရက္ျပန္ျဖင့္သန့္စင္ပါ၊ျပီးရင္ tincture of iodineႏွင့္ထပ္မံ သန့္စင္ပါ၊နီးစပ္ရာေဆးရံု၊ေဆးခန္းကိုအျမန္ဆံုးသြားပါ။

ေခြးကိုက္ခံရတဲ့ ဒဏ္ရာကို အဆင့္၃ဆင့္ခြဲပါတယ္။

အဆင့္၁…..ထိေတြ ့ရံု၊အေရျပားအေကာင္းေပၚကိုလွ်ာျဖင့္အလ်က္ခံရျခင္း။

အဆင့္၂…..အကိုက္မခံေသာ္လည္း ငံုခဲခံရျခင္း၊ေသြးမထြက္ဘဲ ပြန္းရာျခစ္ရာရွိျခင္း

အဆင့္၃…..အေရျပားေပါက္ျပဲျပိ္းေသြးထြက္ေအာင္ အကိုက္ခံရ၊အကုတ္ခံရျခင္း၊အနာေပၚကို လ်ွာျဖင့္အလ်က္ခံရျခင္း

အဆင့္၁အတြက္ကေတာ့ ေခြးမရူးေၾကာင္းေသခ်ာသိလွ်င္ ကုသရန္မလိုပါဘူး။

အဆင့္၂အတြက္မွာေတာ့ ေခြးရူးျပန္ေရာဂါကာကြယ္ေဆး(eg verorab,ravibar)ထိုးဖို့ လိုအပ္လာပါျပီ။ကာကြယ္ေဆးထိုးရာမွာ ၂နည္းရွိပါတယ္။ပထမနည္းကေတာ့အကိုက္ခံရျခင္းတစ္လံုးထိုး၊ေနာက္၃ရက္ေျမာက္မွာတစ္လံုး၊ေနာက္၇ရက္ေျမာက္ေန့မွာတစ္လံုး၊ေနာက္၁၄ရက္ေျမာက္ေန့မွာတစ္လံုး၊ေနာက္ ၂၈ရက္ေျမာက္ေန့မွာတစ္လံုး စုစုေပါင္း၅လံုးထိုးရပါမယ္။

ေနာက္တစ္နည္းက စစျခင္းကာကြယ္ေဆး၂လံုးကိုတစ္ခါတည္းထိုးရပါမယ္။ေနာက္၇ရက္ေျမာက္ေန့မွာ တစ္လံုး၊ေနာက္၂၁ရက္ေျမာက္ေန့မွာတစ္လံုး စုစုေပါင္းေဆး၄လံုးထိုးရပါတယ္။ၾကိဳက္တဲ့နည္းႏွင့္ထိုးလို့ရပါတယ္။လူၾကီးဆိုရင္ လက္ေမာင္း၊ကေလးဆိုရင္ ေပါင္အေရွ့ဘက္ထိုးရပါမယ္။ကာကြယ္ေဆးထိုးေနတုန္း ေခြးမ႐ူးေၾကာင္းေသခ်ာသိရင္ ေဆးထိုးတာကို ရပ္ခ်င္ပါကရပ္ႏိူင္ပါတယ္။

အဆင့္၃အတြက္ကေတာ့ ေေခြး႐ူးျပန္ေရာဂါကာကြယ္ေဆးေရာ၊ကုသေဆး(RIG) (eg favirab,equirab)ပါထိုးဖို့လိုအပ္လာပါတယ္။ကာကြယ္ေဆးကေတာ့အဆင့္၂အတိုင္းကလိုပါပဲ။ကုသေဆးကေတာ့ ကိုယ္အေလးခ်ိန္ႏွင့္တြက္ျပီးမွထိုးရပါတယ္။human RIGဆိုရင္ 20IU/kg of body weightပါ၊Equine RIGဆိုရင္ 40IU/kg of body weightပါ။ပံုမွန္အားျဖင့္လူၾကီးဆိုေဆးႏွစ္လံုး၊ကေလးဆိုေဆးတစ္လံုးကုန္ေလ့ရွိပါတယ္။ေဆးကို ဒဏ္အတြင္းႏွင့္ ဒဏ္ရာပတ္လည္ကိုထိုးရပါတယ္။ပိုတဲ့ေဆးေတြကို ကာကြယ္ေဆးထိုးတဲ့ေနရာႏွင့္ေ၀းတဲ့ေနရာမွာ အသားေဆးထိုးရပါတယ္။ကာကြယ္ေဆးထိုးတဲ့ေနရာဆန့္က်င္ဖက္မွာထိုးရမွာပါ။

ေခြးကိုက္ခံရတဲ့ ဒဏ္ရာကို မလိုအပ္ပဲခ်ဳပ္ေလ့မရွိပါဘူး။ခ်ဳပ္ဖို့လိုအပ္လာရင္လည္း RIGေဆးအရင္ထိုးျပီး နာရီအနည္းငယ္ၾကာမွခ်ဳပ္ပါတယ္။

အရင္က ကာကြယ္ေဆးအျပည့္ထိုးဖူးတဲ့သူမ်ား ေခြးျပန္အကိုက္ခံရပါကကာကြယ္ေဆးပဲျပန္ထိုးဖို့လိုအပ္ပါေတာ့တယ္။ အကိုက္ခံရျခင္းတစ္လံုး၊ေနာက္၃ရက္ေျမာက္ေန့မွာတစ္လံုး စုစုေပါင္း ၂လံုးပဲထိုးရေတာ့မွာပါ။

ေဆးေတြအားလံုးရဲ့စုစုေပါင္းတန္ဖိုးက အမ်ားေသာအားျဖင့္၁သိန္းနီးပါးပဲက်ပါတယ္။ကေလးဆို ၆ေသာင္း၊၇ေသာင္းပါ။ကြ်န္ေတာ့ဆရာေတြေျပာသလိုပဲ ေခြးရူးျပန္ေရာဂါဆိုတာ ေခြးအကိုက္ခံရတာနဲ့ ေခြးရူးျပန္ေရာဂါကာကြယ္ေဆးထိုးထား၊မဟုတ္ရင္ ေခြးရူးျပန္ေရာဂါလကၡဏာ တစ္ခုေပၚလာတာနဲ့ ရာႏႈန္းျပည့္ေသပါတယ္၊ကုသလို့မရေသးပါဘူးတဲ့……ဒါေၾကာင့္ေခြးအကိုက္ခံရပါကေငြ၁သိန္းကိုမျမင္ၾကဘဲ ကာကြယ္ေဆးထိုးၾကပါလို့တိုက္တြန္းပါရေစ…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သက္ပိုင္စိုး

#Unicode Version# ျဖင့္ဖတ္ပါ ။

အဲ့ဒီနေ့တော့ တော်တော်ကိုအမှတ်တရဖြစ်ခဲ့တဲ့နေ့…ဆေးခန်းမှာလူနာရှုပ်တဲ့နေ့၊လူနာများတာမဟုတ်ဘူး…။လာတဲ့လူနာတွေလည်းကြည့်လိုက်ဦး၊ဆိုင်ကယ်မှောက်တဲ့လူနာက၂ယောက်။တစ်ယောက်အနာကကြီးတော့ ချုပ်ပေးရမှာ။ခေါင်းပေါ်သစ်သားချောင်းပြုတ်ကျပြီး ခေါင်းပေါက်တဲ့ လက်သမားဆရာက တစ်ယောက်၊သူလည်းချုပ်ရမှာပဲ….အိမ်အောက်မှာက နှလုံးရောဂါနှင့်အမေကြီးကို oxygenပေးထားရတယ်။ခေါင်းချုပ်နေတုန်းမှာပဲ အဲ့လူနာရောက်လာတာ….ကိုယ်လည်းချုပ်ရင်းနှင့်ပဲ မေးရတယ်။

ဘာဖြစ်လို့လဲ ဦးလေး

ထွေထွေထူးထူးေတော့ဟုတ်ပါဘူး လက်ကအနာလေးလာပြတာပါ ဆရာလေး….

အနာက ဘယ်လိုကနေဘယ်လိုဖြစ်တာတုန်း၊ဖြစ်တာရောဘယ်လောက်ကြာပြီလဲဗျယားလို့ကုတ်တာကနေစပြီးဖြစ်သွားတာပါ ၂ပတ်လောက်တော့ရှိပြီ ဆရာလေးရေ အခုမှပိုဆိုးလာလို့လာပြတာပါ။

အနာကိုကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ အသားနီလန်အောင်ကိုကုတ်ထားတာ အဆီတဝင်းဝင်းကိုဖြစ်နေတယ်။တော်တော်ယားသလားဗျ…

ယားတာတော့မပြောပါနဲ့တော့ ကုတ်ထားတာသာကြည့်ပါတော့ ဆရာလေးအမာရွတ်လေးက စယားပြီးကုတ်ရင်းကုတ်ရင်း ဒီလိုဖြစ်သွားတာပါဗျာ

နောက်ကော ဘာဖြစ်သေးလဲ၊ဘာလိုခံစားရသေးလဲလူကြီးကနူံးနေတယ်ဆရာ၊မနေ့ညကလည်းရေသောက်တာ နင်နေတယ် ဘယ်လိုမှသောက်မရဘူး….

ဘယ်လို ရေနင်တယ် ဟုတ်လား….?

ဟုတ်တယ် ဆရာလေး ရေနင်တာကတော့ ညတစ်ရေးနိူးလာမှဖြစ်နေတာ မနေ့က ရေခဲရေသောက်များသွားလို့လားနေမှာလည်ချောင်းတွေ နာနေသလိုပဲဦးလေး တံတွေးမြိုချရင်ကော နာလားမနာဘူး ဆရာလေး အစာစားလည်းမနာဘူး၊မနင်ဘူး ရေသောက်တာမှာပဲဖြစ်နေတာ

ဒါနဲ့ သူနှင့်ပါလာတဲ့သူ့သမီးကို မုန့်သွားဝယ်ခိုင်းပြီး လူနာကို မုန့်စားခိုင်းကြည့်တော့ ဘာမှမဖြစ်ဘူး။ရေသောက်ခိုင်းတော့မှ စတော့တာပဲ…ရေခွက်ကိုယူပြီးပါးစပ်ကိုတေ့တဲ့အချိန်အထိအကောင်းပဲ၊ရေဝင်တော့မှ ဖူးဖူးဆိုပြီး မှုတ်ထုတ်တယ်၊ရေခွက်ကလွတ်ကျသွားတယ်။လူကြည့်လိုက်တော့ ဝေဒနာတစ်ခုခုကို ခံစားလိုက်ရသလိုဖြစ်သွားတာကိုတွေ့ရတယ်…။

ဦးလေး ခွေးကိုက်ခံရဖူးသေးလား…?

ဟုတ် လွန်ခဲ့တဲ့၂လလောက်တော့ အကိုက်ခံရဖူးပါတယ်၊အကြီးကြီးတော့မဟုတ်ဘူး။ပေါက်သွားပြီးသွေးစို့ရုံလေးပဲဖြစ်တာဆရာလေး အခုလက်အနာဖြစ်တဲ့နေရာကို အဟပ်ခံရတာပါ….

ဘယ်ကခွေး အကိုက်ခံရတာလဲဗျ

အိမ်ကခွေးပါဗျာ အခြားခွေးဝင်ကိုက်ပြီး ေနေမကောင်းဖြစ်နေတာ၊သူ့ကိုထမင်းသွားကျွေးနေတုန်း ဗြုန်းခနဲ လက်ကိုဟပ်လိုက်တာပါ ဆရာလေးအဲ့ခွေးရော အခုရှိသေးလား?နေရောကောင်းရဲ့လား?

သေပြီ ဆရာလေး

ဘယ်လိုဖြစ်ပြီးသေသွားတာလဲဗျ….

ကျွန်တော်သတ်လိုက်တာပါ၊ကျွန်တော့ကိုပြန်ကိုက်လို့သတ်လိုက်တာပါ၊စိတ်ဆိုးပြီးသာသတ်လိုက်ရတယ်၊ရင်ထဲတော့မကောင်းဘူး။အရမ်းလိမ္မာတဲ့ခွေးလေး၊အရင်ကဆို ဘာလုပ်လုပ်ပြန်မကိုက်တဲ့ခွေး အခုနေမကောင်းတော့ စိတ်မကြည့်လို့ထင်ပါရဲ့ဗျာ….

သေချာပြီ ခွေးရူးပြန်ရောဂါပဲ။ယားတယ်၊လူနူံးတယ်၊အသိသာဆုံးအချက်ကတော့ ရေကြောက်တာပဲ။ဒါနဲ့ လူနာသားသမီးတွေကိုပြောရတယ်။လူနာကဆေးထိုးစရာမလိုပါဘူး။သောက်ဆေး၊လိမ်းဆေးဆိုရပါတယ်။ဦးလေး အိမ်ပြန်နှင့် ကျွန်တော် သူတို့ကိုဆေးပေးလိုက်မယ်၊လိမ်းဆေးကတော့ ဝယ်ရမှာ…

လူနာပြန်သွားမှ သူ့သားသမီးတွေပြောရတယ်၊ခင်ဗျားတို့အဖေကတော့ ခွေးရူးပြန်ရောဂါဖြစ်နေဖို့များတယ်။ဆေးရုံသွားပါ…

မဖြစ်နိူင်တာ ဆရာလေးရယ် ကျွန်မတို့အဖေက အစာရေမြိုကျဉ်းတာပါ။

ဘယ်သူကပြောတာလဲဗျ

ဟိုဆရာကြီးကပြောလိုက်တာ သူကုပေးမယ်တဲ့ လက်ကအနာကိုသာ ဆရာလေးဆီသွားပြဆိုလို့ လာပြတာပါ…

(သူတို့ပြောတဲ့ဆရာကြီးဆိုတဲ့လူက ရမ်းကုကြီး၊အဲ့ငနဲ တလွဲလုပ်သမျှကို ရွာထဲက ဆရာဝန်တွေကခံနေရတာ ထားပါတော့ ဒီအကြောင်းကို သပ်သပ်ရေးမှာ)

သွေးထွက်၊အသားနီလန်လောက်အောင် ကုတ်ရတဲ့အယားမျိုးကရှားတယ်ဗျ၊ဒါဖြစ်စေတဲ့အကြောင်းတွေထဲမှာ ခွေးရူးပြန်ရောဂါလည်းပါတယ်။နောက်ပြီး အစာရေမြိုကျဉ်းရင်လည်း အစာစားရလည်းခက်တယ်။အခုခင်ဗျားဆို့အဖေက အစာစားတော့ ဘာမှမဖြစ်ဘူး၊ရေသောက်တော့မှဖြစ်နေတာ၊ရေနင်တာဆို ေြဖြေးဖြေးခြင်းသောက်ရင်ရကောင်းရနိူင်ဦးမယ်၊အခုဟာက ရေကိုကြောက်နေတာ…ဆေးရုံသွားပြပါဗျာ

ဒါနဲ့သူတို့ပြန်သွားကြတယ်။ဆေးခန်းကိုသူတို့လာတုန်းက မနက် ၁၀နာရီသာသာလောက်ပဲရှိသေးတာ နေ့လည်၁နာရီလောက်ကျတော့ လူနာကစပြီးဖောက်လာလို့ ဆေးရုံသွားကြပါတယ်။ဆေးရုံကလည်း ဒါခွေးရူးပြန်တာ၊ကုလို့တော့မရတော့ဘူး၊ဒါပေမယ့် လူနာစောင့်တွေက ဝိုင်းတောင်းဆိုမှုကြောင့် ခွေးရူးပြန်ရောဂါကုသဆေး တစ်လုံးတော့ထိုးပေးလိုက်ပါတယ်။ဒါနဲ့သူတို့အိမ်ပြန်လာတယ်။ညနေ၅နာရီမှာ လူနာဆုံးပါတယ်….အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါပါ။

အကယ်၍ခွေးအကိုက်ခံရလျှင် ခွေးကို မသတ်ပါနဲ့ ၊ခွေးကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ခွေးကိုက်ခံရတဲ့ ဒဏရာကို ရေများများနှင့် အနည်းဆုံး၁၅မိနစ်ခန့်ကြာအောင်ဆေးပါ၊ဆပ်ပြာသုံးစွဲနိူင်ပါတယ်။ရေဆေးပြီး အရက်ပြန်ဖြင့်သန့်စင်ပါ၊ပြီးရင် tincture of iodineနှင့်ထပ်မံ သန့်စင်ပါ၊နီးစပ်ရာဆေးရုံ၊ဆေးခန်းကိုအမြန်ဆုံးသွားပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို အဆင့်၃ဆင့်ခွဲပါတယ်။

အဆင့်၁…..ထိတွေ့ရုံ၊အရေပြားအကောင်းပေါ်ကိုလျှာဖြင့်အလျက်ခံရခြင်း။

အဆင့်၂…..အကိုက်မခံသော်လည်း ငုံခဲခံရခြင်း၊သွေးမထွက်ဘဲ ပွန်းရာခြစ်ရာရှိခြင်း

အဆင့်၃…..အရေပြားပေါက်ပြဲပြိးသွေးထွက်အောင် အကိုက်ခံရ၊အကုတ်ခံရခြင်း၊အနာပေါ်ကို လျှာဖြင့်အလျက်ခံရခြင်း

အဆင့်၁အတွက်ကတော့ ခွေးမရူးကြောင်းသေချာသိလျှင် ကုသရန်မလိုပါဘူး။

အဆင့်၂အတွက်မှာတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး(eg verorab,ravibar)ထိုးဖို့ လိုအပ်လာပါပြီ။ကာကွယ်ဆေးထိုးရာမှာ ၂နည်းရှိပါတယ်။ပထမနည်းကတော့အကိုက်ခံရခြင်းတစ်လုံးထိုး၊နောက်၃ရက်မြောက်မှာတစ်လုံး၊နောက်၇ရက်မြောက်နေ့မှာတစ်လုံး၊နောက်၁၄ရက်မြောက်နေ့မှာတစ်လုံး၊နောက် ၂၈ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း၅လုံးထိုးရပါမယ်။

နောက်တစ်နည်းက စစခြင်းကာကွယ်ဆေး၂လုံးကိုတစ်ခါတည်းထိုးရပါမယ်။နောက်၇ရက်မြောက်နေ့မှာ တစ်လုံး၊နောက်၂၁ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်းဆေး၄လုံးထိုးရပါတယ်။ကြိုက်တဲ့နည်းနှင့်ထိုးလို့ရပါတယ်။လူကြီးဆိုရင် လက်မောင်း၊ကလေးဆိုရင် ပေါင်အရှေ့ဘက်ထိုးရပါမယ်။ကာကွယ်ဆေးထိုးနေတုန်း ခွေးမရူးကြောင်းသေချာသိရင် ဆေးထိုးတာကို ရပ်ချင်ပါကရပ်နိူင်ပါတယ်။

အဆင့်၃အတွက်ကတော့ ေခွေးရူးပြန်ရောဂါကာကွယ်ဆေးရော၊ကုသဆေး(RIG) (eg favirab,equirab)ပါထိုးဖို့လိုအပ်လာပါတယ်။ကာကွယ်ဆေးကတော့အဆင့်၂အတိုင်းကလိုပါပဲ။ကုသဆေးကတော့ ကိုယ်အလေးချိန်နှင့်တွက်ပြီးမှထိုးရပါတယ်။human RIGဆိုရင် 20IU/kg of body weightပါ၊Equine RIGဆိုရင် 40IU/kg of body weightပါ။ပုံမှန်အားဖြင့်လူကြီးဆိုဆေးနှစ်လုံး၊ကလေးဆိုဆေးတစ်လုံးကုန်လေ့ရှိပါတယ်။ဆေးကို ဒဏ်အတွင်းနှင့် ဒဏ်ရာပတ်လည်ကိုထိုးရပါတယ်။ပိုတဲ့ဆေးတွေကို ကာကွယ်ဆေးထိုးတဲ့နေရာနှင့်ဝေးတဲ့နေရာမှာ အသားဆေးထိုးရပါတယ်။ကာကွယ်ဆေးထိုးတဲ့နေရာဆန့်ကျင်ဖက်မှာထိုးရမှာပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို မလိုအပ်ပဲချုပ်လေ့မရှိပါဘူး။ချုပ်ဖို့လိုအပ်လာရင်လည်း RIGဆေးအရင်ထိုးပြီး နာရီအနည်းငယ်ကြာမှချုပ်ပါတယ်။

အရင်က ကာကွယ်ဆေးအပြည့်ထိုးဖူးတဲ့သူများ ခွေးပြန်အကိုက်ခံရပါကကာကွယ်ဆေးပဲပြန်ထိုးဖို့လိုအပ်ပါတော့တယ်။ အကိုက်ခံရခြင်းတစ်လုံး၊နောက်၃ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း ၂လုံးပဲထိုးရတော့မှာပါ။

ဆေးတွေအားလုံးရဲ့စုစုပေါင်းတန်ဖိုးက အများသောအားဖြင့်၁သိန်းနီးပါးပဲကျပါတယ်။ကလေးဆို ၆သောင်း၊၇သောင်းပါ။ကျွန်တော့ဆရာတွေပြောသလိုပဲ ခွေးရူးပြန်ရောဂါဆိုတာ ခွေးအကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထား၊မဟုတ်ရင် ခွေးရူးပြန်ရောဂါလက္ခဏာ တစ်ခုပေါ်လာတာနဲ့ ရာနှုန်းပြည့်သေပါတယ်၊ကုသလို့မရသေးပါဘူးတဲ့……ဒါကြောင့်ခွေးအကိုက်ခံရပါကငွေ၁သိန်းကိုမမြင်ကြဘဲ ကာကွယ်ဆေးထိုးကြပါလို့တိုက်တွန်းပါရစေ…..

ဖိုးသူတော် (www.phothutaw.com)
Credit: သက်ပိုင်စိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top