ေကာ့ေသာင္းၿမိဳ႕၊ ေအာ္ႀကီးေက်းရြာတြင္ စိတ္က်န္းမာေရးမေကာင္းသူ သားက ဖခင္ျဖစ္သူအား ဓားျဖင့္ခုတ္မႈ ယမန္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမ ၄ ရက္က ေဒၚဆုရီး (၅၅)ႏွစ္ႏွင့္ ခင္ပြန္း ဦးဆာမန္း (၆၀)ႏွစ္တုိ႔သည္ ေနအိမ္တြင္ ေန႔လယ္ေန႔ခင္း ေခတၱအိပ္စက္ေနရာမွ ႏိုးလာၿပီး အိမ္အျပင္သို႔အထြက္တြင္ သားျဖစ္သူ ေမာင္ဖြာလင္း (စိတ္က်န္းမာေရးမေကာင္းသူ)သည္ ရြာထဲမွျပန္လာၿပီး

အသင့္ပါလာေသာ ဓားေကာက္ျဖင့္ မိဘႏွစ္ဦးအားခုတ္ရာ ဦးဆာမန္း၏ ဦးေခါင္း၊ ခႏၶာကုိယ္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ား ရသျဖင့္ ေကာ့ေသာင္းျပည္သူ႔ေဆး႐ုံသုိ႔ ပို႔ေဆာင္ကာ အတြင္းလူနာအျဖစ္ ကုသမႈခံယူလ်က္ရွိသည္။

ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ေမာင္ဖြာလင္းအား ေကာ့ေသာင္းၿမိဳ႕မရဲစခန္းမွ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္႐ွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေက်ာ္စိုး(ေကာ့ေသာင္း)

#Unicode Version#
ကော့သောင်းမြို့၊ အော်ကြီးကျေးရွာတွင် စိတ်ကျန်းမာရေးမကောင်းသူ သားက ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်မှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၄ ရက်က ဒေါ်ဆုရီး (၅၅)နှစ်နှင့် ခင်ပွန်း ဦးဆာမန်း (၆၀)နှစ်တို့သည် နေအိမ်တွင် နေ့လယ်နေ့ခင်း ခေတ္တအိပ်စက်နေရာမှ နိုးလာပြီး အိမ်အပြင်သို့အထွက်တွင် သားဖြစ်သူ မောင်ဖွာလင်း (စိတ်ကျန်းမာရေးမကောင်းသူ)သည် ရွာထဲမှပြန်လာပြီး

အသင့်ပါလာသော ဓားကောက်ဖြင့် မိဘနှစ်ဦးအားခုတ်ရာ ဦးဆာမန်း၏ ဦးခေါင်း၊ ခန္ဓာကိုယ်တို့တွင် ပြတ်ရှဒဏ်ရာများ ရသဖြင့် ကော့သောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မောင်ဖွာလင်းအား ကော့သောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကျော်စိုး(ကော့သောင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top