သဃၤန္းကြၽန္း(စံျပ)ေဆး႐ုံ၌ မီးဖြားၿပီးစ အမ်ိဳးသမီးသုံးလႊာေပၚမွ ခုန္ခ်ေသဆုံး
သဃၤန္းကြၽန္းၿမိဳ႕နယ္ သဃၤန္းကြၽန္း(စံျပ)ေဆး႐ုံတြင္ မီးဖြားၿပီးခါစ အမ်ိဳးသမီးတစ္ဦး သုံးလႊာေပၚမွ ခုန္ခ်ေသဆုံးခဲ့မႈ ေမ ၁ ရက္ (ယေန႔) ျဖစ္ပြားခဲ့သည္။ယေန႔ နံနက္ ၁၁ နာရီခန႔္တြင္ သဃၤန္းကြၽန္း(စံျပ)ေဆး႐ုံ ၆ လႊာေဆးကုသေဆာင္၏ အထပ္ ၃လႊာေျမာက္မွ ခုန္ခ်ေသဆုံးခဲ့ျခင္းျဖစ္သည္။
ေသဆုံးသူမွာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ႀကီးပြားေရးရပ္ကြက္ေန အသက္ ၃၅ ႏွစ္ အ႐ြယ္အမ်ိဳးသမီးျဖစ္ၿပီး ဧၿပီ ၂၄ ရက္တြင္ ေဆး႐ုံတက္၍ ကေလးေမြးဖြားၿပီးသူျဖစ္သည္။ ၎မွာ တီဘီေရာဂါရွိသျဖင့္ ကေလးငယ္ကို သားဖြားေဆာင္၌ ထားကာ ၆ထပ္ကုသေဆာင္၌ ေဆးကုသမႈခံယူစဥ္ ခင္ပြန္း ျဖစ္သူ ေဆးထြက္ဝယ္စဥ္ ခုန္ခ်ေသဆုံးျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ ကနဦးစစ္ေဆးခ်က္အရ သိရသည္။
ေသဆုံးသူ အမ်ိဳးသမီးတြင္ ဦးေခါင္းေပါက္ၿပဲ၊ ညာဘက္နားေသြးထြက္ဒဏ္ရာရရွိထားၿပီး အေလာင္းကို ေဆး႐ုံမွ ပီအာရ္ ၅၁ ျဖင့္ လက္ခံထားကာ သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းက ေသမႈေသခင္း ဖြင့္လွစ္ စစ္ေဆးလ်က္ရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmtimes
# Unicode Version # ျဖင့္ ဖတ္ပါ #
သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံတွင် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦး သုံးလွှာပေါ်မှ ခုန်ချသေဆုံးခဲ့မှု မေ ၁ ရက် (ယနေ့) ဖြစ်ပွားခဲ့သည်။ယနေ့ နံနက် ၁၁ နာရီခန့်တွင် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံ ၆ လွှာဆေးကုသဆောင်၏ အထပ် ၃လွှာမြောက်မှ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ အသက် ၃၅ နှစ် အရွယ်အမျိုးသမီးဖြစ်ပြီး ဧပြီ ၂၄ ရက်တွင် ဆေးရုံတက်၍ ကလေးမွေးဖွားပြီးသူဖြစ်သည်။ ၎င်းမှာ တီဘီရောဂါရှိသဖြင့် ကလေးငယ်ကို သားဖွားဆောင်၌ ထားကာ ၆ထပ်ကုသဆောင်၌ ဆေးကုသမှုခံယူစဉ် ခင်ပွန်း ဖြစ်သူ ဆေးထွက်ဝယ်စဉ် ခုန်ချသေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရသည်။
သေဆုံးသူ အမျိုးသမီးတွင် ဦးခေါင်းပေါက်ပြဲ၊ ညာဘက်နားသွေးထွက်ဒဏ်ရာရရှိထားပြီး အလောင်းကို ဆေးရုံမှ ပီအာရ် ၅၁ ဖြင့် လက်ခံထားကာ သင်္ဃန်းကျွန်းမြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:mmtimes