




Credit:bahututaa
# Unicode Version # ဖြင့် ဖတ်ပါ #

ဆက်ဆီ Model ဇာဇာထက် တယောက် သူမ ဖြေဆိုထားတဲ့ စာမေးပွဲ အောင်စာရင်း အတွက် စိတ်အဆင်သင့် ပြင်ထားကြောင်း လူမှုကွန်ယက်မှာ ဝေမျှပြောဆို လိုက်တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က သီချင်း MTV တစ်ပုဒ် ရိုက်ကူးရင်း ချစ်သူနဲ့ ကတောက်ကဆဖြစ်ကာ ပြတ်ဆဲခဲ့ ရပြီး သူမ အနေနဲ့လည်း စိတ်ရောလူရော ပင်ပန်းပြီး နေမကောင်း ဖြစ်ကာ ဆေးရုံတက်ရတဲ့ အထိတောင် ပြင်းထန်ခဲ့ ပါတယ်။



ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ ချစ်သူနဲ့ ပြန်လည် အဆင်ပြေခဲ့ပြီး နှစ်ယောက်သားက လက်ရှိမှာတော့ အဆင်ပြေပြေ ပြန်လည် ဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။ ဆက်ဆီ Model အဖြစ်နဲ့ သူမရဲ့ Professional အလုပ် ပေါ်မှာ အကောင်းမွန်ဆုံးနဲ့ တာဝန်အကျေဆုံး လုပ်ကိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးမျိုးသော ဝေဖန်မှုတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့သူ တယောက် ပါပဲ။

သူမရဲ့ မြန်မာဆန်ဆန် ပုံရိပ်လေးတွေကို ” စာဖတ်ခြင်းဖြင့် ကျွန်မစိတ်တွေ တည်ငြိမ်အောင် ဆောက်တည်ပြီး အောင်စာရင်းထွက်တဲ့ အခါ အနိုင်ကိုလဲ မျှော်လင့်ထား သလို အရှုံးအတွက်လဲ ကြိုတင်ပြင်ဆင်ထား ပါသည် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ လုံလုံ ခြုံခြုံလေးနဲ့ အရမ်းကို လှနေတဲ့ မတ်မတ်ဇာရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက် ပါတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top