ျပည္သူလူထုက လွ်ပ္စစ္မီးမ်ားမ်ားသုံးေလ၊ ေရာင္းသူက မ်ားမ်ား႐ံႈးေလျဖစ္ေန၍ လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာမေပးႏုိင္ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလုိက္သည္။

”လွ်ပ္စစ္မီးမ်ားမ်ား မီးလင္းေအာင္လုပ္မယ္ဆုိရင္ မ်ားမ်ားစုိက္ထုတ္ၿပီး မ်ားမ်ားအ႐ႈံးခံရမယ္ဆုိတဲ့ အေျခအေနမ်ဳိး ျဖစ္ေနတယ္ဆုိတာ ျပည္သူလူထုကုိ အသိေပးေျပာၾကားလုိပါတယ္။ လွ်ပ္စစ္မီးဟာ LNG ဓာတ္ေငြ႕နဲ႔လုပ္မယ္ဆုိရင္ ထုတ္လုပ္မယ္ဆုိရင္ ၁၁ဝ ေလာက္ အနိမ့္ဆုံးက်ပါမယ္။ ကြၽန္ေတာ္တုိ႔ လွ်ပ္စစ္မီးကုိ ေပးေနတာ ၃၅ က်ပ္ကေန စေပးေနတာျဖစ္တဲ့အတြက္ ႏုိင္ငံေတာ္ကေန စုိက္ထုတ္ေနရတဲ့အေျခအေန ျဖစ္ပါတယ္။ ဒါေၾကာင့္မု႔ိလုိ႔ လွ်ပ္စစ္မီးလုံလုံေလာက္ေလာက္မရရိွဘူးဆုိတ့ဲ အေျခအေနဟာ ေစ်းေရာင္း ေစ်းဝယ္စကားနဲ႔ေျပာမယ္ဆုိရင္ ျပည္သူလူထုက မ်ားမ်ားသုံးေလ ေရာင္းရတဲ့သူက မ်ားမ်ား႐ႈံးေလဆုိတဲ့ အေျခအေနမ်ဳိးျဖစ္ေနတဲ့အတြက္ လုိအပ္သေလာက္ လွ်ပ္စစ္မီးကုိမေပးႏုိင္တဲ့ အေျခအေနျဖစ္ေနတယ္ ဆုိတာကုိ ျပည္သူလူထုကုိ အသိေပးလုိပါတယ္”ဟု ဧၿပီ ၂၆ ရက္က ရန္ကုန္တိုင္းေဒသႀကီး ေတာင္ပိုင္းခ႐ိုင္၊ သုံးခြၿမိဳ႕နယ္ ၿမိဳ႕နယ္အားကစားခန္းမ၌ျပဳလုပ္ေသာ ျပည္သူမ်ားႏွင့္ေတြ႕ဆံုပြဲတြင္ ဦးျဖိဳးမင္းသိန္းက ေျပာသည္။

ျမန္မာႏုိင္ငံသုိ႔ ႏုိင္ငံတကာမွ လာေရာက္၍ လွ်ပ္စစ္ဓာတ္အား ေရာင္းခ်လုိသည့္ ကုမၸဏီအမ်ားအျပားရိွေနေၾကာင္း၊ သုိ႔ေသာ္လည္း လက္ရိွႏုိင္ငံေတာ္အစုိးရ၊ ရန္ကုန္လွ်ပ္စစ္ဓာတ္အား ေပးေရးေကာ္ပုိေရးရွင္း (YESC)မွ ျပည္သူလူထုကုိ ေရာင္းခ်ေနသည့္ တယူနစ္ ၆ဝ က်ပ္ေစ်း ႏႈန္းျဖင့္ မေရာင္းလုိၾက၍ ျပန္သြားၾကသည့္ ကုမၸဏီမ်ားရိွခဲ့ေၾကာင္း ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

”အဲဒီအခါမွာ အေျခခံျပည္သူလူထုကုိ ၃၅ က်ပ္နဲ႔ ေရာင္းတဲ့အေပၚကေနၿပီးေတာ့ စက္မႈဇုန္ေတြကုိ ၁ဝဝ၊ ၁၅ဝနဲ႔ ေရာင္းလုိ႔ရတဲ့ ေငြန႔ဲျပန္ၿပီး ခုႏွိမ္ေနရတာျဖစ္ပါတယ္။ ဒါေတာင္မွ ဘီလီယံနဲ႔ခ်ီတဲ့ စုိက္ထုတ္ေငြေတြကုိ ႏုိင္ငံေတာ္ကေနက်ခံၿပီး အ႐ႈံးခံၿပီး စုိက္ထုတ္ေပးေနရတာ ဒါျပည္သူလူထုကုိ ပြင့္ပြင့္လင္းလင္းသိထား ႏုိင္ဖုိ႔အတြက္ ဒီေနရာမွ တင္ျပတာပါ။ ဘာေၾကာင့္လဲဆုိေတာ့ လွ်ပ္စစ္မီးမလင္းဘူး။ လွ်ပ္စစ္မီးပဲ အခက္အခဲေတြ ႀကံဳေနရတယ္။ ကြၽန္ေတာ္တုိ႔ ျပည့္ျပည့္ဝဝျဖစ္ေအာင္ လုပ္ေပးႏုိင္ပါတယ္။ ပုဂၢလိက က႑ကလည္း လာၿပီးေတာ့ ေရာင္းခ်င္ပါတယ္။ ဒါေပမဲ့ မ်ားမ်ားေရာင္းရင္ မ်ားမ်ားထုတ္လုပ္ရင္ မ်ားမ်ား႐ႈံးမယ္ဆုိတဲ့ အေျခအေနျဖစ္ေနတဲ့အတြက္ လုိအပ္သေလာက္မေပးႏုိင္ျခင္းျဖစ္ေနရတဲ့ အေျခအေနျဖစ္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

တႏုိင္ငံလုံးလွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ ပမာဏတဝက္ကုိ ရန္ကုန္တုိင္းေဒသႀကီးက သုံးစြဲေနၿပီး NLD အစုိးရ စတင္တာ ဝန္ယူစဥ္က ရန္ကုန္တုိင္းလွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ ပမာဏ ၁၃ဝဝ မဂၢါဝပ္ရိွခဲ့ရာမွ ယခုအခါ ၁၆ဝဝ မဂၢါဝပ္ရိွေနၿပီျဖစ္ေၾကာင္း၊ ရန္ကုန္တုိင္းလွ်ပ္စစ္သုံးစြဲမႈအတြက္ ႏုိင္ငံေတာ္အစုိးရက ႏွစ္စဥ္က်ပ္ ၄ဝဝ ဘီလီယံ စုိက္ထုတ္က်ခံေပးခဲ့ရာမွ ယခု ၂ဝ၁၉-၂ဝ ဘ႑ာေရးႏွစ္အတြင္း ရန္ကုန္တုိင္းလွ်ပ္စစ္သုံးစြဲမႈအတြက္ ႏုိင္ငံ ေတာ္က ၄၅ဝ ဘီလီယံ စုိက္ထုတ္ရမည့္ အေျခအေနျဖစ္ေနေၾကာင္း ၎က ေျပာသည္။ လက္ရိွအခ်ိန္တြင္ ရန္ကုန္တုိင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီး ၇၅ ရာခုိင္ႏႈန္းရရိွေနၿပီျဖစ္ၿပီး က်န္ရိွသည့္ ၂၅ ရာခုိင္ႏႈန္းကုိ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ အၿပီးရရိွေအာင္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကုိလင္း
 News Watch

#Unicode Version#
ပြည်သူလူထုက လျှပ်စစ်မီးများများသုံးလေ၊ ရောင်းသူက များများရှုံးလေဖြစ်နေ၍ လျှပ်စစ်ဓာတ်အား လုံလောက်စွာမပေးနိုင်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

”လျှပ်စစ်မီးများများ မီးလင်းအောင်လုပ်မယ်ဆိုရင် များများစိုက်ထုတ်ပြီး များများအရှုံးခံရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်ဆိုတာ ပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်။ လျှပ်စစ်မီးဟာ LNG ဓာတ်ငွေ့နဲ့လုပ်မယ်ဆိုရင် ထုတ်လုပ်မယ်ဆိုရင် ၁၁ဝ လောက် အနိမ့်ဆုံးကျပါမယ်။ ကျွန်တော်တို့ လျှပ်စစ်မီးကို ပေးနေတာ ၃၅ ကျပ်ကနေ စပေးနေတာဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ စိုက်ထုတ်နေရတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်မု့ိလို့ လျှပ်စစ်မီးလုံလုံလောက်လောက်မရရှိဘူးဆိုတဲ့ အခြေအနေဟာ ဈေးရောင်း ဈေးဝယ်စကားနဲ့ပြောမယ်ဆိုရင် ပြည်သူလူထုက များများသုံးလေ ရောင်းရတဲ့သူက များများရှုံးလေဆိုတဲ့ အခြေအနေမျိုးဖြစ်နေတဲ့အတွက် လိုအပ်သလောက် လျှပ်စစ်မီးကိုမပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ် ဆိုတာကို ပြည်သူလူထုကို အသိပေးလိုပါတယ်”ဟု ဧပြီ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မြို့နယ်အားကစားခန်းမ၌ပြုလုပ်သော ပြည်သူများနှင့်တွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ လာရောက်၍ လျှပ်စစ်ဓာတ်အား ရောင်းချလိုသည့် ကုမ္ပဏီအများအပြားရှိနေကြောင်း၊ သို့သော်လည်း လက်ရှိနိုင်ငံတော်အစိုးရ၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (YESC)မှ ပြည်သူလူထုကို ရောင်းချနေသည့် တယူနစ် ၆ဝ ကျပ်ဈေး နှုန်းဖြင့် မရောင်းလိုကြ၍ ပြန်သွားကြသည့် ကုမ္ပဏီများရှိခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

”အဲဒီအခါမှာ အခြေခံပြည်သူလူထုကို ၃၅ ကျပ်နဲ့ ရောင်းတဲ့အပေါ်ကနေပြီးတော့ စက်မှုဇုန်တွေကို ၁ဝဝ၊ ၁၅ဝနဲ့ ရောင်းလို့ရတဲ့ ငွေနဲ့ပြန်ပြီး ခုနှိမ်နေရတာဖြစ်ပါတယ်။ ဒါတောင်မှ ဘီလီယံနဲ့ချီတဲ့ စိုက်ထုတ်ငွေတွေကို နိုင်ငံတော်ကနေကျခံပြီး အရှုံးခံပြီး စိုက်ထုတ်ပေးနေရတာ ဒါပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းသိထား နိုင်ဖို့အတွက် ဒီနေရာမှ တင်ပြတာပါ။ ဘာကြောင့်လဲဆိုတော့ လျှပ်စစ်မီးမလင်းဘူး။ လျှပ်စစ်မီးပဲ အခက်အခဲတွေ ကြုံနေရတယ်။ ကျွန်တော်တို့ ပြည့်ပြည့်ဝဝဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍကလည်း လာပြီးတော့ ရောင်းချင်ပါတယ်။ ဒါပေမဲ့ များများရောင်းရင် များများထုတ်လုပ်ရင် များများရှုံးမယ်ဆိုတဲ့ အခြေအနေဖြစ်နေတဲ့အတွက် လိုအပ်သလောက်မပေးနိုင်ခြင်းဖြစ်နေရတဲ့ အခြေအနေဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

တနိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏတဝက်ကို ရန်ကုန်တိုင်းဒေသကြီးက သုံးစွဲနေပြီး NLD အစိုးရ စတင်တာ ဝန်ယူစဉ်က ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏ ၁၃ဝဝ မဂ္ဂါဝပ်ရှိခဲ့ရာမှ ယခုအခါ ၁၆ဝဝ မဂ္ဂါဝပ်ရှိနေပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းလျှပ်စစ်သုံးစွဲမှုအတွက် နိုင်ငံတော်အစိုးရက နှစ်စဉ်ကျပ် ၄ဝဝ ဘီလီယံ စိုက်ထုတ်ကျခံပေးခဲ့ရာမှ ယခု ၂ဝ၁၉-၂ဝ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းလျှပ်စစ်သုံးစွဲမှုအတွက် နိုင်ငံ တော်က ၄၅ဝ ဘီလီယံ စိုက်ထုတ်ရမည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး ၇၅ ရာခိုင်နှုန်းရရှိနေပြီဖြစ်ပြီး ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကိုလင်း

 News Watch


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top