





 

#Unicode Version#
မေလ ( ၂၃ ) ရက် ညပိုင်း ( ၉ ) နာရီအချိန်က မန္တလေးမြို့ တွင် လေပြင်းတိုက် ခတ် မှု ကြေ ာင့် ပုသိမ်ကြီးမြို့နယ်ရှိ ဇီးအုပ်ကွက်သစ်တွင် အိမ်ခြေ အလုံး(၁၀၀)ကျေ ာ် ပျက်စီး ပြီး လူ (၁ ) ဦးသေဆုံးပြီး ( ၇ ) ဦး ဒဏ်ရာ ရ ရှိ ခဲ့ကြေ ာင်းသိရသည်။

” မနေ့ ညက လေပြင်းတိုက် လိုက်တဲ့အခါမှာ အိမ်တွေ အမျ ားကြီး ပျက်စီးသွားတယ်။ ကျေးရွာ က လူကြီးတွေ လာပြီး အိမ်တွေကိုလာရောက် စစ်ဆေးပါတယ်။ လေပြင်းတိုက်ခတ်မှု အတွက် သေဆုံးတာကတော့ ( ၁ ) ဦးရှိပြီး ထိခိုက်ဒဏ်ရာရ သူကတော့ ( ၇ ) ဦးလောက်ရှိပါတယ်”ဟု ဇီးအုပ်ကွက်သစ်မှ ဒေါ်ရီဝင်းက ပြေ ာသည်။

အဆိုပါ ဇီးအုပ်ကွက်သစ် ရပ်ကွက်တွင် မေလ ( ၂၃ ) ရက်နေ့ည ပိုင်း ( ၉ ) နာရီ ကျေ ာ် အချိန် က လေပြင်း တိုက် သည့်အခါ ၌ အိမ်မျ ားအလုံးလိုက် ပြိုကျပျက်စီးခဲ့ပြီး နောက် နေ ထိုင် ဖို့အတွက် အခက် အခဲ မျ ား ရှိကြေ ာင်း ဒေသခံမျ ားထံက သိရသည်။

” ကျွန်မတို့အသင်းကို မနေ့ညက လူငယ်တွေ လာပြီး အိမ်ထဲမှာ လူပိနေတယ် ပြေ ာလို့သွားရောက် ကူညီခဲ့ပါတယ်။ ဒါပေမယ့် အထဲက လူက အိမ်အလုံး လိုက်ပိနေတော့ ဒဏ်ရာ က ပြင်းပြီး အထဲမှာတင် သေနေတာပါ။ သေတာ ကအမျိုးသမီးဖြစ်ပါတယ်”ဟု ဇီအုပ်ကွက် သစ်မှ ဝေဇယန္တာ လူမှု ကူညီရေးအသင်း မှဒေါ်စိန်စိန် ကပြေ ာသည်။

” ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်ရဲ့နယ်မြေ လည်း ဖြစ်တဲ့အတွက် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကူ အညီ တောင်းမှာပါ။ အစိုးရ အဖွဲ့အနေနဲ့ လည်းလုပ်ပေးနိုင်တာကို လုပ်ပေးသွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျေ ာ်ဦး ကပြေ ာသည်။

မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ဇီးအုပ်ကျေးရွာ ရှိလက်ရှိ နေထိုင်သည့်သူမျ ားသည်လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းက အကွက် ရိုက် နေထိုင် ခဲ့ကြပြီး အဆိုပါ ကွက်သစ် တွင် အိမ်ခြေပေါင်း ၁၅၀၀ ကျေ ာ်ခန့် ရှိကြောင်းသိရသည်။

ယနေ့နေ့လည်ပိုင်း မန္တလေး တံတားဦးလေဆိပ်တွင် ဖြစ်ပေါ်နေသည့် ရာသီဥတု အခြေအနေ ရုပ်သံဖိုင်ကို ဖော်ပြ လိုက်ပါတယ် ခင်ဗျာ-


ဖိုးသူတော်(www.phothutaw.com)
Credit: Friday Times News Journal
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top