လယ္ယာေျမ လုပ္ပိုင္ခြင့္ရွိသူမ်ား အေနျဖင့္ ျပည္ေထာင္စု အစိုးရ ခြင့္ျပဳခ်က္ မရဘဲ မည္သည့္ ႏိုင္ငံျခားသားမ်ား ပါဝင္ သည့္ အဖြဲ႕အစည္းကိုမွ် ဖရဲစိုက္ခင္းအတြက္ ငွားရမ္းျခင္း မျပဳရန္ လာမည့္ စိုက္ပ်ိဳးရာသီမွ စတင္၍ ၾကပ္မတ္ ေဆာင္႐ြက္ သြားေတာ့မည္ဟု သိရသည္။

အဆိုပါ အစီအစဥ္ကို ျပည္ေထာင္စု အဆင့္မွ စီမံခ်က္ ေရးဆြဲေနျခင္းျဖစ္ၿပီး၊ တႏိုင္ငံလုံးသို႔ အက်ိဳးသက္ေရာက္ေစ မည့္ စီမံကိန္း ျဖစ္ေၾကာင္း၊ မိမိတို႔ တိုင္းေဒသထံသို႔ အေသးစိတ္ မည္ကဲ့သို႔ ေဆာင္႐ြက္မည္ကို ၫႊန္ၾကားခ်က္မ်ား မေရာက္ လာ ေသးသျဖင့္ လတ္တေလာ မေျပာႏိုင္ေသးေၾကာင္း စစ္ကိုင္း တိုင္းေဒသႀကီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီး ဦးကမ္ဇာမုံက ဧရာဝတီကို ေျပာသည္။

“က်ေနာ္တို႔ လက္ထဲကို ဘယ္လို ၾကပ္မတ္ရမယ္ ဆိုတာေတာ့ တိတိက်က် ၫႊန္ၾကားခ်က္ေတြ မေရာက္ေသးဘူး။ သိရ သေလာက္ ဒီ စီမံခ်က္က တႏိုင္ငံလုံးကို လုပ္ဖို႔ ရွိတယ္။ စီမံခ်က္ကိုလည္း ေရးဆြဲေနတုန္းပဲ။ တိုင္းအဆင့္ အေနနဲ႔က ျပည္ေထာင္စု အဆင့္က လုပ္မယ္ ဆိုေတာ့ သူတို႔ ၫႊန္ၾကားခ်က္ရမွပဲ ဆက္လက္ အေကာင္အထည္ ေဖာ္ရမွာေပါ့” ဟု သူက ရွင္းျပသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ကန႔္ဘလူၿမိဳ႕နယ္ရွိ ေျမႏုကြၽန္း ဧက ၂၀၀ ခန႔္ကို ရပ္ေက်းဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး အဖြဲ႕က တ႐ုတ္ ႏိုင္ငံသားမ်ား ပါသည့္ အဖြဲ႕ကို ဖရဲစိုက္ခင္း လုပ္ပိုင္ခြင့္ ေပးခဲ့ၿပီး၊ ရရွိသည့္ ေငြေၾကးကို ကိုယ္က်ိဳးအတြက္ အသုံးျပဳေန သျဖင့္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ထံ တိုင္ၾကားမႈမ်ား ရွိခဲ့သည္။

ယင္းျဖစ္စဥ္ကို အေျချပဳၿပီး ကန႔္ဘလူၿမိဳ႕ နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ေက်ာ္သူဟန္ထြန္း က ၿပီးခဲ့သည္ ေမလ ၁၃ရက္ တိုင္းေဒသႀကီး လႊတ္ေတာ္တြင္ ဖရဲစိုက္ခင္း ေျမငွားရမ္းမႈႏွင့္ ပတ္သက္ၿပီး ေမးျမန္း ခဲ့ရာ တိုင္းေဒသႀကီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီး ဦးကမ္ဇာမုံက တိုင္းအတြင္းရွိ စိုက္ခင္းမ်ားကို လာမည့္ စိုက္ပ်ိဳးရာသီတြင္ ၾကပ္မတ္မည့္ အေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

တ႐ုတ္လူမ်ိဳးမ်ားသည္ ၎တို႔ ကိုယ္တိုင္ ငွားရမ္းျခင္းမ်ိဳး မဟုတ္ဘဲ ျမန္မာႏိုင္ငံသား တဦးဦးကို အေျချပဳ ငွားရမ္းကာ လက္တလုံးျခား လုပ္ေနေၾကာင္း၊ ကန႔္ဘလူၿမိဳ႕နယ္အတြင္း၌ပင္ ဧက ၅၀၀ ထက္ မနည္းရွိေၾကာင္း ေဒါက္တာ ေက်ာ္သူ ဟန္ထြန္းက ဧရာဝတီကိုေျပာသည္။

“သူတို႔ေတြက ေျမလြတ္ေျမ႐ိုင္း ဥပေဒကို လက္တလုံးျခား လုပ္ၿပီး ေက်ာ္လြန္လုပ္ေနၾကတာ။ က်ေနာ့္ နယ္မွာ ျဖစ္ ေတာ့ စုံစမ္းစစ္ေဆးေရး လုပ္ၿပီး အမွန္တကယ္ ေပၚေပါက္တဲ့ အတြက္ အဲဒီ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးေရာ သက္ဆိုင္သူ ေတြကို အေရးယူခဲ့ရတယ္။ ဒါေပမယ့္ စိုက္တဲ့သူေတြကို အေရးယူတာမ်ိဳး မရွိခဲ့ဘူး။ ဒါေၾကာင့္ က်ေနာ္က ဒီလဆန္းမွာ က်င္းပတဲ့ တိုင္းလႊတ္ေတာ္မွာ ေမးခြန္းေမးေတာ့မွ ေနာက္လာမယ့္ စိုက္ပ်ိဳးရာသီမွာ ၾကပ္မတ္ ပါမယ္ ဆိုတာ ျဖစ္လာတာ” ဟု သူက ဆိုသည္။

ျမန္မာႏိုင္ငံတြင္ တ႐ုတ္ ႏိုင္ငံသားမ်ား ဖရဲသီးႏွင့္ သခြားသီးမ်ားကို ေျမငွား၍ လာေရာက္စိုက္ပ်ိဳးေနသည္မွာ ဆယ္စုႏွစ္ ၂ ခု နီးပါး ရွိေနၿပီ ျဖစ္ေၾကာင္း၊ သို႔ရာတြင္ ၎တို႔ စိုက္ပ်ိဳးသည့္ စနစ္သည္ ဓာတုပစၥည္း အသုံးျပဳမႈ မ်ားျပားသည့္ အတြက္ ေၾကာင့္ မူလေျမပိုင္ရွင္ ေတာင္သူမ်ားတြင္ အျခား သီးႏွံမ်ား ျပန္လည္ စိုက္ပ်ိဳးရန္ အခက္ေတြ႕ၾကရသည္ဟု ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမံႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳး ထုတ္လုပ္၊ တင္ပို႔ ေရာင္းခ်သူမ်ား အသင္း၏ အတြင္းေရးမႉး ဦးေက်ာ္ သူက ေျပာသည္။

ထို႔အျပင္ ယခု ေနာက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံသား ဖရဲကုန္သည္ႀကီးမ်ားက ေငြေၾကး စိုက္ထုတ္ကာ ျမန္မာႏိုင္ငံအတြင္း ေျမငွား စိုက္ပ်ိဳးၿပီး ထြက္ရွိသမွ် ဖရဲသီးမ်ားကို ယူသည့္ စနစ္ျဖင့္ လုပ္ကိုင္လာျခင္းေၾကာင္း၊ တႏွစ္ပတ္လုံး ထြက္ရွိမႈႏႈန္းႏွင့္ ေဈးကြက္ ေဈးႏႈန္း အတက္အက် ရွိေသာ္လည္း ၎တို႔တြင္ အရႈံး မရွိေၾကာင္း ဦးေက်ာ္သူက ဆက္ေျပာသည္။

တ႐ုတ္ ႏိုင္ငံသားမ်ားသည္ ျမန္မာႏိုင္ငံရွိ ပဲခူးတိုင္း၊ မေကြးတိုင္း၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္ရွိ တခ်ိဳ႕ေနရာမ်ားတြင္ ဖရဲသီးႏွင့္ သခြားသီးမ်ားကို ေျမငွား စိုက္ပ်ိဳးေနၾကေၾကာင္း ၎က ဆိုသည္။

ဦးေက်ာ္သူက “သူတို႔လာၿပီး ေျမငွားစိုက္တာ တဖက္မွာ ေကာင္းတာလည္း ရွိပါတယ္။ ဘာလဲဆိုေတာ့ က်ေနာ္တို႔ ႏိုင္ငံ ထြက္ သီးႏွံ ေဈးကြက္က တႏိုင္ငံထဲ အေပၚ မွီတည္ေနရေတာ့ ေဈးကြက္ မေပ်ာက္တဲ့ သေဘာေတာ့ ရွိတယ္။ တဖက္မွာ ဆိုးတာက ၃ ႏွစ္ေလာက္ ဒီေျမေပၚမွာ သူတို႔စိုက္ၿပီးသြားရင္ ေနာက္ ၆ ႏွစ္ေလာက္ အထိ တျခားဘာမွ စိုက္လို႔ မရေတာ့ တဲ့ အေနအထားမ်ိဳးလည္း ေတြ႕ရတယ္” ဟု ရွင္းျပသည္။

၎က ဆက္လက္၍ “ေနာက္ၿပီး သူတို႔ စိုက္နည္းက ပလက္စတစ္စေတြ အုပ္ၿပီး စိုက္တာ။ သူတို႔စိုက္ၿပီးလို႔ ထြက္သြားရင္ က်န္ခဲ့တဲ့ ပလက္စတစ္စေတြ၊ အမႈိက္ေတြက ေတာ္႐ုံနဲ႔ မေဆြးတဲ့ အခါ ေျမပ်က္တယ္။ အဲဒီအမႈိက္ေတြ ရွင္းဖို႔ေတာင္ ေတာ္ေတာ္ အခ်ိန္ယူရတယ္။ ေျမႏုကြၽန္းေတြမွာဆို ေတာ္ေသးတယ္။ ကုန္းေပၚမွာဆို ပိုဆိုးတယ္” ဟု ေျပာဆိုသည္။ တ႐ုတ္တို႔သည္ ဖရဲစိုက္ခင္းမ်ားကိုသာမက တစ္သွ်ဴး ငွက္ေပ်ာမ်ားကိုလည္း စိုက္ပ်ိဳးလွ်က္ ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာဝတီ

#Unicode Version# ျဖင့္ဖတ္ပါ ။

လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူများ အနေဖြင့် ပြည်ထောင်စု အစိုးရ ခွင့်ပြုချက် မရဘဲ မည်သည့် နိုင်ငံခြားသားများ ပါဝင် သည့် အဖွဲ့အစည်းကိုမျှ ဖရဲစိုက်ခင်းအတွက် ငှားရမ်းခြင်း မပြုရန် လာမည့် စိုက်ပျိုးရာသီမှ စတင်၍ ကြပ်မတ် ဆောင်ရွက် သွားတော့မည်ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို ပြည်ထောင်စု အဆင့်မှ စီမံချက် ရေးဆွဲနေခြင်းဖြစ်ပြီး၊ တနိုင်ငံလုံးသို့ အကျိုးသက်ရောက်စေ မည့် စီမံကိန်း ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသထံသို့ အသေးစိတ် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ညွှန်ကြားချက်များ မရောက် လာ သေးသဖြင့် လတ်တလော မပြောနိုင်သေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ လက်ထဲကို ဘယ်လို ကြပ်မတ်ရမယ် ဆိုတာတော့ တိတိကျကျ ညွှန်ကြားချက်တွေ မရောက်သေးဘူး။ သိရ သလောက် ဒီ စီမံချက်က တနိုင်ငံလုံးကို လုပ်ဖို့ ရှိတယ်။ စီမံချက်ကိုလည်း ရေးဆွဲနေတုန်းပဲ။ တိုင်းအဆင့် အနေနဲ့က ပြည်ထောင်စု အဆင့်က လုပ်မယ် ဆိုတော့ သူတို့ ညွှန်ကြားချက်ရမှပဲ ဆက်လက် အကောင်အထည် ဖော်ရမှာပေါ့” ဟု သူက ရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ မြေနုကျွန်း ဧက ၂၀၀ ခန့်ကို ရပ်ကျေးဆိုင်ရာ အုပ်ချုပ်ရေးမှူး အဖွဲ့က တရုတ် နိုင်ငံသားများ ပါသည့် အဖွဲ့ကို ဖရဲစိုက်ခင်း လုပ်ပိုင်ခွင့် ပေးခဲ့ပြီး၊ ရရှိသည့် ငွေကြေးကို ကိုယ်ကျိုးအတွက် အသုံးပြုနေ သဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ တိုင်ကြားမှုများ ရှိခဲ့သည်။

ယင်းဖြစ်စဉ်ကို အခြေပြုပြီး ကန့်ဘလူမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်း က ပြီးခဲ့သည် မေလ ၁၃ရက် တိုင်းဒေသကြီး လွှတ်တော်တွင် ဖရဲစိုက်ခင်း မြေငှားရမ်းမှုနှင့် ပတ်သက်ပြီး မေးမြန်း ခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက တိုင်းအတွင်းရှိ စိုက်ခင်းများကို လာမည့် စိုက်ပျိုးရာသီတွင် ကြပ်မတ်မည့် အကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်လူမျိုးများသည် ၎င်းတို့ ကိုယ်တိုင် ငှားရမ်းခြင်းမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံသား တဦးဦးကို အခြေပြု ငှားရမ်းကာ လက်တလုံးခြား လုပ်နေကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း၌ပင် ဧက ၅၀၀ ထက် မနည်းရှိကြောင်း ဒေါက်တာ ကျော်သူ ဟန်ထွန်းက ဧရာဝတီကိုပြောသည်။

“သူတို့တွေက မြေလွတ်မြေရိုင်း ဥပဒေကို လက်တလုံးခြား လုပ်ပြီး ကျော်လွန်လုပ်နေကြတာ။ ကျနော့် နယ်မှာ ဖြစ် တော့ စုံစမ်းစစ်ဆေးရေး လုပ်ပြီး အမှန်တကယ် ပေါ်ပေါက်တဲ့ အတွက် အဲဒီ ရပ်ကျေး အုပ်ချုပ်ရေးမှူးရော သက်ဆိုင်သူ တွေကို အရေးယူခဲ့ရတယ်။ ဒါပေမယ့် စိုက်တဲ့သူတွေကို အရေးယူတာမျိုး မရှိခဲ့ဘူး။ ဒါကြောင့် ကျနော်က ဒီလဆန်းမှာ ကျင်းပတဲ့ တိုင်းလွှတ်တော်မှာ မေးခွန်းမေးတော့မှ နောက်လာမယ့် စိုက်ပျိုးရာသီမှာ ကြပ်မတ် ပါမယ် ဆိုတာ ဖြစ်လာတာ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် တရုတ် နိုင်ငံသားများ ဖရဲသီးနှင့် သခွားသီးများကို မြေငှား၍ လာရောက်စိုက်ပျိုးနေသည်မှာ ဆယ်စုနှစ် ၂ ခု နီးပါး ရှိနေပြီ ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းတို့ စိုက်ပျိုးသည့် စနစ်သည် ဓာတုပစ္စည်း အသုံးပြုမှု များပြားသည့် အတွက် ကြောင့် မူလမြေပိုင်ရှင် တောင်သူများတွင် အခြား သီးနှံများ ပြန်လည် စိုက်ပျိုးရန် အခက်တွေ့ကြရသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်၊ တင်ပို့ ရောင်းချသူများ အသင်း၏ အတွင်းရေးမှူး ဦးကျော် သူက ပြောသည်။

ထို့အပြင် ယခု နောက်ပိုင်းတွင် တရုတ်နိုင်ငံသား ဖရဲကုန်သည်ကြီးများက ငွေကြေး စိုက်ထုတ်ကာ မြန်မာနိုင်ငံအတွင်း မြေငှား စိုက်ပျိုးပြီး ထွက်ရှိသမျှ ဖရဲသီးများကို ယူသည့် စနစ်ဖြင့် လုပ်ကိုင်လာခြင်းကြောင်း၊ တနှစ်ပတ်လုံး ထွက်ရှိမှုနှုန်းနှင့် ဈေးကွက် ဈေးနှုန်း အတက်အကျ ရှိသော်လည်း ၎င်းတို့တွင် အရှုံး မရှိကြောင်း ဦးကျော်သူက ဆက်ပြောသည်။

တရုတ် နိုင်ငံသားများသည် မြန်မာနိုင်ငံရှိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ တချို့နေရာများတွင် ဖရဲသီးနှင့် သခွားသီးများကို မြေငှား စိုက်ပျိုးနေကြကြောင်း ၎င်းက ဆိုသည်။

ဦးကျော်သူက “သူတို့လာပြီး မြေငှားစိုက်တာ တဖက်မှာ ကောင်းတာလည်း ရှိပါတယ်။ ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံ ထွက် သီးနှံ ဈေးကွက်က တနိုင်ငံထဲ အပေါ် မှီတည်နေရတော့ ဈေးကွက် မပျောက်တဲ့ သဘောတော့ ရှိတယ်။ တဖက်မှာ ဆိုးတာက ၃ နှစ်လောက် ဒီမြေပေါ်မှာ သူတို့စိုက်ပြီးသွားရင် နောက် ၆ နှစ်လောက် အထိ တခြားဘာမှ စိုက်လို့ မရတော့ တဲ့ အနေအထားမျိုးလည်း တွေ့ရတယ်” ဟု ရှင်းပြသည်။

၎င်းက ဆက်လက်၍ “နောက်ပြီး သူတို့ စိုက်နည်းက ပလက်စတစ်စတွေ အုပ်ပြီး စိုက်တာ။ သူတို့စိုက်ပြီးလို့ ထွက်သွားရင် ကျန်ခဲ့တဲ့ ပလက်စတစ်စတွေ၊ အမှိုက်တွေက တော်ရုံနဲ့ မဆွေးတဲ့ အခါ မြေပျက်တယ်။ အဲဒီအမှိုက်တွေ ရှင်းဖို့တောင် တော်တော် အချိန်ယူရတယ်။ မြေနုကျွန်းတွေမှာဆို တော်သေးတယ်။ ကုန်းပေါ်မှာဆို ပိုဆိုးတယ်” ဟု ပြောဆိုသည်။ တရုတ်တို့သည် ဖရဲစိုက်ခင်းများကိုသာမက တစ်သျှူး ငှက်ပျောများကိုလည်း စိုက်ပျိုးလျှက် ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top