အိမ္က ကေလးငယ္ေလးေတြ အစားအေသာက္ေခ်းမ်ားၿပီး ဟိုဟာမစားခ်င္၊ ဒီဟာမစားခ်င္ျဖစ္ေနပါသလား။ က်န္းမာေရးနဲ႔ ညီညႊတ္ၿပီး အာဟာရျပည့္ဝတဲ့အျပင္ သူတို႔ေလးေတြ ေခ်းမမ်ားဘဲ အႀကိဳက္ေတြ႔ၾကမယ့္ ဝက္သား အာလူးေမႊေၾကာ္ ျပဳလုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

အာလူး ၄ လံုးၾကက္သြန္ျဖဴ ၂ ျမႊာ (ပါးပါးလွီးထားပါ)၊ ၾကက္သြန္နီ ၁ လံုး (ပါးပါးလွီးထားပါ)၊ င႐ုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္း ၂ ဇြန္း ဝက္ဆားနယ္ေျခာက္ ၃ ျပားၾကက္ဥ ၄ လံုး (မထည့္လည္း ရပါတယ္)

ျပဳလုပ္နည္းအဆင့္ဆင့္

၁။ အာလူးကို အခြံခြာၿပီး စတုရန္းတံုးမ်ား တံုးထားလိုက္ပါ။ ထို႔ေနာက္ အိုးထဲထည့္ၿပီး ေရထည့္ကာ ၅ မိနစ္ခန္႔ ျပဳတ္ထားလိုက္ပါ။ အခ်ိန္ျပည့္ပါက အာလူးတံုးမ်ားကို ပန္းကန္ထဲသို႔ ဆည္ထည့္ထားလိုက္ပါ။

၂။ ဝက္ဆားနယ္ျပားမ်ားကိုလည္း တစ္စင္တီမီတာပတ္လည္ အတံုးေသးမ်ား တံုးထားလိုက္ပါ။

၃။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ကာ အာလူးနဲ႔ ဝက္ဆားနယ္ေျခာက္မ်ားကို ေၾကာ္ေပးလိုက္ပါ။ အသားႏွင့္ အာလူးမ်ား ႏူးအိလာပါက ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဆားႏွင့္ င႐ုတ္ေကာင္းတို႔ထည့္ကာ ဆက္ေမႊေပးလိုက္ပါ။ (အနံ႔ေလး ေမႊးခ်င္ တယ္ဆိုရင္ေတာ့ ပ်ဥ္းေတာ္သိမ္အရြက္ေလး ထပ္ထည့္ေပးလိုက္လို႔ ရပါတယ္။)

၄။ အရသာ အေပါ့အငန္ျမည္းၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ ပန္းကန္ထဲ ေျပာင္းထည့္ေပးလိုက္ပါ။

၅။ ၾကက္ဥ Half-Fried ဆက္ေၾကာ္ေပးရပါမယ္။ ၾကက္ဥ မထည့္တဲ့သူေတြကေတာ့ ဒီအဆင့္ကို ေက်ာ္လိုက္လို႔ရပါတယ္။

၆။ ရ႐ွိလာတဲ့ ၾကက္ဥ Half-Fried ကို ဝက္သား အာလူးေပၚမွာ တင္ထားေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ အရသာ႐ွိတဲ့ ဝက္ဆားနယ္ေျခာက္ အာလူးေၾကာ္ေလး ရ႐ွိသြားၿပီပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kitchenbowl.com

#Unicode Version# ျဖင့္ဖတ္ပါ ။

အိမ်က ကလေးငယ်လေးတွေ အစားအသောက်ချေးများပြီး ဟိုဟာမစားချင်၊ ဒီဟာမစားချင်ဖြစ်နေပါသလား။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အပြင် သူတို့လေးတွေ ချေးမများဘဲ အကြိုက်တွေ့ကြမယ့် ဝက်သား အာလူးမွှေကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး ၄ လုံးကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)၊ ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဝက်ဆားနယ်ခြောက် ၃ ပြားကြက်ဥ ၄ လုံး (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီး စတုရန်းတုံးများ တုံးထားလိုက်ပါ။ ထို့နောက် အိုးထဲထည့်ပြီး ရေထည့်ကာ ၅ မိနစ်ခန့် ပြုတ်ထားလိုက်ပါ။ အချိန်ပြည့်ပါက အာလူးတုံးများကို ပန်းကန်ထဲသို့ ဆည်ထည့်ထားလိုက်ပါ။

၂။ ဝက်ဆားနယ်ပြားများကိုလည်း တစ်စင်တီမီတာပတ်လည် အတုံးသေးများ တုံးထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ အာလူးနဲ့ ဝက်ဆားနယ်ခြောက်များကို ကြော်ပေးလိုက်ပါ။ အသားနှင့် အာလူးများ နူးအိလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ကာ ဆက်မွှေပေးလိုက်ပါ။ (အနံ့လေး မွှေးချင် တယ်ဆိုရင်တော့ ပျဉ်းတော်သိမ်အရွက်လေး ထပ်ထည့်ပေးလိုက်လို့ ရပါတယ်။)

၄။ အရသာ အပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ပန်းကန်ထဲ ပြောင်းထည့်ပေးလိုက်ပါ။

၅။ ကြက်ဥ Half-Fried ဆက်ကြော်ပေးရပါမယ်။ ကြက်ဥ မထည့်တဲ့သူတွေကတော့ ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်။

၆။ ရရှိလာတဲ့ ကြက်ဥ Half-Fried ကို ဝက်သား အာလူးပေါ်မှာ တင်ထားပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ဆားနယ်ခြောက် အာလူးကြော်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: kitchenbowl.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top