၁၉.၅.၂၀၁၉ ရက္ေန႔ ၂၃၀၀ အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ကမ္းနားအလယ္ရပ္ကြက္၊ ေအာင္ေဇယ်တံတားေဘး၌ လူတစ္ဦး လဲက်ေသဆံုးေနေၾကာင္း သတင္းေပးခ်က္အရ

အင္းစိန္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး၊ အင္းစိန္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ တာဝန္မွဴးတို႔သည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ လိႈင္သာယာၿမိဳ႕၊ (၅)ရပ္ကြက္၊ မဟာေဆြလမ္းေန ဆိုင္ကယ္ကယ္ရီေမာင္းသူ ထြန္းမင္းႏိုင္ ျဖစ္ေၾကာင္း စံုစမ္းသိရွိရၿပီး ဝဲႏို႔အံုေအာက္ ႏွင့္ ယာႏို႔အံုေအာက္တြင္ ထိုးသြင္း ဒဏ္ရာ(၁)ခ်က္စီ၊

ရင္ညြန္႔ ထိုးသြင္းဒဏ္ရာ(၁)ခ်က္ ႏွင့္ ယာပါးထိုးသြင္းဒဏ္ရာ(၁)ခ်က္တို႔ျဖင့္ ေသဆံုးေနသည္ကို စစ္ေဆး ေတြ႕ရွိရ၍ အင္းစိန္ၿမိဳ႕မရဲစခန္း (ပ)၁၂၆၄/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရွိရပါသည္။

အမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးက ျပစ္မႈက်ဴးလြန္သူအား အျမန္ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္ရြက္သြားရန္ ညႊန္ၾကားခ်က္အရ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴး၏ အနီးကပ္ႀကီးၾကပ္မႈျဖင့္ ခရိုင္မႈခင္းႏိႈမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အင္းစိန္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ အမႈမွ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိေရးေဆာင္ရြက္ခဲ့ရာ

၁၉.၅.၂၀၁၉ ရက္ေန႔ ၂၀၀၀ အခ်ိန္တြင္ ေသဆံုးသူ ထြန္းမင္းႏိုင္ ႏွင့္ ေအာင္ေလး ဆိုသူတို႔သည္ ေအာင္ေဇယ်တံတား အဆင္း၊ လိႈင္ျမစ္လမ္းမေဘး၌ စကားမ်ားရန္ျဖစ္ခဲ့ၾကေၾကာင္း သတင္းရရွိခဲ့ပါသည္။ရရွိသတင္းအရ မသကၤာသူ ေအာင္ေလး အား ၂၀.၅.၂၀၁၉ ရက္ေန႔ ၁၂၀၀ အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ကမ္းနားလမ္းအေနာက္၊ ပတၱျမားလမ္း ရွိ ၎၏ေနအိမ္မွ ဖမ္းဆီးစစ္ေမးရာ

၎သည္ ေအာင္ေဇယ်တံတားအဆင္းတြင္ ဆိုင္ကယ္ကယ္ရီ ေမာင္းႏွင္ေၾကာင္း၊ ၁၉.၅.၂၀၁၉ ရက္ေန႔ ၂၀၀၀ အခ်ိန္ခန္႔တြင္ ေနအိမ္သို႔ျပန္လာစဥ္ ေသဆံုးသူ ထြန္းမင္းႏိုင္ အား ပြတ္တိုက္မိရာမွ စကားမ်ားရန္ျဖစ္ခဲ့ၾကေၾကာင္း၊ ထို႔ေနာက္ ေနအိမ္သို႔ျပန္သြားကာ ထမင္းစားၿပီး ဆိုင္ကယ္ကယ္ရီဆြဲရန္ ျပန္လာခဲ့ေၾကာင္း၊

ေအာင္ေဇယ်တံတားအဆင္း ကားဂိတ္တြင္ ထြန္းမင္းႏိုင္ အား ေတြ႕ရွိ၍ ၎အား ရန္ျပဳမည္ဟုထင္ကာ ဆိုင္ကယ္တူးေဘာက္အတြင္း အသင့္ပါလာေသာ သံုးေျမွာင္စေကဘာအား ထုတ္၍ ထိုးခဲ့ေၾကာင္း ထြက္ဆို စစ္ေဆးေပၚေပါက္ ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္အသံုးျပဳသည့္ စေကဘာအား သိမ္းဆည္းရရွိၿပီးျဖစ္၍ ျပစ္မႈ က်ဴးလြန္သူ ေအာင္ေလး အား ဥပေဒႏွင့္အညီ အျမန္တ ရားစြဲဆိုႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon Police

#Unicode Version# ျဖင့္ဖတ္ပါ ။

၁၉.၅.၂၀၁၉ ရက်နေ့ ၂၃၀၀ အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျတံတားဘေး၌ လူတစ်ဦး လဲကျသေဆုံးနေကြောင်း သတင်းပေးချက်အရ

အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အင်းစိန်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တာဝန်မှူးတို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ လှိုင်သာယာမြို့၊ (၅)ရပ်ကွက်၊ မဟာဆွေလမ်းနေ ဆိုင်ကယ်ကယ်ရီမောင်းသူ ထွန်းမင်းနိုင် ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဝဲနို့အုံအောက် နှင့် ယာနို့အုံအောက်တွင် ထိုးသွင်း ဒဏ်ရာ(၁)ချက်စီ၊

ရင်ညွန့် ထိုးသွင်းဒဏ်ရာ(၁)ချက် နှင့် ယာပါးထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိရ၍ အင်းစိန်မြို့မရဲစခန်း (ပ)၁၂၆၄/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်သူအား အမြန်ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်းနှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ

၁၉.၅.၂၀၁၉ ရက်နေ့ ၂၀၀၀ အချိန်တွင် သေဆုံးသူ ထွန်းမင်းနိုင် နှင့် အောင်လေး ဆိုသူတို့သည် အောင်ဇေယျတံတား အဆင်း၊ လှိုင်မြစ်လမ်းမဘေး၌ စကားများရန်ဖြစ်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။ရရှိသတင်းအရ မသင်္ကာသူ အောင်လေး အား ၂၀.၅.၂၀၁၉ ရက်နေ့ ၁၂၀၀ အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားလမ်းအနောက်၊ ပတ္တမြားလမ်း ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးစစ်မေးရာ

၎င်းသည် အောင်ဇေယျတံတားအဆင်းတွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်ကြောင်း၊ ၁၉.၅.၂၀၁၉ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နေအိမ်သို့ပြန်လာစဉ် သေဆုံးသူ ထွန်းမင်းနိုင် အား ပွတ်တိုက်မိရာမှ စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ ထို့နောက် နေအိမ်သို့ပြန်သွားကာ ထမင်းစားပြီး ဆိုင်ကယ်ကယ်ရီဆွဲရန် ပြန်လာခဲ့ကြောင်း၊

အောင်ဇေယျတံတားအဆင်း ကားဂိတ်တွင် ထွန်းမင်းနိုင် အား တွေ့ရှိ၍ ၎င်းအား ရန်ပြုမည်ဟုထင်ကာ ဆိုင်ကယ်တူးဘောက်အတွင်း အသင့်ပါလာသော သုံးမြှောင်စကေဘာအား ထုတ်၍ ထိုးခဲ့ကြောင်း ထွက်ဆို စစ်ဆေးပေါ်ပေါက် ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် စကေဘာအား သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ အောင်လေး အား ဥပဒေနှင့်အညီ အမြန်တ ရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Yangon Police
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top