ထားဝယ္ၿမိဳ႕နယ္၌ မိုးႀကိဳးပစ္ခံရ၍ အမ်ိဳးသား ၂ ဦးေသ၊ ၄ ဦး ဒဏ္ရာရ
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမဳိ႕နယ္တြင္ မေန႔ညေနပိုင္းက လူ ၆ ေယာက္ မိုးႀကိဳးပစ္ခံရၿပီး ၂ ေယာက္ ေသဆံုးသြားတယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။
ထားဝယ္ၿမိဳ႕နယ္၊ ေရာင္းေမာ္ရြာနားက အုတ္ဖိုမွာ အလုပ္လုပ္ေနတဲ့ အမ်ိဳးသား ၆ ေယာက္ကို ညေန ၃ နာရီခြဲေက်ာ္က မိုးႀကဳိးပစ္ခံခဲ့ရတာျဖစ္ၿပီး ၂ ေယာက္ကေတာ့ ေနရာမွာပဲ ေသဆံုးသြားတာပါ။
က်န္တဲ့ ၄ ေယာက္ကေတာ့ ခႏၶာကိုယ္မွာ ဒဏ္ရာေတြရၿပီး ထားဝယ္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ထားရတယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဧၿပီကေန ၂၀၁၈ ခုႏွစ္ မတ္လအတြင္း မုိးႀကိဳးပစ္မႈ ၁၀၉ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး လူ ၁၁၁ ေယာက္ ေသဆံုးကာ ဒဏ္ရာရရွိသူ ၃၉ ေယာက္ရွိတယ္လို႔ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာထားဖူးပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် မနေ့ညနေပိုင်းက လူ ၆ ယောက် မိုးကြိုးပစ်ခံရပြီး ၂ ယောက် သေဆုံးသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာနားက အုတ်ဖိုမှာ အလုပ်လုပ်နေတဲ့ အမျိုးသား ၆ ယောက်ကို ညနေ ၃ နာရီခွဲကျော်က မိုးကြိုးပစ်ခံခဲ့ရတာဖြစ်ပြီး ၂ ယောက်ကတော့ နေရာမှာပဲ သေဆုံးသွားတာပါ။
ကျန်တဲ့ ၄ ယောက်ကတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရပြီး ထားဝယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီကနေ ၂၀၁၈ ခုနှစ် မတ်လအတွင်း မိုးကြိုးပစ်မှု ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၁၁ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူ ၃၉ ယောက်ရှိတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောထားဖူးပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb