ဒီေန႔ဟာ ဧရာဝတီျမစ္ဝ ကြၽန္းေပၚေဒသတစ္ေလွ်ာက္ လူေပါင္းသိန္းခ်ီေသဆံုးခဲ့တဲ့ နာဂစ္မုန္တိုင္းတိုက္ခတ္ခဲ့တာ ၁၁ ႏွစ္ျပည့္ေျမာက္တဲ့ေန႔ပါ။ ႀကိဳတင္အသိေပးမႈ၊ ျပင္ဆင္မႈ၊ ကာကြယ္မႈ အားနည္းခဲ့လို႔ လိုအပ္တာထက္ လူ႔အသက္ေပါင္းမ်ားစြာ ေသဆံုး ခဲ့တဲ့ နာဂစ္မုန္တိုင္းကာလမွာ အ ျပင္ေလာကက ကူကယ္ရာမဲ့ဘဝ ေတြလို အုတ္နံရံေလးဖက္ၾကား က ကူကယ္ရာမဲ့ဘဝေတြလည္း ရွိခဲ့ပါတယ္။ ဒီအေၾကာင္းကေတာ့ လူသိနည္းခဲ့ပါတယ္။ ဒါေပမဲ့ နာ ဂစ္မုန္တိုင္းကာလမွာ အင္းစိန္ ေထာင္အတြင္း ေထာင္ဆူပူမႈနဲ႔ ကိုလိုနီေခတ္လက္က်န္ အခ်ဳပ္ ေဆာင္ေဟာင္းႀကီး မီး႐ႈိ႕ဖ်က္ဆီး ခံရမႈကေတာ့ အမွန္တကယ္ကို ျဖစ္ပ်က္ခဲ့ပါတယ္။ ထိုေန႔က …

တစ္ခါမွ ဒီေလာက္ျပင္းထန္ တဲ့ ေလျပင္းတိုက္ခတ္မႈနဲ႔ မိုးရြာ သြန္းမႈကို မႀကံဳဖူးပါဘူး။ ဟင္း လင္းလိုျဖစ္ေနတဲ့ သံတိုင္ၾကားနဲ႔ ဘာယာတန္းၾကားကေန ေလ ျပင္းနဲ႔အတူ မိုးေရစက္ေတြဟာ ဒလေဟာကို အခန္းထဲဝင္ေရာက္ ေနခဲ့ပါတယ္။ ေလျပင္းနဲ႔ မိုးေရ စက္ေတြဒဏ္ကို အခန္းတြင္းရွိၾက တဲ့ အက်ဥ္းသားေတြ ျပင္းျပင္း ထန္ထန္ခံစားေနရပါတယ္။ အ ခ်ိန္က သန္းေခါင္ယံအလြန္ ၁ နာရီခန္႔ျဖစ္တာမို႔ အားလံုးအိပ္ ေကာင္းခ်ိန္ပါ။

ေလျပင္းနဲ႔ မိုးဒဏ္ေၾကာင့္ ဘယ္သူမွ အိပ္လို႔မရပါဘူး။ အ ေဆာင္တစ္ခုလံုး မိုးေရေတြရႊဲစိုေန ပါတယ္။ ေလျပင္းနဲ႔ မိုးဒဏ္လြတ္ ကင္းတဲ့ ေနရာမရွိတဲ့အတြက္ အ က်ဥ္းသားအားလံုးဟာ ေလျပင္း တိုက္ခတ္ေနတဲ့ၾကား၊ အခန္းထဲ အဆက္မျပတ္ဝင္လာေနတဲ့ မိုး ေရစက္ေတြၾကားမွာ ႂကြက္စုတ္ ေတြလို ျဖစ္ေနခဲ့ပါတယ္။

အခ်ဳပ္ေဆာင္ ပိတ္ခ်ိန္ မ တိုင္မီ ညေနပိုင္းက မုန္တိုင္းရွိ တယ္ဆိုၿပီး ေထာင္အာဏာပိုင္ ေတြက အေဆာင္ကိုေစာေစာပိတ္ တာကလြဲရင္ အခုတိုက္ခတ္ေနတဲ့ ေလျပင္း၊ ရြာသြန္းေနတဲ့မိုးနဲ႔ ပတ္ သက္လို႔ ထူးထူးျခားျခား ဘာမွမ ေျပာထားတာမို႔ အားလံုးကလည္း ဘာမွ ႀကိဳတင္ျပင္ဆင္မထားခဲ့ပါ ဘူး။

ေလျပင္းနဲ႔ မိုးကဆိုးရြား သည္ထက္ ဆိုးရြားလာပါတယ္။ ေလျပင္းေၾကာင့္ အေဆာင္ေဘး မွာရွိတဲ့ ေညာင္ပင္ႀကီးလဲၿပိဳက် သြားပါတယ္။ အေဆာင္ေခါင္မိုး သြပ္ျပားေတြ ျပဳတ္လန္ထြက္ကုန္ ပါတယ္။ အေဆာင္တစ္ခုလံုးဝုန္း ဒိုင္းႀကဲျဖစ္ေနပါတယ္။

ဟိုဘက္အခန္း၊ ဒီဘက္အ ခန္းေတြဆီက ေအာ္သံေခၚသံ တခ်ိဳ႕ ထြက္လာပါတယ္။ ယခုအ ခ်ဳပ္ေဆာင္ (၁) က အဂၤလိပ္ ေခတ္ လက္က်န္ႏွစ္ထပ္ေဆာင္ ျဖစ္ပါတယ္။ အေပၚမွာ စုစုေပါင္း အခန္းရွစ္ခန္းရွိၿပီး ေအာက္ထပ္ မွာလည္း စုစုေပါင္းအခန္းရွစ္ခန္း ရွိပါတယ္။ အေဆာင္ခန္းတစ္ခန္း ကို အက်ဥ္းသား ၄၀ နဲ႔ ၅၀ ၾကား ရွိပါတယ္။ အေပၚထပ္ ေအာက္ ထပ္ အေဆာင္ထဲမွာရွိၾကတဲ့ လူ ေတြအကုန္လံုး မိုးေရစိုရႊဲၿပီးေအး စက္တုန္ခိုက္ေနၾကပါတယ္။

မနက္လင္းအားႀကီး ၁ နာ ရီေလာက္ကတည္းက တိုက္ခတ္ ရြာသြန္းေနတဲ့ ေလျပင္းနဲ႔မိုးဟာ အ႐ုဏ္တက္လင္းလုလာခ်ိန္ ထိ မရပ္ပါဘူး။ ျပင္းျပင္းထန္ထန္ တိုက္ခတ္ရြာသြန္းေနပါတယ္။ အ ေဆာင္ခန္းအတြင္းရွိၾကတဲ့ အ က်ဥ္းသားေတြလည္း ခ်မ္းေအး ခိုက္တုန္ၿပီး ေျခလက္ေတြအေရခြံ တြန္႔တဲ့ထိ ျပာႏွမ္းေအးစက္တဲ့ ဒဏ္ကို ခံစားေနၾကရပါတယ္။

ထိုအခ်ိန္ထိ ေထာင္အာဏာ ပိုင္ေတြ၊ တာဝန္ရွိသူေတြရဲ႕ အ ရိပ္အေယာင္ကို မျမင္ေတြ႕ရပါ ဘူး။ အခန္းထဲရွိတဲ့ အက်ဥ္းသား ေတြဟာ ကိုယ့္ကိုယ္ကိုယ္အဆင္ ေျပေႏြးေထြးေအာင္ ႀကံဖန္ေန ထိုင္ဖို႔ အိပ္ရာခင္းေတြ၊ ေစာင္ ေတြ၊ အဝတ္ေတြနဲ႔ ရွာႀကံဖန္တီး ၾကေပမယ့္ ထိုအရာေတြအကုန္ လံုးလည္း မိုုးေရစိုရႊဲေနခဲ့တာမို႔ ေႏြးေထြးေအာင္ မစြမ္းႏိုင္ခဲ့ပါ ဘူး။

ေရေႏြး၊ ေရေႏြးဆိုၿပီး ေအာ္ သံေတြ အေပၚထပ္၊ ေအာက္ထပ္ အခန္းတိုင္းလိုက ထြက္ေပၚလာ ပါတယ္။ ခဏေနေတာ့ ဘယ္အ ခန္းက စလိုက္မွန္းမသိ ‘ကမၻာမ ေၾက’ သီခ်င္းဆိုသံေတြ ထြက္ေပၚ လာပါတယ္။ တစ္ေဆာင္လံုး ကမၻာမေၾကသီခ်င္းဆိုသံေတြ ဆက္တိုက္ထြက္လာပါတယ္။ သီ ခ်င္းဆိုလိုက္တာ နည္းနည္းေႏြးပံု ရတယ္ ထင္ပါတယ္။ တစ္ေက်ာ့ ၿပီးတစ္ေက်ာ့၊ တစ္ခဏၿပီးတစ္ ခဏ ကမၻာမေၾကသီခ်င္းကို ဆို ၾကပါတယ္။

မနက္လင္းလာၿပီျဖစ္ပါ တယ္။ ေလၿငိမ္သြားေပမယ့္ မိုး ကေတာ့ ဆက္လက္ရြာေနဆဲပါ ပဲ။ မိုးေရစိုရႊဲတာရယ္။ ေလျပင္း တိုက္ခတ္မႈဒဏ္ကို ခံခဲ့ရတာရယ္ ေၾကာင့္ လူေတြကေတာ္ေတာ္ ေလးကို ေအးစက္ေနၾကပါတယ္။ ေအးလြန္းတဲ့ဒဏ္ကို မခံစားႏိုင္ ၾကတဲ့ အခ်ဳပ္သားေတြဟာ တ ျဖည္းျဖည္းဆူလာၾကပါတယ္။ အ ေဆာင္အတြင္းမွာ ကမၻာမေၾကသီ ခ်င္းဆိုသံေတြ၊ ဆူညံေအာ္ဟစ္ သံေတြ ပိုမိုက်ယ္ေလာင္လာပါ တယ္။

ဖိႏွိပ္ခံရမႈေတြ၊ အႏိုင္က်င့္ ဗိုလ္က်ခံရမႈ၊ စိတ္ဖိစီးမႈ၊ မေက် နပ္မႈ၊ အလိုမက်မႈစတဲ့ မ်ိဳသိပ္ ထားတာေတြဟာ ခံစားေနရတဲ့ အေအးလြန္ကဲတဲ့ဒဏ္နဲ႔အတူ တ ျဖည္းျဖည္းေပါက္ကြဲထြက္လာပါ တယ္။ ကမၻာမေၾက သီခ်င္းဆိုသံ ေပ်ာက္သြားၿပီး ေအာ္ဟစ္သံေတြ ပိုမိုဆူညံလာပါတယ္။ အေဆာင္ ဘာယာတန္းကို ခ်ိဳးဖ်က္ၿပီး အ က်ဥ္းသားေတြ အခန္းအျပင္ကို ထြက္လာၾကပါတယ္။ အေဆာင္ အခန္းတံခါးေသာ့ ခ်ိဳးဖ်က္မႈေတြ စတင္လာပါတယ္။

အေဆာင္ဘာယာတန္းခ်ိဳး ၿပီး ထြက္လာၾကတဲ့ အက်ဥ္းသား တခ်ိဳ႕ေၾကာင့္ အခန္းထဲရွိတဲ့ သူ ေတြဟာ ပိုၿပီးေသြးႂကြဆူပူလာပါ တယ္။ ေသြးဆူလြယ္ၾကတဲ့တခ်ိဳ႕ အခ်ဳပ္သားေတြဟာ တျခားသူ ေတြလိုပဲ ကိုယ့္အခန္းရဲ႕ ဘာယာ တန္းကို ခ်ိဳးဖ်က္ဖို႔ လုပ္လာၾကပါ တယ္။

အခန္းျပင္ေရာက္ေနၾကသူ ေတြကလည္း က်ိဳးေနတဲ့ဘာယာ တန္းကို အသံုးျပဳၿပီး အေဆာင္ ခန္းတံခါး ေသာ့ခေလာက္ေတြကို ဖ်က္ဆီးဖို႔ လုပ္လာပါတယ္။ ည က တိုက္ခတ္ခဲ့တဲ့ေလျပင္းမုန္ တိုင္းဟာ လူေတြအျဖစ္အသြင္ ေျပာင္းသြားသလိုပါပဲ။ အခ်ဳပ္ သားေတြဟာ ဘာယာတန္းေတြ ခ်ိဳးဖ်က္ၾက၊ အခန္းတံခါးေသာ့ ေတြကို ဖ်က္ဆီးၾက၊ ဘာယာတန္းသစ္သားေခ်ာင္းေတြကို လက္မွာအဝတ္နဲ႔ပတ္ခ်ည္ၿပီး ေထာင္အာဏာပိုင္ေတြကို ပ်စ္ပ်စ္ႏွစ္ႏွစ္ဆဲဆိုၾကနဲ႔ ကမၻာပ်က္သလို ဝုန္းဒိုင္းႀကဲျဖစ္ေနခဲ့ပါတယ္။

အေျခအေနက ဆိုးသထက္ ဆိုးလာပါတယ္။ အေပၚထပ္မွာရွိ တဲ့ အခန္းအားလံုးနီးပါး ဘာယာ တန္းေတြက်ိဳးပ်က္ကုန္ၿပီျဖစ္ပါ တယ္။ ဝရန္တာၾကမ္းခင္းကို ဖ်က္ဆီးၿပီး တခ်ိဳ႕က အေဆာင္ ေအာက္ထပ္ကို ဆင္းသြားၾကပါ တယ္။ အေဆာင္ေအာက္ထပ္က အခန္းတံခါးေတြလည္း ပြင့္ကုန္ ၿပီး ေအာက္ထပ္အခန္းေတြက လူေတြ ဝရန္တာၾကမ္းခင္း အ ေပါက္ကေန အေပၚကို တက္လာ ၾကပါတယ္။ အေပၚထပ္ကအခ်ဳပ္ သားေတြ တစ္ေယာက္ၿပီးတစ္ ေယာက္ ေအာက္ထပ္ကိုဆင္း သြားၾကပါတယ္။ အေျခအေနဟာ အားလံုး႐ႈပ္ေထြးၿပီး ဘယ္လိုမွ ထိန္းမရေအာင္ ျဖစ္ေနခဲ့ပါတယ္။

အခ်ဳပ္သားေတြရဲ႕ မေက် နပ္မႈ ေဒါသေသြးေတြဟာ ဆူပြက္ ေနခဲ့ၿပီး အေဆာင္တစ္ခုလံုး ပြက္ ေလာ႐ိုက္ေနခဲ့ပါတယ္။ ထိုအေျခ အေနေရာက္တဲ့အခ်ိန္ထိ ေထာင္ အာဏာပိုင္တစ္ဦးတစ္ေယာက္မွ အေျခအေနကို ထိန္းသိမ္းဖို႔၊ ေျဖ ရွင္းဖို႔ လာေရာက္ခဲ့ျခင္းမရွိပါဘူး။ ေထာင္အာဏာပိုင္ေတြ ေရာက္ မလာျခင္းက အက်ဥ္းသားေတြ ကိုပိုၿပီး ေသြးဆူထႂကြေစခဲ့ပါ တယ္။ ထိုအခ်ိန္မွာ အခ်ဳပ္သား ေတြရဲ႕ ေတာင္းဆိုမႈဟာ ေရေႏြးပူ ပူသာျဖစ္ပါတယ္။ ထိုေတာင္းဆို မႈကို ေထာင္အာဏာပိုင္ေတြက အေရးယူေဆာင္ရြက္ေပးမႈ မရွိခဲ့ ရာက ခုလို ေထာင္ဆူပူမႈထိျဖစ္ လာေစခဲ့တာပါ။

အျပင္ဘက္ ဝရန္တာတစ္ ေလွ်ာက္ အပ်က္အစီးေတြက ေန ရာအႏွံ႔ျဖစ္ပါတယ္။ ဝရန္တာ ၾကမ္းခင္းကို ခ်ိဳးဖ်က္ၿပီး ေဖာက္ ထားတဲ့အေပါက္ေတြလည္း အ မ်ားႀကီးပါပဲ။ ထိုအေပါက္ေတြက ေန အတက္၊ အဆင္းလုပ္ေနၾက သူေတြ၊ သစ္သားတုတ္ေတြကို ကိုင္ၿပီး ေထာင္အာဏာပိုင္တာ ဝန္ရွိသူေတြ အေဆာင္ေပၚတက္ လာရင္ ႐ိုက္ႏွက္ဖို႔ ေသြးႂကြေနသူ ေတြ၊ ဝရန္တာသံတိုင္ေတြကိုအ ဝတ္နဲ႔လိမ္ၿပီး လူတစ္ကိုယ္ထြက္ လို႔ရေအာင္ လုပ္ေဆာင္ေနၾကသူ ေတြနဲ႔ အေဆာင္တစ္ခုလံုး ငရဲ ပ်က္ေနခဲ့ပါတယ္။ ထိုအခ်ိန္မွာပဲ အေဆာင္ပတ္ပတ္လည္ကို ဝတ္ စံုျပည့္ဝတ္ဆင္ထားတဲ့ ေထာင္ဝါ ဒါေတြက ေနရာယူလိုက္ပါတယ္။ အားလံုးလက္ထဲမွာ နံပါတ္တုတ္၊ ေသနတ္ကိုယ္စီနဲ႔ ျဖစ္ပါတယ္။ ေသနတ္ေတြနဲ႔ ေထာင္ဝါဒါေတြ ေနရာယူတာေတြ႕ေတာ့ အခ်ဳပ္ သားေတြဟာ ပိုမိုထႂကြဆူပူလာ ခဲ့ပါတယ္။

သိပ္မၾကာခင္မွာ အက်ဥ္း သားေတြရဲ႕ ေအာ္ဟစ္ဆူပူသံနဲ႔အ တူ ေသနတ္သံေတြစတင္ၾကား လာရပါတယ္။ အစပိုင္းေသနတ္ ပစ္ခတ္သံ ေလး၊ ငါးခ်က္စၾကား ရပါတယ္။ ေနာက္ပိုင္းဆက္တိုက္ ဆိုသလို ေသနတ္သံေတြ ၾကား လာရပါတယ္။ ခ်ကြာ၊ ခ်၊ မီး႐ႈိ႕ ပစ္၊ မီး႐ႈိ႕ပစ္စတဲ့ အခ်ဳပ္သားေတြ ရဲ႕ ေအာ္ဟစ္သံေတြ ပိုမိုဆူညံလာ ပါတယ္။ အေျခအေနက အဆိုး ရြားဆံုးအဆင့္ကို ေရာက္ရွိလာခဲ့ ပါတယ္။

‘‘ထြက္ၾက… ထြက္ၾကေဟ့။ အေဆာင္မီးေလာင္ေနၿပီ။ အ ေဆာင္မီးေလာင္ေနၿပီ’‘

ေသနတ္သံေတြ၊ ေအာ္ဟစ္ သံေတြၾကားမွာပဲ အေဆာင္မီး ေလာင္ေနတဲ့အေၾကာင္း ေအာ္သံ ထြက္လာပါတယ္။

ေအာ္သံေတြနဲ႔အတူ မီးခိုး လံုးေတြလည္း လံုးခနဲဝင္လာပါ တယ္။ အေဆာင္မီးေလာင္ေနၿပီမို႔ ရွိသမွ်လူအားလံုးက အျပင္ကို ထြက္ဖို႔လုပ္လာၾကပါတယ္။ အ ျပင္ထြက္ဖို႔ လုပ္လာတဲ့အခ်ဳပ္ သားေတြကို ထိပ္ဆံုးခန္းျဖစ္တဲ့ အခန္း (၁) ထဲမွာ စုထားပါတယ္။ အခ်ဳပ္သားအားလံုးအခန္း (၁) ထဲ စုစည္းၿပီးခ်ိန္မွာ အခန္းတံခါး ေသာ့ကို အျပင္ဘက္ကေန ေထာင္ဝါဒါေတြက ခတ္ပိတ္ လိုက္ပါတယ္။ အခန္းတံခါးကို ေသာ့ခတ္လိုက္တယ္လို႔ သိလိုက္ တဲ့အခါ အထဲမွာရွိတဲ့သူေတြ အားလံုးစိုးရြံ႕တုန္လႈပ္ကုန္ၾကပါ တယ္။

‘‘မီးေလာင္ေနၿပီ၊ မီးေလာင္ ေနၿပီ တံခါးဖြင့္ေပး။ မီးေလာင္ေန ၿပီ တံခါးလာဖြင့္ေပး’’

ေအာ္ဟစ္သံေတြဟာ ငရဲ ပ်က္တဲ့အလား အခန္းထဲဆူညံေန ပါတယ္။ မီးက မီးခိုးလံုးတင္မက မီးၫြန္႔ပါအခန္း (၂) ထိကို ကူး စက္လာေနၿပီ။ ကြၽန္ေတာ္တို႔ကို ေသာ့ပိတ္ထားတဲ့အခန္း (၁) ဆီ ထိပါ ကူးစက္စျပဳလာပါတယ္။ အခန္းထဲမွာလည္း မီးခိုးလံုးေတြနဲ႔ ေမွာင္မိုက္ေနၿပီး အသက္႐ွဴရခက္ လာပါတယ္။

‘‘မီးေလာင္ေနၿပီ။ တံခါးလာ ခြင့္ေပး။ ဒီမွာအားလံုးေသကုန္ ေတာ့မယ္။ တံခါးဖြင့္ေပး၊ တံခါး ဖြင့္ေပး’’

အခန္းထဲက အခ်ဳပ္သား ေတြရဲ႕ ေအာ္ဟစ္သံက တကယ့္ ကို ငရဲပြက္သလိုပါပဲ။ မီးကလူ အားလံုး စုစည္းထည့္ထားတဲ့အ ခန္း (၁) ထိ ကူးစက္လာပါတယ္။ တံခါးေသာ့ဖြင့္ေပးဖို႔ ေအာ္ဟစ္ ေတာင္းဆိုသံေတြ ပိုၿပီးဆူညံလာ ပါတယ္။ တခ်ိဳ႕ အသက္ႀကီးတဲ့ အက်ဥ္းသားေတြ မီးခိုးမႊန္ၿပီး လဲ က်ကုန္ပါတယ္။ မီးခိုးေတြက ဘယ္လိုမွ အသက္႐ွဴမရေအာင္ ပိုမ်ားလာပါတယ္။ မီးကလည္း သစ္သားနံရံေတြကို စတင္စြဲ ေလာင္ေနၿပီျဖစ္ပါတယ္။ ထိုအ ခ်ိန္တိုင္ေအာင္ ေထာင္အာဏာ ပိုင္ေတြ ေရာက္မလာပါဘူး။ ေအာ္သံေတြက တကယ့္ကို ငရဲ ပ်က္သလိုပါပဲ။ တစ္ေယာက္ၿပီး တစ္ေယာက္ မီးခိုးမႊန္ၿပီး လဲက် ကုန္ပါတယ္။ မီးကလည္း တ ျဖည္းျဖည္း အရွိန္ျမင့္လာေနပါ တယ္။ မီးပူရွိန္က ခႏၶာကိုယ္ထိ လာဟပ္ပူေလာင္ေနၿပီျဖစ္ပါ တယ္။ အခန္းထဲမွာလည္း မီးခိုး မႊန္ၿပီး ေခ်ာင္းဆိုးသူေတြ၊ လဲက် သူေတြ၊ အခန္းတံခါးေသာ့လာ ဖြင့္ေပးဖို႔ ေအာ္ဟစ္သံေတြနဲ႔ တကယ့္ကို ေသြးပ်က္ေခ်ာက္ခ်ား စရာ ျဖစ္ေနခဲ့ပါတယ္။

ထိုအခ်ိန္မွာ ေထာင္အာ ဏာပိုင္တစ္ေယာက္ေျပးလာၿပီး အခန္းေသာ့လာဖြင့္ေပးပါတယ္။ ေသာ့ပြင့္သြားၿပီဆိုတာနဲ႔ အားလံုး အျပင္ကို အလုအယက္တိုးေဝွ႔ ေျပးထြက္ၾကပါတယ္။ အျပင္ကို ေျပးထြက္လာတဲ့ အက်ဥ္းသားကို နံပါတ္တုတ္ကိုင္ၿပီး အသင့္ေစာင့္ ေနတဲ့ ေထာင္ဝါဒါေတြက ဆီး ႐ိုက္ပါတယ္။

‘‘ထိုင္ … ထုိင္ … အဲဒီမွာ ထိုင္။ ေခါင္းငံု႔ထား။ တစ္ေယာက္ မွ ေခါင္းမေထာင္နဲ႔ေနာ္။ မင္း အေမ×××ေတြ မဟုတ္ဘူး။ ငါ×××ေတြ။

ေထာင္ဝါဒါေတြက ထြက္ လာသမွ် လူတိုင္းကို ဆဲဆို႐ိုက္ ႏွက္ပါတယ္။ ပံုစံထိုင္ခိုင္းပါ တယ္။ တခ်ိဳ႕အက်ဥ္းသားေတြကို သီးျခားဆြဲေခၚသြားပါတယ္။ ထို အခ်ိန္မွာ ဘယ္သူမွ ပါးစပ္နဲ႔ စကားမေျပာေတာ့ပါဘူး။ အရာ အားလံုးကို နံပါတ္တုတ္႐ိုက္ခ်က္ ေတြနဲ႔ပဲ သိေစတာျဖစ္ပါတယ္။ နံပါတ္တုတ္ကိုင္ထားတဲ့ ေထာင္ ဝါဒါေတြ၊ ႏွစ္ႀကီးအက်ဥ္းသား ေတြက ထြက္လာတဲ့အခ်ဳပ္သား ေတြကို ႐ိုက္ႏွက္ၿပီး ပံုစံထိုင္ခိုင္း၊ ေနရာခ်ထားပါတယ္။

အေဆာင္ (၁) တစ္ခုလံုးကို ေတာ့ မီးက အလွ်ံညီးညီး ဝါးမ်ိဳ ေတာက္ကုန္ေနၿပီ ျဖစ္ပါတယ္။ မီးေတာက္မီးၫြန္႔ေတြဟာ အ ေဆာင္ (၁) တစ္ခုလံုး ဖံုးလႊမ္းေန ခဲ့ပါတယ္။ သိပ္မၾကာမီမွာပဲ အ ေဆာင္ (၁) ေခါင္မိုးတစ္ခုလံုး ဝုန္းခနဲ အိလဲၿပိဳက်သြားၿပီး တ ဟုန္းဟုန္းမီးေတာက္ေတြဟာ အင္းစိန္ေထာင္တြင္း ကိုလိုနီ ေခတ္လက္က်န္တစ္ခုတည္းသာ အခ်ဳပ္ေဆာင္ တစ္ခုလံုးကို ဝါးမ်ိဳ ဖ်က္ဆီးပစ္လိုက္ပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီနေ့ဟာ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတစ်လျှောက် လူပေါင်းသိန်းချီသေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာ ၁၁ နှစ်ပြည့်မြောက်တဲ့နေ့ပါ။ ကြိုတင်အသိပေးမှု၊ ပြင်ဆင်မှု၊ ကာကွယ်မှု အားနည်းခဲ့လို့ လိုအပ်တာထက် လူ့အသက်ပေါင်းများစွာ သေဆုံး ခဲ့တဲ့ နာဂစ်မုန်တိုင်းကာလမှာ အ ပြင်လောကက ကူကယ်ရာမဲ့ဘဝ တွေလို အုတ်နံရံလေးဖက်ကြား က ကူကယ်ရာမဲ့ဘဝတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်းကတော့ လူသိနည်းခဲ့ပါတယ်။ ဒါပေမဲ့ နာ ဂစ်မုန်တိုင်းကာလမှာ အင်းစိန် ထောင်အတွင်း ထောင်ဆူပူမှုနဲ့ ကိုလိုနီခေတ်လက်ကျန် အချုပ် ဆောင်ဟောင်းကြီး မီးရှို့ဖျက်ဆီး ခံရမှုကတော့ အမှန်တကယ်ကို ဖြစ်ပျက်ခဲ့ပါတယ်။ ထိုနေ့က …

တစ်ခါမှ ဒီလောက်ပြင်းထန် တဲ့ လေပြင်းတိုက်ခတ်မှုနဲ့ မိုးရွာ သွန်းမှုကို မကြုံဖူးပါဘူး။ ဟင်း လင်းလိုဖြစ်နေတဲ့ သံတိုင်ကြားနဲ့ ဘာယာတန်းကြားကနေ လေ ပြင်းနဲ့အတူ မိုးရေစက်တွေဟာ ဒလဟောကို အခန်းထဲဝင်ရောက် နေခဲ့ပါတယ်။ လေပြင်းနဲ့ မိုးရေ စက်တွေဒဏ်ကို အခန်းတွင်းရှိကြ တဲ့ အကျဉ်းသားတွေ ပြင်းပြင်း ထန်ထန်ခံစားနေရပါတယ်။ အ ချိန်က သန်းခေါင်ယံအလွန် ၁ နာရီခန့်ဖြစ်တာမို့ အားလုံးအိပ် ကောင်းချိန်ပါ။

လေပြင်းနဲ့ မိုးဒဏ်ကြောင့် ဘယ်သူမှ အိပ်လို့မရပါဘူး။ အ ဆောင်တစ်ခုလုံး မိုးရေတွေရွှဲစိုနေ ပါတယ်။ လေပြင်းနဲ့ မိုးဒဏ်လွတ် ကင်းတဲ့ နေရာမရှိတဲ့အတွက် အ ကျဉ်းသားအားလုံးဟာ လေပြင်း တိုက်ခတ်နေတဲ့ကြား၊ အခန်းထဲ အဆက်မပြတ်ဝင်လာနေတဲ့ မိုး ရေစက်တွေကြားမှာ ကြွက်စုတ် တွေလို ဖြစ်နေခဲ့ပါတယ်။

အချုပ်ဆောင် ပိတ်ချိန် မ တိုင်မီ ညနေပိုင်းက မုန်တိုင်းရှိ တယ်ဆိုပြီး ထောင်အာဏာပိုင် တွေက အဆောင်ကိုစောစောပိတ် တာကလွဲရင် အခုတိုက်ခတ်နေတဲ့ လေပြင်း၊ ရွာသွန်းနေတဲ့မိုးနဲ့ ပတ် သက်လို့ ထူးထူးခြားခြား ဘာမှမ ပြောထားတာမို့ အားလုံးကလည်း ဘာမှ ကြိုတင်ပြင်ဆင်မထားခဲ့ပါ ဘူး။

လေပြင်းနဲ့ မိုးကဆိုးရွား သည်ထက် ဆိုးရွားလာပါတယ်။ လေပြင်းကြောင့် အဆောင်ဘေး မှာရှိတဲ့ ညောင်ပင်ကြီးလဲပြိုကျ သွားပါတယ်။ အဆောင်ခေါင်မိုး သွပ်ပြားတွေ ပြုတ်လန်ထွက်ကုန် ပါတယ်။ အဆောင်တစ်ခုလုံးဝုန်း ဒိုင်းကြဲဖြစ်နေပါတယ်။

ဟိုဘက်အခန်း၊ ဒီဘက်အ ခန်းတွေဆီက အော်သံခေါ်သံ တချို့ ထွက်လာပါတယ်။ ယခုအ ချုပ်ဆောင် (၁) က အင်္ဂလိပ် ခေတ် လက်ကျန်နှစ်ထပ်ဆောင် ဖြစ်ပါတယ်။ အပေါ်မှာ စုစုပေါင်း အခန်းရှစ်ခန်းရှိပြီး အောက်ထပ် မှာလည်း စုစုပေါင်းအခန်းရှစ်ခန်း ရှိပါတယ်။ အဆောင်ခန်းတစ်ခန်း ကို အကျဉ်းသား ၄၀ နဲ့ ၅၀ ကြား ရှိပါတယ်။ အပေါ်ထပ် အောက် ထပ် အဆောင်ထဲမှာရှိကြတဲ့ လူ တွေအကုန်လုံး မိုးရေစိုရွှဲပြီးအေး စက်တုန်ခိုက်နေကြပါတယ်။

မနက်လင်းအားကြီး ၁ နာ ရီလောက်ကတည်းက တိုက်ခတ် ရွာသွန်းနေတဲ့ လေပြင်းနဲ့မိုးဟာ အရုဏ်တက်လင်းလုလာချိန် ထိ မရပ်ပါဘူး။ ပြင်းပြင်းထန်ထန် တိုက်ခတ်ရွာသွန်းနေပါတယ်။ အ ဆောင်ခန်းအတွင်းရှိကြတဲ့ အ ကျဉ်းသားတွေလည်း ချမ်းအေး ခိုက်တုန်ပြီး ခြေလက်တွေအရေခွံ တွန့်တဲ့ထိ ပြာနှမ်းအေးစက်တဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။

ထိုအချိန်ထိ ထောင်အာဏာ ပိုင်တွေ၊ တာဝန်ရှိသူတွေရဲ့ အ ရိပ်အယောင်ကို မမြင်တွေ့ရပါ ဘူး။ အခန်းထဲရှိတဲ့ အကျဉ်းသား တွေဟာ ကိုယ့်ကိုယ်ကိုယ်အဆင် ပြေနွေးထွေးအောင် ကြံဖန်နေ ထိုင်ဖို့ အိပ်ရာခင်းတွေ၊ စောင် တွေ၊ အဝတ်တွေနဲ့ ရှာကြံဖန်တီး ကြပေမယ့် ထိုအရာတွေအကုန် လုံးလည်း မိုးရေစိုရွှဲနေခဲ့တာမို့ နွေးထွေးအောင် မစွမ်းနိုင်ခဲ့ပါ ဘူး။

ရေနွေး၊ ရေနွေးဆိုပြီး အော် သံတွေ အပေါ်ထပ်၊ အောက်ထပ် အခန်းတိုင်းလိုက ထွက်ပေါ်လာ ပါတယ်။ ခဏနေတော့ ဘယ်အ ခန်းက စလိုက်မှန်းမသိ ‘ကမ္ဘာမ ကြေ’ သီချင်းဆိုသံတွေ ထွက်ပေါ် လာပါတယ်။ တစ်ဆောင်လုံး ကမ္ဘာမကြေသီချင်းဆိုသံတွေ ဆက်တိုက်ထွက်လာပါတယ်။ သီ ချင်းဆိုလိုက်တာ နည်းနည်းနွေးပုံ ရတယ် ထင်ပါတယ်။ တစ်ကျော့ ပြီးတစ်ကျော့၊ တစ်ခဏပြီးတစ် ခဏ ကမ္ဘာမကြေသီချင်းကို ဆို ကြပါတယ်။

မနက်လင်းလာပြီဖြစ်ပါ တယ်။ လေငြိမ်သွားပေမယ့် မိုး ကတော့ ဆက်လက်ရွာနေဆဲပါ ပဲ။ မိုးရေစိုရွှဲတာရယ်။ လေပြင်း တိုက်ခတ်မှုဒဏ်ကို ခံခဲ့ရတာရယ် ကြောင့် လူတွေကတော်တော် လေးကို အေးစက်နေကြပါတယ်။ အေးလွန်းတဲ့ဒဏ်ကို မခံစားနိုင် ကြတဲ့ အချုပ်သားတွေဟာ တ ဖြည်းဖြည်းဆူလာကြပါတယ်။ အ ဆောင်အတွင်းမှာ ကမ္ဘာမကြေသီ ချင်းဆိုသံတွေ၊ ဆူညံအော်ဟစ် သံတွေ ပိုမိုကျယ်လောင်လာပါ တယ်။

ဖိနှိပ်ခံရမှုတွေ၊ အနိုင်ကျင့် ဗိုလ်ကျခံရမှု၊ စိတ်ဖိစီးမှု၊ မကျေ နပ်မှု၊ အလိုမကျမှုစတဲ့ မျိုသိပ် ထားတာတွေဟာ ခံစားနေရတဲ့ အအေးလွန်ကဲတဲ့ဒဏ်နဲ့အတူ တ ဖြည်းဖြည်းပေါက်ကွဲထွက်လာပါ တယ်။ ကမ္ဘာမကြေ သီချင်းဆိုသံ ပျောက်သွားပြီး အော်ဟစ်သံတွေ ပိုမိုဆူညံလာပါတယ်။ အဆောင် ဘာယာတန်းကို ချိုးဖျက်ပြီး အ ကျဉ်းသားတွေ အခန်းအပြင်ကို ထွက်လာကြပါတယ်။ အဆောင် အခန်းတံခါးသော့ ချိုးဖျက်မှုတွေ စတင်လာပါတယ်။

အဆောင်ဘာယာတန်းချိုး ပြီး ထွက်လာကြတဲ့ အကျဉ်းသား တချို့ကြောင့် အခန်းထဲရှိတဲ့ သူ တွေဟာ ပိုပြီးသွေးကြွဆူပူလာပါ တယ်။ သွေးဆူလွယ်ကြတဲ့တချို့ အချုပ်သားတွေဟာ တခြားသူ တွေလိုပဲ ကိုယ့်အခန်းရဲ့ ဘာယာ တန်းကို ချိုးဖျက်ဖို့ လုပ်လာကြပါ တယ်။

အခန်းပြင်ရောက်နေကြသူ တွေကလည်း ကျိုးနေတဲ့ဘာယာ တန်းကို အသုံးပြုပြီး အဆောင် ခန်းတံခါး သော့ခလောက်တွေကို ဖျက်ဆီးဖို့ လုပ်လာပါတယ်။ ည က တိုက်ခတ်ခဲ့တဲ့လေပြင်းမုန် တိုင်းဟာ လူတွေအဖြစ်အသွင် ပြောင်းသွားသလိုပါပဲ။ အချုပ် သားတွေဟာ ဘာယာတန်းတွေ ချိုးဖျက်ကြ၊ အခန်းတံခါးသော့ တွေကို ဖျက်ဆီးကြ၊ ဘာယာတန်းသစ်သားချောင်းတွေကို လက်မှာအဝတ်နဲ့ပတ်ချည်ပြီး ထောင်အာဏာပိုင်တွေကို ပျစ်ပျစ်နှစ်နှစ်ဆဲဆိုကြနဲ့ ကမ္ဘာပျက်သလို ဝုန်းဒိုင်းကြဲဖြစ်နေခဲ့ပါတယ်။

အခြေအနေက ဆိုးသထက် ဆိုးလာပါတယ်။ အပေါ်ထပ်မှာရှိ တဲ့ အခန်းအားလုံးနီးပါး ဘာယာ တန်းတွေကျိုးပျက်ကုန်ပြီဖြစ်ပါ တယ်။ ဝရန်တာကြမ်းခင်းကို ဖျက်ဆီးပြီး တချို့က အဆောင် အောက်ထပ်ကို ဆင်းသွားကြပါ တယ်။ အဆောင်အောက်ထပ်က အခန်းတံခါးတွေလည်း ပွင့်ကုန် ပြီး အောက်ထပ်အခန်းတွေက လူတွေ ဝရန်တာကြမ်းခင်း အ ပေါက်ကနေ အပေါ်ကို တက်လာ ကြပါတယ်။ အပေါ်ထပ်ကအချုပ် သားတွေ တစ်ယောက်ပြီးတစ် ယောက် အောက်ထပ်ကိုဆင်း သွားကြပါတယ်။ အခြေအနေဟာ အားလုံးရှုပ်ထွေးပြီး ဘယ်လိုမှ ထိန်းမရအောင် ဖြစ်နေခဲ့ပါတယ်။

အချုပ်သားတွေရဲ့ မကျေ နပ်မှု ဒေါသသွေးတွေဟာ ဆူပွက် နေခဲ့ပြီး အဆောင်တစ်ခုလုံး ပွက် လောရိုက်နေခဲ့ပါတယ်။ ထိုအခြေ အနေရောက်တဲ့အချိန်ထိ ထောင် အာဏာပိုင်တစ်ဦးတစ်ယောက်မှ အခြေအနေကို ထိန်းသိမ်းဖို့၊ ဖြေ ရှင်းဖို့ လာရောက်ခဲ့ခြင်းမရှိပါဘူး။ ထောင်အာဏာပိုင်တွေ ရောက် မလာခြင်းက အကျဉ်းသားတွေ ကိုပိုပြီး သွေးဆူထကြွစေခဲ့ပါ တယ်။ ထိုအချိန်မှာ အချုပ်သား တွေရဲ့ တောင်းဆိုမှုဟာ ရေနွေးပူ ပူသာဖြစ်ပါတယ်။ ထိုတောင်းဆို မှုကို ထောင်အာဏာပိုင်တွေက အရေးယူဆောင်ရွက်ပေးမှု မရှိခဲ့ ရာက ခုလို ထောင်ဆူပူမှုထိဖြစ် လာစေခဲ့တာပါ။

အပြင်ဘက် ဝရန်တာတစ် လျှောက် အပျက်အစီးတွေက နေ ရာအနှံ့ဖြစ်ပါတယ်။ ဝရန်တာ ကြမ်းခင်းကို ချိုးဖျက်ပြီး ဖောက် ထားတဲ့အပေါက်တွေလည်း အ များကြီးပါပဲ။ ထိုအပေါက်တွေက နေ အတက်၊ အဆင်းလုပ်နေကြ သူတွေ၊ သစ်သားတုတ်တွေကို ကိုင်ပြီး ထောင်အာဏာပိုင်တာ ဝန်ရှိသူတွေ အဆောင်ပေါ်တက် လာရင် ရိုက်နှက်ဖို့ သွေးကြွနေသူ တွေ၊ ဝရန်တာသံတိုင်တွေကိုအ ဝတ်နဲ့လိမ်ပြီး လူတစ်ကိုယ်ထွက် လို့ရအောင် လုပ်ဆောင်နေကြသူ တွေနဲ့ အဆောင်တစ်ခုလုံး ငရဲ ပျက်နေခဲ့ပါတယ်။ ထိုအချိန်မှာပဲ အဆောင်ပတ်ပတ်လည်ကို ဝတ် စုံပြည့်ဝတ်ဆင်ထားတဲ့ ထောင်ဝါ ဒါတွေက နေရာယူလိုက်ပါတယ်။ အားလုံးလက်ထဲမှာ နံပါတ်တုတ်၊ သေနတ်ကိုယ်စီနဲ့ ဖြစ်ပါတယ်။ သေနတ်တွေနဲ့ ထောင်ဝါဒါတွေ နေရာယူတာတွေ့တော့ အချုပ် သားတွေဟာ ပိုမိုထကြွဆူပူလာ ခဲ့ပါတယ်။

သိပ်မကြာခင်မှာ အကျဉ်း သားတွေရဲ့ အော်ဟစ်ဆူပူသံနဲ့အ တူ သေနတ်သံတွေစတင်ကြား လာရပါတယ်။ အစပိုင်းသေနတ် ပစ်ခတ်သံ လေး၊ ငါးချက်စကြား ရပါတယ်။ နောက်ပိုင်းဆက်တိုက် ဆိုသလို သေနတ်သံတွေ ကြား လာရပါတယ်။ ချကွာ၊ ချ၊ မီးရှို့ ပစ်၊ မီးရှို့ပစ်စတဲ့ အချုပ်သားတွေ ရဲ့ အော်ဟစ်သံတွေ ပိုမိုဆူညံလာ ပါတယ်။ အခြေအနေက အဆိုး ရွားဆုံးအဆင့်ကို ရောက်ရှိလာခဲ့ ပါတယ်။

‘‘ထွက်ကြ… ထွက်ကြဟေ့။ အဆောင်မီးလောင်နေပြီ။ အ ဆောင်မီးလောင်နေပြီ’‘

သေနတ်သံတွေ၊ အော်ဟစ် သံတွေကြားမှာပဲ အဆောင်မီး လောင်နေတဲ့အကြောင်း အော်သံ ထွက်လာပါတယ်။

အော်သံတွေနဲ့အတူ မီးခိုး လုံးတွေလည်း လုံးခနဲဝင်လာပါ တယ်။ အဆောင်မီးလောင်နေပြီမို့ ရှိသမျှလူအားလုံးက အပြင်ကို ထွက်ဖို့လုပ်လာကြပါတယ်။ အ ပြင်ထွက်ဖို့ လုပ်လာတဲ့အချုပ် သားတွေကို ထိပ်ဆုံးခန်းဖြစ်တဲ့ အခန်း (၁) ထဲမှာ စုထားပါတယ်။ အချုပ်သားအားလုံးအခန်း (၁) ထဲ စုစည်းပြီးချိန်မှာ အခန်းတံခါး သော့ကို အပြင်ဘက်ကနေ ထောင်ဝါဒါတွေက ခတ်ပိတ် လိုက်ပါတယ်။ အခန်းတံခါးကို သော့ခတ်လိုက်တယ်လို့ သိလိုက် တဲ့အခါ အထဲမှာရှိတဲ့သူတွေ အားလုံးစိုးရွံ့တုန်လှုပ်ကုန်ကြပါ တယ်။

‘‘မီးလောင်နေပြီ၊ မီးလောင် နေပြီ တံခါးဖွင့်ပေး။ မီးလောင်နေ ပြီ တံခါးလာဖွင့်ပေး’’

အော်ဟစ်သံတွေဟာ ငရဲ ပျက်တဲ့အလား အခန်းထဲဆူညံနေ ပါတယ်။ မီးက မီးခိုးလုံးတင်မက မီးညွန့်ပါအခန်း (၂) ထိကို ကူး စက်လာနေပြီ။ ကျွန်တော်တို့ကို သော့ပိတ်ထားတဲ့အခန်း (၁) ဆီ ထိပါ ကူးစက်စပြုလာပါတယ်။ အခန်းထဲမှာလည်း မီးခိုးလုံးတွေနဲ့ မှောင်မိုက်နေပြီး အသက်ရှူရခက် လာပါတယ်။

‘‘မီးလောင်နေပြီ။ တံခါးလာ ခွင့်ပေး။ ဒီမှာအားလုံးသေကုန် တော့မယ်။ တံခါးဖွင့်ပေး၊ တံခါး ဖွင့်ပေး’’

အခန်းထဲက အချုပ်သား တွေရဲ့ အော်ဟစ်သံက တကယ့် ကို ငရဲပွက်သလိုပါပဲ။ မီးကလူ အားလုံး စုစည်းထည့်ထားတဲ့အ ခန်း (၁) ထိ ကူးစက်လာပါတယ်။ တံခါးသော့ဖွင့်ပေးဖို့ အော်ဟစ် တောင်းဆိုသံတွေ ပိုပြီးဆူညံလာ ပါတယ်။ တချို့ အသက်ကြီးတဲ့ အကျဉ်းသားတွေ မီးခိုးမွှန်ပြီး လဲ ကျကုန်ပါတယ်။ မီးခိုးတွေက ဘယ်လိုမှ အသက်ရှူမရအောင် ပိုများလာပါတယ်။ မီးကလည်း သစ်သားနံရံတွေကို စတင်စွဲ လောင်နေပြီဖြစ်ပါတယ်။ ထိုအ ချိန်တိုင်အောင် ထောင်အာဏာ ပိုင်တွေ ရောက်မလာပါဘူး။ အော်သံတွေက တကယ့်ကို ငရဲ ပျက်သလိုပါပဲ။ တစ်ယောက်ပြီး တစ်ယောက် မီးခိုးမွှန်ပြီး လဲကျ ကုန်ပါတယ်။ မီးကလည်း တ ဖြည်းဖြည်း အရှိန်မြင့်လာနေပါ တယ်။ မီးပူရှိန်က ခန္ဓာကိုယ်ထိ လာဟပ်ပူလောင်နေပြီဖြစ်ပါ တယ်။ အခန်းထဲမှာလည်း မီးခိုး မွှန်ပြီး ချောင်းဆိုးသူတွေ၊ လဲကျ သူတွေ၊ အခန်းတံခါးသော့လာ ဖွင့်ပေးဖို့ အော်ဟစ်သံတွေနဲ့ တကယ့်ကို သွေးပျက်ချောက်ချား စရာ ဖြစ်နေခဲ့ပါတယ်။

ထိုအချိန်မှာ ထောင်အာ ဏာပိုင်တစ်ယောက်ပြေးလာပြီး အခန်းသော့လာဖွင့်ပေးပါတယ်။ သော့ပွင့်သွားပြီဆိုတာနဲ့ အားလုံး အပြင်ကို အလုအယက်တိုးဝှေ့ ပြေးထွက်ကြပါတယ်။ အပြင်ကို ပြေးထွက်လာတဲ့ အကျဉ်းသားကို နံပါတ်တုတ်ကိုင်ပြီး အသင့်စောင့် နေတဲ့ ထောင်ဝါဒါတွေက ဆီး ရိုက်ပါတယ်။

‘‘ထိုင် … ထိုင် … အဲဒီမှာ ထိုင်။ ခေါင်းငုံ့ထား။ တစ်ယောက် မှ ခေါင်းမထောင်နဲ့နော်။ မင်း အမေ×××တွေ မဟုတ်ဘူး။ ငါ×××တွေ။

ထောင်ဝါဒါတွေက ထွက် လာသမျှ လူတိုင်းကို ဆဲဆိုရိုက် နှက်ပါတယ်။ ပုံစံထိုင်ခိုင်းပါ တယ်။ တချို့အကျဉ်းသားတွေကို သီးခြားဆွဲခေါ်သွားပါတယ်။ ထို အချိန်မှာ ဘယ်သူမှ ပါးစပ်နဲ့ စကားမပြောတော့ပါဘူး။ အရာ အားလုံးကို နံပါတ်တုတ်ရိုက်ချက် တွေနဲ့ပဲ သိစေတာဖြစ်ပါတယ်။ နံပါတ်တုတ်ကိုင်ထားတဲ့ ထောင် ဝါဒါတွေ၊ နှစ်ကြီးအကျဉ်းသား တွေက ထွက်လာတဲ့အချုပ်သား တွေကို ရိုက်နှက်ပြီး ပုံစံထိုင်ခိုင်း၊ နေရာချထားပါတယ်။

အဆောင် (၁) တစ်ခုလုံးကို တော့ မီးက အလျှံညီးညီး ဝါးမျို တောက်ကုန်နေပြီ ဖြစ်ပါတယ်။ မီးတောက်မီးညွန့်တွေဟာ အ ဆောင် (၁) တစ်ခုလုံး ဖုံးလွှမ်းနေ ခဲ့ပါတယ်။ သိပ်မကြာမီမှာပဲ အ ဆောင် (၁) ခေါင်မိုးတစ်ခုလုံး ဝုန်းခနဲ အိလဲပြိုကျသွားပြီး တ ဟုန်းဟုန်းမီးတောက်တွေဟာ အင်းစိန်ထောင်တွင်း ကိုလိုနီ ခေတ်လက်ကျန်တစ်ခုတည်းသာ အချုပ်ဆောင် တစ်ခုလုံးကို ဝါးမျို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top