လူ (၄၀) သေဆုံးတဲ့ လေယာဉ် မီးလောင်မှုဖြစ် ဗွီဒီယိုဖိုင် 1




Photo အင်တာနက်

#Unicode Version#
ရုရှားနိုင်ငံပိုင် Aeroflot လေကြောင်းလိုင်းမှ Sukhoi SuperJet-100 လေယာဉ်သည် မော်စကိုမြို့ ၊ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မေလ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၁၈:၃၀ ချိန် ( မြန်မာစံတော်ချိန် ၂၂:၀၀ ) ချိန်တွင်ဝေဟင်သို့ပျံတက်သွားပြီး ….

မိနစ် ၂၀ ခန့်အကြာမှာတော့ ပိုက်လော့မှအရေးပေါ်ဆင်းသက်ခွင့်တောင်းကာ အဆင်းတွင် မီးတောက်မီးလျှံများနှင့်အတူဆင်းသက်လာပြီး ခရီးသည်များအားအရေးပေါ်ကယ်ဆယ်ရေးများချက်ချင်းဆောင်ရွက်ခဲ့သော်လည်း မီးလောင်မှုကြောင့်သေဆုံးသူ ( ၄ဝ )ဦး( ကလေးငယ်နှစ်ဦးအပါ ) နှင့်ဒဏ်ရာရရှိသူ (၁၁) ဦးရှိခဲ့ကြောင်းနိုင်ငံပိုင်သတင်းဌာနများကဆိုပါသည် ။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အဲရိုးဖလော့တ်လေကြောင်းလိုင်းမှ ဖလိုက်အမှတ်SU-1492 SuperJet-100 လေယာဉ်သည်မြို့တော် Moscow’s မှ ခရီးသည် ၇၁ ဦးနှင့်လေယာဉ်အမှုထမ်း ၈ ဦးတို့ကိုတင်ဆောင်ကာ ရုရှားမြောက်ပိုင်း Murmansk မြို့သို့ပုံမှန်ပျံသန်းရန်တက်သွားပြီး ….

မိနစ် ၂၀ အကြာမှာတော့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်အချက်ပေးသံများပေးကာဆင်းသက်ခွင့်တောင်ပြီးဆင်းသက်လာချိန်မှာဘဲ မီးတောက်မီးလျှံများဖြင့်ဆင်းသက်လာကြောင်းလေဆိပ်မှမျက်မြင်သက်သေများကပြောသည် ။

ရုရှားဝန်ကြီးချုပ် Dimitry Matveyeu ကတော့ ဖြစ်စဉ်နှင့်ပါတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်အမြန်ဆုံးဖွဲ့စည်းရန် ပို့ဆောင်ရေးဝန်ကြီးအားမှာကြားသွားကြောင်းသတင်းရရှိပါသည် ။
ဖိုးသူတော်(www.phothutaw.com)
Credit:ဘာသာပြန် စည်သူမောင်
Photo အင်တာနက်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top