20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


မကၠဆီကိုႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ မကၠဆီကိုစီးတီးမွာ အာဏာပုိင္ေတြက ေမလ ၁၄ ရက္မွာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အေရးေပၚ အေျခအေန ေၾကညာခဲ့ပါတယ္။

ကမာၻ႔လူအထူထပ္ဆံုး ၿမိဳ႕ေတာ္ေတြထဲက တခုျဖစ္တဲ့ မကၠဆီကိုစီးတီးမွာ အနီးအနား ေတာမီးကေနထြက္တဲ့ မီးခိုးေတြက လူ႔က်န္းမာေရးအတြက္ အႏၱရာယ္ျဖစ္မယ့္အဆင့္ထိ ေရာက္ေအာင္ ညစ္ညမ္းေစခဲ့ပါတယ္။

ေဒသခံေတြ အခန္းျပင္ပ လႈပ္ရွားတာေတြ မလုပ္ဖို႔၊ ေလ့က်င့္ခန္းေတြ မလုပ္ဖို႔နဲ႔ ျပတင္းေပါက္တံခါးေတြ၊ တံခါးေတြပိတ္ၿပီး အိမ္ထဲမွာပဲေနၾကဖို႔ သဘာဝပတ္ဝန္းက်င္ အာဏာပိုင္ေတြက ေဒသခံေတြကို အႀကံျပဳထားပါတယ္။

အထူးသျဖင့္ ေမြးကင္းစ ကေလးေတြနဲ႔ သက္ႀကီးႏုိင္ငံသားေတြ၊ ေနမေကာင္းသူေတြ အိမ္ထဲမွာပဲေနၾကဖို႔ တိုက္တြန္းထားပါတယ္။

ေလထဲကျပာေတြ၊ မီးခိုးေတြေၾကာင့္ ၿမိဳ႕ထဲမွာ ျမင္ႏိုင္စြမ္းက အရင္သီတင္းပတ္တည္းက က်ဆင္းလာခဲ့တာပါ။

ဒါေၾကာင့္ ၿမိဳ႕တြင္း သဘာဝပတ္ဝန္းက်င္ ေကာ္မရွင္ဟာ ဖိအားေပး ခံေနရပါတယ္။ အခ်င္း ၂ ဒသမ ၅ မိုက္ခ႐ိုမီတာထိေသးတဲ့ အမႈန္ေတြ ေလထုထဲ ပါတဲ့ႏႈန္းဟာ ၁ ကုဗမီတာမွာ ၁၅၈ မိုက္ခ႐ိုဂရမ္ထိ ရွိေနတာကို မနက္ ၅ နာရီမွာ တိုင္းတာ ေတြ႔ရွိထားတာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးရဲ႕ စံသတ္မွတ္ခ်က္အရ ေန႔စဥ္ ပ်မ္းမွ် ေလထုအရည္အေသြး ညႊန္းကိန္းအရ ၂၅ မိုက္ခ႐ိုဂရမ္သာ ရွိသင့္တာမို႔ ၆ ဆ ပိုမ်ားေနတာပါ။

တခ်ိန္က လူေသေလာက္တဲ့ထိ ဆိုးရြားခဲ့တဲ့ မကၠဆီကိုစီးတီးရဲ႕ ေလထုအရည္အေသြးဟာ ၁၉၉၀ ျပည့္လြန္ႏွစ္ေတြမွာ အေျခအေန ျပန္ေကာင္းလာခဲ့ေပမယ့္ လတ္တေလာႏွစ္ေတြမွာေတာ့ ျပန္ယိုယြင္းခဲ့ပါတယ္။

အာဏာပိုင္ေတြက မကၠဆီကိုစီးတီးနဲ႔ ပတ္ဝန္းက်င္ ျပည္နယ္ေတြက မီးေလာင္မႈေတြကို တိုက္ဖ်က္ေနခ်ိန္မွာ ျပည္သူေတြကလည္း ကားေတြေလွ်ာ့သံုးတာ အပါအဝင္ မီးခိုးထြက္ေအာင္ လုပ္တာေတြ ေလွ်ာ့ခ်ကူညီၾကဖို႔ သဘာဝပတ္ဝန္းက်င္ အာဏာပိုင္ေတြက ေဒသခံေတြကို တုိက္တြန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ အာဏာပိုင်တွေက မေလ ၁၄ ရက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

ကမ္ဘာ့လူအထူထပ်ဆုံး မြို့တော်တွေထဲက တခုဖြစ်တဲ့ မက္ကဆီကိုစီးတီးမှာ အနီးအနား တောမီးကနေထွက်တဲ့ မီးခိုးတွေက လူ့ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်မယ့်အဆင့်ထိ ရောက်အောင် ညစ်ညမ်းစေခဲ့ပါတယ်။

ဒေသခံတွေ အခန်းပြင်ပ လှုပ်ရှားတာတွေ မလုပ်ဖို့၊ လေ့ကျင့်ခန်းတွေ မလုပ်ဖို့နဲ့ ပြတင်းပေါက်တံခါးတွေ၊ တံခါးတွေပိတ်ပြီး အိမ်ထဲမှာပဲနေကြဖို့ သဘာဝပတ်ဝန်းကျင် အာဏာပိုင်တွေက ဒေသခံတွေကို အကြံပြုထားပါတယ်။

အထူးသဖြင့် မွေးကင်းစ ကလေးတွေနဲ့ သက်ကြီးနိုင်ငံသားတွေ၊ နေမကောင်းသူတွေ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းထားပါတယ်။

လေထဲကပြာတွေ၊ မီးခိုးတွေကြောင့် မြို့ထဲမှာ မြင်နိုင်စွမ်းက အရင်သီတင်းပတ်တည်းက ကျဆင်းလာခဲ့တာပါ။

ဒါကြောင့် မြို့တွင်း သဘာဝပတ်ဝန်းကျင် ကော်မရှင်ဟာ ဖိအားပေး ခံနေရပါတယ်။ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထိသေးတဲ့ အမှုန်တွေ လေထုထဲ ပါတဲ့နှုန်းဟာ ၁ ကုဗမီတာမှာ ၁၅၈ မိုက်ခရိုဂရမ်ထိ ရှိနေတာကို မနက် ၅ နာရီမှာ တိုင်းတာ တွေ့ရှိထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ စံသတ်မှတ်ချက်အရ နေ့စဉ် ပျမ်းမျှ လေထုအရည်အသွေး ညွှန်းကိန်းအရ ၂၅ မိုက်ခရိုဂရမ်သာ ရှိသင့်တာမို့ ၆ ဆ ပိုများနေတာပါ။

တချိန်က လူသေလောက်တဲ့ထိ ဆိုးရွားခဲ့တဲ့ မက္ကဆီကိုစီးတီးရဲ့ လေထုအရည်အသွေးဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အခြေအနေ ပြန်ကောင်းလာခဲ့ပေမယ့် လတ်တလောနှစ်တွေမှာတော့ ပြန်ယိုယွင်းခဲ့ပါတယ်။

အာဏာပိုင်တွေက မက္ကဆီကိုစီးတီးနဲ့ ပတ်ဝန်းကျင် ပြည်နယ်တွေက မီးလောင်မှုတွေကို တိုက်ဖျက်နေချိန်မှာ ပြည်သူတွေကလည်း ကားတွေလျှော့သုံးတာ အပါအဝင် မီးခိုးထွက်အောင် လုပ်တာတွေ လျှော့ချကူညီကြဖို့ သဘာဝပတ်ဝန်းကျင် အာဏာပိုင်တွေက ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top