ကၽြန္ေတာ္တို႔ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမျဖစ္မီ ျမန္မာ့ေလေၾကာင္းေခတ္ ကၽြန္ေတာ္ Fokker-27 (ယခုျပည္သူ႔ဥယ်ာဥ္ထဲကေလယာဥ္) Copilot ဘဝက ေလယာဥ္ဘီးခ်မရတဲ့ အလားတူ Case မ်ိဳး ေပၚေပါက္ခဲ့ဖူးပါတယ္

Captain က ကၽြန္ေတာ့္ဆရာ Capt. Soe Han (San Hoe) Copilot က ဦးတင့္ေဆြ… ရန္ကုန္ကေန တာခ်ီလိတ္အသြား ဆင္းခါနီး ဘီးခ်ေတာ့ Nose Wheel ေရွ႕ဘီးမက်ဘူး

ခရီးသည္ ၄၃ ေယာက္… ေမွာင္ခိုေခတ္ဆိုေတာ့ Weight ကအျပည့္ထက္ လွ်ံေနတယ္ေပါ့… ေလယာဥ္ကေတာ္ေတာ္စုတ္ေနပီ ( Landing တခါဆင္းၿပီးရင္ ဆင္းမစစ္ဘဲ ေနာက္ခရီးစဥ္သြားဖို႔ ခရီးသည္ထပ္မေခၚရဲဘူး)

ဒီေနရာမွာ ဆရာ့အေၾကာင္းေျပာျပရရင္ အင္မတန္သေဘာေကာင္းၿပီး တေခတ္မွာတေယာက္ဆိုသလို Born Flyer ေလယာဥ္ေမာင္းတဖက္ကမ္းခတ္ ပါရမီရွင္ပါ… ေပ်ာ္ေပ်ာ္ေနတတ္ၿပီး တပည့္ေတြအေပၚ သူငယ္ခ်င္းေပါင္း ေပါင္းတတ္သူပါ

ထံုးစံအတိုင္း Procedure အရ လုပ္ေပမယ့္ ဘီးမက်ဘူးေပါ့… တာခ်ီလိတ္ဟာ ေတာင္ၾကားအရပ္မို႔ ဝိတ္အျပည့္နဲ႔ ေတာ္ေတာ္ဂ႐ုစိုက္ေမာင္းရပါတယ္… ေလယာဥ္ပ်က္က်ခဲ့ဖူးတဲ့ သာဓကလည္းရွိပါတယ္… ဒါေၾကာင့္ 2g turn (45 degrees steep turn) ဆြဲၿပီး ကမာၻ႕ဆြဲအားနဲ႔ ဘီးခ်ဖို႔ အခြင့္အေရးမရခဲ့ပါဘူး

အဲေတာ့ ေသြးေအးလွတဲ့ ဆရာက ေလယာဥ္ကို ေနာက္ဘီးႏွစ္ဘက္နဲ႔ ေျပးလမ္းကို ေဆာင့္ခ်တယ္… ေခါင္းကိုမခ်ဘဲ ဆြဲေမာ့ထားတယ္… ေရွ႕ဘီးက်သြားမသြား ေစာင့္ၾကည့္လိုက္ေသးတယ္… မက်ဘူးဆိုေတာ့မွ ေလယာဥ္ power ထိုးၿပီး အသာေလးျပန္တက္သြားတယ္ဗ်ာ… တခါမဟုတ္ဘူးေနာ္ ၂ခါတိတိလုပ္သြားတာ


ကၽြန္ေတာ္အေတြ႕အၾကံဳအရ ေလယာဥ္တစီးကို ေနာက္ဘီးနဲ႔ ျဖဳတ္ခ်ၿပီး ေရွ႕ဘီးမထိေစဘဲ ျပန္တက္သြားဖို႔ဆိုတာ ေတာ္ရံုစေကးနဲ႔ မလုပ္ရဲသလို ပ်ံသန္းခ်ိန္ေသာင္းခ်ီေနၿပီး လုပ္သက္ ၂၂ ႏွစ္ရွိတဲ့ ကၽြန္ေတာ္တို႔ေတာင္ အလြန္ဂ႐ုစိုက္ၿပီး လုပ္ရမွာပါ

စကားဆက္ရရင္ ဘီးမက်ေတာ့ မဆင္းဘူးဗ်… ခပ္တည္တည္နဲ႔ မႏၲေလးကို ေမာင္းခ်သြားတယ္… ေလထဲမွာဝဲၿပီး ေသခ်ာေအာင္ 2G(gravity) turn ဆြဲတယ္… ေရွ႕ဘီးက်ခ်င္လာတဲ့ လကၡဏာေတြေတြ႕လာရတယ္… ၿပီးေတာ့ မႏၲေလးေျပးလမ္းကို ေနာက္တခါ ေနာက္ဘီးနဲ႔ထပ္ဆင္းၿပီး ၾကည့္လိုက္ေသးတယ္

ဒုေလယာဥ္မွဴးကေမးတယ္ “ကိုစိုးဟန္ ဆင္းမရရင္ ခင္ဗ်ားဘာလုပ္မွာလဲ?”တဲ့… ဆရာက ရီက်ဲက်ဲနဲ႔ မထီတရီေျပာလိုက္တယ္ “ခါးပတ္သာပတ္ထား ဘာမွမျဖစ္ဘူး ရြာကလယ္မွာ ထယ္ထိုးသလိုသေဘာထား သူ႔ဟာသူရပ္သြားလိမ့္မယ္ မေသႏိုင္ဘူး”တဲ့ေလ

ေနာက္ဆံုးတႀကိမ္ ဆရာထပ္ဆင္းလာတယ္… ေရွ႕ကႀကိဳးစားခဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ေနာက္ဘီးနဲ႔ဆင္းအၿပီးမွာ ေရွ႕ဘီးဟာ ဆတ္ကနဲက်ၿပီး Lock ျဖစ္သြားတယ္… ေတြေဝမေနဘဲ အသာေလးေခါင္းခ်ၿပီးဆင္းသြားတယ္ေလ

အက်ိဳးဆက္က ခရီးသည္ေတြအကုန္ ထိခိုက္မႈဘာမွမရွိတဲ့အျပင္ ေလယာဥ္ပ်က္က်လို႔ မီးေလာင္ရင္(အဲဒီေခတ္က မီးသတ္မျပည့္စံုပါ) ဆံုးရံႈးမယ့္ေဘးက ကာကြယ္ႏိုင္ခဲ့တယ္… ေလယာဥ္လဲ ပ်က္စီးမႈတစံုတရာ မရွိခဲ့ပါ

ဒါေတြဟာ ဒ႑ာရီမဟုတ္ခဲ့သလို အခုျဖစ္ခဲ့တဲ့ Embraer ေလယာဥ္မွာ ဆရာဟာ သက္ရွိထင္ရွား ေလယာဥ္ေမာင္းေနဆဲပါ… အခုေခတ္လို မီဒီယာေတြမဖြံ႕ၿဖိဳးခဲ့ေသးလို႔ ခ်ီးက်ဴးခံရဖို႔ေနေနသာသာ အသိအမွတ္ေတာင္ ျပဳမခံခဲ့ရပါဘူး

ဒီလိုေရးရျခင္းဟာ အခုလို မ်ိဳးဆက္သစ္ေတြကို ဂုဏ္ျပဳေနခ်ိန္မွာ ဆရာ့ကို အားနာလြန္းလို႔ ျဖစ္သလို ျမန္မာ့ေလေၾကာင္းသမိုင္းဝင္ ျဖစ္ရပ္တခုကို ဂုဏ္ယူစြာမွတ္တမ္းတင္ရျခင္း ျဖစ္ပါတယ္ခင္ဗ်ာ

Ps. အခ်ိန္ရရင္ အလားတူျဖစ္စဥ္ေတြ မွတ္တမ္းတင္ပါအံုးမည္

ခ်စ္ျခင္းအားျဖင့္
ဖိုးသူေတာ္(www.phothutaw.com)
Credit:ေအာင္ပို
၁၄-၅-၂၀၁၉

#Unicode Version#
ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းမဖြစ်မီ မြန်မာ့လေကြောင်းခေတ် ကျွန်တော် Fokker-27 (ယခုပြည်သူ့ဥယျာဉ်ထဲကလေယာဉ်) Copilot ဘဝက လေယာဉ်ဘီးချမရတဲ့ အလားတူ Case မျိုး ပေါ်ပေါက်ခဲ့ဖူးပါတယ်

Captain က ကျွန်တော့်ဆရာ Capt. Soe Han (San Hoe) Copilot က ဦးတင့်ဆွေ… ရန်ကုန်ကနေ တာချီလိတ်အသွား ဆင်းခါနီး ဘီးချတော့ Nose Wheel ရှေ့ဘီးမကျဘူး

ခရီးသည် ၄၃ ယောက်… မှောင်ခိုခေတ်ဆိုတော့ Weight ကအပြည့်ထက် လျှံနေတယ်ပေါ့… လေယာဉ်ကတော်တော်စုတ်နေပီ ( Landing တခါဆင်းပြီးရင် ဆင်းမစစ်ဘဲ နောက်ခရီးစဉ်သွားဖို့ ခရီးသည်ထပ်မခေါ်ရဲဘူး)

ဒီနေရာမှာ ဆရာ့အကြောင်းပြောပြရရင် အင်မတန်သဘောကောင်းပြီး တခေတ်မှာတယောက်ဆိုသလို Born Flyer လေယာဉ်မောင်းတဖက်ကမ်းခတ် ပါရမီရှင်ပါ… ပျော်ပျော်နေတတ်ပြီး တပည့်တွေအပေါ် သူငယ်ချင်းပေါင်း ပေါင်းတတ်သူပါ

ထုံးစံအတိုင်း Procedure အရ လုပ်ပေမယ့် ဘီးမကျဘူးပေါ့… တာချီလိတ်ဟာ တောင်ကြားအရပ်မို့ ဝိတ်အပြည့်နဲ့ တော်တော်ဂရုစိုက်မောင်းရပါတယ်… လေယာဉ်ပျက်ကျခဲ့ဖူးတဲ့ သာဓကလည်းရှိပါတယ်… ဒါကြောင့် 2g turn (45 degrees steep turn) ဆွဲပြီး ကမ္ဘာ့ဆွဲအားနဲ့ ဘီးချဖို့ အခွင့်အရေးမရခဲ့ပါဘူး

အဲတော့ သွေးအေးလှတဲ့ ဆရာက လေယာဉ်ကို နောက်ဘီးနှစ်ဘက်နဲ့ ပြေးလမ်းကို ဆောင့်ချတယ်… ခေါင်းကိုမချဘဲ ဆွဲမော့ထားတယ်… ရှေ့ဘီးကျသွားမသွား စောင့်ကြည့်လိုက်သေးတယ်… မကျဘူးဆိုတော့မှ လေယာဉ် power ထိုးပြီး အသာလေးပြန်တက်သွားတယ်ဗျာ… တခါမဟုတ်ဘူးနော် ၂ခါတိတိလုပ်သွားတာ

ကျွန်တော်အတွေ့အကြုံအရ လေယာဉ်တစီးကို နောက်ဘီးနဲ့ ဖြုတ်ချပြီး ရှေ့ဘီးမထိစေဘဲ ပြန်တက်သွားဖို့ဆိုတာ တော်ရုံစကေးနဲ့ မလုပ်ရဲသလို ပျံသန်းချိန်သောင်းချီနေပြီး လုပ်သက် ၂၂ နှစ်ရှိတဲ့ ကျွန်တော်တို့တောင် အလွန်ဂရုစိုက်ပြီး လုပ်ရမှာပါ

စကားဆက်ရရင် ဘီးမကျတော့ မဆင်းဘူးဗျ… ခပ်တည်တည်နဲ့ မန္တလေးကို မောင်းချသွားတယ်… လေထဲမှာဝဲပြီး သေချာအောင် 2G(gravity) turn ဆွဲတယ်… ရှေ့ဘီးကျချင်လာတဲ့ လက္ခဏာတွေတွေ့လာရတယ်… ပြီးတော့ မန္တလေးပြေးလမ်းကို နောက်တခါ နောက်ဘီးနဲ့ထပ်ဆင်းပြီး ကြည့်လိုက်သေးတယ်

ဒုလေယာဉ်မှူးကမေးတယ် “ကိုစိုးဟန် ဆင်းမရရင် ခင်ဗျားဘာလုပ်မှာလဲ?”တဲ့… ဆရာက ရီကျဲကျဲနဲ့ မထီတရီပြောလိုက်တယ် “ခါးပတ်သာပတ်ထား ဘာမှမဖြစ်ဘူး ရွာကလယ်မှာ ထယ်ထိုးသလိုသဘောထား သူ့ဟာသူရပ်သွားလိမ့်မယ် မသေနိုင်ဘူး”တဲ့လေ

နောက်ဆုံးတကြိမ် ဆရာထပ်ဆင်းလာတယ်… ရှေ့ကကြိုးစားခဲ့တဲ့ လုပ်ရပ်တွေကြောင့် နောက်ဘီးနဲ့ဆင်းအပြီးမှာ ရှေ့ဘီးဟာ ဆတ်ကနဲကျပြီး Lock ဖြစ်သွားတယ်… တွေဝေမနေဘဲ အသာလေးခေါင်းချပြီးဆင်းသွားတယ်လေ

အကျိုးဆက်က ခရီးသည်တွေအကုန် ထိခိုက်မှုဘာမှမရှိတဲ့အပြင် လေယာဉ်ပျက်ကျလို့ မီးလောင်ရင်(အဲဒီခေတ်က မီးသတ်မပြည့်စုံပါ) ဆုံးရှုံးမယ့်ဘေးက ကာကွယ်နိုင်ခဲ့တယ်… လေယာဉ်လဲ ပျက်စီးမှုတစုံတရာ မရှိခဲ့ပါ

ဒါတွေဟာ ဒဏ္ဍာရီမဟုတ်ခဲ့သလို အခုဖြစ်ခဲ့တဲ့ Embraer လေယာဉ်မှာ ဆရာဟာ သက်ရှိထင်ရှား လေယာဉ်မောင်းနေဆဲပါ… အခုခေတ်လို မီဒီယာတွေမဖွံ့ဖြိုးခဲ့သေးလို့ ချီးကျူးခံရဖို့နေနေသာသာ အသိအမှတ်တောင် ပြုမခံခဲ့ရပါဘူး

ဒီလိုရေးရခြင်းဟာ အခုလို မျိုးဆက်သစ်တွေကို ဂုဏ်ပြုနေချိန်မှာ ဆရာ့ကို အားနာလွန်းလို့ ဖြစ်သလို မြန်မာ့လေကြောင်းသမိုင်းဝင် ဖြစ်ရပ်တခုကို ဂုဏ်ယူစွာမှတ်တမ်းတင်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ

Ps. အချိန်ရရင် အလားတူဖြစ်စဉ်တွေ မှတ်တမ်းတင်ပါအုံးမည်

ချစ်ခြင်းအားဖြင့်
ဖိုးသူတော်(www.phothutaw.com)
Credit:အောင်ပို
၁၄-၅-၂၀၁၉
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top