ပဲခူးတုိင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ေက်ာက္ထစ္ေက်းရြာမွာေနထုိင္တဲ့ ညီညီေအာင္ဆုိသူအား ၿပီးခဲ့တဲ့ ေမလ ၁၃ ရက္ေန႔က ေတာထဲမွ ေနသစ္တိုက္ရန္ လွည္းအငွားလိုက္ေမာင္းသူအျဖစ္ ေခၚေဆာင္သြားခဲ့ၿပီး ၅ ရက္ခန္႔ေတာထဲမွာေပ်ာက္ဆုံးေနခဲ့ပါတယ္။

ေမလ ၁၇ ရက္ေန႔မွာ ၎အား လွည္းအငွားလိုက္ရန္ ေခၚေဆာင္သြားသူေတြျပန္ေရာက္လာျပီး မိသားစုဝင္ေတြကုိ ညီညီေအာင္ႏွင့္ ေတာထဲမွာလူျခင္းကြဲသြားေၾကာင္းေျပာၾကားသျဖင့္ လူအုပ္ျဖင့္ ေတာထဲကိုျပန္ရွာေဖြရာမွာ ရခိုင္ရိုးမ နဲ႔ ထိစပ္ေနတဲ့ ေျမာက္ငိုေတာင္၊ ေတာထဲကသစ္ထုပ္တဲ႔ေနရာမွာ ညီညီေအာင္လို႔ ယူဆရတဲ့ ပုတ္ပြေနတဲ့အေလာင္းတေလာင္းကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

အဲဒီေလာင္းမွာ ေသဆုံးသူ ရြာမွထြက္သြားစဥ္အဝတ္အစားမ်ားျဖစ္ၿပီး အေလာင္းအနီးတြင္လည္း ညီညီေအာင္ရဲ့ လက္ကုိင္ဖုန္းကိုေတြ႔ရၿပီး အေလာင္းကေတာ့ ကိုင္လို႔မရေအာင္ပုတ္ပြေနျပီျဖစ္လုိ႔ ဒဏ္ရာေတြကုိလည္း လဲရွာဖို႔ မလြယ္ကူတာေၾကာင့္ အေလာင္းေတြ႔တဲ႔ေနရာမွာပဲ မီးရႈိ႕သျဂိဳလ္လိုက္ရတယ္လို႔ ေသဆံုးသူရဲ့ဦးေလးေတာ္စပ္သူ ဦးသန္းေဇာ္က ေျပာပါတယ္။

“အဲဒီရက္ တနလၤာေန႔ ညေန ၄ နာရီေလာက္က စထြက္သြားၾကတာ ည ၉နာရီေလာက္ကေအေမေရကၽြန္ေတာ္ကြ်ဲက်ကိုေရာက္ေနျပီလို႔ဖုန္းဆက္တယ္။

အဂၤါေန႔မနက္ ၉ နာရီေလာက္မွာ တခါထပ္ျပီးလုိ႔ အေဖေရကၽြန္ေတာ္ေတာင္ေပၚေရာက္ေနျပီ ဒုန္းစြဲခ်ရေတာ႔မယ္လို႔ ဆက္ၿပီး ေနာက္ထက္ထပ္မဆက္ေတာ႔တာ” လို႔ ေသဆံုးသူရဲ႔မိခင္ မေကြးတိုင္း ေတာင္ပို႔တရာေက်းရြာမွာ ေနထိုင္သူ ေဒၚျမဝိုင္း ကေျပာပါတယ္။

ေဒၚျမဝုိင္းက “ အမွန္က ၁၅ ရက္ေန႔ကထဲက သူေပ်ာက္သြားတာကို ေခၚသြားတဲ့လူေတြမေျပာပဲ ၁၇ ရက္ေန႔ ညေနက်မွ ညီညီေအာင္ အိမ္ျပန္ေရာက္ျပီလား၊ ခင္ဗ်ားသားေပ်ာက္ေနတာ ျပန္သြားတာလားလို႔ဆိုၿပီး လာေမးေတာ့မွ သိရတာ အဲဒိေတာ့မွ ဆိုင္ကယ္ ၄ စီးနဲ႔ျပန္သြားျပီးရွာၾကတာ။

ဟိုက်ေတာ့ အေလာင္းပဲေတြ႔ရတယ္၊ က်မကေတာ့ ရိုးရိုးေသတာမဟုတ္ဘူး လူသတ္ခံရတာလို႔ထင္တယ္။ အဲဒိအတြက္ တရားဥပေဒအတိုင္းျဖစ္ေစခ်င္တယ္။” လုိ႔ ဆက္ေျပာပါတယ္။

ဒီအမႈကို ေသမႈေသခင္းအရ အမႈဖြင့္ထားၿပီး ဆက္လက္စံုစမ္းသြားမယ္လို႔ ဥသွ်စ္ပင္ရဲစခန္းမႈး ရဲအုပ္သန္းလွကေျပာပါတယ္။

ေသဆံုးသြားသူကုိ ေတာင္ပို႔တရာေက်းရြာေန ကိုထြန္းထြန္းဆိုသူက လွည္းတေခါက္ကို ၃၀၀၀၀ က်ပ္နဲ႔ ေခၚေဆာင္သြားလုိ႔ ေမလ ၁၃ ရက္ေန႔က လုိက္သြားခဲ့တာျဖစ္ၿပီး ေသဆံုးသူ ညီညီေအာင္မွာ ပဲခူးတိုင္း၊ ျပည္ခရိုင္၊ ပန္းေတာင္းျမိဳ႕နယ္ ေက်ာက္ထစ္ေက်းရြာမွာ သမီးတေယာက္နဲ႔အတူေနထိုင္ျပီး ဇနီးျဖစ္သူက စကၤာပူနိုင္ငံမွာ အလုပ္သြားလုပ္ေနတာျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေျမလတ္အသံ

#Unicode Version#
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကျောက်ထစ်ကျေးရွာမှာနေထိုင်တဲ့ ညီညီအောင်ဆိုသူအား ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က တောထဲမှ နေသစ်တိုက်ရန် လှည်းအငှားလိုက်မောင်းသူအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး ၅ ရက်ခန့်တောထဲမှာပျောက်ဆုံးနေခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့မှာ ၎င်းအား လှည်းအငှားလိုက်ရန် ခေါ်ဆောင်သွားသူတွေပြန်ရောက်လာပြီး မိသားစုဝင်တွေကို ညီညီအောင်နှင့် တောထဲမှာလူခြင်းကွဲသွားကြောင်းပြောကြားသဖြင့် လူအုပ်ဖြင့် တောထဲကိုပြန်ရှာဖွေရာမှာ ရခိုင်ရိုးမ နဲ့ ထိစပ်နေတဲ့ မြောက်ငိုတောင်၊ တောထဲကသစ်ထုပ်တဲ့နေရာမှာ ညီညီအောင်လို့ ယူဆရတဲ့ ပုတ်ပွနေတဲ့အလောင်းတလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီလောင်းမှာ သေဆုံးသူ ရွာမှထွက်သွားစဉ်အဝတ်အစားများဖြစ်ပြီး အလောင်းအနီးတွင်လည်း ညီညီအောင်ရဲ့ လက်ကိုင်ဖုန်းကိုတွေ့ရပြီး အလောင်းကတော့ ကိုင်လို့မရအောင်ပုတ်ပွနေပြီဖြစ်လို့ ဒဏ်ရာတွေကိုလည်း လဲရှာဖို့ မလွယ်ကူတာကြောင့် အလောင်းတွေ့တဲ့နေရာမှာပဲ မီးရှို့သဂြိုလ်လိုက်ရတယ်လို့ သေဆုံးသူရဲ့ဦးလေးတော်စပ်သူ ဦးသန်းဇော်က ပြောပါတယ်။

“အဲဒီရက် တနင်္လာနေ့ ညနေ ၄ နာရီလောက်က စထွက်သွားကြတာ ည ၉နာရီလောက်ကအေမေရေကျွန်တော်ကျွဲကျကိုရောက်နေပြီလို့ဖုန်းဆက်တယ်။

အင်္ဂါနေ့မနက် ၉ နာရီလောက်မှာ တခါထပ်ပြီးလို့ အဖေရေကျွန်တော်တောင်ပေါ်ရောက်နေပြီ ဒုန်းစွဲချရတော့မယ်လို့ ဆက်ပြီး နောက်ထက်ထပ်မဆက်တော့တာ” လို့ သေဆုံးသူရဲ့မိခင် မကွေးတိုင်း တောင်ပို့တရာကျေးရွာမှာ နေထိုင်သူ ဒေါ်မြဝိုင်း ကပြောပါတယ်။

ဒေါ်မြဝိုင်းက “ အမှန်က ၁၅ ရက်နေ့ကထဲက သူပျောက်သွားတာကို ခေါ်သွားတဲ့လူတွေမပြောပဲ ၁၇ ရက်နေ့ ညနေကျမှ ညီညီအောင် အိမ်ပြန်ရောက်ပြီလား၊ ခင်ဗျားသားပျောက်နေတာ ပြန်သွားတာလားလို့ဆိုပြီး လာမေးတော့မှ သိရတာ အဲဒိတော့မှ ဆိုင်ကယ် ၄ စီးနဲ့ပြန်သွားပြီးရှာကြတာ။

ဟိုကျတော့ အလောင်းပဲတွေ့ရတယ်၊ ကျမကတော့ ရိုးရိုးသေတာမဟုတ်ဘူး လူသတ်ခံရတာလို့ထင်တယ်။ အဲဒိအတွက် တရားဥပဒေအတိုင်းဖြစ်စေချင်တယ်။” လို့ ဆက်ပြောပါတယ်။

ဒီအမှုကို သေမှုသေခင်းအရ အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းသွားမယ်လို့ ဥသျှစ်ပင်ရဲစခန်းမှုး ရဲအုပ်သန်းလှကပြောပါတယ်။

သေဆုံးသွားသူကို တောင်ပို့တရာကျေးရွာနေ ကိုထွန်းထွန်းဆိုသူက လှည်းတခေါက်ကို ၃၀၀၀၀ ကျပ်နဲ့ ခေါ်ဆောင်သွားလို့ မေလ ၁၃ ရက်နေ့က လိုက်သွားခဲ့တာဖြစ်ပြီး သေဆုံးသူ ညီညီအောင်မှာ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျောက်ထစ်ကျေးရွာမှာ သမီးတယောက်နဲ့အတူနေထိုင်ပြီး ဇနီးဖြစ်သူက စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်နေတာဖြစ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:မြေလတ်အသံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top