ဆိုင္ေတြမွာေရာင္းရင္လည္း ထမင္း တစ္ပြဲစာဟာတစ္လုပ္စာသာသာမွ်သာရွိတ့ဲပန္းကန္လံုးေလး
တစ္လံုးစာပဲရွိပါတယ္။ဒါဟာဘာလို႔လဲဆိုရင္ ကိုးရီးယားေတြဟာ ထမင္း ကိုအရမ္း တန္ဖိုး ထားလို႔ပါ။

ဒီ ပန္းကန္လံုး ေလးထဲကထမင္းဟာ လူတစ္ေယာက္ အတြက္အကုန္မစားနိုင္စ ရာအေၾကာင္းမရွိပါဘူး။အရမ္းဗိုက္ဆာေနလို႔ ဒီလိုထမင္းဆယ္လံုးစားရင္လည္း
သူတို႔မျငိဳျငင္ပါဘူးသူတို႔စိုးရိမ္တာက ထမင္းကိုမကုန္ဘဲ လႊင့္ပစ္မွာကိုစိုးလို႔ပါ တ့ဲ။

ေတာင္ကိုးရီးယားနိုင္ငံသားေတြဟာထမင္းလႊင့္ပစ္တတ္တ့ဲလူေတြကိုမ်က္ေစာင္းထိုးပါတယ္။
မ်က္ေစာင္းထိုးတယ္ဆိုတာ ကိုးရီးယားနိုင္ငံသားေတြေတာ္ရံုတန္ရုံံုအျပစ္မ်ိဳးကိုက်ဴးလြန္ရင္ေတာင္
မ်က္ေစာင္းမထိုးတတ္ပါဘူး မ်က္ေစာင္းထိုးခံရတ့ဲလူဟာအင္မတန္ေဒါသထြက္အျမင္ကတ္စရာ
ေကာင္းတ့ဲလူပါ ။

ဒါ့ေၾကာင့္ ကိုးရီးယားနိုင္ငံသားေတြဟာလူတစ္ေယာက္ေယာက္ကမ်က္ေစာင္းထိုးျပီးၾကည့္မွာကို
အလြန္အင္မတန္္စိုးရိမ္ၾကပါတယ္။ကိုးရီးယားနိုင္ငံသားေတြ ထမင္းကိုတန္ဖိုးထားရတ့ဲ
အေၾကာင္းအရင္းကိုေျပာပါမယ္။

ကိုးရီးယားနိုင္ငံဟာ ၁၉၄၅ခုနွစ္ကဂ်ပန္ လက္ေအာက္ကလြတ္လပ္ေရးရခ့ဲတာပါ။ ဂ်ပန္ လက္ေအာက္မွာဖိနွိပ္ခံဘ၀န႔ဲ အစာေရစာငတ္ ဆင္းဆင္းရဲရဲေနခ့ဲၾကရပါတယ္။ ထမင္း အစားေျပာင္းဆန္မ်ားကိုျပဳတ္ျပီးစားၾကရပါတယ္။ ဒါ့ေၾကာင့္ ခုခ်ိန္ထိ ဂ်ပန္ဆိုရင္ စိတ္ထဲမွာ
အရမ္းမုန္းပါတယ္။

ကိုးရီးယားနိုင္ငံဟာ ၁၅ရက္ ၈လ ၁၉၄၅ခုနွစ္ကဂ်ပန္လက္ေအာက္ကလြတ္ေျမာက္ခ့ဲတာျဖစ္ျပီး
ျမန္မာနိုင္ငံထက္ ၂နွစ္ေက်ာ္ေစာျပီးလြတ္လပ္ေရးရခ့ဲတာျဖစ္ေပမယ့္တိုင္းျပည္ဟာ လံုး၀မျငိမ္းခ်မ္းခ့ဲပါဘူး။

ေတာင္န႔ဲေျမာက္သေဘာထားကြဲလြဲမႈေတြြျဖစ္လာျပီးလြတ္လပ္ေရးရျပီး၅နွစ္အၾကာ ၁၉၅၀ခုနွစ္မွာေတာ့ေတာင္န႔ဲေျမာက္စစ္ပြဲစတင္ပါေတာ့တယ္ ။၁၉၅၀ခုနွစ္ကေန ၁၉၅၃ခုနွစ္ထိ ၃နွစ္ဆက္တိုက္စစ္ေတြအျပန္အလွန္တိုက္လိုက္ၾကတာနဂိုကတည္းကမွ ေဆာင္းရာသီဆို ဘာအပင္မွ မျဖစ္ထြန္းတ့ဲနိုင္ငံစစ္ေၾကာင့္ဘာဆန္စပါးမွမစိုက္ပ်ိဳးရဲစိုက္ပ်ိဳးေျမလည္းနည္းပါး တ့ဲနိုင္ငံမွာလူေတြအကုန္လံုးျမက္ေျခာက္စားရေတာ့့မယ့္ဘ၀ကိုေရာက္လာပါေတာ့တယ္။

ဒါေတြကိုမၾကည့္ရက္ေတာ့လို႔နိုင္ငံတစ္ကာကဆန္စပါးေတြ ေထာက္ပ့ံတာ ကြ်န္ေတာ္တို႔ျမန္မာ
နိုင္ငံကလည္း စပါးတင္းသိန္းေပါင္းမ်ားစြာအကူညီေပးခ့ဲပါတယ္ ။ဒါ့ေၾကာင့္လည္းကိုးရီးယားနိုင္ငံ ရ့ဲလြတ္လပ္ေရးေန႔ေတြမွာအလံေတြစိုက္ ထူရင္ ျမန္မာနိုင္ငံအလံလည္းေက်းဇူးရွင္နိုင္ငံ အျဖစ္အခုခ်ိန္ထိသတ္မွတ္ျပီး စိုက္ထူထားေလ့ရွိပါတယ္။

ဒီလို တိုင္းျပည္တစ္ခုလံုးအငတ္္ဘ၀ကိုက်ေရာက္ခ့ဲဖူးေတာ့ ထမင္းတစ္လံုးတစ္မင္းတစ္ လုပ္ရ့ဲတန္ဖိုးကိုကိုးရီးယားနိုင္ငံသားေတြကပိုျပီးတန္ဖိုးသိတတ္ၾကတာပါ။
အခုေတာ့ စိုက္ပ်ိဳးေျမေတြတိုးခ်ဲ႕.အထြက္တိုးေစတ့ဲနည္းပညာေကာင္းေတြန႔ဲ နိုင္ငံျခားထိ
ဆန္ေတြတင္ပို႔နိုင္ခ့ဲပါျပီ။

ဒါေပမယ့္သူတို႔ေတြဟာ ထမင္းတစ္လုပ္ဆန္တစ္ေစ့ရ့ဲတန္ဖိုးကို မေမ့ပစ္ၾကပါဘူး။အလဟသတ္မျဖစ္ေအာင္မလႊင့္ပစ္ရေအာင္ စီမံျပဳလုပ္ၾကပါတယ္။
ဒါေတြဟာအတုယူစရာပါ။ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာဆန္စပါးေပါၾကြယ္၀စိုက္ပ်ိဳးေျမေတြေပါမ်ား
ဆန္စပါးခ်မ္းသာၾကလို႔သိပ္ျပီးတန္ဖိုးမထားခ်င္ၾကဘူး။

ထမင္းဆိုလည္း လိုတာထက္ပိုျပီးထမင္းပန္းကန္အၾကီးၾကီးထဲထည့္စားမကုန္ရင္
အလြယ္တစ္ကူလႊင့္ပစ္ၾကတတ္တာကေလးကအစလူၾကီးေတြအဆံုးပါပဲ..။

ကိုးရီးယားတစ္ေယာက္ကေျပာဖူးတာကေတာ့ဒီထမင္းပန္ကန္လံုးေသးေသးေလးေတြကိုျမင္တိုင္း
ငါတို႔စိတ္ထဲမွာ မခံခ်င္စိတ္ေတြၾကိဳးစားခ်င္စိတ္ေတြျဖစ္ေပၚလာတယ္တ့ဲ ။ဗဟုသုတအေနန႔ဲ ၾကားဖူးနား၀ရွိသေလာက္တင္ျပတာပါ။ေကာင္းတ့ဲအယူအဆဆိုအတုယူနိုင္ၾကပါေစ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(သိမွတ္ဖြယ္ရာ_ဗဟုသုတရြာ)
# Unicode Version # ျဖင့္ ဖတ္ပါ #

ဆိုင်တွေမှာရောင်းရင်လည်း ထမင်း တစ်ပွဲစာဟာတစ်လုပ်စာသာသာမျှသာရှိတဲ့ပန်းကန်လုံးလေး
တစ်လုံးစာပဲရှိပါတယ်။ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်း ကိုအရမ်း တန်ဖိုး ထားလို့ပါ။

ဒီ ပန်းကန်လုံး လေးထဲကထမင်းဟာ လူတစ်ယောက် အတွက်အကုန်မစားနိုင်စ ရာအကြောင်းမရှိပါဘူး။အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်းဆယ်လုံးစားရင်လည်း
သူတို့မငြိုငြင်ပါဘူးသူတို့စိုးရိမ်တာက ထမင်းကိုမကုန်ဘဲ လွှင့်ပစ်မှာကိုစိုးလို့ပါ တဲ့။

တောင်ကိုးရီးယားနိုင်ငံသားတွေဟာထမင်းလွှင့်ပစ်တတ်တဲ့လူတွေကိုမျက်စောင်းထိုးပါတယ်။
မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေတော်ရုံတန်ရုံုံအပြစ်မျိုးကိုကျူးလွန်ရင်တောင်
မျက်စောင်းမထိုးတတ်ပါဘူး မျက်စောင်းထိုးခံရတဲ့လူဟာအင်မတန်ဒေါသထွက်အမြင်ကတ်စရာ
ကောင်းတဲ့လူပါ ။

ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာလူတစ်ယောက်ယောက်ကမျက်စောင်းထိုးပြီးကြည့်မှာကို
အလွန်အင်မတန်စိုးရိမ်ကြပါတယ်။ကိုးရီးယားနိုင်ငံသားတွေ ထမင်းကိုတန်ဖိုးထားရတဲ့
အကြောင်းအရင်းကိုပြောပါမယ်။

ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ခုနှစ်ကဂျပန် လက်အောက်ကလွတ်လပ်ရေးရခဲ့တာပါ။ ဂျပန် လက်အောက်မှာဖိနှိပ်ခံဘဝနဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲနေခဲ့ကြရပါတယ်။ ထမင်း အစားပြောင်းဆန်များကိုပြုတ်ပြီးစားကြရပါတယ်။ ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ
အရမ်းမုန်းပါတယ်။

ကိုးရီးယားနိုင်ငံဟာ ၁၅ရက် ၈လ ၁၉၄၅ခုနှစ်ကဂျပန်လက်အောက်ကလွတ်မြောက်ခဲ့တာဖြစ်ပြီး
မြန်မာနိုင်ငံထက် ၂နှစ်ကျော်စောပြီးလွတ်လပ်ရေးရခဲ့တာဖြစ်ပေမယ့်တိုင်းပြည်ဟာ လုံးဝမငြိမ်းချမ်းခဲ့ပါဘူး။

တောင်နဲ့မြောက်သဘောထားကွဲလွဲမှုတွေဖြစ်လာပြီးလွတ်လပ်ရေးရပြီး၅နှစ်အကြာ ၁၉၅၀ခုနှစ်မှာတော့တောင်နဲ့မြောက်စစ်ပွဲစတင်ပါတော့တယ် ။၁၉၅၀ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃နှစ်ဆက်တိုက်စစ်တွေအပြန်အလှန်တိုက်လိုက်ကြတာနဂိုကတည်းကမှ ဆောင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့နိုင်ငံစစ်ကြောင့်ဘာဆန်စပါးမှမစိုက်ပျိုးရဲစိုက်ပျိုးမြေလည်းနည်းပါး တဲ့နိုင်ငံမှာလူတွေအကုန်လုံးမြက်ခြောက်စားရတော့မယ့်ဘဝကိုရောက်လာပါတော့တယ်။

ဒါတွေကိုမကြည့်ရက်တော့လို့နိုင်ငံတစ်ကာကဆန်စပါးတွေ ထောက်ပံ့တာ ကျွန်တော်တို့မြန်မာ
နိုင်ငံကလည်း စပါးတင်းသိန်းပေါင်းများစွာအကူညီပေးခဲ့ပါတယ် ။ဒါ့ကြောင့်လည်းကိုးရီးယားနိုင်ငံ ရဲ့လွတ်လပ်ရေးနေ့တွေမှာအလံတွေစိုက် ထူရင် မြန်မာနိုင်ငံအလံလည်းကျေးဇူးရှင်နိုင်ငံ အဖြစ်အခုချိန်ထိသတ်မှတ်ပြီး စိုက်ထူထားလေ့ရှိပါတယ်။

ဒီလို တိုင်းပြည်တစ်ခုလုံးအငတ်ဘဝကိုကျရောက်ခဲ့ဖူးတော့ ထမင်းတစ်လုံးတစ်မင်းတစ် လုပ်ရဲ့တန်ဖိုးကိုကိုးရီးယားနိုင်ငံသားတွေကပိုပြီးတန်ဖိုးသိတတ်ကြတာပါ။
အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့.အထွက်တိုးစေတဲ့နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားထိ
ဆန်တွေတင်ပို့နိုင်ခဲ့ပါပြီ။

ဒါပေမယ့်သူတို့တွေဟာ ထမင်းတစ်လုပ်ဆန်တစ်စေ့ရဲ့တန်ဖိုးကို မမေ့ပစ်ကြပါဘူး။အလဟသတ်မဖြစ်အောင်မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။
ဒါတွေဟာအတုယူစရာပါ။ကျွန်တော်တို့မြန်မာနိုင်ငံမှာဆန်စပါးပေါကြွယ်ဝစိုက်ပျိုးမြေတွေပေါများ
ဆန်စပါးချမ်းသာကြလို့သိပ်ပြီးတန်ဖိုးမထားချင်ကြဘူး။

ထမင်းဆိုလည်း လိုတာထက်ပိုပြီးထမင်းပန်းကန်အကြီးကြီးထဲထည့်စားမကုန်ရင်
အလွယ်တစ်ကူလွှင့်ပစ်ကြတတ်တာကလေးကအစလူကြီးတွေအဆုံးပါပဲ..။

ကိုးရီးယားတစ်ယောက်ကပြောဖူးတာကတော့ဒီထမင်းပန်ကန်လုံးသေးသေးလေးတွေကိုမြင်တိုင်း
ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာတယ်တဲ့ ။ဗဟုသုတအနေနဲ့ ကြားဖူးနားဝရှိသလောက်တင်ပြတာပါ။ကောင်းတဲ့အယူအဆဆိုအတုယူနိုင်ကြပါစေ…။

ဖိုးသူတော် (www.phothutaw.com)
Credit:(သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top