ပရိသတ္အားေပးလက္ခံမႈကုိ အမ်ားအျပားရ႐ွိထားတဲ့ ေရႊထူးနဲ႔ ေရႊမႈံရတီတုိ႔ လင္မယားႏွစ္ဦးဟာ ျမန္မာႏုိင္ငံမွာ လူအမ်ား အားက်ရတဲ့ စုံတြဲတစ္တြဲျဖစ္ၿပီး သူတုိ႔ရဲ႕ ဘဝေတြကုိ ေအးခ်မ္းစြာျဖတ္သန္းေနၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ေထာင္တစ္ခုကုိ ဖန္တီးေနၾကပါတယ္။ ေရႊမႈံရတီရဲ႕ မိခင္ျဖစ္သူ ေဒၚေမာ္ေမာ္ခုိင္ကေတာ့ သူတုိ႔ႏွစ္ဦးအေနနဲ႔ ကေလးယူဖုိ႔ေစာေနေသးတယ္လုိ႔ ေျပာဆုိခဲ့ၿပီး ေနာက္ ၄ ႏွစ္၅ႏွစ္ေလာက္ ယူၾကပါလုိ႔ 8days ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေဒၚေမာ္ေမာ္ခုိင္က “ဘာမွစီမံစရာမလုိပါဘူး သမီး သူ႔ဘာသာ လုပ္သြားတာအကုန္လုံးက။ အန္တီကေတာ့ အေနာက္ကေနပဲ လုိက္ေပးလုိက္ေတာ့တယ္။ အရင္ႏွစ္ေတြတုန္းကေတာ့ ကုိယ္ပဲ ပင္ပန္းခဲ့ရတာ ဒီႏွစ္ေတာ့ သူ႔အိမ္ေထာင္နဲ႔ သူဆုိေတာ့ သူတုိ႔ၾကဳိက္တဲ့ဟာေလးေပါ့ ညတုန္းကေတာ့ မိသားစုေတြ အားလုံးပဲ စားၾကေသာက္ၾကေပါ့ အိမ္မွာ မသားစုေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ေနတယ္။ ဒီမနက္ေတာ့ ဘုန္းႀကီးေက်ာင္းကုိ လာၿပီးေတာ့ ဆရာေတာ္ႀကီးကုိ ဆြမ္းကပ္မယ္ အလုပ္ေလးဘာေလး လာလုပ္တာေပါ့။ဒီႏွစ္ကေတာ့ ဆြမ္းပဲ ကပ္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေျမးေလးေတြေရာ လုိခ်င္ေနၿပီလားလုိ႔ ေမးျမန္းရာ “မေတာင္းတပါဘူးသမီးရယ္ ငယ္ပါေသးတယ္။ အလုပ္လုပ္ၾကပါေစဦး။ အန္တီကေတာ့ ၄ ၅ ေလာက္ေတာ့ ေနေစခ်င္ေသးတယ္ သူတုိ႔လဲ ေနမယ္လုိ႔ေတာ့ ေျပာပါတယ္ ဒါကံတရားေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေရႊထူးကုိ သားတစ္ေယာက္တုိးလာတယ္လုိ႔ ခံစားမိလားလုိ႔ ေမးျမန္းရာ “ခံစားမိပါတယ္ ဘာလုိ႔လဲဆုိေတာ့ အန္တီက သူမ်ားသားသမီးလည္း အျမဲ ကုိယ္ခ်င္းစာတရားနဲ႔ ေနေနတာဆုိေတာ့ေလ ကုိယ့္သားသမီး အရြယ္ေတြက်ရင္ ကုိယ့္သားသမီးလုိပဲ သေဘာထားတဲ့အတြက္ သူ႔ကုိလည္း အန္တီက သားတစ္ေယာက္လုိပဲ သေဘာထားပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ပရိသတ္ေတြကုိ ဘာေျပာခ်င္ေသးလဲလုိ႔ ေမးျမန္းရာ “မ႐ွိပါဘူး အားလုံးမဂၤလာပါလုိ႔ ေက်းဇူးတင္ပါတယ္ သမီးကုိ အားေပးေနတဲ့ ပရိသတ္ေတြ အားလုံးကုိ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ပရိသတ်အားပေးလက်ခံမှုကို အများအပြားရရှိထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ လင်မယားနှစ်ဦးဟာ မြန်မာနိုင်ငံမှာ လူအများ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူတို့ရဲ့ ဘဝတွေကို အေးချမ်းစွာဖြတ်သန်းနေပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနေကြပါတယ်။ ရွှေမှုံရတီရဲ့ မိခင်ဖြစ်သူ ဒေါ်မော်မော်ခိုင်ကတော့ သူတို့နှစ်ဦးအနေနဲ့ ကလေးယူဖို့စောနေသေးတယ်လို့ ပြောဆိုခဲ့ပြီး နောက် ၄ နှစ်၅နှစ်လောက် ယူကြပါလို့ 8days ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒေါ်မော်မော်ခိုင်က “ဘာမှစီမံစရာမလိုပါဘူး သမီး သူ့ဘာသာ လုပ်သွားတာအကုန်လုံးက။ အန်တီကတော့ အနောက်ကနေပဲ လိုက်ပေးလိုက်တော့တယ်။ အရင်နှစ်တွေတုန်းကတော့ ကိုယ်ပဲ ပင်ပန်းခဲ့ရတာ ဒီနှစ်တော့ သူ့အိမ်ထောင်နဲ့ သူဆိုတော့ သူတို့ကြိုက်တဲ့ဟာလေးပေါ့ ညတုန်းကတော့ မိသားစုတွေ အားလုံးပဲ စားကြသောက်ကြပေါ့ အိမ်မှာ မသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့နေတယ်။ ဒီမနက်တော့ ဘုန်းကြီးကျောင်းကို လာပြီးတော့ ဆရာတော်ကြီးကို ဆွမ်းကပ်မယ် အလုပ်လေးဘာလေး လာလုပ်တာပေါ့။ဒီနှစ်ကတော့ ဆွမ်းပဲ ကပ်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

မြေးလေးတွေရော လိုချင်နေပြီလားလို့ မေးမြန်းရာ “မတောင်းတပါဘူးသမီးရယ် ငယ်ပါသေးတယ်။ အလုပ်လုပ်ကြပါစေဦး။ အန်တီကတော့ ၄ ၅ လောက်တော့ နေစေချင်သေးတယ် သူတို့လဲ နေမယ်လို့တော့ ပြောပါတယ် ဒါကံတရားပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ရွှေထူးကို သားတစ်ယောက်တိုးလာတယ်လို့ ခံစားမိလားလို့ မေးမြန်းရာ “ခံစားမိပါတယ် ဘာလို့လဲဆိုတော့ အန်တီက သူများသားသမီးလည်း အမြဲ ကိုယ်ချင်းစာတရားနဲ့ နေနေတာဆိုတော့လေ ကိုယ့်သားသမီး အရွယ်တွေကျရင် ကိုယ့်သားသမီးလိုပဲ သဘောထားတဲ့အတွက် သူ့ကိုလည်း အန်တီက သားတစ်ယောက်လိုပဲ သဘောထားပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ပရိသတ်တွေကို ဘာပြောချင်သေးလဲလို့ မေးမြန်းရာ “မရှိပါဘူး အားလုံးမင်္ဂလာပါလို့ ကျေးဇူးတင်ပါတယ် သမီးကို အားပေးနေတဲ့ ပရိသတ်တွေ အားလုံးကို။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top