20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

စစ္ကိုင္းတိုင္းေဒသၾကီး ၊ ေရႊဘိုျမိဳ႕၊ အမွတ္(၉)ရပ္ကြက္တြင္ ျပည္႔တန္ဆာလုပ္ငန္း လုပ္ကိုင္သူမ်ား ေဖာ္ထုတ္ ဖမ္းဆီးရမိေၾကာင္း ေရႊဘိုျမိဳ႕ရဲစခန္းမွဴး ဒုရဲမွဴး သိန္း၀င္းထံမွသိရသည္။

ျဖစ္စဥ္မွာ ေမလ(၁၇)ရက္ေန႕ နံနက္(၁)နာရီ မိနစ္(၃၀)ခန္႕က ဒုရဲအုပ္မင္းေအာင္ ဦးေဆာင္ေသာ ရဲတပ္ဖြဲ႔၀င္မ်ားနွင့္ သက္ေသမ်ားက ျပည္႕တန္ဆာလုပ္ငန္း လုပ္ကိုင္ေနေၾကာင္း သတင္းအရ ေရႊဘိုျမိဳ႕ အမွတ္(၉)ရပ္ကြက္ သက္သာပန္းေတာင္းရပ္ေန အိမ္ရွင္ ေဒၚသန္းျမင့္၀င္း ေနအိမ္သို့ ၀င္ေရာက္ရွာေဖြရာ ေဒၚသန္းျမင့္၀င္း၏ ၾကီးၾကပ္မွဳေအာက္တြင္အခေၾကးေငြယူ၍ျပည့္တန္ဆာလုပ္ငန္းျဖင့္ အသက္ေမြး၀မ္းေၾကာင္း
ေရႊဘိုၿမိဳ႕က ျပည္႔တန္ဆာလုပ္ငန္းကို ဝင္ေရာက္ဖမ္းဆီးလိုက္ေသာအခါ 1

ျပဳေနေသာ ခ်မ္းေျမ႕သာစည္ျမိဳ႕နယ္၊စက္မွဳ(၁)ေန မုိးမာယာ ၊ မိုးကုတ္ျမိဳ႕၊ စည္ပင္သာယာရပ္ကြက္ေန သဇင္(ခ) သဇင္ထြန္း ၊ မေကြးတိုင္းေဒသၾကီး၊ ေပါက္ျမိဳ႕နယ္ ၊ျပင္းေခ်ာင္းရြာေန ၊လမင္း(ခ) အိအိသိမ့္ ၊ခ်မ္းေျမ႕သာစည္ျမိဳ႕နယ္၊ကန္ၾကီးကုန္းရြာေန သီရိတို႕အား ေတြ႕ရွိခဲ့ရျပီး ေနအိမ္ေနာက္ခန္းအတြင္းမွ ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ရာတြင္ အသံုးျပဳရန္ ေငြေရာင္အိတ္အတြင္းထည့္ထားေသာ ကြန္ဒံုး (၁၂၀၀)၊Pwesonal Lubricant စာတမ္းပါ ေခ်ာဆီ (၁၀)ခုပါ (၁)ထုပ္၊ (၉)ခုပါ (၁)ထုပ္ ၊တစ္ရွဴးအိတ္ အသံုးျပဳဆဲ (၁)ခု အသံုးျပဳျပီး ကြန္ဒံုး (၁၃)ခု၊ အသံုးျပဳျပီး ေခ်ာဆီ (၂)ထုပ္ ၊ အစိမ္းေရာင္ ပလပ္စတစ္ျခင္း(၁)ခု

ပန္းျဖဴၾကား ဂြမ္းကပ္အိပ္ယာခင္း (၁)ခု ၊အျဖဴၾကား ဂြမ္းကပ္အိပ္ယာခင္း (၁)ခု၊ အနီေရာင္ေခါင္းအံုးစြပ္ပါ ေခါင္းအံုး (၁)လံုး တို႕ေတြ႕ရွိရျပီး ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့သည္။

သို႕ျဖစ္ပါ္၍ ေနအိမ္အား ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ရာတြင္ ၾကီးၾကပ္ေဆာင္ရြက္သူ ေဒၚသန္းျမင့္၀င္း (သ)

၆၅နွစ္ နွင့္ ျပည့္တန္ဆာ လုပ္ငန္းျဖင့္ အသက္ေမြး၀မ္းေၾကာင္း ျပဳသူ မိုးမာယာ (သ) ၂၂ နွစ္ ၊ သဇင္(ခ) သဇင္ထြန္း (သ) ၃၅နွစ္ ၊ လမင္း (ခ) အိအိသိမ့္ (သ) ၂၆နွစ္ ၊ သီရိ (သ) ၂၁နွစ္တို့အား ေရႊဘိုျမိဳ႕မ ရဲစခန္းမွ (ပ) ၄၃၁ /၂၀၁၉ ၊ ျပည့္တန္ဆာနွိပ္ကြပ္ေရး အက္ဥပေဒ ပုဒ္မ ၅ (၁) / ၈ (ဂ) / ၇ (၁) (က) ျဖင့္ အမွဳဖြင္ ့အေရးယူေဆာင္ရြက္ထားရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ထြန္းျမင့္ေအာင္(ေရႊဘို)

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများ ဖော်ထုတ် ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့ရဲစခန်းမှူး ဒုရဲမှူး သိန်းဝင်းထံမှသိရသည်။

ဖြစ်စဉ်မှာ မေလ(၁၇)ရက်နေ့ နံနက်(၁)နာရီ မိနစ်(၃၀)ခန့်က ဒုရဲအုပ်မင်းအောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ ရွှေဘိုမြို့ အမှတ်(၉)ရပ်ကွက် သက်သာပန်းတောင်းရပ်နေ အိမ်ရှင် ဒေါ်သန်းမြင့်ဝင်း နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဒေါ်သန်းမြင့်ဝင်း၏ ကြီးကြပ်မှုအောက်တွင်အခကြေးငွေယူ၍ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း
ရွှေဘိုမြို့က ပြည့်တန်ဆာလုပ်ငန်းကို ဝင်ရောက်ဖမ်းဆီးလိုက်သောအခါ 1

ပြုနေသော ချမ်းမြေ့သာစည်မြို့နယ်၊စက်မှု(၁)နေ မိုးမာယာ ၊ မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက်နေ သဇင်(ခ) သဇင်ထွန်း ၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ၊ပြင်းချောင်းရွာနေ ၊လမင်း(ခ) အိအိသိမ့် ၊ချမ်းမြေ့သာစည်မြို့နယ်၊ကန်ကြီးကုန်းရွာနေ သီရိတို့အား တွေ့ရှိခဲ့ရပြီး နေအိမ်နောက်ခန်းအတွင်းမှ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုရန် ငွေရောင်အိတ်အတွင်းထည့်ထားသော ကွန်ဒုံး (၁၂၀၀)၊Pwesonal Lubricant စာတမ်းပါ ချောဆီ (၁၀)ခုပါ (၁)ထုပ်၊ (၉)ခုပါ (၁)ထုပ် ၊တစ်ရှူးအိတ် အသုံးပြုဆဲ (၁)ခု အသုံးပြုပြီး ကွန်ဒုံး (၁၃)ခု၊ အသုံးပြုပြီး ချောဆီ (၂)ထုပ် ၊ အစိမ်းရောင် ပလပ်စတစ်ခြင်း(၁)ခု

ပန်းဖြူကြား ဂွမ်းကပ်အိပ်ယာခင်း (၁)ခု ၊အဖြူကြား ဂွမ်းကပ်အိပ်ယာခင်း (၁)ခု၊ အနီရောင်ခေါင်းအုံးစွပ်ပါ ခေါင်းအုံး (၁)လုံး တို့တွေ့ရှိရပြီး ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

သို့ဖြစ်ပါ်၍ နေအိမ်အား ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင် ကြီးကြပ်ဆောင်ရွက်သူ ဒေါ်သန်းမြင့်ဝင်း (သ)

၆၅နှစ် နှင့် ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူ မိုးမာယာ (သ) ၂၂ နှစ် ၊ သဇင်(ခ) သဇင်ထွန်း (သ) ၃၅နှစ် ၊ လမင်း (ခ) အိအိသိမ့် (သ) ၂၆နှစ် ၊ သီရိ (သ) ၂၁နှစ်တို့အား ရွှေဘိုမြို့မ ရဲစခန်းမှ (ပ) ၄၃၁ /၂၀၁၉ ၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) / ၈ (ဂ) / ၇ (၁) (က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ထွန်းမြင့်အောင်(ရွှေဘို)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top