တရားထိုင္ျခင္းဟာ စိတ္ရဲ႕ၿငိမ္းခ်မ္းမႈကို ရရွိေစၿပီး ကိုယ့္အေၾကာင္းကိုယ္ ပိုၿပီး နားလည္သေဘာေပါက္လာေစတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။
အခ်ိန္နည္းနည္းပဲ ျဖစ္ေစ၊ မ်ားမ်ားျဖစ္ေစ ေန႔စဥ္ေန႔တိုင္း တရားထိုင္သင့္တဲ့ အေၾကာင္းရင္း (၁၀)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ ပိုသတိေကာင္းၿပီး ဆင္ျခင္ႏိုင္စြမ္းေကာင္းလာေစတယ္
ေန႔တိုင္းတရားထိုင္မယ္ဆိုရင္ သင့္ရဲ႕အေတြးအၾကံနဲ႔ အလုပ္အကိုင္ေတြမွာ ပိုၿပီးေတာ့ သတိေကာင္းလာမွာ ျဖစ္ပါတယ္။ပံုမွန္အားျဖင့္ သင့္ရဲ႕စိတ္ဟာ တစ္ေန႔ကုန္ တည္ၿငိမ္မႈမရွိပဲ ဟိုဟိုဒီဒီေရာက္ရွိေနေလ့ရွိပါတယ္။
တရားထိုင္ျခင္းအားျဖင့္ ဘယ္အေတြးကေတာ့ ယုံၾကည္လက္ခံသင့္တယ္ ဘယ္အေတြးကေတာ့ အခ်ည္းႏွီးျဖစ္ေစတယ္ဆိုတာကို ခြဲျခားလာႏိုင္မွာ ျဖစ္ပါတယ္။ဒါ့အျပင္ လက္ရွိအခ်ိန္ေပၚမွာ အာရုံစူးစိုက္ႏိုင္စြမ္း တိုးတက္လာေစႏိုင္ပါတယ္။
၂။ မလိုအပ္တဲ့ စိတ္ဖိစီးမႈေတြကို ေလ်ာ့နည္းေစတယ္
လူတိုင္း စိတ္ဖိစီးမႈနဲ႔ မကင္းႏိုင္ၾကပါဘူး။ အခ်ိဳ႕ေသာ စိတ္ဖိစီးမႈေတြက ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။စိတ္ဖိစီးမႈမ်ားျခင္းဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။
တရားထိုင္ျခင္းကေတာ့ ေန႔စဥ္ေန႔တိုင္းမွာ မိမိကိုယ္ကို ျပန္လည္ဆန္းစစ္ႏိုင္ေစၿပီး အသက္႐ႈသြင္း ရႈထုတ္တိုင္းမွာ လက္ရွိအခ်ိန္ကိုပဲ အာရုံစိုက္ေစပါတယ္။ဒါ့ေၾကာင့္ စိတ္ဖိစီးမႈေတြ မ်ားျပားလာျခင္းကို ဟန္႔တားေပးၿပီး စိတ္ရဲ႕ၿငိမ္းခ်မ္းတည္ၿငိမ္မႈကို ရရွိေစႏိုင္ပါတယ္။
၃။ စိတ္ခံစားမႈေတြကို ပိုၿပီး ထိန္းသိမ္းႏိုင္လာေစတယ္
လူသား အားလံုးဟာ စိတ္ခံစားမႈေတြနဲ႔ မကင္းႏိုင္ၾကပါဘူး။ေပ်ာ္ရႊင္တယ္၊ စိတ္ဆိုးေဒါသျဖစ္တယ္၊ ၀မ္းနည္းတယ္၊ စသျဖင့္ ေန႔စဥ္နဲ႔အမွ်ဆိုသလို စိတ္ခံစားမႈ မ်ိဳးစံုျဖစ္ေပၚေနတတ္ၾကပါတယ္။
လူအမ်ားစုက သူတို႔ရဲ႕ စိတ္ခံစားမႈေတြကို မထိန္းခ်ဳပ္ႏိုင္တတ္ၾကပဲ အလြယ္တကူလက္ခံ ခံစားလိုက္တတ္ၾကပါတယ္။ေပ်ာ္တယ္၊ ၀မ္းနည္းတယ္၊ ေဒါသျဖစ္တယ္ စတဲ့ စိတ္ခံစားမႈေတြကို တရားထိုင္ျခင္းအားျဖင့္ ထိန္းခ်ဳပ္ႏိုင္ပါတယ္။
တရားထိုင္တဲ့ အေလ့အက်င့္ပိုမ်ားေလေလ၊ စိတ္ခံစားမႈေတြကို ျဖစ္ေစႏိုင္တဲ့ အေတြးနဲ႔ အလုပ္ေတြကို ပိုမိုပိုင္းျခားသိျမင္လာၿပီး ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။
၄။ ဆံုးျဖတ္ခ်က္ေတြ ပိုၿပီး မွန္ကန္လာမယ္
ေန႔စဥ္ေန႔တိုင္း တရားထိုင္ျခင္းအားျဖင့္ သင့္ရဲ႕အေတြး၊ အလုပ္နဲ႔ စိတ္ခံစားမႈေတြကို ပိုၿပီးဆင္ျခင္ထိန္းခ်ဳပ္ႏိုင္လာမွာ ျဖစ္တဲ့အတြက္ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာလည္း ပိုၿပီးအေထာက္အကူျဖစ္ေစပါတယ္။
ကေသာင္းကနင္းအေျခအေနတစ္ခုမွာ စိတ္လိုက္မာန္ပါ မဆံုးျဖတ္ပဲ ေသခ်ာဆင္ျခင္သံုးသပ္ၿပီး အမွန္ကန္ဆံုး ဆံုးျဖတ္ႏိုင္ေစမွာျဖစ္ပါတယ္။
၅။ ဘ၀ရဲ႕ ေျခလွမ္းေတြကို ျဖည္းျဖည္းမွန္မွန္ လွမ္းႏိုင္ေစတယ္
ဘ၀ဆိုတာက တာတိုေျပးပြဲမဟုတ္ပါဘူး။ မာရသြန္ေျပးပြဲတစ္ခုျဖစ္ပါတယ္။အေလာတႀကီး အလွ်င္စလို လုပ္စရာမလိုပဲ ျဖည္းျဖည္းမွန္မွန္ေအာင္ပြဲခံႏိုင္ဖို႔ လိုပါတယ္။
တရားထိုင္ျခင္းဟာ သင့္ရဲ႕စိတ္ကို တည္ၿငိမ္ေအးခ်မ္းေစၿပီး ျဖည္းျဖည္းမွန္မွန္အလုပ္လုပ္ေစႏိုင္တာေၾကာင့္ အျခားအရာအားလံုးကိုလည္း ျဖည္းျဖည္းမွန္မွန္အတိုင္း လုပ္ေဆာင္ၿပီးေျမာက္သြားေစႏိုင္ပါတယ္။
၆။ အရည္အခ်င္းတစ္ခု တိုးတက္လာေစတယ္
အျခားအရည္အခ်င္းေတြ မဟုတ္ပါဘူး။ တရားထိုင္တဲ့ အရည္အခ်င္းကို ဆိုလိုပါတယ္။တရားထိုင္ျခင္းဟာ အျခားအရည္အခ်င္းေတြလိုပဲ ေလ့က်င့္မႈနဲ႔ အာ႐ုံစူးစိုက္မႈေတြ လိုအပ္ပါတယ္။
ဒါ့အျပင္ ပံုမွန္တရားထိုင္ျခင္းအားျဖင့္ အျခားအရည္အခ်င္းေတြကို သင္ယူဖို႔လည္း လြယ္ကူေစႏိုင္ပါတယ္။တရားထိုင္ျခင္းဟာ ၿပိဳင္ပြဲတစ္ခုမဟုတ္ပါဘူး။
က်႐ႈံးစရာလည္း မရွိပါဘူး။ လုပ္ၾကည့္မယ္ဆိုရင္ အက်ိဳးေက်းဇူးပဲ ရွိပါတယ္။ဆံုး႐ႈံးစရာ မရွိပါဘူး။ဘာသာေရးအေလ့အက်င့္တစ္ခုအေနနဲ႔ က်င့္ႏိုင္သလို အျခားအက်ိဳးေက်းဇူးေတြလည္း ရရွိႏိုင္ေစတဲ့ အက်င့္ေကာင္းတစ္ခု ျဖစ္ပါတယ္။
၇။ ေက်နပ္ေပ်ာ္ရႊင္မႈကို ပိုမိုခံစားရမယ္
ေက်နပ္ေပ်ာ္ရႊင္စရာေကာင္းတဲ့ ဘ၀တစ္ခုကို မလိုခ်င္တဲ့သူ မရွိပါဘူး။တရားထိုင္ျခင္းဟာ သင့္ဘ၀ရဲ႕ ေကာင္းျခင္းေတြကို ျမင္ႏိုင္ေစၿပီး ေက်နပ္စရာေတြကို ခံစားမိေစႏိုင္ပါတယ္။
လက္ရွိဘ၀ကိုလည္း ပိုမို အသိအမွတ္ျပဳႏိုင္လာမွာ ျဖစ္ပါတယ္။
၈။ အခမဲ့ လုပ္ေဆာင္ႏိုင္တယ္
တရားထိုင္ျခင္းေၾကာင့္ ေငြကုန္ေၾကးက် မရွိပါဘူး။ဘယ္ေနရာ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ လုပ္ေဆာင္ႏုိင္တဲ့ အက်င့္ေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။
၉။ ဘယ္ေနရာမွာမဆို လုပ္ေဆာင္ႏိုင္တယ္
တရားထိုင္ဖို႔အတြက္ အဆင္ေျပမယ့္ေနရာတစ္ခုကို ေရြးခ်ယ္လိုက္ပါ။အမ်ားစုကေတာ့ တိတ္ဆိတ္ၿငိမ္သက္တဲ့ ေနရာတစ္ခုကို ေရြးေလ့ရွိပါတယ္။ သဘာ၀နဲ႔ နီးစပ္တဲ့ေနရာတစ္ခုမွာလည္း လုပ္ေဆာင္ႏိုင္ပါတယ္။
၁၀။ အမွန္တကယ္ အက်ိဳးသက္ေရာက္မႈရွိတယ္
တရားထိုင္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို သိပၸံနည္းက် အတည္ျပဳထားၿပီးသား ျဖစ္ပါတယ္။ပံုမွန္တရားထိုင္တဲ့ အေလ့အက်င့္ရွိသူေတြဟာ ဘ၀မွာေတြ႕ၾကံဳရတဲ့ ေလာကဓံေတြကို ပိုမို ခံႏိုင္ရည္ရွိလာေစပါတယ္။
ရုပ္ပိုင္းဆိုင္ရာ အက်ိဳးေက်းဇူးေတြအေနနဲ႔ ေသြးဖိအားကို ေလ်ာ့နည္းေစျခင္း၊ စိုးရိမ္ေသာက နည္းပါးေစျခင္း နဲ႔ ကိုယ္ခံအားစနစ္ကို တိုးတက္ေကာင္းမြန္ေစျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။
စိတ္ပိုင္းဆိုင္ရာ အက်ိဳးေက်းဇူးေတြအေနနဲ႔ ခံစားမႈနဲ႔ အေတြးေတြကို ပိုမိုနားလည္လာေစၿပီး ေပ်ာ္ရႊင္မႈကို ပိုမိုရရွိလာမွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original
#Unicode Version# ျဖင့္ဖတ္ပါ ။
တရားထိုင်ခြင်းဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို ရရှိစေပြီး ကိုယ့်အကြောင်းကိုယ် ပိုပြီး နားလည်သဘောပေါက်လာစေတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
အချိန်နည်းနည်းပဲ ဖြစ်စေ၊ များများဖြစ်စေ နေ့စဉ်နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းရင်း (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ပိုသတိကောင်းပြီး ဆင်ခြင်နိုင်စွမ်းကောင်းလာစေတယ်
နေ့တိုင်းတရားထိုင်မယ်ဆိုရင် သင့်ရဲ့အတွေးအကြံနဲ့ အလုပ်အကိုင်တွေမှာ ပိုပြီးတော့ သတိကောင်းလာမှာ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် သင့်ရဲ့စိတ်ဟာ တစ်နေ့ကုန် တည်ငြိမ်မှုမရှိပဲ ဟိုဟိုဒီဒီရောက်ရှိနေလေ့ရှိပါတယ်။
တရားထိုင်ခြင်းအားဖြင့် ဘယ်အတွေးကတော့ ယုံကြည်လက်ခံသင့်တယ် ဘယ်အတွေးကတော့ အချည်းနှီးဖြစ်စေတယ်ဆိုတာကို ခွဲခြားလာနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိအချိန်ပေါ်မှာ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်လာစေနိုင်ပါတယ်။
၂။ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့နည်းစေတယ်
လူတိုင်း စိတ်ဖိစီးမှုနဲ့ မကင်းနိုင်ကြပါဘူး။ အချို့သော စိတ်ဖိစီးမှုတွေက ရှောင်လွှဲလို့မရနိုင်ပါဘူး။စိတ်ဖိစီးမှုများခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
တရားထိုင်ခြင်းကတော့ နေ့စဉ်နေ့တိုင်းမှာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်စေပြီး အသက်ရှုသွင်း ရှုထုတ်တိုင်းမှာ လက်ရှိအချိန်ကိုပဲ အာရုံစိုက်စေပါတယ်။ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ များပြားလာခြင်းကို ဟန့်တားပေးပြီး စိတ်ရဲ့ငြိမ်းချမ်းတည်ငြိမ်မှုကို ရရှိစေနိုင်ပါတယ်။
၃။ စိတ်ခံစားမှုတွေကို ပိုပြီး ထိန်းသိမ်းနိုင်လာစေတယ်
လူသား အားလုံးဟာ စိတ်ခံစားမှုတွေနဲ့ မကင်းနိုင်ကြပါဘူး။ပျော်ရွှင်တယ်၊ စိတ်ဆိုးဒေါသဖြစ်တယ်၊ ဝမ်းနည်းတယ်၊ စသဖြင့် နေ့စဉ်နဲ့အမျှဆိုသလို စိတ်ခံစားမှု မျိုးစုံဖြစ်ပေါ်နေတတ်ကြပါတယ်။
လူအများစုက သူတို့ရဲ့ စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်တတ်ကြပဲ အလွယ်တကူလက်ခံ ခံစားလိုက်တတ်ကြပါတယ်။ပျော်တယ်၊ ဝမ်းနည်းတယ်၊ ဒေါသဖြစ်တယ် စတဲ့ စိတ်ခံစားမှုတွေကို တရားထိုင်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။
တရားထိုင်တဲ့ အလေ့အကျင့်ပိုများလေလေ၊ စိတ်ခံစားမှုတွေကို ဖြစ်စေနိုင်တဲ့ အတွေးနဲ့ အလုပ်တွေကို ပိုမိုပိုင်းခြားသိမြင်လာပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
၄။ ဆုံးဖြတ်ချက်တွေ ပိုပြီး မှန်ကန်လာမယ်
နေ့စဉ်နေ့တိုင်း တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့အတွေး၊ အလုပ်နဲ့ စိတ်ခံစားမှုတွေကို ပိုပြီးဆင်ခြင်ထိန်းချုပ်နိုင်လာမှာ ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာလည်း ပိုပြီးအထောက်အကူဖြစ်စေပါတယ်။
ကသောင်းကနင်းအခြေအနေတစ်ခုမှာ စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပဲ သေချာဆင်ခြင်သုံးသပ်ပြီး အမှန်ကန်ဆုံး ဆုံးဖြတ်နိုင်စေမှာဖြစ်ပါတယ်။
၅။ ဘဝရဲ့ ခြေလှမ်းတွေကို ဖြည်းဖြည်းမှန်မှန် လှမ်းနိုင်စေတယ်
ဘဝဆိုတာက တာတိုပြေးပွဲမဟုတ်ပါဘူး။ မာရသွန်ပြေးပွဲတစ်ခုဖြစ်ပါတယ်။အလောတကြီး အလျှင်စလို လုပ်စရာမလိုပဲ ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံနိုင်ဖို့ လိုပါတယ်။
တရားထိုင်ခြင်းဟာ သင့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ဖြည်းဖြည်းမှန်မှန်အလုပ်လုပ်စေနိုင်တာကြောင့် အခြားအရာအားလုံးကိုလည်း ဖြည်းဖြည်းမှန်မှန်အတိုင်း လုပ်ဆောင်ပြီးမြောက်သွားစေနိုင်ပါတယ်။
၆။ အရည်အချင်းတစ်ခု တိုးတက်လာစေတယ်
အခြားအရည်အချင်းတွေ မဟုတ်ပါဘူး။ တရားထိုင်တဲ့ အရည်အချင်းကို ဆိုလိုပါတယ်။တရားထိုင်ခြင်းဟာ အခြားအရည်အချင်းတွေလိုပဲ လေ့ကျင့်မှုနဲ့ အာရုံစူးစိုက်မှုတွေ လိုအပ်ပါတယ်။
ဒါ့အပြင် ပုံမှန်တရားထိုင်ခြင်းအားဖြင့် အခြားအရည်အချင်းတွေကို သင်ယူဖို့လည်း လွယ်ကူစေနိုင်ပါတယ်။တရားထိုင်ခြင်းဟာ ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။
ကျရှုံးစရာလည်း မရှိပါဘူး။ လုပ်ကြည့်မယ်ဆိုရင် အကျိုးကျေးဇူးပဲ ရှိပါတယ်။ဆုံးရှုံးစရာ မရှိပါဘူး။ဘာသာရေးအလေ့အကျင့်တစ်ခုအနေနဲ့ ကျင့်နိုင်သလို အခြားအကျိုးကျေးဇူးတွေလည်း ရရှိနိုင်စေတဲ့ အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။
၇။ ကျေနပ်ပျော်ရွှင်မှုကို ပိုမိုခံစားရမယ်
ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုကို မလိုချင်တဲ့သူ မရှိပါဘူး။တရားထိုင်ခြင်းဟာ သင့်ဘဝရဲ့ ကောင်းခြင်းတွေကို မြင်နိုင်စေပြီး ကျေနပ်စရာတွေကို ခံစားမိစေနိုင်ပါတယ်။
လက်ရှိဘဝကိုလည်း ပိုမို အသိအမှတ်ပြုနိုင်လာမှာ ဖြစ်ပါတယ်။
၈။ အခမဲ့ လုပ်ဆောင်နိုင်တယ်
တရားထိုင်ခြင်းကြောင့် ငွေကုန်ကြေးကျ မရှိပါဘူး။ဘယ်နေရာ ဘယ်အချိန်ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တဲ့ အကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
၉။ ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်တယ်
တရားထိုင်ဖို့အတွက် အဆင်ပြေမယ့်နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။အများစုကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုကို ရွေးလေ့ရှိပါတယ်။ သဘာဝနဲ့ နီးစပ်တဲ့နေရာတစ်ခုမှာလည်း လုပ်ဆောင်နိုင်ပါတယ်။
၁၀။ အမှန်တကယ် အကျိုးသက်ရောက်မှုရှိတယ်
တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျ အတည်ပြုထားပြီးသား ဖြစ်ပါတယ်။ပုံမှန်တရားထိုင်တဲ့ အလေ့အကျင့်ရှိသူတွေဟာ ဘဝမှာတွေ့ကြုံရတဲ့ လောကဓံတွေကို ပိုမို ခံနိုင်ရည်ရှိလာစေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအနေနဲ့ သွေးဖိအားကို လျော့နည်းစေခြင်း၊ စိုးရိမ်သောက နည်းပါးစေခြင်း နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအနေနဲ့ ခံစားမှုနဲ့ အတွေးတွေကို ပိုမိုနားလည်လာစေပြီး ပျော်ရွှင်မှုကို ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Original
ေန႔တိုင္း တရားထိုင္သင့္တဲ့ အေၾကာင္းရင္း ( ၁၀ ) ခု
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။