၆ . ၅ .၂၀၁၉ ရက္ေန​႔ ၃၃၀နာရီအခ်ိန္ခန္႔က ေရႊမင္းဘုန္း၌ လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းအရ ဒုရဲအုပ္ဇင္မင္းထြန္းႏွင့္သက္ေသ ဦးေပါေဌး ရပ္မိရပ္ဖေရႊေတာင္ၾကားရပ္ကြက္ ေရႊမင္းဘုန္းေနသူတို႔ႏွင့္အတူ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးခဲ့ရာ

ေရႊေတာင္ၾကားရပ္ကြက္ ရြာလယ္လမ္းဆံုတြင္ ေအာင္တင္ဝင္း(က်ဘမ္း)လုပ္ကိုင္သူမွာ ရင္ညြန္႔တည့္တည့္၌ တစ္လက္မခန္႔ထိုးသြင္းဒဏ္ရာတစ္ခ်က္ျဖင့္ေသဆံုးေနသည္ကို ေတြ႕ရွိ၍ စံုစမ္းစစ္ေဆးခဲ့ရာ

ဇနီးျဖစ္သူ မအိ ေရႊေတာင္ၾကားရပ္ကြက္ေရႊမင္းဘုန္းေဒသ ကေလာၿမိဳ႕နယ္ေနသူႏွင့္ ၆ ၅ ၂၀၁၉ ရက္ေန႔ ၃နာရီအခ်ိန္ခန္႔က ၎တို႔ေနအိမ္၌ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ၾကရာ

ခင္ပြန္းျဖစ္သူေအာင္တင္ဝင္းမွ မအိအား အရက္ေသစာေသာက္စားမူးယစ္ၿပီး ရိုက္နက္၍ ထြက္ေျပးစဥ္ ေလးဂြျဖင့္ လိုက္လံျပစ္ခတ္ခဲ့ေၾကာင္း ထိုသို႔ထြက္ေျပးစဥ္ ေရႊမင္းဘုန္းရပ္ကြက္ ရြာလယ္လမ္းဆံု အေရာက္၌ ေအာင္တင္ဝင္းမွ ထပ္မံရိုက္နက္ခဲ့သျဖင့္

ေနအိမ္မွ အသင့္ယူေဆာင္လာေသာ အရွည္၈.၅လက္မခန္႔ရွိ ဝါးရိုးတပ္ ဓားဦးခၽြန္ စတီးဓားျဖင့္ ေအာင္တင္ဝင္း၏ရင္ဘက္အား မအိမွတစ္ခ်က္ထိုးခဲ့ေၾကာင္း ခင္ပြန္းျဖစ္သူမွ မအိအား ယခင္ကအႀကိမ္ႀကိမ္ရိုက္နက္ႏွိပ္စက္ခဲ့သည္ကို မခံႏိုင္ေတာ့သျဖင့္ ဓားျဖင့္ထိုးသတ္ခဲ့ေၾကာင္း သိရသည္

မအိအား ကေလာၿမိဳ႕မွစခန္းတြင္ (ပ)၂၇/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရွိသည္

ဖိုးသူေတာ္(www.phothutaw.com)
Credit:သတင္းေထာက္ heho Ph 09788326212

#Unicode Version#
၆ . ၅ .၂၀၁၉ ရက်နေ့ ၃၃၀နာရီအချိန်ခန့်က ရွှေမင်းဘုန်း၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ်ဇင်မင်းထွန်းနှင့်သက်သေ ဦးပေါဌေး ရပ်မိရပ်ဖရွှေတောင်ကြားရပ်ကွက် ရွှေမင်းဘုန်းနေသူတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ

ရွှေတောင်ကြားရပ်ကွက် ရွာလယ်လမ်းဆုံတွင် အောင်တင်ဝင်း(ကျဘမ်း)လုပ်ကိုင်သူမှာ ရင်ညွန့်တည့်တည့်၌ တစ်လက်မခန့်ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့်သေဆုံးနေသည်ကို တွေ့ရှိ၍ စုံစမ်းစစ်ဆေးခဲ့ရာ

ဇနီးဖြစ်သူ မအိ ရွှေတောင်ကြားရပ်ကွက်ရွှေမင်းဘုန်းဒေသ ကလောမြို့နယ်နေသူနှင့် ၆ ၅ ၂၀၁၉ ရက်နေ့ ၃နာရီအချိန်ခန့်က ၎င်းတို့နေအိမ်၌ လင်မယားချင်းစကားများရန်ဖြစ်ကြရာ

ခင်ပွန်းဖြစ်သူအောင်တင်ဝင်းမှ မအိအား အရက်သေစာသောက်စားမူးယစ်ပြီး ရိုက်နက်၍ ထွက်ပြေးစဉ် လေးဂွဖြင့် လိုက်လံပြစ်ခတ်ခဲ့ကြောင်း ထိုသို့ထွက်ပြေးစဉ် ရွှေမင်းဘုန်းရပ်ကွက် ရွာလယ်လမ်းဆုံ အရောက်၌ အောင်တင်ဝင်းမှ ထပ်မံရိုက်နက်ခဲ့သဖြင့်

နေအိမ်မှ အသင့်ယူဆောင်လာသော အရှည်၈.၅လက်မခန့်ရှိ ဝါးရိုးတပ် ဓားဦးချွန် စတီးဓားဖြင့် အောင်တင်ဝင်း၏ရင်ဘက်အား မအိမှတစ်ချက်ထိုးခဲ့ကြောင်း ခင်ပွန်းဖြစ်သူမှ မအိအား ယခင်ကအကြိမ်ကြိမ်ရိုက်နက်နှိပ်စက်ခဲ့သည်ကို မခံနိုင်တော့သဖြင့် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်

မအိအား ကလောမြို့မှစခန်းတွင် (ပ)၂၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်

ဖိုးသူတော်(www.phothutaw.com)
Credit:သတင်းထောက် heho Ph 09788326212


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top