မႏၲေလးၿမိဳ႔ က်ံဳးအေရွ႕ျခမ္း (၆၆)လမ္းပလက္ေဖာင္းေဘးတြင္ ညအခ်ိန္ အနားယူအပန္းေျဖေနသည့္ လူငယ္(၃)ဦးကို ဆိုင္ကယ္စီးအုပ္စုတစ္စုက ရဲဒင္းျဖင့္ ၀င္ခုတ္၊ေလးခြျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ေမလ(၄)ရက္ ည(၉)နာရီ၀န္းက်င္ခန္႔က က်ံဳးေဘးတြင္ အပန္းေျဖဆိုင္ကယ္စီးေနသည့္ လူငယ္(၃)ဦးကို အျခားဆိုင္ကယ္(၃)စီးျဖင့္ လူ(၈)ဦးခန္႔က ရန္ျပဳတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ဒဏ္ရာရလူငယ္မ်ားကို မႏၲေလးေဆးရံုႀကီးသို႔ ပို႔ေပးခဲ့သည္ဟု မႏၲေလးၿမိဳ႔ နန္းေတာ္ေရွ႕လူမူကယ္ဆယ္ေရးအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

“အခုတ္ခံရတဲ့ကေလးေတြက ေရသန္႔စက္ရံုကလို႔ ေျပာတယ္။ သူတို႔ က်ံဳးေဘးမွာ ဆိုင္ကယ္သံုးစီးနဲ႔ လူ(၈)ေယာက္ေလာက္က ဝိုင္းလုပ္သြားတာတဲ့။ တစ္ေယာက္ကေတာ့ ေခါင္းထိသြားၿပီး ဒဏ္ရာနည္းနည္းမ်ားတယ္။ က်န္တဲ့သူေတြကေတာ့ မစိုးရိမ္ရပါဘူး” ဟု ၎က ေျပာသည္။

ခိုက္ရန္ျဖစ္ပြားျခင္း သို႔မဟုတ္ အေၾကာင္းမဲ့ရန္ျပဳတိုက္ခိုက္ျခင္းလားဆိုသည္ကို အတိအက် မသိရေသးေပ။ ယင္းျဖစ္ရပ္ႏွင္ပ့ါတ္သက္၍ တရားခံမ်ား ဖမ္းဆီးရမိျခင္းရွိ၊ မရွိ ေအာင္ေျမသာစံၿမိဳ႔နယ္ အမွတ္(၁)ရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းခဲ့ရာ တာ၀န္က် ရဲအရာရွိက အမူဖြင့္စစ္ေဆးေနဆဲျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားသည္။

ၿပီးခဲ့သည့္ ဧၿပီ(၂၉)ရက္ညပိုင္းကလည္း မႏၲေလးၿမိဳ႔တြင္း ညအခ်ိန္ သြားလာေနသူအခ်ိဳ႔ကို အိမ္စီးကားေပၚမွ လူအုပ္က ရန္ျပဳတိုက္ခိုက္ခဲ့သျဖင့္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္။

လက္ရွိတြင္ ေအာင္ေျမသာစံၿမိဳ႔နယ္ အမွတ္(၁)ရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ား၊ မီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ တာ၀န္ရွိသူမ်ား စုေပါင္းကာ မႏၲေလးက်ံဳးေဘးပလက္ေဖာင္းတြင္ အရက္ဘီယာေသာက္စားသူမ်ားကို ဖမ္းဆီးကာ ေထာင္ဒဏ္မ်ား ခ်မွတ္အေရးယူလွ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mandalay Indepth News

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးမြို့ ကျုံးအရှေ့ခြမ်း (၆၆)လမ်းပလက်ဖောင်းဘေးတွင် ညအချိန် အနားယူအပန်းဖြေနေသည့် လူငယ်(၃)ဦးကို ဆိုင်ကယ်စီးအုပ်စုတစ်စုက ရဲဒင်းဖြင့် ဝင်ခုတ်၊လေးခွဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မေလ(၄)ရက် ည(၉)နာရီဝန်းကျင်ခန့်က ကျုံးဘေးတွင် အပန်းဖြေဆိုင်ကယ်စီးနေသည့် လူငယ်(၃)ဦးကို အခြားဆိုင်ကယ်(၃)စီးဖြင့် လူ(၈)ဦးခန့်က ရန်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရလူငယ်များကို မန္တလေးဆေးရုံကြီးသို့ ပို့ပေးခဲ့သည်ဟု မန္တလေးမြို့ နန်းတော်ရှေ့လူမူကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုတ်ခံရတဲ့ကလေးတွေက ရေသန့်စက်ရုံကလို့ ပြောတယ်။ သူတို့ ကျုံးဘေးမှာ ဆိုင်ကယ်သုံးစီးနဲ့ လူ(၈)ယောက်လောက်က ဝိုင်းလုပ်သွားတာတဲ့။ တစ်ယောက်ကတော့ ခေါင်းထိသွားပြီး ဒဏ်ရာနည်းနည်းများတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။

ခိုက်ရန်ဖြစ်ပွားခြင်း သို့မဟုတ် အကြောင်းမဲ့ရန်ပြုတိုက်ခိုက်ခြင်းလားဆိုသည်ကို အတိအကျ မသိရသေးပေ။ ယင်းဖြစ်ရပ်နှင်ပ့ါတ်သက်၍ တရားခံများ ဖမ်းဆီးရမိခြင်းရှိ၊ မရှိ အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိက အမူဖွင့်စစ်ဆေးနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပြီးခဲ့သည့် ဧပြီ(၂၉)ရက်ညပိုင်းကလည်း မန္တလေးမြို့တွင်း ညအချိန် သွားလာနေသူအချို့ကို အိမ်စီးကားပေါ်မှ လူအုပ်က ရန်ပြုတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

လက်ရှိတွင် အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ စုပေါင်းကာ မန္တလေးကျုံးဘေးပလက်ဖောင်းတွင် အရက်ဘီယာသောက်စားသူများကို ဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်အရေးယူလျှက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mandalay Indepth News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top