အခုဆိုရင္အနယ္အနယ္အရပ္ရပ္မွာ ပုရစ္ေၾကာ္ကို အစားမ်ားလာၾကတာ အားလံုးအသိပဲျဖစ္မွာပါ။ တခ်ိဳ႔လည္းပုရစ္စားတာကို မေကာင္းဘူးဆိုတဲ႔ အျမင္ေတြလည္းရွိေနပါတယ္။ တခ်ိဳ႕ကလည္း မစားရဲတာေပါ့။

အခုဆိုရင္ အင္းဆက္ကို ေကာက္ပဲသီးႏွံ ဖ်က္ပိုးဆိုျပီး မွတ္ယူထားရာကေန သူ႕ရဲ႔အာဟာရရွိတဲ႔ သတၱဳဓာတ္ေတြေၾကာင့္ စားသံုးလို႔ရတဲ႔ အေနနဲ႔ပါ ေတြ႔ရွိလာရပါျပီ။ ကဲ ဒါဆို ပုရစ္စားရင္ ဘာအက်ိဳးေတြ ရမလဲ ၾကည့္လိုက္ရေအာင္ေနာ္။

၁။ ေလ့လာခ်က္ေတြအရ ပုရစ္မွာ ပရိုတင္း ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ၾကြယ္ဝစြာ ပါဝင္တာကို ေတြ႔ရပါတယ္။ Essential amino acid ဆိုတဲ႔ မရွိမျဖစ္လိုအပ္တဲ႔ ဓာတ္ေတြပါဝင္ေနတာကိုလည္း ေလ့လာေတြ႔ရွိထားပါတယ္။

အျခားေသာသားငါးေတြ ထက္ပိုျပီး ပရိုတင္းအေနနဲ႔ ၆၅ ရာခိုင္ႏႈန္းထိ ပါဝင္တဲ႔အျပင္ သံဓာတ္လည္း ၾကြယ္ဝစြာ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ တေန႔တာ လိုအပ္တဲ႔ အာဟာရကို အေကာင္းဆံုးေပးစြမ္းႏိုင္ပါတယ္။ အထူးအားျဖင့္ ေသြးအားနည္း ေရာဂါရွိသူေတြအတြက္ ပိုျပီးေတာ့ သင့္ေတာ္ပါတယ္။

၂။ ပုရစ္မွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ omega 3 နဲ႔ omega 6 တို႔ပါဝင္တဲ႔အတြက္ ကိုလက္စေရာပမာဏကို ထိန္းညိွေပးျပီး ႏွလံုးေရာဂါျဖစ္ပြားႏႈန္း ကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

၃။ ေနာက္ျပီး ပုရစ္စားျခင္းျဖင့္ ခႏၶာကိုယ္မွာ ေရာင္ရမ္းမႈေတြကိုလည္း ေလ်ာ့က်ေစပါတယ္။

၄။ ဒီအျပင္ ကယ္ဆီယမ္ဓါတ္ လည္းပါဝင္ပါတဲ႔အတြက္ အရိုးနဲ႔ဆိုင္တဲ႔ ေရာဂါေတြအတြက္ ေကာင္းမြန္ေစမွာပါ။

၅။ ေနာက္ျပီး ပုရစ္မွာ ဗီတာမင္ ဘီ ဓါတ္ ၾကြယ္ဝစြာပါဝင္ ေနလို့ အာရံုေၾကာဆိုင္ရာေရာဂါေတြအတြက္ အေထာက္အကူ ျဖစ္ေစမွာပါ။

၆။ ပိုျပီးေကာင္းတာက ပုရစ္မွာ ပါဝင္တဲ႔ chitin ဆိုတဲ႔ ဓါတ္နဲ႔ အျခားအမ်ွင္ဓာတ္ ေတြက ခႏၶာကိုယ္ရဲ႔ အစာေခ်ျဖတ္မႈ စနစ္ကို အေကာင္းဆံုး အေထာက္အပံ့ေပးႏိုင္ပါတယ္။

chitin က အူလမ္းေၾကာင္းတေလ်ာက္မွာ ေကာင္းမြန္တဲ႔ ဘက္တီးရီးယား (probiotics)ေတြ ေပါက္ပြားမႈကို အားေပးပါတယ္။ probiotics ဆိုတာ ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ႔ ဘက္တီးရီးယားမ်ိဳးပါ။ chitin compound ကအျခား အသီးအရြက္မွာပါတဲ႔ အမ်ွင္ဓါတ္ေတြနဲ႔ မတူညီဘဲ ပိုျပီး ေကာင္းမြန္တဲ႔ အစာေခ်စနစ္ကို ဖန္တီးေပးႏိုင္ပါတယ္။

၇။ ေနာက္တခ်က္ကေတာ့ ပုရစ္ကို အရသာရွိရွိေၾကာ္စား မယ္ဆိုရင္ ခံတြင္းပ်က္ေနတဲ႔သူေတြ အတြက္ပါ ထိေရာက္မႈျဖစ္ေစမွာပါ။

အကယ္၍ အင္းဆက္ေတြနဲ႔ ဓာတ္မတည့္တဲ႔ သူေတြဆိုရင္ေတာ့ မစားသံုးသင့္ပါဘူးေနာ္။

ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတယ္ဆိုျပီး အမ်ားၾကီး စားစရာေတာ့ မလိုပါဘူးေနာ္။ တန္ေဆးလြန္ေဘး ဆိုတာလည္း ရွိေသးတယ္ေလ။ ဒါေၾကာင့္ ရာသီစာလဲျဖစ္ အာဟာရေတြလည္း ျပည့္ဝစြာပါဝင္ေနတဲ႔ ပုရစ္ကို သန္႔သန္႔ရွင္းရွင္း ေၾကာ္ေလွာ္ျပီး စားသံုးၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #

အခုဆိုရင်အနယ်အနယ်အရပ်ရပ်မှာ ပုရစ်ကြော်ကို အစားများလာကြတာ အားလုံးအသိပဲဖြစ်မှာပါ။ တချို့လည်းပုရစ်စားတာကို မကောင်းဘူးဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။ တချို့ကလည်း မစားရဲတာပေါ့။

အခုဆိုရင် အင်းဆက်ကို ကောက်ပဲသီးနှံ ဖျက်ပိုးဆိုပြီး မှတ်ယူထားရာကနေ သူ့ရဲ့အာဟာရရှိတဲ့ သတ္တုဓာတ်တွေကြောင့် စားသုံးလို့ရတဲ့ အနေနဲ့ပါ တွေ့ရှိလာရပါပြီ။ ကဲ ဒါဆို ပုရစ်စားရင် ဘာအကျိုးတွေ ရမလဲ ကြည့်လိုက်ရအောင်နော်။

၁။ လေ့လာချက်တွေအရ ပုရစ်မှာ ပရိုတင်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်တာကို တွေ့ရပါတယ်။ Essential amino acid ဆိုတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေပါဝင်နေတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

အခြားသောသားငါးတွေ ထက်ပိုပြီး ပရိုတင်းအနေနဲ့ ၆၅ ရာခိုင်နှုန်းထိ ပါဝင်တဲ့အပြင် သံဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် တနေ့တာ လိုအပ်တဲ့ အာဟာရကို အကောင်းဆုံးပေးစွမ်းနိုင်ပါတယ်။ အထူးအားဖြင့် သွေးအားနည်း ရောဂါရှိသူတွေအတွက် ပိုပြီးတော့ သင့်တော်ပါတယ်။

၂။ ပုရစ်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ omega 3 နဲ့ omega 6 တို့ပါဝင်တဲ့အတွက် ကိုလက်စရောပမာဏကို ထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ပွားနှုန်း ကိုလည်း လျော့ချပေးပါတယ်။

၃။ နောက်ပြီး ပုရစ်စားခြင်းဖြင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေပါတယ်။

၄။ ဒီအပြင် ကယ်ဆီယမ်ဓါတ် လည်းပါဝင်ပါတဲ့အတွက် အရိုးနဲ့ဆိုင်တဲ့ ရောဂါတွေအတွက် ကောင်းမွန်စေမှာပါ။

၅။ နောက်ပြီး ပုရစ်မှာ ဗီတာမင် ဘီ ဓါတ် ကြွယ်ဝစွာပါဝင် နေလို့ အာရုံကြောဆိုင်ရာရောဂါတွေအတွက် အထောက်အကူ ဖြစ်စေမှာပါ။

၆။ ပိုပြီးကောင်းတာက ပုရစ်မှာ ပါဝင်တဲ့ chitin ဆိုတဲ့ ဓါတ်နဲ့ အခြားအမျှင်ဓာတ် တွေက ခန္ဓာကိုယ်ရဲ့ အစာချေဖြတ်မှု စနစ်ကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

chitin က အူလမ်းကြောင်းတလျောက်မှာ ကောင်းမွန်တဲ့ ဘက်တီးရီးယား (probiotics)တွေ ပေါက်ပွားမှုကို အားပေးပါတယ်။ probiotics ဆိုတာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားမျိုးပါ။ chitin compound ကအခြား အသီးအရွက်မှာပါတဲ့ အမျှင်ဓါတ်တွေနဲ့ မတူညီဘဲ ပိုပြီး ကောင်းမွန်တဲ့ အစာချေစနစ်ကို ဖန်တီးပေးနိုင်ပါတယ်။

၇။ နောက်တချက်ကတော့ ပုရစ်ကို အရသာရှိရှိကြော်စား မယ်ဆိုရင် ခံတွင်းပျက်နေတဲ့သူတွေ အတွက်ပါ ထိရောက်မှုဖြစ်စေမှာပါ။

အကယ်၍ အင်းဆက်တွေနဲ့ ဓာတ်မတည့်တဲ့ သူတွေဆိုရင်တော့ မစားသုံးသင့်ပါဘူးနော်။

ခန္ဓာကိုယ်အတွက် အကျိုးပြုတယ်ဆိုပြီး အများကြီး စားစရာတော့ မလိုပါဘူးနော်။ တန်ဆေးလွန်ဘေး ဆိုတာလည်း ရှိသေးတယ်လေ။ ဒါကြောင့် ရာသီစာလဲဖြစ် အာဟာရတွေလည်း ပြည့်ဝစွာပါဝင်နေတဲ့ ပုရစ်ကို သန့်သန့်ရှင်းရှင်း ကြော်လှော်ပြီး စားသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top