အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ ခ်စ္တင္းႏွီးေႏွာေနတဲ့အခ်ိန္မွာ ေလလည္တတ္ပါတယ္။ ဒါဟာ ပံုမွန္ျဖစ္ရိုးျဖစ္စဥ္ ကိစၥတစ္ခုသာျဖစ္ျပီး တျခားေသာ က်န္းမာေရးျပႆနာေတြေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ကိုယ္က လိင္ဆက္ဆံေနလို႔လည္း ဗိုက္ထဲက အစာေျခစနစ္က ျငိမ္ေနတာမဟုတ္ပါဘူး။

သူ႔အလုပ္သူ လုပ္ေနတာျဖစ္ပါတယ္။ ကိုယ္ေနာက္ဆံုး အစာစားထားတာ ဘယ္အခ်ိန္လဲ၊ ကိုယ္စားလိုက္တဲ့ အစားအစာ၊ ေနာက္ဆံုး ဝမ္းသြားထားခ်ိန္ ဒါေတြေပၚမွာ မူတည္ျပီး ေလလည္ႏိုင္ပါတယ္။

ဘာလို႔ လိင္ဆက္ဆံေနစဥ္မွာ ေလလည္တာလဲ။

အမ်ိဳးသမီးေတြမွာ လိင္တံက မိန္းမကိုယ္တြင္း တိုးဝင္လာတဲ့အခါ ဖိအားသက္ေရာက္ပါတယ္။ ဒီဖိအားက မိန္းမကိုယ္ အတြင္းသားနံရံအျပင္ သူနဲ႔ နီးကပ္ေနတဲ့ စအိုကိုပါ သြားျပီး သက္ေရာက္တဲ့အတြက္ ေလေတြ အျပင္ကို ထြက္လာရတာပါ။ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ ေလလည္ရျခင္းဟာ လိင္ဆက္ဆံတဲ့ ပံုစံအေနအထားနဲ႔ေတာ့ သက္ဆိုင္မႈ မရွိပါဘူး။

အထူးသျဖင့္ လိင္စိတ္ဆႏၵ အထြတ္အထိပ္ေရာက္ျပီးတဲ့အခါ ခႏၶာကိုယ္က တင္းထားသမွ် ၾကြက္သားေတြ ေလွ်ာ့ခ်လိုက္တာေၾကာင့္ ရုတ္တရက္ ေလလည္ရျခင္း ျဖစ္ပါတယ္။
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြမွာ ပိုျပီးေလလည္ေစတဲ့ အေၾကာင္းရင္းက ဘာမ်ားလဲ။

အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္မွာ ေဟာ္မုန္းမွ်ေျခ အေျပာင္းအလဲမ်ားလြန္းတာေၾကာင့္ ကိုယ္ခႏၶာတြင္း ေလေတြ အမ်ားအျပား စုျပံဳေနႏိုင္ပါတယ္။ အထူးသျဖင့္ ပရိုဂ်က္စတီရုန္း (Progesterone) ေဟာ္မုန္းေတြမ်ားလြန္းတဲ့အခါ ပိုျပီး အျဖစ္မ်ားပါတယ္။ ဒီေဟာ္မုန္းေတြဟာ ၾကြက္သားေတြကို ေျပေလ်ာ့ေစျပီး အစာေျခစနစ္ကို ေႏွးေကြးသြားေစတယ္။

အဲ့ေတာ့ ကိုယ္ထဲမွာ ေလေတြ ပိုေအာင္းေနေတာ့တာေပါ့။ တစ္ခ်ိဳ႕ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ အစာေကာင္းစြာ မစားႏိုင္တာ၊ ျပင္းထန္စြာ ပ်ိဳ႕အန္တတ္တ့ဲအတြက္ အစာေျခစနစ္ကို ထိခိုက္ေစျပီး ဝမ္းပံုမွန္မသြားေတာ့ႏိုင္ေတာ့တာေၾကာင့္ ေလေတြ မ်ားလာတတ္ပါတယ္။ ဒီလို ပ်ိဳ႕အန္တာကို ထိန္းႏိုင္မယ္ဆိုရင္ေတာ့ လိင္ဆက္ဆံေနစဥ္ ေလမလည္ေအာင္ အနည္းငယ္ ထိန္းခ်ဳပ္ေပးႏိုင္မွာပါ။
လိင္ဆက္ဆံေနစဥ္ ေလမလည္ေအာင္ ဘယ္လိုလုပ္သင့္လဲ။

တစ္ခါတစ္ရံမွာ လိင္ဆက္ဆံေနစဥ္ ေလလည္တာ ျပႆနာမရွိေပမဲ့ အျမဲလိုလို ေလလည္ေနတာဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာျပသတိုင္ပင္ၾကည့္သင့္ပါတယ္။ ျပသၾကည့္လို႔မွ ဘာက်န္းမာေရးျပႆနာမွ မရွိဘူးဆိုရင္ေတာ့ ေအာက္မွာ ျပထားတဲ့ နည္းလမ္းေတြကို ေသခ်ာလိုက္လုပ္ၾကည့္ေပးပါ။

၁။ လိင္ဆက္ဆံျခင္း မျပဳခင္ အခ်ိန္ျခားျပီး ဝမ္းသြားထားပါ။

၂။ အစာကို လိင္မဆက္ဆံခင္ အနည္းဆံုး ၂နာရီေလာက္ျခားျပီး စားထားပါ။

၃။ လိင္ဆက္ဆံျခင္းမျပဳခင္ ေလလည္ႏိုင္ေစတဲ့ ဂက္စ္ပါတဲ့ ေဖ်ာ္ရည္၊ အေအးေတြ၊ အစာေၾကဖို႔ ခက္တဲ့ အမာစာေတြကို သိပ္မစားသင့္ပါဘူး။

၄။ ေလနဲ႔ ဝမ္းမွန္ေစဖို႔ အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြ မ်ားမ်ားစားပါ။ ေရမ်ားမ်ားေသာက္ပါ။

၅။ အစားအစာကို ပမာဏနည္းနည္းနဲ႔ အၾကိမ္ေရမ်ားမ်ားစားေပးပါ။

၆။ သၾကားဓာတ္မ်ားတဲ့ မုန္႔ေတြ၊ သၾကားလံုး၊ အခ်ိဳမုန္႔ေတြကို ေရွာင္ပါ။

၇။ အေအးေတြကို ပိုက္နဲ႔ စုပ္ေသာက္တဲ့ အက်င့္ကို ေဖ်ာက္ပါ။

၈။ ေဆးလိပ္ျဖတ္လိုက္ပါ။

၉။ ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးပါ။

လိင္ဆက္ဆံေနစဥ္မွာ ေလလည္တာ မျဖစ္ဖို႔ အျမဲတမ္းကာကြယ္လို႔၊ ထိန္းထားလို႔ေတာ့ အဆင္မေျပပါဘူး။ ဒီလိုအေျခအေနမ်ိဳး မျဖစ္ရေအာင္ ကိုယ့္ရဲ႕ ေန႔စဥ္ ေနထိုင္စားေသာက္မႈပံုစံကို ေျပာင္းလဲလိုက္ရင္ေတာ့ အဆင္ေျပသြားမွာပါ။

 ေလလည္တယ္ဆိုတာ ရွက္စရာကိစၥတစ္ခုမဟုတ္ပါဘူး။ ကိုယ္ဟာ က်န္းမာတဲ့ လူသားတစ္ေယာက္ျဖစ္တယ္ဆိုတာကို ကိုယ္ခႏၶာက သက္ေသျပေနတာ တစ္ခုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ချစ်တင်းနှီးနှောနေတဲ့အချိန်မှာ လေလည်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ပြီး တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်က လိင်ဆက်ဆံနေလို့လည်း ဗိုက်ထဲက အစာခြေစနစ်က ငြိမ်နေတာမဟုတ်ပါဘူး။

သူ့အလုပ်သူ လုပ်နေတာဖြစ်ပါတယ်။ ကိုယ်နောက်ဆုံး အစာစားထားတာ ဘယ်အချိန်လဲ၊ ကိုယ်စားလိုက်တဲ့ အစားအစာ၊ နောက်ဆုံး ဝမ်းသွားထားချိန် ဒါတွေပေါ်မှာ မူတည်ပြီး လေလည်နိုင်ပါတယ်။

ဘာလို့ လိင်ဆက်ဆံနေစဉ်မှာ လေလည်တာလဲ။

အမျိုးသမီးတွေမှာ လိင်တံက မိန်းမကိုယ်တွင်း တိုးဝင်လာတဲ့အခါ ဖိအားသက်ရောက်ပါတယ်။ ဒီဖိအားက မိန်းမကိုယ် အတွင်းသားနံရံအပြင် သူနဲ့ နီးကပ်နေတဲ့ စအိုကိုပါ သွားပြီး သက်ရောက်တဲ့အတွက် လေတွေ အပြင်ကို ထွက်လာရတာပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လေလည်ရခြင်းဟာ လိင်ဆက်ဆံတဲ့ ပုံစံအနေအထားနဲ့တော့ သက်ဆိုင်မှု မရှိပါဘူး။

အထူးသဖြင့် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ပြီးတဲ့အခါ ခန္ဓာကိုယ်က တင်းထားသမျှ ကြွက်သားတွေ လျှော့ချလိုက်တာကြောင့် ရုတ်တရက် လေလည်ရခြင်း ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ပိုပြီးလေလည်စေတဲ့ အကြောင်းရင်းက ဘာများလဲ။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ဟော်မုန်းမျှခြေ အပြောင်းအလဲများလွန်းတာကြောင့် ကိုယ်ခန္ဓာတွင်း လေတွေ အများအပြား စုပြုံနေနိုင်ပါတယ်။ အထူးသဖြင့် ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းတွေများလွန်းတဲ့အခါ ပိုပြီး အဖြစ်များပါတယ်။ ဒီဟော်မုန်းတွေဟာ ကြွက်သားတွေကို ပြေလျော့စေပြီး အစာခြေစနစ်ကို နှေးကွေးသွားစေတယ်။

အဲ့တော့ ကိုယ်ထဲမှာ လေတွေ ပိုအောင်းနေတော့တာပေါ့။ တစ်ချို့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အစာကောင်းစွာ မစားနိုင်တာ၊ ပြင်းထန်စွာ ပျို့အန်တတ်တဲ့အတွက် အစာခြေစနစ်ကို ထိခိုက်စေပြီး ဝမ်းပုံမှန်မသွားတော့နိုင်တော့တာကြောင့် လေတွေ များလာတတ်ပါတယ်။ ဒီလို ပျို့အန်တာကို ထိန်းနိုင်မယ်ဆိုရင်တော့ လိင်ဆက်ဆံနေစဉ် လေမလည်အောင် အနည်းငယ် ထိန်းချုပ်ပေးနိုင်မှာပါ။
လိင်ဆက်ဆံနေစဉ် လေမလည်အောင် ဘယ်လိုလုပ်သင့်လဲ။

တစ်ခါတစ်ရံမှာ လိင်ဆက်ဆံနေစဉ် လေလည်တာ ပြဿနာမရှိပေမဲ့ အမြဲလိုလို လေလည်နေတာဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ကြည့်သင့်ပါတယ်။ ပြသကြည့်လို့မှ ဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ပေးပါ။

၁။ လိင်ဆက်ဆံခြင်း မပြုခင် အချိန်ခြားပြီး ဝမ်းသွားထားပါ။

၂။ အစာကို လိင်မဆက်ဆံခင် အနည်းဆုံး ၂နာရီလောက်ခြားပြီး စားထားပါ။

၃။ လိင်ဆက်ဆံခြင်းမပြုခင် လေလည်နိုင်စေတဲ့ ဂက်စ်ပါတဲ့ ဖျော်ရည်၊ အအေးတွေ၊ အစာကြေဖို့ ခက်တဲ့ အမာစာတွေကို သိပ်မစားသင့်ပါဘူး။

၄။ လေနဲ့ ဝမ်းမှန်စေဖို့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ များများစားပါ။ ရေများများသောက်ပါ။

၅။ အစားအစာကို ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။

၆။ သကြားဓာတ်များတဲ့ မုန့်တွေ၊ သကြားလုံး၊ အချိုမုန့်တွေကို ရှောင်ပါ။

၇။ အအေးတွေကို ပိုက်နဲ့ စုပ်သောက်တဲ့ အကျင့်ကို ဖျောက်ပါ။

၈။ ဆေးလိပ်ဖြတ်လိုက်ပါ။

၉။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

လိင်ဆက်ဆံနေစဉ်မှာ လေလည်တာ မဖြစ်ဖို့ အမြဲတမ်းကာကွယ်လို့၊ ထိန်းထားလို့တော့ အဆင်မပြေပါဘူး။ ဒီလိုအခြေအနေမျိုး မဖြစ်ရအောင် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရင်တော့ အဆင်ပြေသွားမှာပါ။

 လေလည်တယ်ဆိုတာ ရှက်စရာကိစ္စတစ်ခုမဟုတ်ပါဘူး။ ကိုယ်ဟာ ကျန်းမာတဲ့ လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို ကိုယ်ခန္ဓာက သက်သေပြနေတာ တစ်ခုပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top