ဖုန္းနဲ႔ ဆက္စပ္ပစၥည္း ၀ယ္သူေတြကို ကုန္သြယ္ခြန္ ၅ ရာခိုင္ႏႈန္း လာမယ့္ ဇြန္လ ၁ ရက္ေန႔ စတင္ေကာက္ခံမွာျဖစ္ၿပီး စာသံုးသူေတြအား အခြန္တံဆိပ္မကပ္ေပးတဲ့ အေရာင္းဆိုင္ေတြေတြ႔ရွိပါက တိုင္ၾကားႏိုင္ၿပီး တိုင္ၾကားသူကို ဆုေငြေခ်းျမႇင့္သြားမယ္လို႔ မြန္ျပည္နယ္ ျပည္တြင္းအခြန္းမ်ားဦးစီးဌာနက ေျပာပါတယ္။

လက္ရွိမွာ မြန္ျပည္နယ္ ၁၀ ၿမိဳ႕နယ္လံုးက သက္ဆိုင္ရာၿမိဳ႕နယ္ အခြန္ဦးစီးမႉးေတြကေန တဆင့္ ဖုန္းနဲ႔ ဆက္စပ္ပစၥည္းအေရာင္းဆုိင္ေတြကို အခြန္အမွတ္တံဆိပ္နဲ႔ ပတ္သက္ၿပီး အသိပညာေပးၿပီးျဖစ္တယ္လို႔ ဆုိပါတယ္။

လာေရာက္၀ယ္သူေတြကုိ အခြန္အမွတ္တံဆိပ္ မကပ္ေပးပါက ပထမအႀကိမ္ သတိေပးခံရပါက ဒဏ္ေငြ က်ပ္ ၂ သိန္း၊ ဒုတိယအႀကိမ္ က်ပ္ ၅ သိန္း၊ တတိယအႀကိမ္ က်ပ္ ၇ သိန္း နဲ႔ စတုတၳအႀကိမ္ က်ပ္ ၁၀ သိန္းအထိ သတ္မွတ္ထားတယ္လို႔ မြန္ျပည္နယ္ ျပည္တြင္းအခြန္းမ်ားဦးစီးဌာနမွ ညႊန္ၾကားေရးမႉး ဦးေက်ာ္သိန္းက ေျပာပါတယ္္။

“စားေသာက္ဆိုင္လုပ္ငန္းေတြနဲ႔ သဘာ၀ခ်င္းတူတူပါပဲ။ ေျပစာမကပ္ဘူးဆိုရင္ က်ေနာ္တို႔ဆီ သတင္းပို႔တင္ျပရင္ အဲဒီဆိုင္ကိုဒဏ္႐ိုက္မယ္။ ဒဏ္႐ိုက္လို႔ရတဲ့ေငြ ၁၀ ရာခိုင္ႏႈန္း လာတင္ျပတဲ့သူကို ဆုေၾကးအျဖစ္ ျပန္ထုတ္ေပးမယ္။ ဥပမာ ၁၀ သိန္း ဒဏ္႐ိုက္ရင္ လာတိုင္သူက ၁ သိန္းရမယ္။ ဒါေပမယ့္ လာတိုင္တဲ့သူကိုေတာ့ လွ်ဳိ႕၀ွက္ထားေပးမယ္။”

လာေရာက္တိုင္ၾကားသူေတြအေနနဲ႔ အေရာင္းဆိုင္ေတြေျပစာ ကပ္ထားျခင္းမရွိေၾကာင္း ေျပစာတင္ျပဖို႔ လိုအပ္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အခြန္႐ံုးမွာ အမည္၊ မွတ္ပံုတင္အမွတ္၊ ဖုန္းနံပါတ္နဲ႔ ဆက္သြယ္ဖို႔ လိပ္စာတို႔ကို ေပးပို႔တိုင္ၾကားႏုိင္ၿပီး တုိင္ၾကားသူရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ လွိ်ဳ႕၀ွက္ထားေပးမွာျဖစ္ပါတယ္။

မုိဘိုင္းဟန္းဆက္အပါအ၀င္ Ear Phone နားၾကပ္ေတြ၊ ဖုန္းကာဗာေတြ၊ ဖုန္းမွန္ Sticker ေတြ စတဲ့ ဆက္စပ္ပစၥည္းေတြ ၀ယ္ယူသူေတြဆီက ကုန္သြယ္လုပ္ငန္းခြန္ ၅ ရာခိုင္ႏႈန္းေကာက္ခံသြားမွာျဖစ္ၿပီး ဥပမာအားျဖင့္ ၁ သိန္းတန္ မိုဘိုင္းဟန္းဆက္၀ယ္ယူပါက ကုန္သြယ္ခြန္ ၅၀၀၀ က်ပ္ ေပးသြင္းရမယ္လို႔ ျပည္တြင္းအခြန္မ်ား႐ံုးမွ သိရပါတယ္။

အဲဒီလိိုကုန္သြယ္ခြန္ ေကာက္ခံရပါက ပစၥည္းတခုရဲ႕ မူလတန္ဖိုးထက္ အနည္းငယ္ပိုၿပီး ေစ်းျမႇင့္ေရာင္းခ်မွ အဆင္ေျပႏိုင္မယ္လို႔ မိုဘုိင္းဖုန္းနဲ႔ ဆက္စပ္ပစၥည္းအေရာင္းဆိုင္ ပိုင္ရွင္ေတြက ေျပာပါတယ္။

“ကုန္သြယ္ခြန္ဖိုးနဲ႔ ပစၥည္းတန္ဖိုးေပါင္းၿပီးေတာ့ Customer ေတြက ေပးရမွာေပါ့။ နည္းနည္းပါးပါးဆိုလည္း ဆိုင္ကစိုက္ႏိုင္ရင္ စိုက္ေပ့ါ။ ေရာင္းအားေပၚမူတည္ၿပီးေတာ့ တံဆိပ္ေခါင္းေတြ ၀ယ္ရတယ္” လို႔ ၿမိဳ႕မဂုဏ္ မုိဘိုင္းဖုန္း အပိုပစၥည္းအေရာင္းဆိုင္က ေဒၚစန္းစန္းျမင့္က ေျပာပါတယ္။

မိုဘိုင္းဖုန္းသံုးစြဲသူတဦးျဖစ္တဲ့ မုဒံုၿမိဳ႕နယ္မွ ကိုေသာ္ဇင္ခ်မ္းက “ျပည္သူေတြထဲက ကုန္သြယ္ခြန္ ေကာက္တာေတြက ကိုယ့္ႏိုင္ငံအတြက္ပဲဆိုတာ နားလည္ပါတယ္။ အခြန္အေကာက္ဆိုတာလည္း ႏိုင္ငံတိုင္းမွာရွိေနတာပဲေလ။ ကိုယ့္ႏိုင္ငံအတြက္ ေပးရတာဆိုေတာ့ ဘာမွမေျပာလိုပါဘူး။ ဒါေပမယ့္ ဖုန္းအပိုပစၥည္းေတြ ၀ယ္ယူေနတဲ့သူေတြက ဒီဘက္ေခတ္မွာ အေျခခံ လူတန္းစားေတြ မ်ားတယ္။တကယ္တမ္းအခြန္အခေတြ ရသင့္တဲ့ ေနရာေတြမွာ အခြန္ေတြဆံုး႐ႈံးေနတာေတြ အမ်ားႀကီးရွိတယ္။ ေက်ာက္မိုင္းတို႔၊ စည္ပင္နဲ႔ ပတ္သက္တဲ့ အခြန္တို႔ အမ်ားႀကီးပါ။ အဲဒီလို အေရးႀကီးတဲ့ အခြန္အေကာက္ေတြကို ထိထိေရာက္ေရာက္အရင္ လုပ္ၿပီးမွ အခုဟာကို လုပ္သင့္တယ္” လို႔ ေျပာပါတယ္္။

အဲဒီလို ကုန္သြယ္ခြန္ေကာက္ခံဖို႔ ျမန္မာတႏုိင္ငံလံုး အတိုင္းအတာအေနနဲ႔ ၂၀၁၉ ခုႏွစ္ သႀကၤန္မတိုင္ကတည္းက ညႊန္ၾကားထားတာျဖစ္ၿပီး လက္ရွိေမလအတြင္းမွာ အေရာင္းဆိုင္ေတြအတြက္ အခြန္အမွတ္တံဆိပ္ပမာဏကို ေနျပည္ေတာ္က မွာယူေနၿပီး ဇြန္လ ၁ ရက္ စတင္အေကာင္အထည္ေဖာ္မယ္လို႔ မြန္ျပည္နယ္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:အာကာမင္း
 dvb
#Unicode Version#
ဖုန်းနဲ့ ဆက်စပ်ပစ္စည်း ဝယ်သူတွေကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း လာမယ့် ဇွန်လ ၁ ရက်နေ့ စတင်ကောက်ခံမှာဖြစ်ပြီး စာသုံးသူတွေအား အခွန်တံဆိပ်မကပ်ပေးတဲ့ အရောင်းဆိုင်တွေတွေ့ရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို ဆုငွေချေးမြှင့်သွားမယ်လို့ မွန်ပြည်နယ် ပြည်တွင်းအခွန်းများဦးစီးဌာနက ပြောပါတယ်။

လက်ရှိမှာ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးက သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးမှူးတွေကနေ တဆင့် ဖုန်းနဲ့ ဆက်စပ်ပစ္စည်းအရောင်းဆိုင်တွေကို အခွန်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အသိပညာပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လာရောက်ဝယ်သူတွေကို အခွန်အမှတ်တံဆိပ် မကပ်ပေးပါက ပထမအကြိမ် သတိပေးခံရပါက ဒဏ်ငွေ ကျပ် ၂ သိန်း၊ ဒုတိယအကြိမ် ကျပ် ၅ သိန်း၊ တတိယအကြိမ် ကျပ် ၇ သိန်း နဲ့ စတုတ္ထအကြိမ် ကျပ် ၁၀ သိန်းအထိ သတ်မှတ်ထားတယ်လို့ မွန်ပြည်နယ် ပြည်တွင်းအခွန်းများဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းက ပြောပါတယ်။

“စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ သဘာဝချင်းတူတူပါပဲ။ ပြေစာမကပ်ဘူးဆိုရင် ကျနော်တို့ဆီ သတင်းပို့တင်ပြရင် အဲဒီဆိုင်ကိုဒဏ်ရိုက်မယ်။ ဒဏ်ရိုက်လို့ရတဲ့ငွေ ၁၀ ရာခိုင်နှုန်း လာတင်ပြတဲ့သူကို ဆုကြေးအဖြစ် ပြန်ထုတ်ပေးမယ်။ ဥပမာ ၁၀ သိန်း ဒဏ်ရိုက်ရင် လာတိုင်သူက ၁ သိန်းရမယ်။ ဒါပေမယ့် လာတိုင်တဲ့သူကိုတော့ လျှို့ဝှက်ထားပေးမယ်။”

လာရောက်တိုင်ကြားသူတွေအနေနဲ့ အရောင်းဆိုင်တွေပြေစာ ကပ်ထားခြင်းမရှိကြောင်း ပြေစာတင်ပြဖို့ လိုအပ်ပြီး သက်ဆိုင်ရာမြို့နယ်အခွန်ရုံးမှာ အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်နဲ့ ဆက်သွယ်ဖို့ လိပ်စာတို့ကို ပေးပို့တိုင်ကြားနိုင်ပြီး တိုင်ကြားသူရဲ့ကိုယ်ရေးအချက်အလက်တွေ လျှို့ဝှက်ထားပေးမှာဖြစ်ပါတယ်။

မိုဘိုင်းဟန်းဆက်အပါအဝင် Ear Phone နားကြပ်တွေ၊ ဖုန်းကာဗာတွေ၊ ဖုန်းမှန် Sticker တွေ စတဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူသူတွေဆီက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်ပြီး ဥပမာအားဖြင့် ၁ သိန်းတန် မိုဘိုင်းဟန်းဆက်ဝယ်ယူပါက ကုန်သွယ်ခွန် ၅၀၀၀ ကျပ် ပေးသွင်းရမယ်လို့ ပြည်တွင်းအခွန်များရုံးမှ သိရပါတယ်။

အဲဒီလိုကုန်သွယ်ခွန် ကောက်ခံရပါက ပစ္စည်းတခုရဲ့ မူလတန်ဖိုးထက် အနည်းငယ်ပိုပြီး ဈေးမြှင့်ရောင်းချမှ အဆင်ပြေနိုင်မယ်လို့ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တွေက ပြောပါတယ်။

“ကုန်သွယ်ခွန်ဖိုးနဲ့ ပစ္စည်းတန်ဖိုးပေါင်းပြီးတော့ Customer တွေက ပေးရမှာပေါ့။ နည်းနည်းပါးပါးဆိုလည်း ဆိုင်ကစိုက်နိုင်ရင် စိုက်ပေ့ါ။ ရောင်းအားပေါ်မူတည်ပြီးတော့ တံဆိပ်ခေါင်းတွေ ဝယ်ရတယ်” လို့ မြို့မဂုဏ် မိုဘိုင်းဖုန်း အပိုပစ္စည်းအရောင်းဆိုင်က ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူတဦးဖြစ်တဲ့ မုဒုံမြို့နယ်မှ ကိုသော်ဇင်ချမ်းက “ပြည်သူတွေထဲက ကုန်သွယ်ခွန် ကောက်တာတွေက ကိုယ့်နိုင်ငံအတွက်ပဲဆိုတာ နားလည်ပါတယ်။ အခွန်အကောက်ဆိုတာလည်း နိုင်ငံတိုင်းမှာရှိနေတာပဲလေ။ ကိုယ့်နိုင်ငံအတွက် ပေးရတာဆိုတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ဖုန်းအပိုပစ္စည်းတွေ ဝယ်ယူနေတဲ့သူတွေက ဒီဘက်ခေတ်မှာ အခြေခံ လူတန်းစားတွေ များတယ်။တကယ်တမ်းအခွန်အခတွေ ရသင့်တဲ့ နေရာတွေမှာ အခွန်တွေဆုံးရှုံးနေတာတွေ အများကြီးရှိတယ်။ ကျောက်မိုင်းတို့၊ စည်ပင်နဲ့ ပတ်သက်တဲ့ အခွန်တို့ အများကြီးပါ။ အဲဒီလို အရေးကြီးတဲ့ အခွန်အကောက်တွေကို ထိထိရောက်ရောက်အရင် လုပ်ပြီးမှ အခုဟာကို လုပ်သင့်တယ်” လို့ ပြောပါတယ်။

အဲဒီလို ကုန်သွယ်ခွန်ကောက်ခံဖို့ မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၂၀၁၉ ခုနှစ် သြင်္ကန်မတိုင်ကတည်းက ညွှန်ကြားထားတာဖြစ်ပြီး လက်ရှိမေလအတွင်းမှာ အရောင်းဆိုင်တွေအတွက် အခွန်အမှတ်တံဆိပ်ပမာဏကို နေပြည်တော်က မှာယူနေပြီး ဇွန်လ ၁ ရက် စတင်အကောင်အထည်ဖော်မယ်လို့ မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:အာကာမင်း
 dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top