ၿပီးခဲ့တဲ့သၾကၤန္မတိုင္မိီ ဧၿပီလ ၁၂ ရက္ေန႕ကThe Summiter လို႕ေခၚတဲ့အေပ်ာ္တမ္းေျခလ်င္ေတာင္တက္အဖြဲ႕ဟာလူအင္အား (၂၀) နဲ႔အတူ ကခ်င္ျပည္နယ္ေျမာက္ဖ်ား ပူတာအိုၿမိဳ႕နယ္ ဖန္ဂရန္ ရာဇီေရခဲေတာင္ထိပ္ကေနျပန္အဆင္းမွာ မနက္ ဝ၉:၃၀ ခ်ိန္ခန္႕မွာ မစိမ့္ထက္ဟာ မေတာ္တဆေျခေခ်ာ္က်ၿပီး ေပ်ာက္ဆံုးေနမႈဟာ ယခုဆိုလ်င္ (၁) လျပည့္ခဲ့ၿပီးျဖစ္ပါသည္ ၊ ေပ်ာက္ဆံုးမႈအၿပီး နယ္ေျမကၽြမ္းၾကသည့္ေဒသခံတိုင္းရင္းသားမ်ားကို ရွာေဖြကယ္ဆယ္ေရးဆပ္မေကာ္မတီအျဖစ္ဖြဲ႕စည္းသတ္မွတ္ေပးၿပီး ဧၿပီလ (၂၆) ရက္ေန႕မွစ၍ ပူတာအိုၿမိဳ႕မွစတင္ထြက္ခြာခဲ့ၾကၿပီး ဖန္ဂရန္ ရာဇီေရခဲေတာင္ထိပ္သို႕ အဖြဲ႕ဝင္ ( ၁၅ ) ဦးမွသြားေရာက္ရွာေဖြခဲ့ၾကသည့္အထဲမွ ရဝမ္တိုင္းရင္းသား ” ဆန္လုရမ္ဆိန္း ” ကို ကၽြန္ေတာ္မွဆက္သြယ္ေမးျမန္းခဲ့ပါသည္ .

ေမး

ေျဖ

🎙မဂၤလာပါကိုဆန္လုရမ္ဆိန္းခင္ဗ်ာ ၊ ကၽြန္ေတာ္ကိုစည္သူေမာင္ပါဗ် ၊ ျပည္သူျပည္သားသတင္းသမားတစ္ဦးပါ ၊ အကိုတို႕ေရခဲေတာင္ေပၚမွာၿပီးခဲ့တဲ့ တစ္လခန္ဲ႕ကေပ်ာက္ဆံုးသြားတဲ့ ” မစိမ့္ထက္ ” ကိုသြားေရာက္ရွာေဖြခဲ့ၾကတယ္လို႕လို႕သိရပါတယ္ ၊ ဘယ္ေန႕ကစၿပီးသြားေရာက္ခဲ့ၾကတာလဲ ? ၊ အဖြဲ႕ဝင္ဘယ္ႏွစ္ဦးနဲ႕ဘယ္လိုေတြရွာေဖြခဲ့ၾကတယ္ဆိုတာ ေက်းဇူးျပဳ၍ေျပာျပေပးပါလားဗ်ာ

ဟုတ္ကဲ့မဂၤလာပါဗ် ၊ ကၽြန္ေတာ္တို႕ၿပီးခဲ့တဲ့ ဧၿပီလ (၂၆) ရက္ေန႕ကပူတာၿမိဳ႕ကေန (၁၅) ေယာက္နဲ႕စထြက္ပါတယ္ ၊ ဖန္ဂရန္ရာဇီ ေတာင္ထိပ္ကို ေရာက္ဘို႕ေျခလ်င္ခရီး ၈ ရက္ၾကာပါတယ္ ၊ ရန္ကုန္ကေတာင္တက္အသင္းသား (၄) ေယက္ ၊ အထမ္းသမား ( ၅ )ေယာက္ပါပါတယ္ ၊ မစိမ့္ထက္တို႕သြားတုန္းက လမ္းျပအျဖစ္လိုက္သြားတဲ့ “ဆန္ေဂါင္ရြာ ” ကေဒသခံရဝမ္တိုင္းရင္းသား ” ဆင္ခ်န္းဇိန္ ကကၽြန္ေတာ္တို႕နဲ႕အတူျပန္လိုက္လာပါတယ္ ၊ သူကအတိအက်သိတယ္ ၊ မစိမ့္ထက္ဘယ္ေနရာက်သြားသလဲဆိုတာ သူတို႕ေျပာတဲ့အပိုင္းအစတစ္ခုေတြ႕တယ္ဆိုတာ ၊ ကၽြန္ေတာ္တို႕ေရာက္သြားခ်ိန္ အေပၚကေနလွမ္းၾကည့္တာမသဲကြဲဘူး ၊ ရာသီဥတုေၾကာင့္သဲသဲကြဲမသိရပါဘူး ၊ အျမင့္ေပအနက္ ၁၇၀၀/၁၈၀၀ ေလာက္ျမင့္တာဆိုေတာ့ ဘာမွန္မေသခ်ာဘူး

အဲ့ဒီေတာ့ အကိုတို႕အဖြဲ႕ဆင္းၾကည့္ၾကသလားဗ် ? ၊ ဘယ္သူေတြပါေသးသလဲ ?

အင္း …ကၽြန္ေတာ္တို႕ေခ်ာက္ကမ္းပါးေပၚကေနဆင္းတဲ့အဖြဲ႕က ဦးလန္ဝန္ထိန္ရယ္ ၊ ဆင္ခ်န္းဇိန္ရယ္ ကၽြန္ေတာ္ရယ္ပါ ႀကိဳးနဲ႕ဆင္းၾကည့္တယ္ ၊ က်န္တဲ့၃ ေယာက္ အေပၚကေနႀကိဳးေတြကိုေတာင့္ထားေပးပါရတယ္..

အကိုေျပာေတာ့ ၁၅ ေယာက္သြားၾကတယ္လို႕ေျပာေတာ့ က်န္တဲ့အဖြဲ႕ေတြက ဘယ္မွာက်န္ခဲ့သလဲဗ် ?

က်န္တဲ့အဖြဲ႕ေတြက ရန္ကုန္ေတာင္တက္အသင္းကလို႕သိရတယ္ ၊ ေရခဲစပ္ေတာင္ေျခလာရင္းလမ္းမွာ ရာသီဥတုေဖာက္ျပန္ၿပီး ေခ်ာင္းေရႀကီးေတာ့ သူတို႕ကိုမကူးခိုင္းဘဲနဲ႕ေတာင္ေျခမွာဘဲထားခဲ့ရတယ္ ၊ နယ္ေျမကၽြမ္းက်င္တဲ့ကၽြန္ေတာ္တို႕ (၆)ေယာက္အဖြဲနဲ႕ဘဲတက္သြားၾကတာပါ

ဟုတ္ကဲ့ ေစာေစာကရွာေဖြခဲ့ပံုေလးျပန္ဆက္ေပးပါဗ်

အဲ့ေတာ့ ..အဲ့ဒီေလာက္နက္တဲ့ေနရာကိုကၽြန္ေတာ္တို႕ႀကိဳးေတြနဲ႕ဆင္းၾကည့္လိုက္ေတာ့ အေပၚက ပထမေတြ႕ၾကတဲ့အပိုင္းအစေတြကိုေတြ႕ခဲ့ပါတယ္ ၊ ဒါေပမယ့္လူခႏၶာ႐ုပ္အစိတ္အပိုင္းအစေတြမဟုတ္ဘဲနဲ႕ သူဝတ္ထားတဲ့အေပၚအက်ႋျဖစ္ေနတယ္ ၊ ဂ်ာကင္အက်ႋေပါ့ ၊ မိုးကာအက်ႍျဖစ္ေနတယ္ ၊ အဲ့ဒါနဲ႕ ၁၅ ေပအကြာမွာမ်က္မွန္အစုတ္တစ္လက္ထပ္ေတြ႕တယ္ ၊ က်န္တဲ့အသံုးအေဆာင္ေတြ အလွဆီဗူးေတြလည္း ေတြ႕ခဲ့ရတယ္ ။

ဟုတ္ကဲ့ အကို႕အေနနဲ႕မစိမ့္ထက္ဟာ ေနာက္ထပ္ ဘယ္ေလာက္အနက္အထိေရာက္သြားႏိုင္သလဲ ? ၿပီးေတာ့ ဒီအဝတ္အစားေတြ ၊ အီေကြ႕မင့္ေတြကဘာလို႕ ကၽြတ္က်န္ခဲ့တာလဲဆိုတာ သံုးသပ္ေပးပါအံုး ၊ ၿပီးေတာ့ ဒီအပိုင္းအစေတြကို မစိမ့္ထက္တို႕ရဲ႕ေတာင္တက္အဖြဲ႕ကဘာ့ေၾကာင့္မရွာႏိုင္ၾကသလဲဗ် ?

ဟုတ္ကဲ့ကၽြန္ေတာ္တို႕ၾကားသိရသေလာက္ေတာ့ ေခါင္းေဆာင္ဟာႀကိဳးေတြကိုအလံုအေလာက္မယူလာၾကဘူးလို႕သိရပါတယ္ ၊ ၿပီးေတာ့ ေတာင္ထိပ္ကေနျပန္အဆင္းမွာ ဒီေလာက္အႏၲရာယ္ႀကီးလိမ့္မယ္လို႕ သူတို႕ထင္မထားၾကပံုရတယ္ဗ်..

ေျပာမယ္ဆိုရင္ေတာ့ ေခါင္းေဆာင္ရဲ႕ေပါ့ဆမႈလဲပါတာေပါ့ ၊ သူတို႕ကသူတို႕ကိုယ္သူတို႕ ယံုၾကည္မႈလြန္ကဲသြားတာပါ..

အဲ့လိုကေန မေတာ္တဆျဖစ္စဥ္မွာ အရွိန္နဲ႕ေခ်ာက္ထဲကိုေလွ်ာက်သြားတဲ့အခါ မျမင္ႏိုင္တဲ့ ေက်ာက္ခၽြန္း ေက်ာက္ေဆာင္ငယ္ေတြနဲ႕တိုက္မိ ခ်ိတ္မိၿပီးဆြဲခၽြတ္မိသလိုမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္..

အက်ႍမွာေတာ့ေသြးစ ေတြစြန္းေနတာမ်ိဳးေတာ့မေတြ႕ရဘူးဗ်

ဒါဆိုရင္အကို႕ရဲ႕အျမင္သေဘာထားအရရွာေဖြရွာေဖြဘို႕အရမ္းႀကီးခက္ခဲသြားၿပီဆိုတဲ့သေဘာလားဗ်?

ဟုတ္ပါတယ္ ပထမအပိုင္းအစေတြက ေပ၁၇၀၀ ခန္႕မွာေတြ႕တာဆိုေတာ့ အဲ့ဒီေခ်ာက္ကမ္းပါးက အရမ္းမတ္ေစာက္တယ္ ၊ ကၽြန္ေတာ္တို႕အဖြဲ႕ဆက္ၿပီး ဆင္းဘို႕ဆိုအရမ္းလည္း အႏၲရာယ္အရမ္းမ်ားတယ္ ၊ ေနာက္ၿပီး ပါလာတဲ့ႀကိဳးေတြကမမွီေတာ့ဘူး ၊ ႀကိဳးေခြအားလံုးဆက္မွ ေပ ၂၀၀၀ ေလာက္ပဲရွိေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ဘူး ၊ ရာသီဥတုကိုလည္းအကဲခတ္ရပါတယ္..အခ်ိန္မေရြးရာသီဥတုေျပာင္းလဲႏိုင္တဲ့အေျခအေနမ်ိဳးမွာရွိပါတယ္..

အကိုတို႕အဖြဲ႕ဖန္ဂရန္ရာဇီ ေတာင္ထိပ္ကိုဘယ္ေန႕ေရာက္တာလဲဗ် ?

ေမလ (၄) ရက္ေန႕မနက္ေစာေစာမွာ ဝင္းတင္ကုန္း ( ဝန္တင္ကုန္း ) ကေနစထြက္တယ္ ၊ ၂ နာရီေလာက္ဘဲတက္ရပါတယ္ ၊ ေတာင္ထိပ္ကို ၉ နာရီေလာက္ေရာက္ပါတယ္ ၊ ေရာက္တာနဲ႕ရွာေဖြမႈကိုစတင္ပါတယ္ ၊ ရွာေဖြေရးဟာ ညေန ၃ နာရီအထိၾကာသြားပါတယ္ ၊ အဲ့ဒီကေနေတာက္ေလွ်ာက္ ေရခဲစပ္အထိဆင္လာတာ ၊ ပူတာအိုကိုေမလ (၈) ရက္ေန႕ျပန္ေရာက္ပါတယ္ အဆင္းကေတာ့ျမန္တာေပါ့ ၊

ေရခဲေတာင္ဟာအဆင္းလဲအႏၲရာယ္မ်ားသလို အတက္လည္းအႏၲရာယ္မ်ားပါတယ္..

ဟုတ္ကဲ့….အကိုေရ အကယ္၍မ်ားအကိုတို႕ေဒသမွာရွိတဲ့ေရခဲေတာင္ေတြကို ခရီးသြားေတြအေနနဲ႕ဘဲျဖစ္ျဖစ္ ေျခလ်င္ေတာင္တက္အသင္းေတြဘဲျဖစ္ျဖစ္ အေပ်ာ္တမ္းေတာင္တက္အဖြဲ႕ေတြဘဲျဖစ္ျဖစ္ေပါ့.. လာမယ္ဆိုရင္ဘာေတြေဆာင္ရန္ေရွာင္ရန္ေတြလိုအပ္ပါသလဲ ? ဘယ္လေတြမွာလာသင့္သလဲဗ် ?

အဓိက က်မၼာေရးေကာင္းရမယ္ ၊ ေတာင္တက္ျခင္းလက္ေတြ႕ေတြကိုေလ့က်င့္သားျပည့္ဝၿပီးသားျဖစ္ေနရပါမယ္ လိုအပ္တဲ့အီေကြးမင့္ ( Equipments)ေတြလည္းစံုစံုလင္လင္ပါရမယ္ ၊ လမ္းခရီးမွာေဒသခံေတြေျပာျပတဲ့စည္းကမ္းေတြ ၊ တားျမစ္ခ်က္ေတြကိုလိုက္နာရပါမယ္ ၊ ေတာင္ထိပ္ေရာက္ရင္

ဝမ္းသာအားရနဲ႕ဆူညံေအာ္ဟစ္တာမိ်ဳးေရွင္ရပါမယ္..

ေတာင္ထိပ္မွာ အညစ္ေျကးတစ္ခုခု ျမွဳပ္နွ့ံ တာေတြ ရုပ္ထု ျမုပ္တာေတြ ေတာင္ကုိ ေအာင္ နုိင္ေျကာင္း ေအာင္ပဲြခံတာတို႕

သီခ်င္းဆုိ တာေတြ ကုိ ေရွာင္ရပါမယ္..,.

ဟု ေရခဲေတာင္ေပါင္းအလံုး (၁၀၀) ခန္႕တက္လာခဲ့ဖူးတဲ့အသက္ (၂၇) ႏွစ္အရြယ္ ေဒသခံရဝမ္တိုင္းရင္းသား ဆန္လုရမ္ဆိန္းကအထက္ပါအတိုင္းေျဖၾကားသြာပါသည္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:စည္သူေမာင္

ဓါတ္ပံု ဆန္လုရမ္ဆိန္း

#Unicode Version#
ပြီးခဲ့တဲ့သြင်္ကန်မတိုင်မီ ဧပြီလ ၁၂ ရက်နေ့ကThe Summiter လို့ခေါ်တဲ့အပျော်တမ်းခြေလျင်တောင်တက်အဖွဲ့ဟာလူအင်အား (၂၀) နဲ့အတူ ကချင်ပြည်နယ်မြောက်ဖျား ပူတာအိုမြို့နယ် ဖန်ဂရန် ရာဇီရေခဲတောင်ထိပ်ကနေပြန်အဆင်းမှာ မနက် ဝ၉:၃၀ ချိန်ခန့်မှာ မစိမ့်ထက်ဟာ မတော်တဆခြေချော်ကျပြီး ပျောက်ဆုံးနေမှုဟာ ယခုဆိုလျင် (၁) လပြည့်ခဲ့ပြီးဖြစ်ပါသည် ၊ ပျောက်ဆုံးမှုအပြီး နယ်မြေကျွမ်းကြသည့်ဒေသခံတိုင်းရင်းသားများကို ရှာဖွေကယ်ဆယ်ရေးဆပ်မကော်မတီအဖြစ်ဖွဲ့စည်းသတ်မှတ်ပေးပြီး ဧပြီလ (၂၆) ရက်နေ့မှစ၍ ပူတာအိုမြို့မှစတင်ထွက်ခွာခဲ့ကြပြီး ဖန်ဂရန် ရာဇီရေခဲတောင်ထိပ်သို့ အဖွဲ့ဝင် ( ၁၅ ) ဦးမှသွားရောက်ရှာဖွေခဲ့ကြသည့်အထဲမှ ရဝမ်တိုင်းရင်းသား ” ဆန်လုရမ်ဆိန်း ” ကို ကျွန်တော်မှဆက်သွယ်မေးမြန်းခဲ့ပါသည် .

မေး

ဖြေ

🎙မင်္ဂလာပါကိုဆန်လုရမ်ဆိန်းခင်ဗျာ ၊ ကျွန်တော်ကိုစည်သူမောင်ပါဗျ ၊ ပြည်သူပြည်သားသတင်းသမားတစ်ဦးပါ ၊ အကိုတို့ရေခဲတောင်ပေါ်မှာပြီးခဲ့တဲ့ တစ်လခန်ဲ့ကပျောက်ဆုံးသွားတဲ့ ” မစိမ့်ထက် ” ကိုသွားရောက်ရှာဖွေခဲ့ကြတယ်လို့လို့သိရပါတယ် ၊ ဘယ်နေ့ကစပြီးသွားရောက်ခဲ့ကြတာလဲ ? ၊ အဖွဲ့ဝင်ဘယ်နှစ်ဦးနဲ့ဘယ်လိုတွေရှာဖွေခဲ့ကြတယ်ဆိုတာ ကျေးဇူးပြု၍ပြောပြပေးပါလားဗျာ

ဟုတ်ကဲ့မင်္ဂလာပါဗျ ၊ ကျွန်တော်တို့ပြီးခဲ့တဲ့ ဧပြီလ (၂၆) ရက်နေ့ကပူတာမြို့ကနေ (၁၅) ယောက်နဲ့စထွက်ပါတယ် ၊ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို ရောက်ဘို့ခြေလျင်ခရီး ၈ ရက်ကြာပါတယ် ၊ ရန်ကုန်ကတောင်တက်အသင်းသား (၄) ယေက် ၊ အထမ်းသမား ( ၅ )ယောက်ပါပါတယ် ၊ မစိမ့်ထက်တို့သွားတုန်းက လမ်းပြအဖြစ်လိုက်သွားတဲ့ “ဆန်ဂေါင်ရွာ ” ကဒေသခံရဝမ်တိုင်းရင်းသား ” ဆင်ချန်းဇိန် ကကျွန်တော်တို့နဲ့အတူပြန်လိုက်လာပါတယ် ၊ သူကအတိအကျသိတယ် ၊ မစိမ့်ထက်ဘယ်နေရာကျသွားသလဲဆိုတာ သူတို့ပြောတဲ့အပိုင်းအစတစ်ခုတွေ့တယ်ဆိုတာ ၊ ကျွန်တော်တို့ရောက်သွားချိန် အပေါ်ကနေလှမ်းကြည့်တာမသဲကွဲဘူး ၊ ရာသီဥတုကြောင့်သဲသဲကွဲမသိရပါဘူး ၊ အမြင့်ပေအနက် ၁၇၀၀/၁၈၀၀ လောက်မြင့်တာဆိုတော့ ဘာမှန်မသေချာဘူး

အဲ့ဒီတော့ အကိုတို့အဖွဲ့ဆင်းကြည့်ကြသလားဗျ ? ၊ ဘယ်သူတွေပါသေးသလဲ ?

အင်း …ကျွန်တော်တို့ချောက်ကမ်းပါးပေါ်ကနေဆင်းတဲ့အဖွဲ့က ဦးလန်ဝန်ထိန်ရယ် ၊ ဆင်ချန်းဇိန်ရယ် ကျွန်တော်ရယ်ပါ ကြိုးနဲ့ဆင်းကြည့်တယ် ၊ ကျန်တဲ့၃ ယောက် အပေါ်ကနေကြိုးတွေကိုတောင့်ထားပေးပါရတယ်..

အကိုပြောတော့ ၁၅ ယောက်သွားကြတယ်လို့ပြောတော့ ကျန်တဲ့အဖွဲ့တွေက ဘယ်မှာကျန်ခဲ့သလဲဗျ ?

ကျန်တဲ့အဖွဲ့တွေက ရန်ကုန်တောင်တက်အသင်းကလို့သိရတယ် ၊ ရေခဲစပ်တောင်ခြေလာရင်းလမ်းမှာ ရာသီဥတုဖောက်ပြန်ပြီး ချောင်းရေကြီးတော့ သူတို့ကိုမကူးခိုင်းဘဲနဲ့တောင်ခြေမှာဘဲထားခဲ့ရတယ် ၊ နယ်မြေကျွမ်းကျင်တဲ့ကျွန်တော်တို့ (၆)ယောက်အဖွဲနဲ့ဘဲတက်သွားကြတာပါ

ဟုတ်ကဲ့ စောစောကရှာဖွေခဲ့ပုံလေးပြန်ဆက်ပေးပါဗျ

အဲ့တော့ ..အဲ့ဒီလောက်နက်တဲ့နေရာကိုကျွန်တော်တို့ကြိုးတွေနဲ့ဆင်းကြည့်လိုက်တော့ အပေါ်က ပထမတွေ့ကြတဲ့အပိုင်းအစတွေကိုတွေ့ခဲ့ပါတယ် ၊ ဒါပေမယ့်လူခန္ဓာရုပ်အစိတ်အပိုင်းအစတွေမဟုတ်ဘဲနဲ့ သူဝတ်ထားတဲ့အပေါ်အင်္ကျိဖြစ်နေတယ် ၊ ဂျာကင်အင်္ကျိပေါ့ ၊ မိုးကာအကျႍဖြစ်နေတယ် ၊ အဲ့ဒါနဲ့ ၁၅ ပေအကွာမှာမျက်မှန်အစုတ်တစ်လက်ထပ်တွေ့တယ် ၊ ကျန်တဲ့အသုံးအဆောင်တွေ အလှဆီဗူးတွေလည်း တွေ့ခဲ့ရတယ် ။

ဟုတ်ကဲ့ အကို့အနေနဲ့မစိမ့်ထက်ဟာ နောက်ထပ် ဘယ်လောက်အနက်အထိရောက်သွားနိုင်သလဲ ? ပြီးတော့ ဒီအဝတ်အစားတွေ ၊ အီကွေ့မင့်တွေကဘာလို့ ကျွတ်ကျန်ခဲ့တာလဲဆိုတာ သုံးသပ်ပေးပါအုံး ၊ ပြီးတော့ ဒီအပိုင်းအစတွေကို မစိမ့်ထက်တို့ရဲ့တောင်တက်အဖွဲ့ကဘာ့ကြောင့်မရှာနိုင်ကြသလဲဗျ ?

ဟုတ်ကဲ့ကျွန်တော်တို့ကြားသိရသလောက်တော့ ခေါင်းဆောင်ဟာကြိုးတွေကိုအလုံအလောက်မယူလာကြဘူးလို့သိရပါတယ် ၊ ပြီးတော့ တောင်ထိပ်ကနေပြန်အဆင်းမှာ ဒီလောက်အန္တရာယ်ကြီးလိမ့်မယ်လို့ သူတို့ထင်မထားကြပုံရတယ်ဗျ..

ပြောမယ်ဆိုရင်တော့ ခေါင်းဆောင်ရဲ့ပေါ့ဆမှုလဲပါတာပေါ့ ၊ သူတို့ကသူတို့ကိုယ်သူတို့ ယုံကြည်မှုလွန်ကဲသွားတာပါ..

အဲ့လိုကနေ မတော်တဆဖြစ်စဉ်မှာ အရှိန်နဲ့ချောက်ထဲကိုလျှောကျသွားတဲ့အခါ မမြင်နိုင်တဲ့ ကျောက်ချွန်း ကျောက်ဆောင်ငယ်တွေနဲ့တိုက်မိ ချိတ်မိပြီးဆွဲချွတ်မိသလိုမျိုးလည်း ဖြစ်နိုင်ပါတယ်..

အကျႍမှာတော့သွေးစ တွေစွန်းနေတာမျိုးတော့မတွေ့ရဘူးဗျ

ဒါဆိုရင်အကို့ရဲ့အမြင်သဘောထားအရရှာဖွေရှာဖွေဘို့အရမ်းကြီးခက်ခဲသွားပြီဆိုတဲ့သဘောလားဗျ?

ဟုတ်ပါတယ် ပထမအပိုင်းအစတွေက ပေ၁၇၀၀ ခန့်မှာတွေ့တာဆိုတော့ အဲ့ဒီချောက်ကမ်းပါးက အရမ်းမတ်စောက်တယ် ၊ ကျွန်တော်တို့အဖွဲ့ဆက်ပြီး ဆင်းဘို့ဆိုအရမ်းလည်း အန္တရာယ်အရမ်းများတယ် ၊ နောက်ပြီး ပါလာတဲ့ကြိုးတွေကမမှီတော့ဘူး ၊ ကြိုးခွေအားလုံးဆက်မှ ပေ ၂၀၀၀ လောက်ပဲရှိတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး ၊ ရာသီဥတုကိုလည်းအကဲခတ်ရပါတယ်..အချိန်မရွေးရာသီဥတုပြောင်းလဲနိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်..

အကိုတို့အဖွဲ့ဖန်ဂရန်ရာဇီ တောင်ထိပ်ကိုဘယ်နေ့ရောက်တာလဲဗျ ?

မေလ (၄) ရက်နေ့မနက်စောစောမှာ ဝင်းတင်ကုန်း ( ဝန်တင်ကုန်း ) ကနေစထွက်တယ် ၊ ၂ နာရီလောက်ဘဲတက်ရပါတယ် ၊ တောင်ထိပ်ကို ၉ နာရီလောက်ရောက်ပါတယ် ၊ ရောက်တာနဲ့ရှာဖွေမှုကိုစတင်ပါတယ် ၊ ရှာဖွေရေးဟာ ညနေ ၃ နာရီအထိကြာသွားပါတယ် ၊ အဲ့ဒီကနေတောက်လျှောက် ရေခဲစပ်အထိဆင်လာတာ ၊ ပူတာအိုကိုမေလ (၈) ရက်နေ့ပြန်ရောက်ပါတယ် အဆင်းကတော့မြန်တာပေါ့ ၊

ရေခဲတောင်ဟာအဆင်းလဲအန္တရာယ်များသလို အတက်လည်းအန္တရာယ်များပါတယ်..

ဟုတ်ကဲ့….အကိုရေ အကယ်၍များအကိုတို့ဒေသမှာရှိတဲ့ရေခဲတောင်တွေကို ခရီးသွားတွေအနေနဲ့ဘဲဖြစ်ဖြစ် ခြေလျင်တောင်တက်အသင်းတွေဘဲဖြစ်ဖြစ် အပျော်တမ်းတောင်တက်အဖွဲ့တွေဘဲဖြစ်ဖြစ်ပေါ့.. လာမယ်ဆိုရင်ဘာတွေဆောင်ရန်ရှောင်ရန်တွေလိုအပ်ပါသလဲ ? ဘယ်လတွေမှာလာသင့်သလဲဗျ ?

အဓိက ကျမ္မာရေးကောင်းရမယ် ၊ တောင်တက်ခြင်းလက်တွေ့တွေကိုလေ့ကျင့်သားပြည့်ဝပြီးသားဖြစ်နေရပါမယ် လိုအပ်တဲ့အီကွေးမင့် ( Equipments)တွေလည်းစုံစုံလင်လင်ပါရမယ် ၊ လမ်းခရီးမှာဒေသခံတွေပြောပြတဲ့စည်းကမ်းတွေ ၊ တားမြစ်ချက်တွေကိုလိုက်နာရပါမယ် ၊ တောင်ထိပ်ရောက်ရင်

ဝမ်းသာအားရနဲ့ဆူညံအော်ဟစ်တာမျိုးရှေင်ရပါမယ်..

တောင်ထိပ်မှာ အညစ်ကြေးတစ်ခုခု မြှုပ်နှံ့ တာတွေ ရုပ်ထု မြုပ်တာတွေ တောင်ကို အောင် နိုင်ကြောင်း အောင်ပွဲခံတာတို့

သီချင်းဆို တာတွေ ကို ရှောင်ရပါမယ်..,.

ဟု ရေခဲတောင်ပေါင်းအလုံး (၁၀၀) ခန့်တက်လာခဲ့ဖူးတဲ့အသက် (၂၇) နှစ်အရွယ် ဒေသခံရဝမ်တိုင်းရင်းသား ဆန်လုရမ်ဆိန်းကအထက်ပါအတိုင်းဖြေကြားသွာပါသည် ။

ဖိုးသူတော်(www.phothutaw.com)
Credit:စည်သူမောင်

ဓါတ်ပုံ ဆန်လုရမ်ဆိန်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top