မေကြးတိုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕၊ၿမိဳ႕ေရွာင္လမ္းခြဲ၊ မိုင္တိုင္အမွတ္ ၈/ဝႏွင့္ရ/ရၾကားတြင္ (ယေန႔) ေမ ၁၆ ရက္ ၊ မြန္းလြဲ ၁နာရီအခ်ိန္ခန႔္က ေလယာဥ္ဆီမ်ားတင္ေဆာင္လာသည့္ ၂၂ဘီးတြဲယာဥ္တစ္စီး ကားဘီး တာယာမ်ား မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မိတၳီလာၿမိဳ႕ ၊ျပည္သာယာရပ္တြင္ ေနထိုင္ေသာ ယာဥ္ေမာင္း ကိုေဌးေအာင္ (၃၈)ႏွစ္ ေမာင္းႏွင္လာ သည့္ ေလယာဥ္ဆီမ်ား တင္ေဆာင္လာေသာ ၂၂ဘီးတြဲယာဥ္သည္ မေကြးဘက္မွ ေက်ာက္ပန္းေတာင္း ၿမိဳ႕ ဘက္သို႔ ေမာင္းႏွင္လာစဥ္ ေရနံေခ်ာင္းၿမိဳ႕ေရွာင္လမ္းခြဲ အေရာက္တြင္ ဘယ္ဘက္ကားဘီးမ်ား ၊ဘရိတ္ရႈးကပ္ကာ အပူလြန္ကဲၿပီး မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

မီးေလာင္မႈ ျဖစ္စဥ္သို႔ ေရနံေခ်ာင္းၿမိဳ႕နယ္မွ မီးသတ္ယာဥ္၄စီး၊ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕ဌာနမွ မီးသတ္ယာဥ္၂စီးႏွင့္ ေရသယ္ယာဥ္၁စီးတို႔ျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့ရာ မြန္းလြဲ ၁နာရီ၃၅မိနစ္တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။ မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈတန္ဘိုး က်ပ္၁၂သိန္း ရွိေၾကာင္း ေရနံေခ်ာင္းၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕႐ုံးမွ သိရသည္။

အဆိုပါ ေလယာဥ္ဆီမ်ားကို မန္း/သံပုရာကန္မွ တင္ေဆာင္လာၿပီး မႏၲေလးၿမိဳ႕၊တံတားဦးသို႔ သြားေရာက္ပို႔ေဆာင္မည္ျဖစ္ေၾကာင္း မီးေလာင္မႈ ျဖစ္ပြားရာသို႔၊ ေရနံေခ်ာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲမႉးေဇာ္မင္းႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးေဆာင္႐ြက္လ်က္ရွိၿပီး လက္မွတ္ကုန္းနယ္ေျမရဲစခန္းမွ ယာဥ္ေမာင္း ကိုေဌးေအာင္ကို ပ/(၈၀) ရာဇသတ္ ႀကီးပုဒ္မ ၂၈၅ျဖင့္ အမႈဖြင့္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊မြို့ရှောင်လမ်းခွဲ၊ မိုင်တိုင်အမှတ် ၈/ဝနှင့်ရ/ရကြားတွင် (ယနေ့) မေ ၁၆ ရက် ၊ မွန်းလွဲ ၁နာရီအချိန်ခန့်က လေယာဉ်ဆီများတင်ဆောင်လာသည့် ၂၂ဘီးတွဲယာဉ်တစ်စီး ကားဘီး တာယာများ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ၊ပြည်သာယာရပ်တွင် နေထိုင်သော ယာဉ်မောင်း ကိုဌေးအောင် (၃၈)နှစ် မောင်းနှင်လာ သည့် လေယာဉ်ဆီများ တင်ဆောင်လာသော ၂၂ဘီးတွဲယာဉ်သည် မကွေးဘက်မှ ကျောက်ပန်းတောင်း မြို့ ဘက်သို့ မောင်းနှင်လာစဉ် ရေနံချောင်းမြို့ရှောင်လမ်းခွဲ အရောက်တွင် ဘယ်ဘက်ကားဘီးများ ၊ဘရိတ်ရှုးကပ်ကာ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှု ဖြစ်စဉ်သို့ ရေနံချောင်းမြို့နယ်မှ မီးသတ်ယာဉ်၄စီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဌာနမှ မီးသတ်ယာဉ်၂စီးနှင့် ရေသယ်ယာဉ်၁စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁နာရီ၃၅မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်၁၂သိန်း ရှိကြောင်း ရေနံချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ရုံးမှ သိရသည်။

အဆိုပါ လေယာဉ်ဆီများကို မန်း/သံပုရာကန်မှ တင်ဆောင်လာပြီး မန္တလေးမြို့၊တံတားဦးသို့ သွားရောက်ပို့ဆောင်မည်ဖြစ်ကြောင်း မီးလောင်မှု ဖြစ်ပွားရာသို့၊ ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဇော်မင်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ယာဉ်မောင်း ကိုဌေးအောင်ကို ပ/(၈၀) ရာဇသတ် ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top