Hot Pot ေလး စားလိုက္ရရင္ သိပ္အရသာရွိ မွာပဲေနာ္။ Hot Pot စားတဲ့အခါ အသား၊ အသီးအ႐ြက္၊မႈိ၊ ၾကက္ဥကစလို႔ ႏွစ္သက္ရာေတြကို ထည့္စားၾကတယ္ မဟုတ္လား….
ဒီလိုထည့္စားတဲ့ အရာေတြထဲမွာ ေတ္ာေတာ္ေလး ခံတြင္းေတြ႕ေစတဲ့ မႈိတစ္မ်ိဳးျဖစ္တဲ့ အပ္မႈိက အရသာတင္ ေကာင္းတာ မဟုတ္ဘဲ က်န္းမာေရး အတြက္လည္း ေကာင္းပါတယ္…..အပ္မႈိစားရင္ရရွိလာမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြက…..
၁။ ကိုယ္ခံအား ေကာင္းေစတယ္
အပ္မႈိမွာ အာဟာရဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ေနသလို ဓာတ္တိုး ဆန႔္က်င္ အာနိသင္ေတြလည္းႂကြယ္ဝစြာပါဝင္ပါတယ္။ အ႐ိုးေတြကို သန္မာေစတဲ့ ကယ္လ္ဆီယမ္လည္း ႂကြယ္ဝစြာပါဝင္ပါတယ္…..
အပ္မႈိမွာပါဝင္တဲ့ အျခားဓာတ္ေတြက ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစၿပီး အသည္းေရာဂါ၊ ကိုလက္စထေရာမ်ားတာ၊ ေသြးတိုးတာနဲ႔ အသည္းေရာဂါကို သက္သာေစ ႏိုင္တယ္……
၂။ အဆီက် ေစႏိုင္တယ္
အပ္မႈိမွာ conjugated linoleic acid (CLA) ပါဝင္ေန တာေၾကာင့္ ခႏၶာကိုယ္က အဆီေတြကိုေလ်ာ့က်ေစႏိုင္တဲ့အတြက္ ပိန္ခ်င္သူေတြ စားသုံးေပးသင့္တယ္….
၃။ ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္တယ္
ေန႔စဥ္စားသုံးတဲ့ အစားအစာထဲမွာ အမွ်င္ဓာတ္ ပါဝင္မႈမ်ားေလေလ ေသြးတြင္း ကိုလက္စထေရာ က်ေလေလ ျဖစ္ၿပီး ခႏၶာကိုယ္ အေလးခ်ိန္ကို က်ေစႏိုင္ ပါတယ္။ ေနာက္တစ္ခ်က္ ကေတာ့ အမွ်င္ဓာတ္မ်ားမ်ား စားေလေလ ေသြးတြင္း သၾကားဓာတ္ ထိန္းခ်ဳပ္ႏိုင္မႈ ေကာင္းေလေလေပါ……
ဆီးခ်ိဳရွိသူေတြအေနနဲ႔ ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိႏိုင္ေစဖို႔ အတြက္ အပ္မႈိ စားသုံးလို႔ ရသလို ဆီးခ်ိဳ ကာကြယ္ခ်င္သူေတြ အေနနဲ႔လည္း အပ္မႈိ စားသုံးေပးလို႔ ရတယ္…..

၄။ ဝမ္းမွန္ေစႏိုင္တယ္
အပ္မႈိမွာ ပါဝင္တဲ့ အမွ်င္ဓာတ္ေတြက ဝမ္းမွန္ေစႏိုင္ၿပီး ဝမ္းခ်ဳပ္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္ ။ အပ္မႈိကို ေန႔စဥ္ ပုံမွန္စားသုံးေပးမယ္ ဆိုရင္ အစာေျခစနစ္ကို က်န္းမာေစၿပီး ဝမ္းမွန္ေစမွာပါ။ ဝမ္းမခ်ဳပ္ေစဖို႔ အတြက္ ေန႔စဥ္ လုံေလာက္တဲ့ အမွ်င္ဓာတ္ ရရွိေအာင္ ဂ႐ုစိုက္စား သုံးေပးပါ…..
၅။ မွတ္ဉာဏ္ေကာင္းမြန္ေစႏိုင္တယ္
အပ္မႈိ မွာ အမိုင္ႏိုအက္ဆစ္ ႂကြယ္ဝစြာပါဝင္တဲ့ အတြက္ အာ႐ုံေၾကာေတြကို ေကာင္းမြန္ေစႏိုင္ သလို မွတ္ဉာဏ္ကိုလည္း တိုးတက္ ေကာင္းမြန္ေစႏိုင္ ပါတယ္၊ ကေလးငယ္ေလးေတြကို အပ္မႈိေကြၽးေပးမယ္ဆိုရင္လည္း ကေလးဟာ မွတ္ဉာဏ္ဖြံ႕ၿဖိဳးမႈ ေကာင္းမွာ အေသအခ်ာပါ……
၆။ ဓာတ္မတည့္တာကို ကာကြယ္ေပးႏိုင္တယ္
မၾကာခဏ အပ္မႈိကို စားသုံးေပးမယ္ ဆိုရင္ ပန္းနာ ရင္က်ပ္ ျဖစ္တာ နဲ႔ အေရျပားမွာ နီျမန္းယားယံတာ၊ ႏွင္းခူ ျဖစ္တာလိုမ်ိဳး ဓာတ္မတည့္ျခင္းေတြကို ေရွာင္ရွားႏိုင္မွာ ျဖစ္ပါတယ္။ အပ္မႈိကို ပုံမွန္စားသုံးေပးမယ္ ဆိုရင္ က်န္းမာေရး ေကာင္းမြန္လာမွာ ျဖစ္သလို ဓာတ္မတည့္မႈေတြလည္း ကင္းေဝးေစမွာပါ…
၇။ ႏွလုံးက်န္းမာေစႏိုင္တယ္
အပ္မႈိစားသုံးေပးတာက ေသြးတြင္း အဆီဓာတ္မ်ားတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ေသြးတြင္း ကိုလက္စထေရာ ျမင့္တက္မႈက ႏွလုံးေရာဂါျဖစ္ရတဲ့ အဓိကအေၾကာင္း အရင္းပါ။ အပ္မႈိက ေသြးတြင္း ကိုလက္စထေရာပမာဏ အရမ္းမမ်ားေအာင္ ထိန္းထားတာက ႏွလုံးေရာဂါ မျဖစ္ေအာင္ကာကြယ္ ႏိုင္တဲ့ ထိေရာက္တဲ့ နည္းလမ္းေလးပါ…

၈။ ဇီဝတြင္းျဖစ္စဥ္ကို တိုးတက္ ေကာင္းမြန္ေစႏိုင္တယ္
အပ္မႈိ စားသုံးေပးတာက ခႏၶာကိုယ္ရဲ႕ ဇီဝတြင္း ျဖစ္စဥ္ေတြကို တိုးတက္ ေကာင္းမြန္ေစၿပီး လိုအပ္တဲ့ အာဟာရဓာတ္ေတြ စုပ္ယူမႈကို တိုးတက္ေစႏိုင္ တာေၾကာင့္ ခႏၶာကိုယ္ကို က်န္းမာ ဖြံ႕ၿဖိဳးေစႏိုင္ပါတယ္….
အရသာရွိတဲ့ အစားစားရင္း က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရရွိမယ္ ဆိုေတာ့ သင္ေရာ အရမ္းႀကိဳက္ရဲ႕လား ? ေျပာခဲ့ပါဦး
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #
Hot Pot လေး စားလိုက်ရရင် သိပ်အရသာရှိ မှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ် မဟုတ်လား….
ဒီလိုထည့်စားတဲ့ အရာတွေထဲမှာ တေ်ာတော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင် ကောင်းတာ မဟုတ်ဘဲ ကျန်းမာရေး အတွက်လည်း ကောင်းပါတယ်…..အပ်မှိုစားရင်ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက…..
၁။ ကိုယ်ခံအား ကောင်းစေတယ်
အပ်မှိုမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုး ဆန့်ကျင် အာနိသင်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်…..
အပ်မှိုမှာပါဝင်တဲ့ အခြားဓာတ်တွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အသည်းရောဂါ၊ ကိုလက်စထရောများတာ၊ သွေးတိုးတာနဲ့ အသည်းရောဂါကို သက်သာစေ နိုင်တယ်……

၂။ အဆီကျ စေနိုင်တယ်
အပ်မှိုမှာ conjugated linoleic acid (CLA) ပါဝင်နေ တာကြောင့် ခန္ဓာကိုယ်က အဆီတွေကိုလျော့ကျစေနိုင်တဲ့အတွက် ပိန်ချင်သူတွေ စားသုံးပေးသင့်တယ်….
၃။ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ် ပါဝင်မှုများလေလေ သွေးတွင်း ကိုလက်စထရော ကျလေလေ ဖြစ်ပြီး ခန္ဓာကိုယ် အလေးချိန်ကို ကျစေနိုင် ပါတယ်။ နောက်တစ်ချက် ကတော့ အမျှင်ဓာတ်များများ စားလေလေ သွေးတွင်း သကြားဓာတ် ထိန်းချုပ်နိုင်မှု ကောင်းလေလေပေါ……
ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့ အတွက် အပ်မှို စားသုံးလို့ ရသလို ဆီးချို ကာကွယ်ချင်သူတွေ အနေနဲ့လည်း အပ်မှို စားသုံးပေးလို့ ရတယ်…..
၄။ ဝမ်းမှန်စေနိုင်တယ်
အပ်မှိုမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေနိုင်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ။ အပ်မှိုကို နေ့စဉ် ပုံမှန်စားသုံးပေးမယ် ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေမှာပါ။ ဝမ်းမချုပ်စေဖို့ အတွက် နေ့စဉ် လုံလောက်တဲ့ အမျှင်ဓာတ် ရရှိအောင် ဂရုစိုက်စား သုံးပေးပါ…..
၅။ မှတ်ဉာဏ်ကောင်းမွန်စေနိုင်တယ်
အပ်မှို မှာ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် အာရုံကြောတွေကို ကောင်းမွန်စေနိုင် သလို မှတ်ဉာဏ်ကိုလည်း တိုးတက် ကောင်းမွန်စေနိုင် ပါတယ်၊ ကလေးငယ်လေးတွေကို အပ်မှိုကျွေးပေးမယ်ဆိုရင်လည်း ကလေးဟာ မှတ်ဉာဏ်ဖွံ့ဖြိုးမှု ကောင်းမှာ အသေအချာပါ……
၆။ ဓာတ်မတည့်တာကို ကာကွယ်ပေးနိုင်တယ်
မကြာခဏ အပ်မှိုကို စားသုံးပေးမယ် ဆိုရင် ပန်းနာ ရင်ကျပ် ဖြစ်တာ နဲ့ အရေပြားမှာ နီမြန်းယားယံတာ၊ နှင်းခူ ဖြစ်တာလိုမျိုး ဓာတ်မတည့်ခြင်းတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ အပ်မှိုကို ပုံမှန်စားသုံးပေးမယ် ဆိုရင် ကျန်းမာရေး ကောင်းမွန်လာမှာ ဖြစ်သလို ဓာတ်မတည့်မှုတွေလည်း ကင်းဝေးစေမှာပါ…
၇။ နှလုံးကျန်းမာစေနိုင်တယ်
အပ်မှိုစားသုံးပေးတာက သွေးတွင်း အဆီဓာတ်များတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတွင်း ကိုလက်စထရော မြင့်တက်မှုက နှလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်း အရင်းပါ။ အပ်မှိုက သွေးတွင်း ကိုလက်စထရောပမာဏ အရမ်းမများအောင် ထိန်းထားတာက နှလုံးရောဂါ မဖြစ်အောင်ကာကွယ် နိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းလေးပါ…
၈။ ဇီဝတွင်းဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေနိုင်တယ်
အပ်မှို စားသုံးပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်း ဖြစ်စဉ်တွေကို တိုးတက် ကောင်းမွန်စေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို တိုးတက်စေနိုင် တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာ ဖွံ့ဖြိုးစေနိုင်ပါတယ်….
အရသာရှိတဲ့ အစားစားရင်း ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိမယ် ဆိုတော့ သင်ရော အရမ်းကြိုက်ရဲ့လား ? ပြောခဲ့ပါဦး
ဖိုးသူတော် (www.phothutaw.com)
Credit:Hellosayarwon