မိဘေတြ ဆုံးပါးသြားၿပီးတဲ့ေနာက္ ပစၥည္းအျပည့္အစုံနဲ႔ အပ်ိဳျကီးဟာတစ္ေကာင္ၾကြက္ က်န္ေနခဲ့တယ္။ အထီးက်န္တဲ့ ဒဏ္ကုိ မခံႏုိင္ေတာ့လုိ႔ ေယာက္်ားက တအားလုိခ်င္ေနတာ။ ႀကဳိက္ဖုိ႔မေျပာနဲ႔ အိမ္ေရွ႕ကုိ ဂစ္တာလာတီးတဲ့သူေတာင္ မရွိဘူး…တဲ့။

အပ်ဳိႀကီးလည္း ႀကံရာမရျဖစ္ၿပီး ညအိပ္ရင္ ရွိသမွ်တံခါးေတြ အကုန္ဖြင့္၊ မီးအေမွာင္ခ် အိပ္တာ။ တစ္ရက္မွာ အျခား တနယ္က သူခုိးတစ္ေယာက္ဟာ အိမ္ႀကီးအိမ္ေကာင္းက တံခါးေတြ အကုန္ဖြင့္ထားေတာ ေခ်ာင္ၿပီဆုိျပီး တက္ခုိးတာေပါ့။

အႀကံနဲ႔ေစာင့္ေနတဲ့ အပ်ဳိႀကီးက အေမွာင္ထဲကေန သူခုိးလက္ကုိ ပုိင္ပုိင္ႏုိင္ႏုိင္ ခ်ဳပ္ကုိင္ထားလုိက္တယ္။ ျပီးေတာ့ ျပတ္ျပတ္သားသားပဲ ေမးလုိက္တယ္။ သူႀကီးအိမ္ပုိ႔ရမွာလား၊ ငါ့ကုိယူမွာလား..လို႔။

သူခုိးက ေပ်ာ္သြားတာေပါ့။ အဖမ္းမခံရတဲ့အျပင္ သူေ႒းမကုိပါ အေခ်ာင္ရျပီး သူေ႒းျဖစ္ဦးမွာ ဆုိေတာ့… ျမန္ျမန္ပဲ အေျဖေပးလုိက္တယ္။ မမကုိ ယူမွာေပါ့တဲ့။

အပ်ဳိႀကီးက ၿပီးေရာဆုိျပီး ေပ်ာ္သြားတယ္။ ဒါနဲ႔ သူခိုးက ကိုယ့္မမကုိ ျမင္ဖူးခ်င္လုိက္တာဆုိေတာ့ အပ်ဳိႀကီးက မီးျခစ္ရွာ တယ္။ ယမ္းမီးျခစ္ကုိေကာက္ျပီး မီးျခစ္ဆံတစ္ခု ရွဲကနဲျခစ္၊ မီးခြက္ကုိ ထြန္းမယ္ လုပ္တဲ့အခိ်န္မွာ သူခုိးက ခ်က္ခ်င္း ျပန္ျပင္ေျပာလုိက္တယ္။

မီးထြန္း မေနပါနဲ႔ မမရယ္။ ကၽြန္ေတာ့္ကုိ သူႀကီးအိမ္သာ ျမန္ျမန္ပုိ႔လုိက္ပါေတာ့..တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ပစ္စည်းအပြည့်အစုံနဲ့ အပျိုကြီးဟာတစ်ကောင်ကြွက် ကျန်နေခဲ့တယ်။ အထီးကျန်တဲ့ ဒဏ်ကို မခံနိုင်တော့လို့ ယောက်ျားက တအားလိုချင်နေတာ။ ကြိုက်ဖို့မပြောနဲ့ အိမ်ရှေ့ကို ဂစ်တာလာတီးတဲ့သူတောင် မရှိဘူး…တဲ့။

အပျိုကြီးလည်း ကြံရာမရဖြစ်ပြီး ညအိပ်ရင် ရှိသမျှတံခါးတွေ အကုန်ဖွင့်၊ မီးအမှောင်ချ အိပ်တာ။ တစ်ရက်မှာ အခြား တနယ်က သူခိုးတစ်ယောက်ဟာ အိမ်ကြီးအိမ်ကောင်းက တံခါးတွေ အကုန်ဖွင့်ထားတော ချောင်ပြီဆိုပြီး တက်ခိုးတာပေါ့။

အကြံနဲ့စောင့်နေတဲ့ အပျိုကြီးက အမှောင်ထဲကနေ သူခိုးလက်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားလိုက်တယ်။ ပြီးတော့ ပြတ်ပြတ်သားသားပဲ မေးလိုက်တယ်။ သူကြီးအိမ်ပို့ရမှာလား၊ ငါ့ကိုယူမှာလား..လို့။

သူခိုးက ပျော်သွားတာပေါ့။ အဖမ်းမခံရတဲ့အပြင် သူဋ္ဌေးမကိုပါ အချောင်ရပြီး သူဋ္ဌေးဖြစ်ဦးမှာ ဆိုတော့… မြန်မြန်ပဲ အဖြေပေးလိုက်တယ်။ မမကို ယူမှာပေါ့တဲ့။

အပျိုကြီးက ပြီးရောဆိုပြီး ပျော်သွားတယ်။ ဒါနဲ့ သူခိုးက ကိုယ့်မမကို မြင်ဖူးချင်လိုက်တာဆိုတော့ အပျိုကြီးက မီးခြစ်ရှာ တယ်။ ယမ်းမီးခြစ်ကိုကောက်ပြီး မီးခြစ်ဆံတစ်ခု ရှဲကနဲခြစ်၊ မီးခွက်ကို ထွန်းမယ် လုပ်တဲ့အချိန်မှာ သူခိုးက ချက်ချင်း ပြန်ပြင်ပြောလိုက်တယ်။

မီးထွန်း မနေပါနဲ့ မမရယ်။ ကျွန်တော့်ကို သူကြီးအိမ်သာ မြန်မြန်ပို့လိုက်ပါတော့..တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top