Credit:Ben Defra
#Unicode Version# ဖြင့်ဖတ်ပါ ။
ပုဇွန်ထုပ်ကြိုက်သူများ သတိထားကြပါ။ ပိုးသတ်ဆေးတွေ သုံးပြီး ပုဇွန်ထုပ်ဖမ်းနေကြတာတဲ့
မယုံမရှိကြပါနဲ့၊ မြန်မာတနိုင်ငံလုံးနီးပါး တနိုင်တပိုင် မြစ်ချောင်းထဲမှာ ပိုးသတ်ဆေးသုံးပြီး ပုဇွန်ဖမ်းနေကြတာ
ပုဇွန်ထုပ် ကြိုက်သူများ သတိထား ပိုးသတ်ဆေးပြင်း သုံး၍ ပုဇွန်ဖမ်းခြင်း
ပုံပါ စိုက်ပျိူ းရေးသုံး ရွက်ဖျန်းပိုးသတ်ဆေး ကို ရေ သဲ တို့ဖြင့် စပ်ဖျော်ပြီး ပုဇွန်ရှိရာ ပွက်ရာ ရေထဲ ချလိုက်ပါတယ် နာရီဝက် ၁နာရီ စောင့်ပါ။ ပုဇွန်ထုပ်လေးတွေ ပုဇွန်ထုပ်ကြီးတွေ ရေပေါ် ပေါလော ပေါ်လာပါလေရော
မသေမရှင် ဖြစ်တဲ့ အချိန် ရေပုံးလေးထဲထည့်ပြီး နီးစပ်ရာ ဈေးမှာ ရောင်းကြ ဝယ်သူကလဲ လတ်လတ်ဆတ်ဆတ် ရတယ်ဆိုပြီး နေ့ချင်း ချက်စား၊ ပိုးသတ်ဆေးကြွင်းတွေက ဗိုက်ထဲရောက်နဲ့ ဒီလူတွေမှ ကင်ဆာ မဖြစ်ရင် ဘယ်သူတွေ ဖြစ်တော့မလဲဗျာ။
အပင်တောင်မှ ဆေးဖျန်းပြီး တပတ်နေမှ ခူးဆွတ်ခွင့် ရှိတယ်။ ဆေးကြွင်း ကုန်အောင်လို့ ပုဇွန်က ဒီနေ့ဖမ်း ဒီနေ့ရောင်း ဒီနေ့ဝယ် ဒီနေ့ချက်စားကြတာ။ သမာအာဇီဝ အလုပ်တွေ ရှားလာလေ လူတွေ အသက်တိုလေ ရောဂါထူလေ။
ဖိုးသူတော် (www.phothutaw.com)
Credit:Ben Defra
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top