တစ္ေန႔တာလံုး သြားလာလႈပ္႐ွားေနရတဲ့အခါ ပင္ပန္းႏြမ္းနယ္ၿပီး အားအင္မျပည့္သလို ခံစားေနရပါသလား။ ဒီလို ပင္ပန္းႏုန္းခ်ိသလို ခံစားေနရတဲ့အခါ အားအင္ေတြျပန္လည္ ျဖည့္တင္းေပးႏိုင္မယ့္ အစားအစာေလးေတြကို စားသံုးေပးဖို႔ လိုပါလိမ့္မယ္။

ဘယ္လိုအစားအစာေတြက သင့္အတြက္ ခြန္အားေတြ ျပန္လည္ေပးစြမ္းႏိုင္မလဲဆိုတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ခႏၶာကိုယ္အတြက္ စြမ္းအင္ပမာဏေတြ ပြားမ်ားလာေအာင္ ျဖည့္ဆည္းေပးမယ့္ ကာဗိုဟိုက္ၿဒိဳက္၊ ပိုတက္စီယမ္နဲ႔ ဗီတာမင္ B6 တို႔ ပါဝင္တဲ့အတြက္ေၾကာင့္ စြမ္းအားျပည့္ေစတဲ့ အေကာင္းဆံုး အစားအစာပါပဲ။ ဒါ့ေၾကာင့္ အားကစားသမားေတြအေနနဲ႔ အားကစားျပဳလုပ္ၿပီးသြားတဲ့အခါ အားအင္ျပန္လည္ ျပည့္ဝဖို႔ ငွက္ေပ်ာသီး စားသံုးၾကျခင္း ျဖစ္ပါတယ္။

ကန္စြန္းဥ

Sweet Potatos

ကန္စြန္းဥထဲမွာ မဂၢနီဆီယမ္ဓာတ္တို႔ ၾကြယ္ဝစြာပါဝင္ပါတယ္။ ထိုမဂၢနီဆီယမ္ဓာတ္က မိမိစားသံုးလိုက္တဲ့အာဟာရဓာတ္မ်ားကို ၿဖိဳခြင္းလိုက္ၿပီး စြမ္းအင္အျဖစ္ ျပန္လည္ အစားထိုးေပးပါလိမ့္မယ္။

ၾကက္ဥ

ပ႐ိုတင္းဓာတ္မ်ားစြာ ပါဝင္ၿပီး ဗီတာမင္ဘီနဲ႔ အမိုင္ႏိုအက္စစ္တို႔က စြမ္းအင္ေတြတိုးပြားလာေအာင္ လႈံ႔ေဆာ္ေပးမယ့္ ေလာင္စာေလးေတြပဲျဖစ္ပါတယ္။ ပင္ပန္းႏြမ္းနယ္ခ်ိန္မွာ ၾကက္ဥ ၁ လံုး၊ ၂ လံုးခန္႔ စားသံုးေပးမယ္ဆိုရင္ အားအင္ျပန္လည္ ျပည့္ဝလာမွာပဲျဖစ္ပါတယ္။

ပန္းသီး

ကမာၻေပၚမွာ လူႀကိဳက္အမ်ားဆံုး အသီးအနွံ႔တစ္ခုကို ေျပာပါဆိုရင္ေတာ့ ပန္းသီးကိုပဲ ညႊန္းခ်င္ပါတယ္။ ပန္းသီးထဲမွာ Antioxidant ပမာဏ ျမင့္မားစြာပါဝင္ၿပီး ထို Antioxidant က ကာဗိုဟိုက္ၿဒိဳက္မ်ား အလ်င္အျမန္ကုန္ဆံုးသြားျခင္းကို တားဆီးေပးတာေၾကာင့္ ခႏၶာကိုယ္ထဲမွာ စြမ္းအင္မ်ား အခ်ိန္အၾကာႀကီး ကိန္းေအာင္းေနေအာင္ ကူညီေပးပါလိမ့္မယ္။

ေခ်ာကလက္အမဲ

ကိုးကိုးမႈန္႔ထဲမွာ ပါဝင္တဲ့ Antioxidant က ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစကာ က်န္းမာေရးေကာင္းေစတဲ့ ဓာတ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ ခႏၶာကုိယ္ထဲမွာ ေသြးလွည့္ပတ္မႈ ေကာင္းသြားတဲ့အခါ ဦးေႏွာက္နဲ႔ ၾကြက္သားေတြဆီသို႔ ေအာက္ဆီဂ်င္ကို ေကာင္းမြန္စြာ သယ္ယူပို႔ေဆာင္ေပးႏိုင္တာေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈကို ေျဖေလ်ာ့ေပးၿပီး စိတ္ခံစားခ်က္ေတြ ေကာင္းမြန္ေစမွာပဲျဖစ္ပါတယ္။

လိေမၼာ္သီး

လီေမၼာ္သီးမွာ ဗီတာမင္စီဓာတ္ ၾကြယ္ဝစြာပါဝင္ၿပီး သူ႔ထဲမွာ ပါဝင္တဲ့ Antioxidant ျဒပ္ေပါင္းက စိတ္ဖိစီးမႈရန္မွ ကာကြယ္ေပးပါတယ္။ စိတ္ဖိစီးမႈေတြ ပင္ပန္းႏြမ္းနယ္မႈေတြက စိတ္က်ေရာဂါရဲ႕ ေ႐ွ႕ေျပးလကၡဏာေတြျဖစ္ၿပီး ဒီလိုျဖစ္လာၿပီဆိုရင္ တစ္ကိုယ္လံုး ေျခမသယ္ခ်င္ လက္မသယ္ခ်င္ ခံစားရပါလိမ့္မယ္။ လိေမၼာ္သီးစားသံုးလိုက္မယ္ဆိုရင္ သူ႔ရဲ႕ ခ်ဥ္ၿပံဳးၿပံဳးအရသာက သင့္ကို ရႊင္လန္းတက္ၾကြလာေစမွာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myfoodmyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်နေ့တာလုံး သွားလာလှုပ်ရှားနေရတဲ့အခါ ပင်ပန်းနွမ်းနယ်ပြီး အားအင်မပြည့်သလို ခံစားနေရပါသလား။ ဒီလို ပင်ပန်းနုန်းချိသလို ခံစားနေရတဲ့အခါ အားအင်တွေပြန်လည် ဖြည့်တင်းပေးနိုင်မယ့် အစားအစာလေးတွေကို စားသုံးပေးဖို့ လိုပါလိမ့်မယ်။

ဘယ်လိုအစားအစာတွေက သင့်အတွက် ခွန်အားတွေ ပြန်လည်ပေးစွမ်းနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပမာဏတွေ ပွားများလာအောင် ဖြည့်ဆည်းပေးမယ့် ကာဗိုဟိုက်ဒြိုက်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် B6 တို့ ပါဝင်တဲ့အတွက်ကြောင့် စွမ်းအားပြည့်စေတဲ့ အကောင်းဆုံး အစားအစာပါပဲ။ ဒါ့ကြောင့် အားကစားသမားတွေအနေနဲ့ အားကစားပြုလုပ်ပြီးသွားတဲ့အခါ အားအင်ပြန်လည် ပြည့်ဝဖို့ ငှက်ပျောသီး စားသုံးကြခြင်း ဖြစ်ပါတယ်။

ကန်စွန်းဥ

Sweet Potatos

ကန်စွန်းဥထဲမှာ မဂ္ဂနီဆီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုမဂ္ဂနီဆီယမ်ဓာတ်က မိမိစားသုံးလိုက်တဲ့အာဟာရဓာတ်များကို ဖြိုခွင်းလိုက်ပြီး စွမ်းအင်အဖြစ် ပြန်လည် အစားထိုးပေးပါလိမ့်မယ်။

ကြက်ဥ

ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး ဗီတာမင်ဘီနဲ့ အမိုင်နိုအက်စစ်တို့က စွမ်းအင်တွေတိုးပွားလာအောင် လှုံ့ဆော်ပေးမယ့် လောင်စာလေးတွေပဲဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်ချိန်မှာ ကြက်ဥ ၁ လုံး၊ ၂ လုံးခန့် စားသုံးပေးမယ်ဆိုရင် အားအင်ပြန်လည် ပြည့်ဝလာမှာပဲဖြစ်ပါတယ်။

ပန်းသီး

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသီးအနှံ့တစ်ခုကို ပြောပါဆိုရင်တော့ ပန်းသီးကိုပဲ ညွှန်းချင်ပါတယ်။ ပန်းသီးထဲမှာ Antioxidant ပမာဏ မြင့်မားစွာပါဝင်ပြီး ထို Antioxidant က ကာဗိုဟိုက်ဒြိုက်များ အလျင်အမြန်ကုန်ဆုံးသွားခြင်းကို တားဆီးပေးတာကြောင့် ခန္ဓာကိုယ်ထဲမှာ စွမ်းအင်များ အချိန်အကြာကြီး ကိန်းအောင်းနေအောင် ကူညီပေးပါလိမ့်မယ်။

ချောကလက်အမဲ

ကိုးကိုးမှုန့်ထဲမှာ ပါဝင်တဲ့ Antioxidant က သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ ကျန်းမာရေးကောင်းစေတဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းသွားတဲ့အခါ ဦးနှောက်နဲ့ ကြွက်သားတွေဆီသို့ အောက်ဆီဂျင်ကို ကောင်းမွန်စွာ သယ်ယူပို့ဆောင်ပေးနိုင်တာကြောင့် ပင်ပန်းနွမ်းနယ်မှုကို ဖြေလျော့ပေးပြီး စိတ်ခံစားချက်တွေ ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

လိမ္မော်သီး

လီမ္မော်သီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပြီး သူ့ထဲမှာ ပါဝင်တဲ့ Antioxidant ဒြပ်ပေါင်းက စိတ်ဖိစီးမှုရန်မှ ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုတွေ ပင်ပန်းနွမ်းနယ်မှုတွေက စိတ်ကျရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်ပြီး ဒီလိုဖြစ်လာပြီဆိုရင် တစ်ကိုယ်လုံး ခြေမသယ်ချင် လက်မသယ်ချင် ခံစားရပါလိမ့်မယ်။ လိမ္မော်သီးစားသုံးလိုက်မယ်ဆိုရင် သူ့ရဲ့ ချဉ်ပြုံးပြုံးအရသာက သင့်ကို ရွှင်လန်းတက်ကြွလာစေမှာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top