




Credit: ZAW

#Unicode Version# ဖြင့်ဖတ်ပါ ။

ဒါဟာ သာမန်မိသားစုလေးတစ်စုပါပဲ။ ထူးထူးထွေထွေ ထူးထူးခြားခြား မိသားစုမျိုးမဟုတ်ပါဘူး။ ကလေးလေးရဲ့မိဘတွေကအိမ်ထောင်ကွဲသွားကြတဲ့အခါ အခုမြင်တွေ့နေရတဲ့အတိုင်း အဖေအရင်းနဲ့အတူ အမေဖြစ်သူရဲ့နောက် အိမ်ထောင်ဖက်လောင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို တစ်ပြိုင်နက်တည်း ရရှိခံစားနေရတဲ့ ချစ်စရာကလေးငယ်လေးဖြစ်ပါတယ်။

ဒီအဖြစ်အပျက်လေးဟာ အင်တာနက်ပေါ်မှာ လူအများကြားရေပန်းစားနေခဲ့ပြီး ကြည့်ရှုသူတိုင်းရဲ့ နှလုံးသားတွေကို နွေးထွေးစေတဲ့ ဒီလိုမိသားစုဆက်ဆံရေးဟာ ဆက်ဆံရေးဟာ အမှန်တကယ်ရှိနေကြောင်း အင်မတန်အံ့အားသင့်စရာလည်းဖြစ်ခဲ့ကြရတာပါ။

ဖခင် ၂ ယောက်ရဲ့ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာကို တစ်ပြိုင်တည်းရရှိပြီး ကံကောင်းတဲ့သမီးလေး Willow ဟာ အဖေနှစ်ယောက်လုံးဘက်ကဗ မင်းသမီးလေးတစ်ယောက်လို တယုတယချစ်ခင်မြတ်နိုးခြင်းခံနေရတာဖြစ်ပါတယ်။ ညဘက်ကတော့ အဖေအရင်း David ဖြစ်ပြီး ဘယ်ဘက်ကတော့ ဒုတိယအဖေဖြစ်လာတဲ့ Dylan ပါပဲ။

Dylan ကတော့ သူ့မှာချစ်စရာသမီးလေးတစ်ယောက်ကိုရလာစေတဲ့အတွက် သူရဲ့ဇနီးလောင်းဖြစ်လာတော့မယ့် ကလေး ရဲ့အမေဖြစ်သူ ဆာရာကိုအထူးကျေးဇူးတင်နေပြီး David ဟာ သူ့အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်လာသလို ညီအကိုရင်းချာရလိုက်သလို ခံစားရလို့ပါပဲတဲ့။ ဒါ့အပြင် သူဟာလူတွေရဲ့စွပ်စွဲချက်ဆန်တဲ့အမြင်တွေကို ကျော်လွှားပြီး ကလေးတွေအတွက် ချစ်ခြင်းမေတ္တာ ရဲ့ စစ်မှန်တဲ့ခွန်အားကို သင်ယူရရှိစေချင်တာဖြစ်တယ်လို့ အလေးအနက်ပြောခဲ့ပါတယ်။

အမုန်းတရားကင်းပြီး အကြင်နာတရားပြည့်ဝတဲ့ ဘဝဟာ တကယ်လွတ်လပ်တဲ့ဘဝဖြစ်ကြောင်း သမီးလေးကိုသိစေချင်သလို အဓိပ္ပါယ်မရှိတဲ့ ဘဝမျိုးမှာ လူတွေရဲ့အထင်အမြင်တွေနဲ့သမီးလေးကို ပိတ်မိမနေစေချင်ဘူးလို့ Dylan က ပြောခဲ့တာဟာလည်း စဉ်းစားစရာတွေအများကြီးပေးစွမ်းခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ZAW
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top