မေကြးတုိင္း ေခ်ာက္ၿမိဳ႕နယ္ ဇီးပြားေက်းရြာအုပ္စု မင္းေဒါင့္ရြာမွာ ေမ ၂၃ ရက္ေန ညေန ၅ နာရီခြဲအခ်ိန္က ေလးျပင္းတိုက္ခတ္တာေၾကာင့္ ေဂြးခ်ိဳေတာင္​ေပၚမွ ​ေစတီ ထီးေတာ္ ေျမ ခခဲ့ၿပီး ဘုန္းႀကီးေက်ာင္းအပါအ၀င္ ေနအိမ္အေဆာက္အဦ ၅ လံုး အမိုးလန္ ပ်က္စီးခဲ့တယ္​လို႔ ဇီးပြားေက်းရြာအုပ္စု အုပ္ခ်ဳပ္​​ေရးမႉးက ေျပာပါတယ္။

ဇီးပြားေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္မိုးေအာင္က “မိုးသီးေတြအတူ ေလျပင္းတိုက္ခတ္လာၿပီး​ေတာ့ ျမန္မာသကၠရာဇ္ ၄၇၉ ခုနွစ္က တည္ထားကိုးကြယ္ခ့ဲေသာ နွစ္ေပါင္း ၉၀၀ ေက်ာ္ရိွတ့ဲ ေဂြးခ်ိဳေတာင္တည္ထားတ့ဲ ေတာင္ထိပ္က မုဒ္ေထာ္ေစတီေတာ္ရဲ႕ ထီးေတာ္ ေျမခခ့ဲတယ္။ ဘုန္းႀကီးေက်ာင္းနဲ႔ ေနအိမ္ ၄ လံုး အမိုးလန္ပ်က္စီးသြားတယ္” လုိ႔ ေျပာပါတယ္။

မင္းေတာင္ေက်ာင္းတိုက္ ဘုန္းေတာ္ႀကီးေက်ာင္း ေက်ာင္းေဆာင္ သြပ္မိုးလန္ပ်က္စီးတာ၊ ေနအိမ္ ၄ လံုး သြပ္အမိုးနွစ္ဘက္လံုးပ်က္စီးတာ၊ သြပ္မိုးပ်က္စီးတာနဲ႔ သစ္ပင္အိမ္ေပၚ ပိက်တာေတြျဖစ္ခ့ဲၿပီး လူနဲ႔တိရစၧာန္ေတာ့ ထိခိုက္ေသဆံုးတာ မရွိဘူးလုိ႔ ဆုိပါတယ္။

ပ်က္စီးဆံုးရံႈးတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းနဲ႔ ေနအိမ္တို႔ကို ရိကၡာနဲ႔ ကူညီ ေထာက္ပ့ံေငြေပးအပ္ဖုိ႔ စီစဥ္ေနတယ္လုိ႔ ၿမိဳ႕နယ္​ ေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈဦးစီးဌာနမွ တာဝန္ရိွသူတဦးက ​ေျပာပါတယ္​။

ေမ ၂၁ ရက္ေန႔ကလည္​း ေလျပင္းတိုက္ခိုက္ခဲ့လို႔ မန္က်ီးပင္ေက်းရြာမွာ ေနအိမ္တလုံး အမိုးလန္ပ်က္စီးတာ၊ ဇရပ္ၿပိဳက်တာ၊ စက္ေရးတြင္းအေဆာက္အဦ အမိုးလန္ပ်က္စီးတာတုိ႔ ျဖစ္ခဲ့ၿပီး အိမ္ေဆာက္ပစၥည္းဖိုး ေထာက္ပ့ံေငြ ငါးေသာင္းက်ပ္နဲ႔ ဆန္ရိကၡာဖိုး ၁၂၆၀၀ က်ပ္ ေပးအပ္ေထာက္ပ့ံခ့​ဲ​တယ္လုိ႔ သိရပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကိုလင္​း(​ေခ်ာက္​)
# Unicode Version # ျဖင့္ ဖတ္ပါ #

မကွေးတိုင်း ချောက်မြို့နယ် ဇီးပွားကျေးရွာအုပ်စု မင်းဒေါင့်ရွာမှာ မေ ၂၃ ရက်နေ ညနေ ၅ နာရီခွဲအချိန်က လေးပြင်းတိုက်ခတ်တာကြောင့် ဂွေးချိုတောင်ပေါ်မှ စေတီ ထီးတော်မြေခခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အဦ ၅ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က “မိုးသီးတွေအတူ လေပြင်းတိုက်ခတ်လာပြီးတော့ မြန်မာသက္ကရာဇ် ၄၇၉ ခုနှစ်က တည်ထားကိုးကွယ်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်ရှိတဲ့ ဂွေးချိုတောင်တည်ထားတဲ့ တောင်ထိပ်က မုဒ်ထော်စေတီတော်ရဲ့ ထီးတော် မြေခခဲ့တယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၄ လုံး အမိုးလန်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

မင်းတောင်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင် သွပ်မိုးလန်ပျက်စီးတာ၊ နေအိမ် ၄ လုံး သွပ်အမိုးနှစ်ဘက်လုံးပျက်စီးတာ၊ သွပ်မိုးပျက်စီးတာနဲ့ သစ်ပင်အိမ်ပေါ် ပိကျတာတွေဖြစ်ခဲ့ပြီး လူနဲ့တိရစ္ဆာန်တော့ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

ပျက်စီးဆုံးရှုံးတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တို့ကို ရိက္ခာနဲ့ ကူညီ ထောက်ပံ့ငွေပေးအပ်ဖို့ စီစဉ်နေတယ်လို့ မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မေ ၂၁ ရက်နေ့ကလည်း လေပြင်းတိုက်ခိုက်ခဲ့လို့ မန်ကျီးပင်ကျေးရွာမှာ နေအိမ်တလုံး အမိုးလန်ပျက်စီးတာ၊ ဇရပ်ပြိုကျတာ၊ စက်ရေးတွင်းအဆောက်အဦ အမိုးလန်ပျက်စီးတာတို့ ဖြစ်ခဲ့ပြီး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ငါးသောင်းကျပ်နဲ့ ဆန်ရိက္ခာဖိုး ၁၂၆၀၀ ကျပ် ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ကိုလင်း(ချောက်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top