ရန္ကုန္တိုင္းေဒသၾကီးအတြင္း လွ်ပ္စစ္မီးကုိ အလွည့္က်ေပးေနတာအျပင္ အေရးေပၚ မီးျဖတ္ေတာက္မႈေတြပါျပဳလုပ္မယ္လုိ႔ ရန္ကုန္လွ်ပ္စစ္ဓါတ္အားေပးေရးေကာ္ပုိေရးရွင္းကသိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးကုိ လွ်ပ္စစ္ေပးေနတဲ့ ရတနာကမ္းလြန္သဘာ၀ဓာတ္ေငြ႔ Compressor စက္ေတြအေရးေပၚရပ္တန္မႈေၾကာင့္ အေရးေပၚ၀န္အားေလ်ာ့ရမယ့္ အေျခအေနရွိတယ္လုိ႔ ေမလ ၁၄ ရက္ေန႔ကသတင္းထုတ္ျပန္ထားပါတယ္။

ရတနာကမ္းလြြန္ဓာတ္ေငြ႔နဲ႔ အသံုးျပဳေမာင္းႏွင္ေနတဲ့ GT စက္ေတြဟာ ကမ္းလြန္ပင္လယ္ျပင္မွာ Compressor ၂ လုံးပ်က္သြားတာေၾကာင့္ ေမလ ၁၄ ရက္ေန႔ မနက္ပုိင္းက ေရႊေတာင္(၁၅)မဂၢ၀ပ္၊ အလံု (၄၂)မဂၢ၀ပ္ ၊ ရြာမ E-Gat (၆၀)မဂၢ၀ပ္ ၊သီလ၀ါ (၂၅)မဂၢ၀ပ္နဲ႔ ၊ေလွာ္ကား (၃၅)မဂၢ၀ပ္ စက္ေတြရပ္တန္႔သြားခဲ့ပါတယ္။

အဲ့ဒီစက္ေတြရပ္သြားတာေၾကာင့္ မဂၢ၀ပ္ ၂၀၀ ေလာက္ေလ်ာ့က်သြားတာတာအျပင္ ေနာက္ထပ္စက္ ၃လံုးက ထုတ္လုပ္ေနတဲ့ မဂၢ၀ပ္ ၂၀၀ ေလာက္ ထပ္ျပီးေလ်ာ့သြားႏုိင္တာေၾကာင့္ စုစုေပါင္း ဓာတ္အားထုတ္လုပ္မႈ မဂၢ၀ပ္ ၄၀၀ေလာက္ ေလ်ာ့နည္းသြားမယ္လုိ႔သိရပါတယ္။

ဒါေၾကာင့္ ေမလအစပုိင္းက စတင္ျပီး လွ်ပ္စစ္မီးအလွည္က်ေပးေနတာအျပင္ အေရးေပၚလွ်ပ္စစ္ဓါတ္အားျဖတ္ေတာက္မႈေတြကုိလည္း လုပ္မယ္လုိ႔ ေၾကညာထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Version#
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးကို အလှည့်ကျပေးနေတာအပြင် အရေးပေါ် မီးဖြတ်တောက်မှုတွေပါပြုလုပ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းကသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ပေးနေတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ Compressor စက်တွေအရေးပေါ်ရပ်တန်မှုကြောင့် အရေးပေါ်ဝန်အားလျော့ရမယ့် အခြေအနေရှိတယ်လို့ မေလ ၁၄ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။

ရတနာကမ်းလွန်ဓာတ်ငွေ့နဲ့ အသုံးပြုမောင်းနှင်နေတဲ့ GT စက်တွေဟာ ကမ်းလွန်ပင်လယ်ပြင်မှာ Compressor ၂ လုံးပျက်သွားတာကြောင့် မေလ ၁၄ ရက်နေ့ မနက်ပိုင်းက ရွှေတောင်(၁၅)မဂ္ဂဝပ်၊ အလုံ (၄၂)မဂ္ဂဝပ် ၊ ရွာမ E-Gat (၆၀)မဂ္ဂဝပ် ၊သီလဝါ (၂၅)မဂ္ဂဝပ်နဲ့ ၊လှော်ကား (၃၅)မဂ္ဂဝပ် စက်တွေရပ်တန့်သွားခဲ့ပါတယ်။

အဲ့ဒီစက်တွေရပ်သွားတာကြောင့် မဂ္ဂဝပ် ၂၀၀ လောက်လျော့ကျသွားတာတာအပြင် နောက်ထပ်စက် ၃လုံးက ထုတ်လုပ်နေတဲ့ မဂ္ဂဝပ် ၂၀၀ လောက် ထပ်ပြီးလျော့သွားနိုင်တာကြောင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု မဂ္ဂဝပ် ၄၀၀လောက် လျော့နည်းသွားမယ်လို့သိရပါတယ်။

ဒါကြောင့် မေလအစပိုင်းက စတင်ပြီး လျှပ်စစ်မီးအလှည်ကျပေးနေတာအပြင် အရေးပေါ်လျှပ်စစ်ဓါတ်အားဖြတ်တောက်မှုတွေကိုလည်း လုပ်မယ်လို့ ကြေညာထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top