ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္အပါ၀င္ က်န္ၿမိဳ႕နယ္ေတြမွာ တရက္ကို ၁၀ နာရီနဲ႔ အလွည့္က် မီးျဖတ္သြားမွာျဖစ္တယ္လုိ႔ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးဌာနက ေၾကညာပါတယ္။

ေႏြရာသီကာလသို႔ေရာက္ရွိလာၿပီး ရာသီဥတုပူျပင္းလာတာ၊ ဓာတ္အားသံုးစြဲမႈ တိုးတက္မ်ားလာတာနဲ႔ ျမန္မာႏိုင္ငံအတြင္းရွိ ေရအားလၽွပ္စစ္စက္ရံုေတြမွာ ေရအ၀င္နည္းေနတဲ့ အြက္ ဓာတ္အားျဖတ္ေတာက္ရတာျဖစ္တယ္လုိ႔ဆုိပါတယ္။

အခုေမလ ၅ ရက္ကစၿပီး ဓာတ္အားေတြကုိ ရပ္ကြက္အလိုက္သတ္မွတ္ ျဖတ္ေတာက္သြား မွာျဖစ္ၿပီး မီးတႀကိမ္ျဖတ္ရင္ ၂ နာရီကေန ၄ နာရီၾကာမွာျဖစ္ၿပီး တရက္ကုိ ၁၀ နာရီ အလွည့္က် ျဖတ္ေတာက္သြားမယ္လို႔  ေၾကညာထားပါတယ္။

ဒါေပမယ့္ ဘယ္အခ်ိန္အထိ ျဖတ္ေတာက္သြားမယ္ဆုိတာကုိေတာ့ ေၾကညာထားျခင္း မရွိပါဘူး။

ၿပီးခဲ့တဲ့ဧၿပီလ တတိယအပတ္ေလာက္ကစၿပီး ကယားျပည္နယ္အတြင္း ဓာတ္အားေတြကုိ အလွည့္က် ျဖတ္ေတာက္ခဲ့တာပါ။  အရင္က တရက္ကုိ ၄ နာရီသာျဖတ္ေတာက္ခဲ့ရာကေန အခု ၁၀ နာရီ အလွည့္က် ျဖတ္ေတာက္လာတာလည္းျဖစ္ပါတယ္။

ကယားျပည္နယ္မွာ ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး ေရအားလွ်ပ္စစ္စက္႐ံုျဖစ္တဲ့ ေလာပိတ ေရအားလွ်ပ္စစ္စက္႐ံုတည္ရွိၿပီး ျပည္မကို အဓိက ဓာတ္အားျဖန္႔ျဖဴးတဲ့ စက္႐ံုလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အပါဝင် ကျန်မြို့နယ်တွေမှာ တရက်ကို ၁၀ နာရီနဲ့ အလှည့်ကျ မီးဖြတ်သွားမှာဖြစ်တယ်လို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ကြေညာပါတယ်။

နွေရာသီကာလသို့ရောက်ရှိလာပြီး ရာသီဥတုပူပြင်းလာတာ၊ ဓာတ်အားသုံးစွဲမှု တိုးတက်များလာတာနဲ့ မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စက်ရုံတွေမှာ ရေအဝင်နည်းနေတဲ့ အွက် ဓာတ်အားဖြတ်တောက်ရတာဖြစ်တယ်လို့ဆိုပါတယ်။

အခုမေလ ၅ ရက်ကစပြီး ဓာတ်အားတွေကို ရပ်ကွက်အလိုက်သတ်မှတ် ဖြတ်တောက်သွား မှာဖြစ်ပြီး မီးတကြိမ်ဖြတ်ရင် ၂ နာရီကနေ ၄ နာရီကြာမှာဖြစ်ပြီး တရက်ကို ၁၀ နာရီ အလှည့်ကျ ဖြတ်တောက်သွားမယ်လို့  ကြေညာထားပါတယ်။

ဒါပေမယ့် ဘယ်အချိန်အထိ ဖြတ်တောက်သွားမယ်ဆိုတာကိုတော့ ကြေညာထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ဧပြီလ တတိယအပတ်လောက်ကစပြီး ကယားပြည်နယ်အတွင်း ဓာတ်အားတွေကို အလှည့်ကျ ဖြတ်တောက်ခဲ့တာပါ။  အရင်က တရက်ကို ၄ နာရီသာဖြတ်တောက်ခဲ့ရာကနေ အခု ၁၀ နာရီ အလှည့်ကျ ဖြတ်တောက်လာတာလည်းဖြစ်ပါတယ်။

ကယားပြည်နယ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်တဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံတည်ရှိပြီး ပြည်မကို အဓိက ဓာတ်အားဖြန့်ဖြူးတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top