၀က္ျခံထြက္ျခင္းဟာ လူတိုင္းလိုလို ျဖစ္ေလ့ရွိတဲဲ့ကိစၥတစ္ခုပါ။ ဒါေပမဲ့ ခဏခဏ ျဖစ္လာရင္ေတာ့ သင့္ရဲ႕ အလွအပကိုထိခိုက္ေစပါတယ္။ သင့္မ်က္ႏွာမွာ ၀က္ျခံေတြ ထြက္လာတာဟာ ေခြ်းေပါက္ပိတ္တာ၊ ေဟာ္မုန္းနဲ႔ ဘက္တီးရီးယားေတြေၾကာင့္တင္မဟုတ္ပါဘူး။ ကိုယ့္ရဲ႕က်န္းမာေရးနဲ႔ ေနထိုင္မႈပံုစံေတြေၾကာင့္လဲ မ်က္ႏွာမွာ ၀က္ျခံေတြထြက္လာႏိုင္ပါတယ္။

ဝက္ျခံက တစ္ေနရာတည္းကြက္ျဖစ္တာမဟုတ္ပါဘူး။ ခႏၶာကိုယ္ရဲ႕ ေနရာစံုမွာ ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္တဲ့အခ်ိန္တိုင္းမွာလည္း ျဖစ္တဲ့ေနရာေပၚမူတည္ျပီး အေၾကာင္းအရာေတြလည္း ကြဲသြားပါတယ္။

ဒါေၾကာင့္ သင့္ရ႕ဲ မ်က္ႏွာေပၚ တစ္ေနရာရာမွာ ဝက္ျခံေပါက္ရင္ ဒီေနရာမွာေပါက္တာ ဘာေၾကာင့္လဲဆိုတဲ့အေၾကာင္းအရင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ နဖူးနဲ႔ႏွာေခါင္း(T-Zone)ေပၚမွာ ဝက္ ျခံထြက္ရင္

ဒီအစိတ္အပိုင္းေတြမွာ ထြက္တဲ့၀က္ျခံေတြကေတာ့ အမ်ားအားျဖင့္ မ်က္ႏွာအဆီျပန္တာနဲ႔ စိတ္ဖိစီးမႈေတြေၾကာင့္ပါ။ စိတ္ဖိစီးမႈေတြက ၀က္ျခံပိုထြက္ေစပါတယ္။ နဖူးေပၚက ၀က္ျခံေတြဟာ တစ္ခါတစ္ေလမွာ စားေသာက္ပံု မမ်ွတျခင္းနဲ႔ ေခါင္းေလ်ွာ္ရည္ေတြမွာပါတဲ့ ေခ်ြးေပါက္ပိတ္ေစတဲ့ ဓာတုဓာတ္ေတြေၾကာင့္လည္း ထြက္ႏိုင္ပါတယ္။ မသန္႔ရွင္းတဲ့ လက္နဲ႔ နဖူူးကို ခဏခဏ ပြတ္တာကုပ္တာမ်ိဳးမလုပ္မိေအာင္လည္း သတိထားရပါမယ္။

၂။ဆံေၾကာင္းမွာဝက္ျခံေပါက္ရင္

သင့္ရဲ႕ေခါင္းေလွ်ာ္ရည္၊ဆံပင္ဖ်န္းတဲ့စပေရးနဲ႔ ေခါင္းလိမ္းဆီေတြမွာ pomade လို႔ေခၚတဲ့ ဓာတုဓာတ္တစ္မ်ိဳးပါ၀င္ပါတယ္။ အဲဒီ့ဓာတ္ဟာ ဦးေရျပားေပၚကိုထိမိ္တဲ့အခါ ဆံေၾကာင္းမွာ ၀က္ျခံထြက္တာမ်ိဳးေတြျဖစ္ႏိုင္ပါတယ္။ ဒီလိုျဖစ္လာျပီဆိုရင္ေတာ့ သင့္ရဲ႕ hair care ပစၥည္းေတြမွာ အမွားအယြင္းရွိေနပါျပီ။ ဒါေတြမျဖစ္ရေအာင္ ေနာက္ productတစ္ခုေျပာင္းသံုးေပးရင္ ပိုေကာင္းပါတယ္။

၃။မ်က္ခံုုးေမႊးနားမွာ ၀က္ျခံေပါက္ရင္

မ်က္ခံုးေမႊးနား ၀က္ျခံထြက္လာတာဟာ သင္သံုးေနတဲ့ မ်က္ခံုးေမႊးဆဲြတံ၊ မိတ္ကပ္နဲ႔ ့့hair care ပစၥည္းေတြေၾကာင့္ပါ။ မ်က္ခံုးေမႊးဆြဲတံကို မၾကာခဏ သန္႔ရွင္ေရးျပဳလုပ္ေပးပါ။ ခႏၶာကိုယ္သည္းေျခတြင္း ေရဓာတ္မမ်ွတမႈေၾကာင့္လဲ ျဖစ္ႏိုင္တဲ့အျပင္ မ်က္ခံုးေမႊးရိိတ္ျပီး ႏႈတ္ျပီးခ်ိန္ ျပန္ထြက္လာတဲ့ အေမႊးႏုေတြကိုကုပ္မိတဲ့အခါလည္း ဝက္ျခံထြက္တတ္ပါတယ္။

၄။ ပါးေပၚမွာ ၀က္ျခံေပါက္ရင္

မသန္႔ရွင္းတဲ့ ေခါင္းအံုးစြပ္ေတြ မိတ္ကပ္ဘရပ္ရွ္ေတြ။ ဖုန္းမ်က္ႏွာျပင္နဲ႔ထိမိတာေတြက သင့္ပါးေပၚမွာ ၀က္ျခံထြက္ေစတဲ့ အဓိကအေၾကာင္းအရင္းေတြပါပဲ။ လူတိုင္း ဖုန္းေျပာတဲ့အခါ ဖုန္းမ်က္ႏွာျပင္ကို ကိုယ့္ပါးနဲ႔ထိျပီးေျပာရပါတယ္။ ေလ့လာမႈေတြအရ ဖုန္းမ်က္ႏွာျပင္ေပၚမွာ ပိုးမႊားမ်ားစြာနဲ႔ ဘက္တီးရီးယားေတြရွိေနတဲ့အတြက္ ဖုန္းမ်က္ႏွာျပင္ကို ပါးနဲ႔ထိလိုက္ျခင္းက ဘက္တီးရီးယားေတြ ကူးေျပာင္းဖို႔လြယ္ကူသြားပါတယ္။

၅။ ေမးေစ့နဲ႔ေမးရိုးတစ္ဝိုက္မွာ ဝက္ျခံေပါက္ရင္

ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္ေလ့ရိွတဲ့ ၀က္ျခံေတြဟာ မ်ားေသာအားျဖင့္ ေမးေစ့တစ္၀ိုက္မွာအျဖစ္မ်ားပါတယ္။ မိန္းကေလးေတြ ဓမၼတာလာခ်ိန္မွာလည္း ေဟာ္မုန္းထုတ္လုပ္မႈမ်ားတဲ့အတြက္ အဲ့ေနရာမွာ ၀က္ျခံထြက္တာေတြျဖစ္ႏိုင္ပါတယ္။ သင့္ရဲ႕စားေသာက္မႈပံုစံကလည္း ေဟာ္မုန္းအေျပာင္းအလဲျဖစ္ေစတဲ့အေၾကာင္းအရင္းတစ္ခုျဖစ္ပါတယ္။ ေလ့လာမႈေတြအရ ေဟာ္မုန္းအတက္အက်ဟာ စားေသာက္ပံုနဲ႔ပတ္သက္တဲ့အတြက္ ကစီဓာတ္မ်ားမ်ားပါ၀င္တဲ့ႏို႔ထြက္ပစၥည္းမ်ားစားသံုးရင္ေတာ့ ေဟာ္မုန္းအတက္မ်ားမွာပါ။ ေမးေစ့တစ္၀ိုက္ ၀က္ျခံအထြက္မ်ားတဲ့အခါ စားေသာက္ပံုကိုျပန္ၾကည့္ေပးပါ။

၆။ နားေပၚမွာဝက္ျခံေပါက္ရင္

မသန္႔ရွင္းတဲ့ ဖုန္းေတြန႔ဲထိေတြ႕ျခင္း၊  နားထဲကို မၿကာခဏလက္ထိုးျခင္းစတာေတြေၿကာင့္ ဘက္တီးရီးယားေတြမ်ားျပီး ၀က္ျခံထြက္ေစပါတယ္။ ေခြ်းေပါက္ပိတ္ေစတဲ့ hair care ပစၥည္းေတြ၊ အလွျပင္ပစၥည္းေတြနဲ႔ ေဟာ္မုန္းမညီမ်ွမႈ၊ စိတ္ဖိစီးမႈစတာေတြေၾကာင့္ နားတစ္၀ိုက္၀က္ျခံထြက္ျခင္းကိုျဖစ္ေစပါတယ္။

ဒါေၾကာင့္ ၀က္ျခံထြက္ျခင္းကို ကာကြယ္ႏိုင္ဖို႔ အတတ္ႏုိင္ဆံုး မ်က္ႏွာကိုသန္႔ရွင္းေအာင္ထားပါ။ မသန္႔တဲ့လက္နဲ႔ပြတ္ျခင္း၊ ၾကမ္းၾကမ္းတမ္းတမ္း မ်က္ႏွာသစ္ျခင္းေတြကို အတတ္ႏိုင္ဆံုးေရွာင္ပါ။ ေရမ်ားမ်ားေသာက္ပါ။ အာဟာရမွ်တေအာင္စားသံုးပါ။ လူအမ်ားစုက ၀က္ျခံထြက္လာရင္ ညွစ္ထုတ္တတ္ၾကပါတယ္။ ဒါဟာ ၀က္ျခံကို ပိုမိုေရာင္ရမ္းေစျပီး အနာရြတ္က်န္ေစတာေၿကာင့္ ခဏခဏထိျခင္း ညွစ္ျခင္းတို႔ကိုေရွာင္ပါ။ အလွျပင္ပစၥည္းေတြကိုလည္း ဂရုတစိုက္အသံုးျပဳပါ။ စိတ္ဖိစီးမႈေလ်ာ့နည္းေအာင္ ေနထိုင္ပါ။ ဒီလိုနည္းလမ္းေတြနဲ႔ သင့္မ်က္ႏွာေပၚက၀က္ျခံထြက္ျခင္းကိုေလ်ာ့ခ်ျပီး လွပက်န္းမာတဲ့အသားအေရကို ရရွိႏိုင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:MyStyle Myanmar
#Unicode Version#
၀က်ခြံထွက်ခြင်းဟာ လူတိုင်းလိုလို ဖြစ်လေ့ရှိတဲ့ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ခဏခဏ ဖြစ်လာရင်တော့ သင့်ရဲ့ အလှအပကိုထိခိုက်စေပါတယ်။ သင့်မျက်နှာမှာ ဝက်ခြံတွေ ထွက်လာတာဟာ ချွေးပေါက်ပိတ်တာ၊ ဟော်မုန်းနဲ့ ဘက်တီးရီးယားတွေကြောင့်တင်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံတွေကြောင့်လဲ မျက်နှာမှာ ဝက်ခြံတွေထွက်လာနိုင်ပါတယ်။

ဝက်ခြံက တစ်နေရာတည်းကွက်ဖြစ်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ နေရာစုံမှာ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အချိန်တိုင်းမှာလည်း ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အကြောင်းအရာတွေလည်း ကွဲသွားပါတယ်။

ဒါကြောင့် သင့်ရဲ့ မျက်နှာပေါ် တစ်နေရာရာမှာ ဝက်ခြံပေါက်ရင် ဒီနေရာမှာပေါက်တာ ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နဖူးနဲ့နှာခေါင်း(T-Zone)ပေါ်မှာ ဝက်ခြံထွက်ရင်

ဒီအစိတ်အပိုင်းတွေမှာ ထွက်တဲ့ဝက်ခြံတွေကတော့ အများအားဖြင့် မျက်နှာအဆီပြန်တာနဲ့ စိတ်ဖိစီးမှုတွေကြောင့်ပါ။ စိတ်ဖိစီးမှုတွေက ဝက်ခြံပိုထွက်စေပါတယ်။ နဖူးပေါ်က ဝက်ခြံတွေဟာ တစ်ခါတစ်လေမှာ စားသောက်ပုံ မမျှတခြင်းနဲ့ ခေါင်းလျှော်ရည်တွေမှာပါတဲ့ ချွေးပေါက်ပိတ်စေတဲ့ ဓာတုဓာတ်တွေကြောင့်လည်း ထွက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ နဖူူးကို ခဏခဏ ပွတ်တာကုပ်တာမျိုးမလုပ်မိအောင်လည်း သတိထားရပါမယ်။

၂။ဆံကြောင်းမှာဝက်ခြံပေါက်ရင်

သင့်ရဲ့ခေါင်းလျှော်ရည်၊ဆံပင်ဖျန်းတဲ့စပရေးနဲ့ ခေါင်းလိမ်းဆီတွေမှာ pomade လို့ခေါ်တဲ့ ဓာတုဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲဒီ့ဓာတ်ဟာ ဦးရေပြားပေါ်ကိုထိမိတဲ့အခါ ဆံကြောင်းမှာ ဝက်ခြံထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့ hair care ပစ္စည်းတွေမှာ အမှားအယွင်းရှိနေပါပြီ။ ဒါတွေမဖြစ်ရအောင် နောက် productတစ်ခုပြောင်းသုံးပေးရင် ပိုကောင်းပါတယ်။

၃။မျက်ခုံးမွှေးနားမှာ ဝက်ခြံပေါက်ရင်

မျက်ခုံးမွှေးနား ဝက်ခြံထွက်လာတာဟာ သင်သုံးနေတဲ့ မျက်ခုံးမွှေးဆွဲတံ၊ မိတ်ကပ်နဲ့hair care ပစ္စည်းတွေကြောင့်ပါ။ မျက်ခုံးမွှေးဆွဲတံကို မကြာခဏ သန့်ရှင်ရေးပြုလုပ်ပေးပါ။ ခန္ဓာကိုယ်သည်းခြေတွင်း ရေဓာတ်မမျှတမှုကြောင့်လဲ ဖြစ်နိုင်တဲ့အပြင် မျက်ခုံးမွှေးရိတ်ပြီး နှုတ်ပြီးချိန် ပြန်ထွက်လာတဲ့ အမွှေးနုတွေကိုကုပ်မိတဲ့အခါလည်း ဝက်ခြံထွက်တတ်ပါတယ်။

၄။ ပါးပေါ်မှာ ဝက်ခြံပေါက်ရင်

မသန့်ရှင်းတဲ့ ခေါင်းအုံးစွပ်တွေ မိတ်ကပ်ဘရပ်ရှ်တွေ။ ဖုန်းမျက်နှာပြင်နဲ့ထိမိတာတွေက သင့်ပါးပေါ်မှာ ဝက်ခြံထွက်စေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ လူတိုင်း ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင်ကို ကိုယ့်ပါးနဲ့ထိပြီးပြောရပါတယ်။ လေ့လာမှုတွေအရ ဖုန်းမျက်နှာပြင်ပေါ်မှာ ပိုးမွှားများစွာနဲ့ ဘက်တီးရီးယားတွေရှိနေတဲ့အတွက် ဖုန်းမျက်နှာပြင်ကို ပါးနဲ့ထိလိုက်ခြင်းက ဘက်တီးရီးယားတွေ ကူးပြောင်းဖို့လွယ်ကူသွားပါတယ်။

၅။ မေးစေ့နဲ့မေးရိုးတစ်ဝိုက်မှာ ဝက်ခြံပေါက်ရင်

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်လေ့ရှိတဲ့ ဝက်ခြံတွေဟာ များသောအားဖြင့် မေးစေ့တစ်ဝိုက်မှာအဖြစ်များပါတယ်။ မိန်းကလေးတွေ ဓမ္မတာလာချိန်မှာလည်း ဟော်မုန်းထုတ်လုပ်မှုများတဲ့အတွက် အဲ့နေရာမှာ ဝက်ခြံထွက်တာတွေဖြစ်နိုင်ပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံကလည်း ဟော်မုန်းအပြောင်းအလဲဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဟော်မုန်းအတက်အကျဟာ စားသောက်ပုံနဲ့ပတ်သက်တဲ့အတွက် ကစီဓာတ်များများပါဝင်တဲ့နို့ထွက်ပစ္စည်းများစားသုံးရင်တော့ ဟော်မုန်းအတက်များမှာပါ။ မေးစေ့တစ်ဝိုက် ဝက်ခြံအထွက်များတဲ့အခါ စားသောက်ပုံကိုပြန်ကြည့်ပေးပါ။

၆။ နားပေါ်မှာဝက်ခြံပေါက်ရင်

မသန့်ရှင်းတဲ့ ဖုန်းတွေနဲ့ထိတွေ့ခြင်း၊  နားထဲကို မကြာခဏလက်ထိုးခြင်းစတာတွေကြောင့် ဘက်တီးရီးယားတွေများပြီး ဝက်ခြံထွက်စေပါတယ်။ ချွေးပေါက်ပိတ်စေတဲ့ hair care ပစ္စည်းတွေ၊ အလှပြင်ပစ္စည်းတွေနဲ့ ဟော်မုန်းမညီမျှမှု၊ စိတ်ဖိစီးမှုစတာတွေကြောင့် နားတစ်ဝိုက်ဝက်ခြံထွက်ခြင်းကိုဖြစ်စေပါတယ်။

ဒါကြောင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်နိုင်ဖို့ အတတ်နိုင်ဆုံး မျက်နှာကိုသန့်ရှင်းအောင်ထားပါ။ မသန့်တဲ့လက်နဲ့ပွတ်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း မျက်နှာသစ်ခြင်းတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ရေများများသောက်ပါ။ အာဟာရမျှတအောင်စားသုံးပါ။ လူအများစုက ဝက်ခြံထွက်လာရင် ညှစ်ထုတ်တတ်ကြပါတယ်။ ဒါဟာ ဝက်ခြံကို ပိုမိုရောင်ရမ်းစေပြီး အနာရွတ်ကျန်စေတာကြောင့် ခဏခဏထိခြင်း ညှစ်ခြင်းတို့ကိုရှောင်ပါ။ အလှပြင်ပစ္စည်းတွေကိုလည်း ဂရုတစိုက်အသုံးပြုပါ။ စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်ပါ။ ဒီလိုနည်းလမ်းတွေနဲ့ သင့်မျက်နှာပေါ်ကဝက်ခြံထွက်ခြင်းကိုလျော့ချပြီး လှပကျန်းမာတဲ့အသားအရေကို ရရှိနိုင်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:MyStyle Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top