ႏိုင္ဂ်ာမွာ ဆီတင္ကား တိမ္းေမွာက္ရာ လူအမ်ားက ဆီ လာခပ္ယူၾကခ်ိန္ ေပါက္ကြဲမႈျဖစ္ၿပီး လူ ၅၀ ေက်ာ္ ေသဆုံး
ႏိုင္ဂ်ာႏိုင္ငံ ၿမိဳ႕ေတာ္ နီယာေမးမွာ ဆီတင္ကားတစ္စီး တိမ္းေမွာက္ၿပီး လူအုပ္က ဆီေတြ လာခပ္ယူၾကခ်ိန္ ေပါက္ကြဲမႈျဖစ္ရာက လူေပါင္း ၅၅ ဦး ေသဆုံးခဲ့ရတယ္လို႔ အာဏာပိုင္ေတြနဲ႔ မ်က္ျမင္ေတြက ေမ ၆ ရက္က ေျပာပါတယ္။
နီယာေမး အျပည္ျပည္ဆိုင္ရာ ေလဆိပ္နားက လမ္းေပၚမွာ ခုလို ေပါက္ကြဲမႈျဖစ္ၿပီး ဆီတင္ကားရဲ႕ အပ်က္အစီီးအပိုင္းအစေတြနဲ႔ ေမာ္ေတာ္ဆိုင္ကယ္ေတြရဲ႕ အပ်က္အစီးေတြ လမ္းေပၚ ျပန႔္က်ဲေနတာ ျမင္ေတြ႕ရပါတယ္။
အနီးနားက အိမ္္ေတြလည္း မီးကူးစက္ေလာင္ကြၽမ္းကာ ပ်က္စီးခဲ့ပါတယ္။
ဒီေပါက္ကြဲမႈမွာ ေသဆုံးသူက ၅၅ ဦး ရွိၿပီး ဒဏ္ရာရသူ ၃၆ ဦး ရွိတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။
“အဲဒီ တိမ္းေမွာက္တဲ့ ဆီတင္ကားနားမွာ ဆိုင္ကယ္သမားေတြနဲ႔ လူအုပ္လိုက္ ရွိေနခ်ိန္ ႐ုတ္တရက္ထေပါက္ကြဲတာပါ။ ႐ုပ္အေလာင္းေတြ ၄၀ ေလာက္ကို ကြၽန္ေတာ္ ျမင္ေတြ႕ရတယ္။”လို႔ ေဒသခံကုန္သည္တစ္ဦးက ဆိုပါတယ္။
ဆီတင္ကားဆီကေန ဖိတ္က်လာတဲ့ ဆီေတြကို လူေတြက ခပ္သယ္ဖို႔ ႀကိဳးစားခ်ိန္မွာ ေပါက္ကြဲမႈ ျဖစ္တာလို႔ မ်က္ျမင္ေတြက ေျပာပါတယ္။
“သန္းေခါင္မတိုင္္မီမွာ ျဖစ္တာပါ။ ကြၽန္ေတာ္ သြားၾကည့္္ေတာ့ ဆီတင္ကား တိမ္းေမွာက္ေနတယ္။ အဲဒီမွာ လူေတြက ဆီေတြကို သယ္ယူေနခ်ိန္ ေပါက္ကြဲတာပဲ။ မီးတစ္ဟုန္းဟုန္း ေတာက္ေလာင္တာကို ကြၽန္ေတာ္ မ်က္စိေရွ႕တင္ ျမင္ေတြ႕ေနရတယ္။”လို႔ ေကာလိပ္ေက်ာင္းသားတစ္ဦးကလည္း ေျပာပါတယ္။
ႏိုင္ဂ်ာႏိုင္ငံဟာ အေနာက္အာဖရိက ဆင္းရဲတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အိမ္နီးခ်င္း ႏိုင္ဂ်ီးရီးယားကေန ဆီေမွာင္ခိုကုန္ကူးမႈေတြ ရွိိေနတဲ့ ႏိုင္ငံပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #
နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေးမှာ ဆီတင်ကားတစ်စီး တိမ်းမှောက်ပြီး လူအုပ်က ဆီတွေ လာခပ်ယူကြချိန် ပေါက်ကွဲမှုဖြစ်ရာက လူပေါင်း ၅၅ ဦး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ မျက်မြင်တွေက မေ ၆ ရက်က ပြောပါတယ်။
နီယာမေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နားက လမ်းပေါ်မှာ ခုလို ပေါက်ကွဲမှုဖြစ်ပြီး ဆီတင်ကားရဲ့ အပျက်အစီးအပိုင်းအစတွေနဲ့ မော်တော်ဆိုင်ကယ်တွေရဲ့ အပျက်အစီးတွေ လမ်းပေါ် ပြန့်ကျဲနေတာ မြင်တွေ့ရပါတယ်။
အနီးနားက အိမ်တွေလည်း မီးကူးစက်လောင်ကျွမ်းကာ ပျက်စီးခဲ့ပါတယ်။
ဒီပေါက်ကွဲမှုမှာ သေဆုံးသူက ၅၅ ဦး ရှိပြီး ဒဏ်ရာရသူ ၃၆ ဦး ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
“အဲဒီ တိမ်းမှောက်တဲ့ ဆီတင်ကားနားမှာ ဆိုင်ကယ်သမားတွေနဲ့ လူအုပ်လိုက် ရှိနေချိန် ရုတ်တရက်ထပေါက်ကွဲတာပါ။ ရုပ်အလောင်းတွေ ၄၀ လောက်ကို ကျွန်တော် မြင်တွေ့ရတယ်။”လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။
ဆီတင်ကားဆီကနေ ဖိတ်ကျလာတဲ့ ဆီတွေကို လူတွေက ခပ်သယ်ဖို့ ကြိုးစားချိန်မှာ ပေါက်ကွဲမှု ဖြစ်တာလို့ မျက်မြင်တွေက ပြောပါတယ်။
“သန်းခေါင်မတိုင်မီမှာ ဖြစ်တာပါ။ ကျွန်တော် သွားကြည့်တော့ ဆီတင်ကား တိမ်းမှောက်နေတယ်။ အဲဒီမှာ လူတွေက ဆီတွေကို သယ်ယူနေချိန် ပေါက်ကွဲတာပဲ။ မီးတစ်ဟုန်းဟုန်း တောက်လောင်တာကို ကျွန်တော် မျက်စိရှေ့တင် မြင်တွေ့နေရတယ်။”လို့ ကောလိပ်ကျောင်းသားတစ်ဦးကလည်း ပြောပါတယ်။
နိုင်ဂျာနိုင်ငံဟာ အနောက်အာဖရိက ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ဂျီးရီးယားကနေ ဆီမှောင်ခိုကုန်ကူးမှုတွေ ရှိနေတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese