ရန္ကုန္ျမိဳ႕ကမီးပြိဳင့္ေတြကုိ ေအာ္တိုစနစ္နဲ႔ စမ္းသပ္ျပီးလုပ္ေဆာင္ေနတာမွာ စမ္းသပ္ ပထမရက္မွာေတာ့ လွ်ပ္စစ္မီးပ်က္ေတာက္ေနတာေၾကာင့္ တစ္ခ်ိဳ႕မီးပြိဳင့္ေတြမွာ ယာဥ္လမ္းေၾကာင္းေတြက အရင္ကထက္ ပိုၾကပ္ခဲ့ပါတယ္။

ရန္ကုန္ျမိဳ႕ရွိမီးပြိဳင့္ေတြကို ေအာ္တိုစနစ္သစ္ေျပာင္းလဲႏုိင္ဖုိ႔ စမ္းသပ္ျခင္းကို ဒီကေန႔ ေမလ(၈)ရက္ေန႔ ေဆာင္ရြက္ခဲ့တာပါ။ စမ္းသပ္တဲ့ေန႔မွာဘဲ မီးပ်က္လို႔ မီးပိြဳင္႔ စနစ္သစ္ ေအာ္တိုစနစ္စမ္းသပ္ျခင္းက ဘယ္လိုအေျခအေနမွန္းေတာင္မသိလိုက္ရဘဲ အရင္ကထက္ကားလမ္းေတြပိုၾကပ္ကုန္တယ္လို႔ Taxi ယာဥ္ေမာင္းေတြထံကသိရပါတယ္။

“ ကြ်န္ေတာ္မနက္က အုတ္က်င္းဘက္ကေန ျမိဳ႕ထဲပတ္ျပီး ျမိဳ႕ေတာ္ခန္းမေရွ႕ကိုခရီးသည္ပို႔ျပီး ျပန္လာတာ မီးပြိဳင့္ေတြေတာ္ေတာ္မ်ားမ်ားကပ်က္ေနတယ္ ကြ်န္ေတာ္က မီးပိြဳင့္ေတြကို control စင္တာကေနထိန္းခ်ဳပ္မယ္ဆိုေတာ႔ မီးပိြဳင့္ေတြက တိုက္ရိုက္ အကုန္လြတ္ေပးမယ္ ထိန္းေပးမယ္ဆိုျပီး အရမ္းစိတ္ဝင္စားခဲ့တာ ခုေတာ့မီးပ်က္ျပီး မီးပြိဳင့္ေတြကမလာေတာ႔ ေအာ္တိုစနစ္နဲ႔ထိန္းခ်ဳပ္တယ္ဆိုတာ ဘာမွန္းေတာင္မသိလိုက္သလို ဘယ္လိုေျပာရမွန္းလည္းမသိဘူး ပိြဳင့္ေတြမွာယာဥ္ထိန္းလည္းတစ္ေယာက္မွမရွိဘူး ကားေတြကေတာ႔ ပိုၾကပ္ကုန္တယ္” လို႔ Taxiယာဥ္ေမာင္း ကိုလင္းက duwun ကိုေျပာပါတယ္။



“ ဒီေန႔ကနည္းနည္းပိုပိတ္တယ္ မနက္ကကြ်န္ေတာ္ေလဆိပ္သြားတာ ေတာ္ေတာ္ၾကာတယ္ ျပည္လမ္းမွာဆိုရင္ ေအဒီပိြဳင့္ကေန အင္းလ်ားကန္ေဘာင္ထိပိတ္တာ ဒီေန႔ကေတာ႔ကြ်န္ေတာ္ျမင္တာက ကားေတြနည္းနည္း ပိုေထာက္သြားတယ္ မီးပိြဳင့္ေတြသာပံုမွန္အလုပ္လုပ္မယ္ဆိုရင္ေတာ႔ ဒီစနစ္ကေကာင္းမွာပါ အခုဟာက မီးပိြဳင့္ေတြက ပ်က္တဲ႔ပိြဳင့္ကပ်က္ လာတဲ့ပိြဳင့္ကလာဆိုေတာ႔ အဆင္မေျပဘူး” လို႔ Taxi ယာဥ္ေမာင္း ကိုျမတ္မ်ိဳးလြင္က ေျပာပါတယ္။

ရန္ကုန္ျမိဳ႕ရွိ မီးပိြဳင့္ေတြကို လူနဲ႔ထိန္းခ်ဳပ္တဲ့စနစ္ကေန control စင္တာကထိန္းခ်ဳပ္တဲ့ စနစ္ကို ဒီေန႔စမ္းသပ္ခဲ့တာပါ။ စမ္းသပ္ကာလကို ေမလ(၈)ရက္နဲ႔ (၉)ရက္ေန႔ေတြမွာ စမ္းသပ္မွာျဖစ္ျပီး အခ်ိန္ကာလက မနက္ (၇)နာရီမွ (၁၀)ထိ နဲ႔ ညေန (၃)နာရီမွ ည(၇)နာရထိ စမ္းသပ္မွာျဖစ္ပါတယ္။ စမ္းသပ္ရက္ ပထမရက္ျဖစ္တဲ့ မနက္ပိုင္းမွာတင္ မီးပ်က္တာေၾကာင့္ မီးပိြဳင့္ေတြမွာ အလုပ္မလုပ္ဘဲ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ပိုမိုျဖစ္ခဲ့တယ္လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ကုန်မြို့ကမီးပွိုင့်တွေကို အော်တိုစနစ်နဲ့ စမ်းသပ်ပြီးလုပ်ဆောင်နေတာမှာ စမ်းသပ် ပထမရက်မှာတော့ လျှပ်စစ်မီးပျက်တောက်နေတာကြောင့် တစ်ချို့မီးပွိုင့်တွေမှာ ယာဉ်လမ်းကြောင်းတွေက အရင်ကထက် ပိုကြပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ရှိမီးပွိုင့်တွေကို အော်တိုစနစ်သစ်ပြောင်းလဲနိုင်ဖို့ စမ်းသပ်ခြင်းကို ဒီကနေ့ မေလ(၈)ရက်နေ့ ဆောင်ရွက်ခဲ့တာပါ။ စမ်းသပ်တဲ့နေ့မှာဘဲ မီးပျက်လို့ မီးပွိုင့် စနစ်သစ် အော်တိုစနစ်စမ်းသပ်ခြင်းက ဘယ်လိုအခြေအနေမှန်းတောင်မသိလိုက်ရဘဲ အရင်ကထက်ကားလမ်းတွေပိုကြပ်ကုန်တယ်လို့ Taxi ယာဉ်မောင်းတွေထံကသိရပါတယ်။

“ ကျွန်တော်မနက်က အုတ်ကျင်းဘက်ကနေ မြို့ထဲပတ်ပြီး မြို့တော်ခန်းမရှေ့ကိုခရီးသည်ပို့ပြီး ပြန်လာတာ မီးပွိုင့်တွေတော်တော်များများကပျက်နေတယ် ကျွန်တော်က မီးပွိုင့်တွေကို control စင်တာကနေထိန်းချုပ်မယ်ဆိုတော့ မီးပွိုင့်တွေက တိုက်ရိုက် အကုန်လွတ်ပေးမယ် ထိန်းပေးမယ်ဆိုပြီး အရမ်းစိတ်ဝင်စားခဲ့တာ ခုတော့မီးပျက်ပြီး မီးပွိုင့်တွေကမလာတော့ အော်တိုစနစ်နဲ့ထိန်းချုပ်တယ်ဆိုတာ ဘာမှန်းတောင်မသိလိုက်သလို ဘယ်လိုပြောရမှန်းလည်းမသိဘူး ပွိုင့်တွေမှာယာဉ်ထိန်းလည်းတစ်ယောက်မှမရှိဘူး ကားတွေကတော့ ပိုကြပ်ကုန်တယ်” လို့ Taxiယာဉ်မောင်း ကိုလင်းက duwun ကိုပြောပါတယ်။

“ ဒီနေ့ကနည်းနည်းပိုပိတ်တယ် မနက်ကကျွန်တော်လေဆိပ်သွားတာ တော်တော်ကြာတယ် ပြည်လမ်းမှာဆိုရင် အေဒီပွိုင့်ကနေ အင်းလျားကန်ဘောင်ထိပိတ်တာ ဒီနေ့ကတော့ကျွန်တော်မြင်တာက ကားတွေနည်းနည်း ပိုထောက်သွားတယ် မီးပွိုင့်တွေသာပုံမှန်အလုပ်လုပ်မယ်ဆိုရင်တော့ ဒီစနစ်ကကောင်းမှာပါ အခုဟာက မီးပွိုင့်တွေက ပျက်တဲ့ပွိုင့်ကပျက် လာတဲ့ပွိုင့်ကလာဆိုတော့ အဆင်မပြေဘူး” လို့ Taxi ယာဉ်မောင်း ကိုမြတ်မျိုးလွင်က ပြောပါတယ်။

ရန်ကုန်မြို့ရှိ မီးပွိုင့်တွေကို လူနဲ့ထိန်းချုပ်တဲ့စနစ်ကနေ control စင်တာကထိန်းချုပ်တဲ့ စနစ်ကို ဒီနေ့စမ်းသပ်ခဲ့တာပါ။ စမ်းသပ်ကာလကို မေလ(၈)ရက်နဲ့ (၉)ရက်နေ့တွေမှာ စမ်းသပ်မှာဖြစ်ပြီး အချိန်ကာလက မနက် (၇)နာရီမှ (၁၀)ထိ နဲ့ ညနေ (၃)နာရီမှ ည(၇)နာရထိ စမ်းသပ်မှာဖြစ်ပါတယ်။ စမ်းသပ်ရက် ပထမရက်ဖြစ်တဲ့ မနက်ပိုင်းမှာတင် မီးပျက်တာကြောင့် မီးပွိုင့်တွေမှာ အလုပ်မလုပ်ဘဲ ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top