ပီ႐ူးႏိုင္ငံမွာ ေမ ၂၆ ရက္ အေစာပိုင္းက အင္အား ရစ္ခ်္တာစေကး ၈ အဆင့္ရွိ ငလ်င္ႀကီး လႈပ္ၿပီးေနာက္မွာ အိမ္ေျခရာေျခေတြ ပ်က္စီးၿပိဳက်ၿပီး လမ္းေတြလည္း ပ်က္စီးပိတ္ဆို႔ေနသလို လွ်ပ္စစ္မီးေတြပါ ျပတ္ေတာက္ေနပါတယ္။

ပီ႐ူးႏိုင္ငံ ေျမာက္ပိုင္းမွာ ဗဟိုျပဳတဲ့ ဒီငလ်င္ႀကီးအတြင္း လတ္တေလာ ေသဆုံးသူ တစ္ဦးရွိၿပီး ၁၈ ဦး ဒဏ္ရာရပါတယ္။ ဒီငလ်င္ႀကီးရဲ႕ ဒဏ္ကို အိမ္နီးခ်င္း အီေကြေဒါႏိုင္ငံပါ ခံစားခဲ့ရၿပီး လူခုနစ္ဦး ဒဏ္ရာရတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ေသဆုံးတဲ့သူဟာ ပီ႐ူးအေနာက္ေျမာက္္ပိုင္း ကာဂ်မ္မာကာေဒသက ျဖစ္ေၾကာင္း အမ်ိဳးသားအေရးေပၚဌာနက ထုတ္ျပန္ပါတယ္။

ဒီငလ်င္ဟာ ေျမေအာက္အနက္ ၁၁၅ ကီလိုမီတာမွာ ဗဟိုျပဳတယ္လို႔ အေမရိကန္ဘူမိတိုင္းတာေရးရဲ႕ ကနဦးတြက္ခ်က္ခ်က္အရ သိရပါတယ္။

ငလ်င္ဒဏ္ကို ပီ႐ူးအျပင္ ဗင္နီဇြဲလားနဲ႔ အီေကြေဒါႏိုင္ငံတို႔ပါ ႀကဳံေတြ႕ခံစားခဲ့ရပါတယ္။

ပီ႐ူးနဲ႔ အီေကြေဒါႏိုင္ငံေတြဟာ ငလ်င္နဲ႔ မီးေတာင္ေပါက္ကြဲမႈေတြ မၾကာခဏ္ ျဖစ္ေပၚေလ့ရွိတဲ့ ပစိဖိတ္မီးေတာင္္စက္ကြင္္းေဒသမွာ ရတည္ရွိတာ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ကလည္း ျပင္းအား ရစ္ခ်္တာစေကး ၇ ဒသမ ၈ အဆင့္ရွိ ငလ်င္ႀကီးလႈပ္တာေၾကာင့္ အီေကြေဒါႏိုင္ငံမွာ လူေပါင္း ၇၀၀ နီးပါးေသဆုံးၿပီး ေထာင္ေပါင္းမ်ားစြာ ဒဏ္ရာရခဲ့ပါတယ္။ ပ်က္စီးဆုံးရႈံးမႈ တန္ဖိုးလည္း အေမရိကန္ေဒၚလာ ၃ ဘီလီယံအထိ ရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

ပီရူးနိုင်ငံမှာ မေ ၂၆ ရက် အစောပိုင်းက အင်အား ရစ်ချ်တာစကေး ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ပြီးနောက်မှာ အိမ်ခြေရာခြေတွေ ပျက်စီးပြိုကျပြီး လမ်းတွေလည်း ပျက်စီးပိတ်ဆို့နေသလို လျှပ်စစ်မီးတွေပါ ပြတ်တောက်နေပါတယ်။

ပီရူးနိုင်ငံ မြောက်ပိုင်းမှာ ဗဟိုပြုတဲ့ ဒီငလျင်ကြီးအတွင်း လတ်တလော သေဆုံးသူ တစ်ဦးရှိပြီး ၁၈ ဦး ဒဏ်ရာရပါတယ်။ ဒီငလျင်ကြီးရဲ့ ဒဏ်ကို အိမ်နီးချင်း အီကွေဒေါနိုင်ငံပါ ခံစားခဲ့ရပြီး လူခုနစ်ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးတဲ့သူဟာ ပီရူးအနောက်မြောက်ပိုင်း ကာဂျမ်မာကာဒေသက ဖြစ်ကြောင်း အမျိုးသားအရေးပေါ်ဌာနက ထုတ်ပြန်ပါတယ်။

ဒီငလျင်ဟာ မြေအောက်အနက် ၁၁၅ ကီလိုမီတာမှာ ဗဟိုပြုတယ်လို့ အမေရိကန်ဘူမိတိုင်းတာရေးရဲ့ ကနဦးတွက်ချက်ချက်အရ သိရပါတယ်။

ငလျင်ဒဏ်ကို ပီရူးအပြင် ဗင်နီဇွဲလားနဲ့ အီကွေဒေါနိုင်ငံတို့ပါ ကြုံတွေ့ခံစားခဲ့ရပါတယ်။

ပီရူးနဲ့ အီကွေဒေါနိုင်ငံတွေဟာ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ် ဖြစ်ပေါ်လေ့ရှိတဲ့ ပစိဖိတ်မီးတောင်စက်ကွင်းဒေသမှာ ရတည်ရှိတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးလှုပ်တာကြောင့် အီကွေဒေါနိုင်ငံမှာ လူပေါင်း ၇၀၀ နီးပါးသေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးလည်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top