၁။ အေမ ဟု ေႏြးေႏြး ေထြးေထြး ေခၚပါ ။ (သားသမီးခ်င္း ကိုယ္ခ်င္း စာတတ္ ေစရန္..)

၂။ အေမ စားခ်င္တာေလး တကူးတက ခ်က္ေကြၽးတာ ဟု ဆိုၿပီး မၾကာခဏ ေကြၽးေမြးပါ ။ (ဆိုင္မွ ဝယ္လာေသာ ဟင္းမ်ားကို အိုးနဲ႔ လွယ္ထည့္ၿပီး သူ႔ေရွ႕တြင္ မိမိ ခ်က္ထားေသာ ပုံစံ ဖန္တီးပါ သူသိတာ မွတ္လို႔..)

၃။ အဝတ္အထည္ အသစ္မ်ားကို ေမေမ့ အတြက္ ေမေမနဲ႔ လိုက္မယ္ ထင္လို႔ ဝယ္လာတာ ဟု ေျပာၿပီး မၾကာခဏ လက္ေဆာင္ ေပးပါ ။ (ေဈးေပါတာေတြ ဝယ္ေပးပါ ။ အကုန္အက် သက္သာေစရန္ အတြက္ ။ သူသိတာ မွတ္လို႔..)

၄။ မၾကာခဏ စကား ေျပာေပးပါ ။ ေမေမက အရမ္း ႏုတယ္ေနာ္ ။ အခုထိ သြားလည္း မက်ိဴးေသး ဘူးေနာ္ စသျဖင့္ ေျပာဆို ေပးပါ ။ (သြသူ ႏုႏု ရင့္ရင့္ သြားက်ိဳးက်ိဳး မက်ိဳးက်ိဳး ကိုယ္နဲ႔ ဘာဆိုင္တာ မွတ္လို႔ ေျမႇာက္သာေပး..)

၅။ သူမ၏ သားသမီးမ်ားကို သူမ ေရွ႕တြင္ အရမ္း ခ်စ္ျပပါ ။ အရမ္း ၾကင္နာ ျပပါ ။ အရမ္း တန္ဖိုးထား ျပပါ ။ (ကြယ္ရာက်မွ နားရင္းပဲ ႐ိုက္႐ိုက္ လည္ပင္းပဲ ညႇစ္ညႇစ္ ခ်ခ်င္ သလိုခ် ဘယ္သူမွ မသိရင္ ၿပီးေရာ..)

၆။ ေမေမက တရား ရွိတယ္ေနာ္ အရမ္း သနား တတ္တာ အရမ္း ၾကင္နာ တတ္တာ ပဲေနာ္ စသျဖင့္ ေျမႇာက္ပင့္ ေျပာဆိုဖို႔လည္း မေမ့ ပါႏွင့္ ။ (သူ႔ဘာသာ အိမ္တကာ လည္ၿပီး အတင္း တုပ္လည္း မသိခ်င္ေယာင္ ေဆာင္ေနပါ ။ သူ႔ဘာသာ ငါးေခါင္းထု လည္း မသိသလို ေနပါ ။ မိမိနဲ႔ အဆင္ေျပ ဖို႔က အဓိက ပဲေလ..)



၇။ တရားစခန္း ဝင္ျခင္း တရားေခြမ်ား နားေထာင္ ခိုင္းျခင္း သတ္သတ္လြတ္ မၾကာခဏ စားခိုင္းျခင္းမ်ား ျပဳလုပ္ပါ ။ (ျမန္ျမန္ တရား ေပါက္ၿပီး ရိပ္သာ သြားေနျခင္းျဖင့္ သင္ ဝဋ္ကြၽတ္ ႏိုင္ပါ၏ ။ သတ္သတ္လြတ္စားျခင္းျဖင့္ သင္ ကုန္က် စရိတ္ သက္သာ ေစႏိုင္ပါ၏။)

၈။ မၾကာခဏ အပန္းေျဖ ခရီး ထြက္ေပးပါ ။ (သူမ စိတ္ေပ်ာ္႐ႊင္ ေနလ်င္ သင့္ကို အျပစ္ ေျပာျခင္း ဆူပူျခင္း မလုပ္ႏိုင္ပါ..)

၉။ သူရဲကား သူရဲ အေၾကာင္း စုန္း ကေဝ စာအုပ္မ်ား ေမွာ္ အစီအရင္ မ်ား အေၾကာင္း မၾကာခဏ ၾကည့္ခိုင္း ျမင္ခိုင္းပါ ။ သူမ စိတ္အားငယ္လ်င္ သင့္ကို အားကိုး အားထား ျပဳလာ ပါလိမ့္မည္ ။ (ညဘက္ အိမ္သာ သြားလ်င္ သင့္ကို အေဖာ္ျပဳ ပါလိမ့္မည္ ။ သင္သည္ သူမ အတြက္ မရွိမျဖစ္ လိုအပ္ ေနေသာအရာဟု ထင္ျမင္ေန ပါေစ..)

၁၀။ ဟာသကား ဟာသစာအုပ္ ပုတီး အလုပ္ တခုခု ေပးထားပါ ။ သူမ တျခားကို အာ႐ုံ စိုက္ေနလ်င္ သင္ႏွင့္ ျပႆနာ ျဖစ္ရန္ အခ်ိန္ နည္းပါးေန ပါလိမ့္မည္ ။ (ဂိမ္း ေဆာ့တတ္ေအာင္ သင္ေပးၿပီး ဂိမ္းေဆာ့ခိုင္း ထားလိုက္ေပါ့..)

၁၁။ သူမ ကို သင့္မိဘႏွင့္ မျခား ျပဳစု ေစာင့္ေရွာက္ပါ ။ မိဘကို လုပ္ေကြၽး ျပဳစု သကဲ့သို႔ သင္ကုသိုလ္ ရႏိုင္ ပါလိမ့္မည္ ။ (ေစတနာ အျပည့္ ထားေပးပါ..)

ခုႏွစ္ရက္ သားသမီး အေပါင္း ေယာကၡမမ်ားႏွင့္ အဆင္ေျပႏိုင္ ၾကပါေစ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

၁။ အမေ ဟု နွေးနွေး ထွေးထွေး ခေါ်ပါ ။ (သားသမီးချင်း ကိုယ်ချင်း စာတတ် စေရန်..)

၂။ အမေ စားချင်တာလေး တကူးတက ချက်ကျွေးတာ ဟု ဆိုပြီး မကြာခဏ ကျွေးမွေးပါ ။ (ဆိုင်မှ ဝယ်လာသော ဟင်းများကို အိုးနဲ့ လှယ်ထည့်ပြီး သူ့ရှေ့တွင် မိမိ ချက်ထားသော ပုံစံ ဖန်တီးပါ သူသိတာ မှတ်လို့..)

၃။ အဝတ်အထည် အသစ်များကို မေမေ့ အတွက် မေမေနဲ့ လိုက်မယ် ထင်လို့ ဝယ်လာတာ ဟု ပြောပြီး မကြာခဏ လက်ဆောင် ပေးပါ ။ (ဈေးပေါတာတွေ ဝယ်ပေးပါ ။ အကုန်အကျ သက်သာစေရန် အတွက် ။ သူသိတာ မှတ်လို့..)

၄။ မကြာခဏ စကား ပြောပေးပါ ။ မေမေက အရမ်း နုတယ်နော် ။ အခုထိ သွားလည်း မကျိူးသေး ဘူးနော် စသဖြင့် ပြောဆို ပေးပါ ။ (သွသူ နုနု ရင့်ရင့် သွားကျိုးကျိုး မကျိုးကျိုး ကိုယ်နဲ့ ဘာဆိုင်တာ မှတ်လို့ မြှောက်သာပေး..)

၅။ သူမ၏ သားသမီးများကို သူမ ရှေ့တွင် အရမ်း ချစ်ပြပါ ။ အရမ်း ကြင်နာ ပြပါ ။ အရမ်း တန်ဖိုးထား ပြပါ ။ (ကွယ်ရာကျမှ နားရင်းပဲ ရိုက်ရိုက် လည်ပင်းပဲ ညှစ်ညှစ် ချချင် သလိုချ ဘယ်သူမှ မသိရင် ပြီးရော..)

၆။ မေမေက တရား ရှိတယ်နော် အရမ်း သနား တတ်တာ အရမ်း ကြင်နာ တတ်တာ ပဲနော် စသဖြင့် မြှောက်ပင့် ပြောဆိုဖို့လည်း မမေ့ ပါနှင့် ။ (သူ့ဘာသာ အိမ်တကာ လည်ပြီး အတင်း တုပ်လည်း မသိချင်ယောင် ဆောင်နေပါ ။ သူ့ဘာသာ ငါးခေါင်းထု လည်း မသိသလို နေပါ ။ မိမိနဲ့ အဆင်ပြေ ဖို့က အဓိက ပဲလေ..)

၇။ တရားစခန်း ဝင်ခြင်း တရားခွေများ နားထောင် ခိုင်းခြင်း သတ်သတ်လွတ် မကြာခဏ စားခိုင်းခြင်းများ ပြုလုပ်ပါ ။ (မြန်မြန် တရား ပေါက်ပြီး ရိပ်သာ သွားနေခြင်းဖြင့် သင် ဝဋ်ကျွတ် နိုင်ပါ၏ ။ သတ်သတ်လွတ်စားခြင်းဖြင့် သင် ကုန်ကျ စရိတ် သက်သာ စေနိုင်ပါ၏။)

၈။ မကြာခဏ အပန်းဖြေ ခရီး ထွက်ပေးပါ ။ (သူမ စိတ်ပျော်ရွှင် နေလျင် သင့်ကို အပြစ် ပြောခြင်း ဆူပူခြင်း မလုပ်နိုင်ပါ..)

၉။ သူရဲကား သူရဲ အကြောင်း စုန်း ကဝေ စာအုပ်များ မှော် အစီအရင် များ အကြောင်း မကြာခဏ ကြည့်ခိုင်း မြင်ခိုင်းပါ ။ သူမ စိတ်အားငယ်လျင် သင့်ကို အားကိုး အားထား ပြုလာ ပါလိမ့်မည် ။ (ညဘက် အိမ်သာ သွားလျင် သင့်ကို အဖော်ပြု ပါလိမ့်မည် ။ သင်သည် သူမ အတွက် မရှိမဖြစ် လိုအပ် နေသောအရာဟု ထင်မြင်နေ ပါစေ..)

၁၀။ ဟာသကား ဟာသစာအုပ် ပုတီး အလုပ် တခုခု ပေးထားပါ ။ သူမ တခြားကို အာရုံ စိုက်နေလျင် သင်နှင့် ပြဿနာ ဖြစ်ရန် အချိန် နည်းပါးနေ ပါလိမ့်မည် ။ (ဂိမ်း ဆော့တတ်အောင် သင်ပေးပြီး ဂိမ်းဆော့ခိုင်း ထားလိုက်ပေါ့..)

၁၁။ သူမ ကို သင့်မိဘနှင့် မခြား ပြုစု စောင့်ရှောက်ပါ ။ မိဘကို လုပ်ကျွေး ပြုစု သကဲ့သို့ သင်ကုသိုလ် ရနိုင် ပါလိမ့်မည် ။ (စေတနာ အပြည့် ထားပေးပါ..)

ခုနှစ်ရက် သားသမီး အပေါင်း ယောက္ခမများနှင့် အဆင်ပြေနိုင် ကြပါစေ…

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top